(94)

(94)

Your Baobae(kp)

(94) အဲ့ဒါက နဂါး တစ်ကောင်ပဲ! ၂


အောင်းဝ်ဝူ က သူမရဲ့ အသက်ကို တိတ်တဆိတ် ရှုသွင်းကာ နောက်ကျော က တောင်ပံတွေကို ဆန့်တန်း လိုက်လေတယ်။ ဒါ​ပေမယ့် သူမရဲ့ တောင်ပံ မှာ ထပ်ပြီးတော့ ပျံသန်း ဖို့ အားအင် တွေ မကျန်တော့ ပါပေ။ 


အောင်းဝ်စန်း က အမြန်ပဲ တုံ့ပြန် လိုက်ကာ အောင်းဝ်ဝူ လေးကို ဖမ်းကာ သူ့နောက်ကျောပေါ် တင်လိုက် ပြီးတော့ အောင်းဝ် စစ်ကို လက်ဖဝါး နဲ့ ရိုက်လိုက် လေတယ်။ 


အောင်းဝ်စစ် က သူ့ရဲ့ ခေါင်းကို ခါလိုက် ပြီးတော့ မကြာခင် မှာပဲ နဂါးလေး သုံးကောင် က အတူတူ ရန်ထ ဖြစ်နေ ကြပါတော့တယ်။ 


အောင်းဝ်ဝူ က အောင်းဝ်စစ် ရဲ့ အမြီးလေး စီ က အစွပ်ကွင်း အသေးလေး ကို အရမ်း စိတ်ဝင်စား နေကာ သူမရဲ့ ပါးစပ်လေး ကို ဖွင့်ပြီးတော့ အဲ့အပေါ်ကို နှစ်ကြိမ်လောက် တတိတိ နဲ့ ကိုက်နေ ခဲ့လေတယ်။ 


နျင်းချု က အိပ်ယာ လိုက်ကာ ကို သေချာ ပြန်ပြင် ပြီးတဲ့နောက် ဂိမ်းထဲ က အုတ်ဂျုံ မြတ် တစ်ချို့နဲ့ အသား တွေကို ဝယ်လိုက်တယ်။ ပြီးတော့ သေးငယ်တဲ့ အစာ ခွက်လေး တွေ ထဲကို ထည့်ပေး လိုက်ပြီးတော့ နဂါးလေး တွေ စားဖို့ နျင်းချူ က ပြောလိုက် လေတယ်။ 



အောင်းဝ်ပေါင်ပေါင်း က အသားစိမ်းကို သိပ် မစားတာကြောင့် သူ့ အတွက် နျင်းချု က အသီးအရွက် တွေနဲ့ အသား အနည်းငယ် ကို ရောပေး လိုက်တယ်။ 


အောင်းဝ်စစ် နဲ့ အောင်းဝ်စန်း တို့က တော့ အမြန်ဆုံး စားသုံးသူ တွေ ဖြစ်ကြလေတယ်။ အောင်းဝ်ဝူ လေးကို နျင်းချု က လက်မောင်း ထဲမှာ ပွေ့ထား ပြီးတော့ အုပ်ဂျုံ တစ်ချို့ ကျွေးနေ လေတယ်။ 



ပေါင်ပေါင်း က သူ့အတွက် ထည့်ပေး ထားတာ တွေ အကုန် မစားချင်တာ ကို မြင်တော့ အောင်းဝ်စန်း က ခေါင်းလေး လှည့်ကာ မေးလိုက်တယ်။ 



'' အာဝူ? ''


မစားတော့ဘူး လား။ 



နဂါးနက်လေး က စိတ်ကောင်း ဝင်မနေ ပါပေ။ 


[ ငါ မစားချင် တော့ဘူး]


အောင်းဝ်စန်း က သူ့ရဲ့ လက်သည်း လေးကို လျက်လိုက် ပြီးတော့ နဂါးနက်လေး ရဲ့ အစာ ကို အောင်းဝ်စစ် နဲ့ အတူတူ ဝေစု ခွဲ ပြီးတော့ စားလိုက် လေတယ်။ 



နျင်းချု က အဲ့ကို ကြည့်လိုက်တော့ နဂါးနက်လေး ရဲ့ မျက်လုံး တွေနဲ့ အကြည့်ခြင်း ဆုံသွား လေတယ်။ 



'' မင်း ဗိုက်မဆာ ဘူးလား ?''



နျင်းချု က သက်ပြင်းချ လိုက်တယ်။ နောက်တော့ လက်ကို ဆန့်ထုတ်ကာ ခေါင်းလေး ကို အသာ ပုတ်ပေး လိုက်လေတယ်။ 



'' ယုန်အသား ပဲ စားချင် နေတုံးလား? ''



နေ့လည်ခင်း တစ်ရေး အိပ်ချိန် တုံး က ဖြစ်ခဲ့တဲ့ ကိစ္စ ကြောင့် မဟုတ်ပါပေ။ ဝူးယူး က အခုချိန်မှာ ဘာကို မှ စားချင်စိတ် ရှိမနေ သေးတာ ပဲ ဖြစ်လေတယ်။ 


သူက ဘာကြောင့် သဘောမပေါက် ရတာလဲ။ သူက အရမ်းပဲ............ ။



နျင်းချု က အဲ့ တာကို ဖော်ပြဖို့ စကားလုံးတောင် ရှာလို့ မရတော့ ပါပေ။ အဲ့တာ က ဘယ်လို ခံစား ရသလဲ ဆိုတော့ ဝူးယူး က သူ့နောက်ကို ပထမ ဆုံး အကြိမ် ခိုးကြောင် ခိုးဝှက် လိုက်တုံး သူ မိသွား သလို ခံစားချက် မျိုးပဲ။ 



နျင်းချု ရဲ့ စိတ်အာရုံ ကို ရတဲ့ အတွက် ကြောင့် နဂါးနက်လေး ရဲ့ နိမ့်ကျ နေတဲ့ လေထု က အနည်းငယ် သက်သာလာ လေတယ်။ ပြီးတော့ သူက သူ့နှာခေါင်း လေးနဲ့ နျင်းချု ရဲ့ လက်ချောင်း ထိပ်တွေကို ပွတ်သပ် လာခဲ့တယ်။ 



သူက သူ့ရဲ့ နဂါးလေး ပဲလေ။ ဆိုတော့ သူ ဆာလောင် နေတာ ကို နျင်းချု က ကြည့်ရက် နေမှာ မဟုတ်ပါဘူး။ 



နျင်းချု က အောင်းဝ်ဝူ ကို အစာကျွေးပြီးသွားတာ နဲ့ သူမ ကို တစ်ယောက် ထဲ ကစားဖို့ လွတ်ထား လိုက် လေတယ်။ ပြီးတော့ နောက်ထပ် ယုန်အသား ကို ဝယ်ပြီးတော့ နဂါးနက်လေး အား ကမ်းပေး လိုက်လေတယ်။ 


နဂါးနက်လေး က သူ့ရဲ့ လက်တွေ ကနေ ကိုက်ချီ ယူလိုက်ကာ တစ်ကိုက်ထဲ နဲ့ စားတာ ကို အပြီးသတ် လိုက် လေတယ်။ 



ရက်ပေါင်း များစွာ ကြာသွား ပြီးတဲ့နောက် အကယ်ဒမီ ရဲ့ အတွင်းရော အပြင်ရော က တည်ငြိမ် အေးချမ်း စွာ ရှိနေ ဆဲ ပဲ ဖြစ်လေတယ်။ 


မှော်နဂါး က ထိုအနား မှာ ထပ်ပြီးတော့ မပြ သတော့တဲ့ အပြင် အနီးနား တစ်ဝိုက် မှာလည်း သာမန် နဂါးတွေ ကိုတောင် သိပ်မတွေ့ ရတော့ ပါပေ။ 



မှော်ဒိုင်း ကြီးကို တည်ရှိစေဖို့ အထောက်အပံံ့ တွေက အရမ်းကို များတာ ဖြစ် လို့ ရက်အတော်ကြာ တဲ့ နောက် ဆက် မကာထား နိုင်တော့ပါပေ။ ပြီးတော့ လန့်စ် အကယ်ဒမီ က တစ်ခြား လူသိများ ကျော်ကြားတဲ့ အကယ်ဒမီ တွေ ထက် ပိုပြီးတော့ ဆင်းရဲတဲ့ အပြင် အဆင့်လည်း သိပ်မဝင်တဲ့ ကျောင်းသေးတစ်ကျောင်း လို့ ပြောလို့ ရပါတယ်။ မကြာခင်မှာ ပဲ အထောက်အပံ့ ပစ္စည်းတွေ က လျော့ပါး လာတယ်လေ။


ပြီးတော့ အကယ်ဒမီ ကို ပိတ်ချ ထားတဲ့ အတွက်ကြောင့် ကျောင်းသား တွေက စုဝေး စျေးတန်း ဆီကို မသွား ရတဲ့ အပြင် အရေးကြီး ကိစ္စ ရှိမှသာ ကျောင်းအပြင်ကို ထွက်ခွင့် ရှိတာ ပဲ ဖြစ်လေတယ်။ ဒါကြောင့် ကျောင်းသား တွေ က သူတို့ ဆရာတွေကို အတွန့်တက် ကြလေတယ်။  



ဟန်ချက်ညီမှု ကို ထိန်းသိမ်း ဖို့ရာ အတွက် အကယ်ဒမီ က အကာအကွယ် စည်းကို ဖယ်ရှား ပြီးတော့ သတိပေး စာ တွေကို ထုတ်ဝေ ခဲ့တယ်။ 


အဲ့ဒါ တွေကတော့ ကျောင်းသား တွေက ပြဿနာ မဖြစ်စေ ဖို့ အကယ်ဒမီ ကို ညနေခင်း စောစောလေး ပြန်လာ ပေး ရန် နဲ့ အကယ်ဒမီ နဲ့ အဝေး ကြီးဆီကို မသွားဖို့ တို့ပဲ ဖြစ်လေတယ်။ 


သားရဲ ရှင်းလင်းပွဲ ကိုလည်း အတင်း ရပ်ခဲ့ ရပြီးတော့ ကျောင်းသား တွေကိုလည်း ပါဝင်ဆင်နွှဲခွင့် မပေးတော့ပဲ ကျန်ရှိနေသေတဲ့ နေရာတွေကို ချက်ကျောင်း က လူတွေနဲ့ ကြေးစား အုပ်စု တွေက ဆက်လက် ပြီးတော့ ကိုင်တွယ် သွားမှာ ဖြစ်လေတယ်။ 


နျင်းချု က နဂါးလေး လေးကောင် ကို အိမ်မှာ ပဲ ပုန်းကွယ် ပြီး နေဖို့ အသေအချာ မှာ ခဲ့ ပြီးတဲ့ နောက် ပြိုင်ကွင်း ဆီ သွားကာ ဒွန်နယ် ကို သွားရှာ တော့တယ်။ 



'' နေဖို့ နေရာ တစ်ခု လား? ''



ဒွန်နယ် က အတော်လေး ကို အံ့သြ သွားလေတယ်။ 


'' တစ်နေရာတော့ ရှိတဲ့ကွ...... မင်းကို ငါစျေးပေါပေါ နဲ့ ငှားပေး လိုက် ပါမယ်လေ။ တစ်လမှာ ရွှေဒင်္ဂါး ငါးပြားထဲပါ.......ဒါနဲ့ မင်းတို့ရဲ့ အိပ်ဆောင် တွေက ကောင်းတယ် မဟုတ် ဘူးလား? ''



'' ခများလည်း သိရဲ့သားနဲ့ ။ ကျွန်တော့်မှာ က အထူးအခြေအနေ တစ်ရပ် ရှိတယ်လေ။ ''


နျင်းချု က ရှင်းပြ လိုက်တယ်။ 



'' ကျွန်တော် အတွက် ကတော့ တစ်ယောက် ထဲ နေရ တာ ပိုပြီးတော့ ကောင်း မွန်တယ် လေဗျာ''


ဒွန်နယ် က သဘောပေါက် လေတယ်။ ပြီးတော့ သူ့ကို သားရဲဥယျာဥ် ရဲ့ နောက်က အခန်း တစ်ခုဆီကို ဦးဆောင် ပြီးတော့ ခေါ်သွား လေတယ်။ 



'' ဒီနေရာဆို ရင်ကော ဘယ်လိုလဲ။ တကယ်လို့ မင်း စိတ်ထဲ မထားရင်တော့ ဒါကို ရှင်းလင်းပေးဖို့ လူ တစ်ချို့ကို ငါခိုင်းလိုက်မယ်။ ပြီးတော့ အိပ်ယာလည်း ထည့်ပေး မယ်ကွာ ''



နေရာ ကတော့ အရမ်းကြီးတော့ သိပ်မကျယ် ပေမယ့် နျင်းချု တစ်ယေက် အတွက် ကတော့ လုံလောက် လေတယ်။ ကံမကောင်း ချင်တော့ နေရာ က ဟာလာဟင်းလင်း ဖြစ်လွန်တယ်။ ရေချိုးခန်း နဲ့ အိမ်သာ က ခွဲမထားတဲ့ အပြင် ပြိုင်ကွင်း ကိုတောင် ပတ်ပြီး သွား ရမှာလေ။ 


နျင်းချု က တစ်ခဏလောက် တုံ့ဆိုင်း နေပြီးတော့ ခေါင်းငြိမ့် လိုက်လေတယ်။ 



'' ဒါက အဆင်ပြေ ပါတယ် ၊ ကျေးဇူးပါ ပဲ''



ဒီအိမ် က နဂါးလေး တွေ အတွက် သူငှားပေးတာ ပဲ ဖြစ်လေတယ်။ ဒါကြောင့် သူက ည ပိုင်းကို အိပ်ဆောင် ဆီ ပြန်ပြီး အိပ်ရင်တောင်မှ နဂါးလေး တွေ အတွက် ပိုလို့တောင် သက်တောင့်သက်သာ ရှိအုံးမယ်။ ပြီးတော့ ပေါ်ဝမ် ရှာတွေ့ သွားခံ ရမှာ လည်း မစိုးရိမ် ရတော့ သလို အသံလေး တစ်ခု လုပ် မိမှာ ကိုတောင် ကြောက်နေ စရာ မလိုတော့ဘူး လေ။ 


သူက ဒွန်နယ် ဆီကို အိမ်ငှားခ နှစ်လ စာ တိုက်ရိုက် ပေးလိုက် ပြီးတော့ ဒွန်နယ် က သူ့ကို မေးလာခဲ့ လေတယ်။ 


'' ဒီနေ့ လည်း ပြိုင်ပွဲ တစ်ခု လောက် စီစဉ် ပေး ရမလား? ''



နျင်းချု က ဖြေ လိုက် လေတယ်။ 


'' ဟုတ်ကဲ့ ''



ဒွန်နယ် က ချက်ချင်း ပဲ ပြုံးလိုက် ပြီးတော့ သူ့လက်အောက် ငယ်သား တွေကို နျင်းချု ဆီ ပို့ထားတဲ့ စိန်ခေါ်စာ တွေကို ချက်ချင်းပဲ ထုတ်ယူ လာခိုင်း လေတယ်။ 



နျင်းချု က သူ့ပြိုင်ဘက် တစ်ယောက် ကို ရွေးချယ် နေချိန်မှာ ဒွန်နယ် က သူ့ကို မေးလာလေတယ်။


'' ဒါနဲ့လေ မင်း က ချက်ကျောင်း နဲ့များ ပြဿနာ တက်ဘူးတာ လားကွ။ လွန်ခဲ့တဲ့ ၂ ရက်ကျော် လောက် ကတည်း က သူတို့က ဒီနေ ရာကို အကြိမ်ပေါင်း များစွာ လာပြီးတော့ မင်းအကြောင်း တွေကို စုံစမ်း နေခဲ့ ကြတာ ကွ ''




........................................

Report Page