(84)

(84)

Your Baobae(kp)

(84) ဘေးချင်းယှဥ်တွဲတိုက်ခိုက်ခြင်း 3



မိုးတွေ က ​ပိုလို့တောင် သည်းထန်စွာ ရွာကျ လာပြီးတော့ မိုးကြိုးလျှပ်စီး တွေကလည်း ခြိမ်းနေ ခဲ့လေတယ်။ သင်းအုပ် ခေါင်းဆောင် က ကောင်းကင်ပေါ်ကို ဘယ်ညာ ယိမ်းထိုးရင်း မော့ ကြည့်လိုက်ကာ သူ့နောက်ကျော ဆီကနေ နာကျင်မှု က စိမ့်တက် လာခဲ့တယ်။ 



သင်းအုပ်ခေါင်းဆောင် က မြေပြင်ပေါ်ကို လဲကျ သွားပြီးတော့ သွေးတွေ အန်ထုတ် လိုက်တယ်။ ကြီးမားတဲ့ နဂါး​ခြေဖဝါး က သူ့နောက်ကျောပေါ် မှာ တက်နင်းထား တဲ့ အတွက်ကြောင့် သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေ ကလည်း ကြေမွကာ အချပ်ပြား ကလည်း သူ့လက်မောင်း ထဲကနေ ထွက်ကျ သွားပြီးတော့ ​ကျိုးသွားလေတယ်။



သူ့ရဲ့ အသိစိတ်တွေ လုံးဝ မဆုံး ရှုံးသွားခင်မှာ ခရမ်းရောင် နဂါးကြီး က သိပ်မဝေးတဲ့ နေရာမှာ ရပ်လိုက်တဲ့ အခါ အနက်ရောင် ဝတ်ထားတဲ့ လူက သူ့မျက်နှာဖုံး ကို ချွတ်ကာ နဂါးဆီကို ပြေးသွားတာကို မြင်လိုက် ရလေတယ်။ 


မိုးကြိုးလျှပ်စီး နဂါးရဲ့ အရွယ်ရောက် ပုံစံက သူ့ရဲ့နဂါး တောင်ပံတွေကို ပြန်သိမ်းလိုက် ပြီးတော့ လျှပ်စီးတွေက သူ့ရဲ့ နဖူးပေါ်မှာ ရှိတဲ့ ဦးခေါင်းထိပ် က ဂျိုလေး ဆီကနေ ပျံလွင့် နေခဲ့လေတယ်။ 


အဲ့တာ က အောင်းဝ်စစ် ပဲ!


နျင်းချု က အရမ်းကို အံ့သြ သွားပြီးတော့ မြေပြင်ပေါ်က အလောင်းတွေ ကို တက်နင်းကာ နဂါးဆီကို ပြေးသွားခဲ့ လေတယ်။ 



'' အောင်းဝ်စစ်! ''



အောင်းဝ်စစ် က အစကတော့ ပဟေဠိ တောအုပ် အနက်ထဲကို သွားဖို့လုပ် ထားတာ ဖြစ်ပြီး အဲ့တာက ဝူးယူး တက်နေတဲ့ ကျောင်းနဲ့ အတော်လေး ကို နီးတဲ့ နေရာပဲ ဖြစ်တယ်လေ။ 



သူလည်း ပဟေဠိ တောအုပ်ကို ရောက်တာ နဲ့ အရင်က ထက် မတူစွာ လုံးဝ ကွဲပြားနေတာ ကို တွေ့လိုက် ရတော့ အောင်းဝ် စစ်လေး အတော် အံ့သြ သွားခဲ့ ရတာ ပဲ ဖြစ်လေတယ် ။ 



ညအချိန် ကြာတဲ့ အထိ စောင့်ခဲ့ ပေမယ့် သူက ဝူးယူး ရဲ့ အရိပ်ကိုတောင် မတွေ့ခဲ့ ရတာကြောင့် နေရာကနေ ခွာပြီးတော့ ဝူးယူး ကို လိုက်ရှာဖို့ လုပ်ခဲ့ ပေမယ့် အဝေးတစ်နေရာ ဆီက လှုပ်ရှား မှုတွေက သူ့ကို ဆွဲဆောင် သွားခဲ့တယ်လေ။ 



အဲ့အနီးနားကို ကပ်ပြီး ပျံသန်း ကြည့်တော့ အဲ့တာ က စန်းစန်း ဖြစ်နေတယ်လေ!



အနီရောင် နဂါးက ပြင်းထန် တဲ့ ဒေါသ အလယ်မှာ ရောက်နေ တာကို တွေ့တော့ မြေပြင်က လူကို သူ့ရဲ့ ခြေသည်းလေးနဲ့ ဖိသတ်လိုက် ပေးတယ်လေ။ 



အောင်းဝ်စစ်လေး ခမျာ သန့်ရှင်းတဲ့ မြေပြင်ပေါ်ကို ခြေချ ရုံပဲ ရှိသေးတယ် သူရှိတဲ့ နေရာဆီကို နောက်ထပ် ဟူးမန်း တစ်ယောက် က ပြေးလာတာကို တွေ့လိုက်ရတယ်။ 



အောင်းဝ်စစ် က အရမ်းကို သတိထား ပြီးတော့ သူ့ရဲ့ နဂါးဂျိုကနေ လျှပ်စစ်တွေ စုစည်းထား ပြီးတော့ သူ့ဆီ ပြေးလာတဲ့ ရွံ့လူးငါး လို ညစ်ပတ်တဲ့ ဟူးမန်း ကို ဖြေရှင်းဖို့ လုပ်ခဲ့တယ်။ 


အောင်းဝ်စန်း က အဲ့တာ ကိုလည်း တွေ့ရော သူ့ဘက်ကို ခေါင်းလှည့် လာပြီးတော့ ဟိန်းသံ တစ်ခု ပေးလာ ခဲ့တယ်။


အောင်းဝ်စစ် က အဲ့အသံ ​ကြားတော့ သူ့ရဲ့ မှော်စွမ်းအင်တွေ ကို ပြန်သိမ်းလိုက်ကာ သူ့ရဲ့ ငွေရောင် မျက်ဝန်း တစ်စုံနဲ့ သူ့ဆီကို ပြေးလာတဲ့ ဟူးမန်းအား ရှုပ်ထွေးတဲ့ အကြည့် တွေနဲ့ ကြည့်လိုက်တယ်။ 



အောင်းဝ်စန်း ပြောတာ ကတော့ သူက အဲ့ဟူးမန်း ကို သတ်လို့ မရဘူးတဲ့?



ဘာဖြစ်လို့လဲ?



သူက အခုလေးတင် ပဲ ဟူးမန်း တစ်ယောက် ကို သတ်ခဲ့ ပြီးသားပဲကို။ 



ဒီဟူးမန်း က ဘာတွေ များ ကွဲပြားနေလို့လဲ...... ကွဲပြားနေတာလား? 



အောင်းဝ်စစ် က အံ့သြတကြီး နဲ့ အောက်ကို ငုံ့ကြည့်လိုက်တယ်။ 



ဒီညစ်ပတ်တဲ့ ဟူးမန်း က သူ့ကို ကိုင်ထားတယ် အား! ! !




နဂါးရဲ့ ခြေသည်းတွေက အရမ်းကြီးတာကြောင့် နျင်းချု က သူ့ရဲ့ လက်တွေကို အကျယ်ကြီး ဟ ပြီး ဖက်တာ တောင် ဖက်မရ ခဲ့ပါပေ။ ဒါကြောင့် သူ့ရဲ့ ခေါင်းကို စောင်းကာ ထပ်ပြီးတော့ အော်လိုက် လေတယ်။ 



'' အောင်းဝ်စစ်! ''


မိုးကျ တာ က ရပ်သွားတဲ့ အတွက်ကြောင့် အောင်းဝ်စစ် က ရင်းနှီး နေတဲ့ ခေါ်သံ လေးကို ကြားလိုက် ရတယ်။ သူက အောင်းဝ်စန်း ကို တစ်ချက် လှမ်းကြည့် ပြီးတော့ အဲ့တာက အတည်လား ဆိုတာကို မေးချင်နေခဲ့တယ်။


ဒါပေမယ့် အောင်းဝ်စန်း ကတော့ အာရုံနောက် လို့ သူ့ကို ဘာမှ ရှင်းမပြ လာပါပေ။ အဲ့အစား နဂါးပေါက်စ လေး ပုံ ပြောင်းပြီးတော့ ပျံသန်းသွားကာ ထိုလူရဲ့ ပုခုံးပေါ်မှာ ထိုင်လိုက်လေတယ်။ 



နျင်းချု က အောင်းဝ်စစ် ရဲ့ ခြေတစ်ချောင်းကို ကိုင်ထား ဆဲ ဖြစ်ပြီးတော့ ထိုအကြေးခွံတွေ ပေါ်မှာ လျှပ်စီးဓာတ် တစ်ချို့ ကျန်နေ သေးတာကြောင့် သူ့ရဲ့ လက်ဖဝါးကို အနည်းငယ် ထုံကျင် စေခဲ့လေတယ်။ 



နျင်းချု က သူ့ရဲ့လက် ကို လွတ်ပေး ဖို့ရာ တွန့်ဆုတ် နေခဲ့ပေမယ့် ရုတ်တရက် ပဲ သူ့ရှေ့က နေရာက ဗလာ ဖြစ်သွားတာ ကို နျင်းချု တွေ့လိုက် ရလေတယ်။ 


သေးငယ်တဲ့ ခရမ်းရောင် နဂါးလေး က သူ့ကို လာတို့ ပြီးတော့ သူ့လက်မောင်းကို အဆက်မပြက် ပွတ်သပ် နေခဲ့ လေတယ်။ 


'' ဝူ..အာဝူ .....''



နဂါးငယ်လေး က အရမ်းကို ပဲ စိတ်လှုပ်ရှား နေပြီးတော့ သူ့ရဲ့ အသံထဲမှာ အနည်းငယ် အပြစ်ရှိစိတ်တွေ ပါနေ ပြီးတော့ နျင်းချု ရဲ့ မျက်နှာဘေး တစ််ဖက်ကို လျှာနဲ့ လျက်လိုက်လေတယ်။ 


နျင်းချု က သူ့ကို ပွေ့ဖက်ပြီးတော့ မြေပြင်ပေါ်မှာ ထိုင်ချ လိုက်လေတယ်။ နောက်ဆုံးတော့ ရက်ပေါင်းများစွာ စိတ်ပူခဲ့ရတာ တွေကနေ နျင်းချု သက်သာ သွားခဲ့ ရပါပြီ။ 



ဟုတ်ပါတယ် သူက ဆူ ဖို့လည်း မမေ့ ခဲ့ပါဘူး။ 




'' မင်း ဘာကြောင့်များ နဂါးကျွန်း မှာပဲ မနေရတာ လဲဟင်? တကယ်လို့ ငါက မင်းကို ရှာမတွေ့ရင် ဘယ်လို လုပ်ရမတဲ့လဲ! ''



နျင်းချု က အဲ့လိုသာ ပြောလိုက် ပေမယ့် သူ့ရဲ့ အသံကတော့ စိတ်လှုပ်ရှားကာ အံသြ တကြီး ဖြစ်နေ ဆဲပါပေ။ ပြီးတော့ သူက ခေါင်းကို ငုံ့ကာ သူ့ပါးနဲ့ အောင်းဝ်စစ်လေး ရဲ့ လည်ပင်း ကို ပွတ်သပ်လိုက်တယ်။ 



''အာဝူး! ''



အောင်းဝ်စစ် လေး က သူက မျက်မမြင်တစ်ယောက် လို လျောက်ပြေး နေတာမျိုး လုံးဝ ကို မဟုတ်ရ ပါဘူး လို့ပေါ့။ တကယ်လို့ သူသာ ဝူးယူး ကို ရှာမတွေ့ ခဲ့ရင် သူက နဂါးကျွန်း ဆီကို ပဲ ပြန်သွား မှာပါလို့ပေါ့။



သူက ဘာကြောင့် စန်းစန်း က နျင်းချုနဲ့ အတူ ရှိနေ ရသလဲ ဆိုတာကို မတွေးတက် ပါပေ။ ဒါပေမယ့် နျင်းချု က သူထင် နေသလိုမျိုး ထောင်ချောက်ထဲ ကျ မနေဘူး ဆိုတာက ပိုပြီး ကောင်းတဲ့ သတင်း တစ်ခု ပဲလေ။ 



တစ်ခဏ ကြာတော့ မိုးက လုံးဝ မစဲ သွားခင် သူက အောင်းဝ်စစ်ကို လွတ်ပေး လိုက် ပြီးတော့ ထရပ် လိုက်တယ်။ 


ချက်ကျောင်းက လူတွေ အကုန် သေသွားပြီ ဖြစ်ကာ တစ်ယောက် မှ အသင်မရှင် ကျန် ခဲ့ပါပေ။ သူက အသက်ပြင်းပြင်း တစ်ချက်လောက် ရှုကာ အောင်းဝ်စစ် ကို သူ့ရဲ့ နောက်ပုခုံး ဘေးတစ်ဖက်မှာ တင်ကာ မြေပေါ်ပြုတ်ကျ နေတဲ့ ဂျိုတစ်စုံနား ကို သွားလိုက် တယ်။ 


အောင်းဝ်စစ် ကလည်း ထို ဂျို တစ်စုံ က ဘယ်သူ့ဟာ လည်း ဆိုတာကို မှတ်မိ သွားတာ ကြောင့် ဒေါသ တွေက သူ့ကျောရိုးကနေ တစ်ဆင့် စိမ့်တက် လာခဲ့လေတယ်။ 



'' ဝူးဝူး...... ''


နျင်းချု က လက်ကို ဆန့်ထုတ် လိုက်ပြီးတော့ နဂါးဂျိုလေး တစ်စုံ ထိပ်ကို ထိလိုက်တယ်။ ပြီးတော့ မီးတောက် က သူ့ရဲ့ လက်ကနေ တစ်ဆင့် ထွက်လာ ပြီးတော့ ထိုဂျို တစ်စုံကို ပြာတောင် မချန်ပဲ မီးရှို့ လိုက်လေတယ်။ 


သူက ကသိကအောက် ဖြစ်စွာနဲ့ မီးရှို့ပေး ပြီးတဲ့နောက် မသိသေးတဲ့ အောင်းဝ်စစ် လေး ကို အသာလေး ချော့ပြောလိုက်တယ်။ 



'' အောင်းဝ်ဝူ.... သူမလေး က အကယ်ဒမီ ထဲမှာ ရှိနေတယ်..... ပြီးတော့ သူမလေး လုံခြုံတဲ့ အပြင် အောင်းဝ်ပေါင်ပေါင်း ကလည်း သူမ ကို ကာကွယ် ပေးထား ပါတယ်..... ''



အောင်းဝ်စစ် က အေးခဲ သွားပြီးတော့ နျင်းချု ကို ကြည့်လိုက် လေတယ်။ 



ဘယ်လို?



အောင်းဝ် ဝူ ကလည်း အဲ့နေရာ မှာပဲလား?


သူမ က သေသွား ခဲ့ပြီ မဟုတ်ဘူးလား?



ဘာကြောင့် ဝူးယူး က အောင်းဝ်ဝူ နဲ့ အတူ ရှိနေ ရတာလဲ?



...................................

အပူချိန် က အရမ်းမြင့်တော့ ခေါင်းတွေ ထိုးကိုက် နေရော ပြီးတော့ ခေါင်းလည်း နာတယ် အကိုက်အခဲ ပျောက်ဆေး သောက်ပြီး အကြွေးပါ ဆပ်လိုက်တယ်။ ကလေးတို့လည်း ကျန်းမာရေး ကို ဂရုစိုက် ကြပါ။

Report Page