(87)
Your Baobae(kp)(87) ပြန်လည်စုံစည်းမှု ၁
'' ဟမ်း.... ''
နျင်းချု က သူ့ဆီကို ပျံသန်းလာ ပြီးတော့ လျှို့ဝှက်ချက် တွေ အကုန် တူးဖော် ပြနေတဲ့ အောင်းဝ်စစ် လေးကို ကိုင်ထားပေးကာ ခေါင်းလေး နဲ့ နဖူးပေါ်က ဦးချို လေး ငြင်သာစွာ ပွတ်သပ် ပေးနေ ခဲ့လေတယ်။
''ငါ မင်းကို ပြောတာ မှားသွားတာ ပဲကိုး။ မင်းက ဒီနေရာကို ယုံကြည်ချက် ရှိရှိ လာခဲ့တာ ပဲပေါ့.......... ဆိုတော့ မင်းက သူ့ကို ရှာတာ ပဲကိုး..... ''
အောင်းဝ်စစ် က ဝူးယူး ကို ရှာဖို့ အတွက် ဒီနေရာ ကို လာခဲ့တာ ဖြစ်ပြီးပေမယ့် မိုးကြိုး တိမ်တိုက် တွေကို နျင်းချု က မြင်လိုက် ရတာ ပဲ ဖြစ်လေတယ်။ အဲ့နောက်မှာ တော့ သူနဲ့ အောင်းဝ်စစ် တို့က တွေ့ဆုံ ခဲ့တာ ပဲ ဖြစ်လေတယ်။
သေချာတာပေါ့ အောင်းဝ်စစ် က လူသား တစ်ယောက် ကို ရှာဖို့ လာတယ် ဆိုတာက လုံးဝ မဟုတ်ဘူးလေ။ ဒါကြောင့် ဝူးယူး က အောင်းဝ်ပေါင်ပေါင်း အစစ်ပဲ ဖြစ်ရမယ်။ ဝူးယူး ရဲ့ အချက်အလက် အမှန်ကို နျင်းချု တစ်ယောက် အောင်းဝ်စစ် ဆီက နေ အတည်ပြု ပြီးတဲ့ နောက်မှာတော့ အရမ်းကြီး မအံ့သြ သွားပါပေ။
သူက အဲ့အကြောင်းကို အရင်ကတည်း က သံသယ ဝင်ခဲ့တာ ပဲ ဖြစ်လေတယ်။ အခုတော့ သူ့ရဲ့ ခန့်မှန်းချက် တွေကို အတည်ပြု ပြီးတာနဲ့ အစောပိုင်း တုံး က ဝူးယူး လုပ်ခဲ့ သမျှ ထူးဆန်း နေတာတွေ အကုန်လုံး က အဓိပ္ပာယ် ရှိသွား ပြီပဲ ဖြစ်လေတယ်။
ဒါပေမယ့် နျင်းချု နားမလည် တာက ဘာကြောင့် အောင်းဝ် ပေါင်ပေါင်း က သူ့ဆီကနေ အဲ့အကြောင်း ကို ကွယ်ဝှက်ထား ရတာ လဲ ဆိုတာကို ပဲ။ အောင်းဝ် ပေါင်ပေါင်း ရဲ့ စရိုက် ကို ပြန်ပြီးတော့ တွေးမိတဲ့ အခါ နျင်းချု အနည်းငယ်တော့ သဘောပေါက် လာဟန် ပေါ်လေတယ်။
အရင် တုံးကဆို သူ ကိုယ်တိုင်လည်း ပျိုးထောင်ပေး ခဲ့တဲ့ နဂါးတစ်ကောင် က တစ်နေ့မှာတော့ လူသား တစ်ယောက် ဖြစ်လာ လိမ့်မယ် လို့ တစ်ခါမှ မတွေး မိခဲ့ ဘူးဘူး လေ။
သူက တကယ်ပဲ ဒဏ္ဏာရီအဆင့် နဂါး တစ်ကောင်ကိုး........။
တစ်ကယ်လို့ တစ်ခြား နဂါးတွေသာ လူသား ပုံစံကို ပြောင်းနိုင်တယ် ဆိုရင် သူတို့က လူတွေ ဆီကနေ ပုန်းကွယ်ဖို့ ဘာအတွက်ကြောင့်များ နဂါးပေါက်စ လေးတွေ အဖြစ် ပြောင်းလဲ ဖို့ လိုအပ် ပါလိမ့်မလဲ။
ဘာပဲ ဖြစ်ဖြစ် နျင်းချု မှာ မေးခွန်း တစ်ချို့ ရှိနေ လေတယ်။ သူက မိမိရဲ့ တည်ရှိမှုကို တက်နိုင် သမျှ လျော့ချ နေတဲ့ အောင်းဝ်စန်း ကို ကြည့်လိုက် လေတယ်။
အောင်းဝ်စန်း က သူ့လည်ပင်းကို နောက်ခြေ နဲ့ အသာ ကုတ် နေပြီးတော့ ကောင်းကင် ကြီးကို မော့ကြည့် နေကာ သူက ဘာမှ မသိတဲ့ ဖြူစင် သူလေး ပါ ဆိုပြီး လုပ် နေခဲ့ လေတယ်။
''စန်းစန်း ''
နျင်းချု က ခါတိုင်းသုံးနေ ကျ လေသံ လေးနဲ့ ပဲ ပြောလိုက် ပြီးတော့ သူ့ရဲ့ လက်ကို ဝေ့ယမ်း ပြလိုက်တယ်။
'' အဲ့တာ က အဆင် ပြေပါတယ်။ ငါ ဒေါသ ထွက် မနေ ပါဘူး ''
အောင်းဝ်းစန်း က အောင်းဝ်စစ် ရဲ့ ခေါင်းထဲ မှာ ဘာတွေ ရှိသလဲ သိရအောင် ဖွင့်ကြည့် ချင်နေ မိတယ်။ ဝူးယူး ရဲ့ ပုံစံ အစစ် ကို သူက ကူပြီးတော့ နျင်းချု မသိအောင် ဖုံးထား ပေးရတာ လေ။ အောင်းဝ်စန်း က ချက်ချင်းပဲ ခပ်မတ်မတ် ဖြစ်သွား ပြီးတော့ အောင်းဝ်စစ် ဆီကို တစ်ရှိန်ထိုး ပြေး သွားပြီး ရောထွေး လုံး နေခဲ့တယ်။
သူက အရမ်းကို မွန်းကြပ် နေခဲ့ရတာ ကွ!
လူပုံစံ မပြောင်း နိုင်တဲ့ နဂါး တစ်ကောင် အနေနဲ့ ဝူးယူး က ဘာကြောင့် သူ့ပုံစံ အမှန်ကို နျင်းချု အား မပြော ပြရတာ လဲ ဆိုတာကို သူတကယ် အဖြေမထုတ် နိုင် ပါပေ။
ဘာအကြောင်း ကြောင့် မပြောနိုင် ရတာလဲ?
လုံးထွေး ပုတ် ပြီးတဲ့ နောက် အောင်းဝ်စန်း က နျင်းချု ရဲ့ လက်မောင်းကြား ထဲ ပြန်ဝင် လာပြီးတော့ သူ့ရဲ့ ရှေ့ခြေလေး တွေနဲ့ နျင်းချု ရဲ့ လက်ကို ကိုင်ကာ သူ့မေးစေ့ကို ကုတ်ခွင့် ပေးခဲ့ လေတယ်။ အောင်းဝ်စစ် က နျင်းချု ရဲ့ လှုပ်ရှား မှုကို တွေ့တော့ သူက ခေါင်းလေး တိုးလာကာ နျင်းချု ရဲ့ လက်လေး ဆီ တရှုံ့ ရှုံ့ နဲ့ အနံ့ ခံလိုက် လေတယ်။
အရင်တုံး ကနဲ့ နှိုင်းယှဥ် ရရင် နျင်းချု က အများကြီး ပြောင်းလဲ သွားလေတယ်။ ပြီးတော့ နျင်းချု က လူသား တစ်ယောက် တောင် ဖြစ်လာ လေတယ်။
လူသား အများစု က အားနည်း ကြပြီးတော့ အဲ့ထဲ က တစ်ချို့က မိုက်မဲတဲ့ စိန်ခေါ်မှု တွေကို လုပ်ရတာ ကြိုက်တယ်။ ဒါကြောင့် နဂါးတွေက လူသား တွေကို လုံးဝ မကြိုက် ပါပေ။ ဒါပေမယ့် အဲ့လူသား က နျင်းချု ဆိုရင် တော့ ကွဲပြားတဲ့ ဇာတ်လမ်း တစ်ခု ဖြစ်သွား ပါပြီ။
နျင်းချုရဲ့ အငွေ့အသက်တွေ က မြက်ခင်းစိမ်း လိုပဲ ဆေးရနံ့လေး တွေနဲ့ ရောယှက် နေကာ အသားအရည် ကလည်း အရမ်းကို နူးညံ့ ပျော့ပျောင်း နေလေတယ်။ သူ့ရဲ့ လက်မောင်းကြား ထဲမှာ နေရတာ ပိုလို့တောင် သက်တောင့် သက်သာ ဖြစ်စေ လေတယ်။
အရင်တုံး က နျင်းချု သူတို့ကို ပွေ့တဲ့ အချိန်တိုင်း ပုံစံ တစ်မျိုးပဲ ရှိလေတယ်။ အမှန်တော့ နျင်းချု က နဂါးကျွန်းပေါ်မှာ အရင်ကလို မပေါ်လာ တော့တာ က ထောင်ချောက်ထဲ မိနေတာ မျိုး မဟုတ် ပဲနဲ့ တစ်နေရာကာ မှာ ပြန်ပြီး မွေးဖွား လာလို့ ပေါ့လေ။
အောင်းဝ်စစ် က နျင်းချု ရဲ့ လက်ချောင်း လေးတွေကို တတိတိ အသာ ကိုက်ဝါး နေချိန်မှာ နျင်းချု ရဲ့ အသံက ထပ်ပြီးတော့ ပြောင်းလဲ သွားတာကို ကြား လိုက် ရလေတယ်။
'' နေပါအုံး..... ဒါဆို အောင်းဝ်ဝူ ကလည်း အစကတည်းက သိပြီးသား ပေါ့လေ ''
အောင်းဝ်စစ်ရဲ့ မျက်ဝန်း တွေက ရှုပ်ထွေးမှု တွေကြောင့် ပြူးကျယ် သွားလေတယ်။
အောင်းဝ်စန်း က တောင့်တင်း သွားပြီးတော့ နျင်းချုကို တိုးလျှိုး တောင်းပန်တဲ့ အသံလေး လုပ်လာ ခဲ့လေတယ်။
'' အာဝူ..... ''
နျင်းချု က သူ့ရဲ့ ခေါင်းကို ပွတ်ပေး လိုက် ပြီးတော့ လေသံ ကလည်း ပြန် ငြိမ် သွားပြန်တယ်။
'' ငါက မင်းကို အပြစ် မတင်ပါဘူး ''
အောင်းဝ်စန်စ က အမြဲတမ်း ပဲ ဝူးယူး ကို နာခံ လေ့ ရှိတယ်။ ပြီးတော့ ဒီအကြောင်း တွေကို သူ့ဆီ မပြောတာ တာ က အကြောင်း အရင် ရှိရမယ်လေ။ ဆိုတော့ အဲ့တာ က ဝူးယူး က မပြောခိုင်း လို့ပဲ မဟုတ်ဘူး လား?
ဒါတင် မက သေးဘူး။ သူက ရိုးရှင်းတဲ့ အောင်းဝ်ဝူ လေးတောင်မှ သူနဲ့ အတူ လိုက်လိမ် ပေးခိုင်း သေးတယ်။
အရင်နေ့တွေ တုံး က ဝူးယူး က သူဘယ်သွားသွား လိုက်ခဲ့တာ မဟုတ်ဘူး လား။ ဆိုတော့ လမ်း တစ်လျောက် လုံး အောင်းဝ် ဝူလေး ကို သယ်ပြီး လိုက်ခဲ့တာ လား?
သူက အဲ့တာကို သတိတောင် မထားခဲ့ မိဘူး........။
အဲ့အကြောင်းကို ပြန်တွေး မိတော့ နျင်းချု က ' ဟင်း ' ဆိုတဲ့ အသံ တစ်ခုပဲ လုပ်လိုက် လေတယ်။
အောင်းဝ်စန်း က သူ့ရဲ့ အမြီးကို နှစ်ကြိမ်လောက် ဝေ့ယမ်း လိုက်ပြီး နျင်းချုကို ချောင်းကြည့်လိုက်တယ်။ နျင်းချု က သူ့ကို စိတ်မဆိုးတာ ကိုတွေ့တော့ သူက နောက်ပြန်လှဲ ချကာ သူ့ခေါင်းလေး ကို စောင်းလိုက် လေတယ်။
ဘာပဲ ဖြစ်ဖြစ် လေ...... နျင်း ချုကို ပြောတာ က သူမှ မဟုတ်တာ။ အဲ့တာ က ငတုံး အောင်းဝ် စစ်လေ။
အကယ်ဒမီ ထဲမှာတော့ နျင်းချု နဲ့ အောင်းဝ်စန်း တို့က တစ်ည လုံး ပြန်မလာ ခဲ့ပဲနဲ့ မိုးကလည်း တဖြေးဖြေး တိတ်သွားကာ ရာသီဥတုက အရင်က အတိုင်း သာမန် ပြန်ဖြစ် သွားလေတယ်။
အောင်းဝ်ဝူ က အရမ်းတွေ စိတ်ပူ နေပြီးတော့ စိုးရိမ်စိတ် တွေ များနေ ကာ သူမရဲ့ ခြေသည်း တွေနဲ့ အောင်းဝ် ပေါင်ပေါင်း ရဲ့ နဂါးတောင်ပံ တွေကို ပုတ်ကာ သူ့ကို တစ်ခုခု လုပ်ဖို့ မေးနေခဲ့ လေတယ်။
[ မီးတောက်နီ က သူ့နားမှာ ရှိနေတာ ပဲလေ။ နင် အဲ့လောက်ထိ စိုးရိမ်နေ စရာ မလိုပါဘူး]
အနက်ရောင် နဂါးလေး က သူ့ရဲ့ လူသား ပုံစံကို ချောမွေ့စွာ ပြန်ပြောင်း လိုက်ပြီးတော့ အောင်းဝ်ဝူ ကို ယူကာ သူ့လက်မောင်း ကြားထဲ ထည့်လိုက် လေတယ်။
နျင်းချု လို ပုံစံတူ ပွေ့ဖက် မှုက အောင်းဝ်ဝူ အတွက် လုံခြုံတယ် ဆိုတဲ့ အသိ တစ်ချို့ကို ရလာ စေခဲ့ လေတယ်။ ပြီးတော့ သူမ က ဝူးယူး ရဲ့ အဝတ်တွေ ထဲမှာ လဲလျောင်း နေပြီးတော့ သူမလေး ရဲ့ မျက်ဝန်း တစ်စုံ ကိုပဲ ဖော်ပြ ထားလေတယ်။
...................................................