80

80


အပိုင်း ၈၀


ဆုယဲ့မူကလည်း အလွန်အံ့ဩသွားသည်။ ကိစ္စများအဆုံးသတ်သွား ချိန်က သိပ်မကြာသေးချေ။ ဇာတ်ညွှန်းအရ ယွန်ရင်က လက်မထပ်ရသေးဘူးဆိုတဲ့လူဟာ နောက်ခံကောင်းသည်။


ဒီလိုဆိုရင် သူ ဒီအသိုင်းအဝိုင်းထဲက ထွက်သွားရအောင် ဖိအားပေးခံရသင့်တာ မဟုတ်လား၊ ဒါမှမဟုတ် တစ်ခုခုကြောင့်လား။


“ငါ အပိုတွေတော့ပြောမနေတော့ဘူး၊ ဒီသုံးယောက်ကိုပဲကြည့်၊ ဒါပေမယ့် သူတို့ကိုတော့ ရန်မစမိစေနဲ့၊ အဲ့ဒီလိုမှမဟုတ်ရင်တော့ မင်း ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး”

Myo Myo:

မိုင်ထျန်း၏မျက်နှာက ရှုံ့မဲ့သွားသည်။ သူ၏မျက်လုံးက မဲမှောင်နေ၏။ သူဟာဆိုးယုတ်စွာရယ်မောချင်နေပုံရသည်။


ဆုယဲ့မူ .. ငါကတော့ မင်းကိုပိုပြီး ဗီလိန်လို့ထင်တယ်။


“ဘာတွေဖြစ်နေတာလဲ၊ မစသေးဘူးလား၊ ဘယ်အချိန်မှစမှာလဲ”


ဆိုဖီကအရင်ပြောသည်။ သူမက လေသံကိုထိန်းထားခြင်းမရှိချေ။ 


“ရို့ရို့ ညီအစ်ကိုတို့ ပျော်ပျော်ပါးပါးသောက်စားပြီး သီချင်းတွေဘာတွေ ဆိုရအောင်၊ ကျားနှစ်ကောင် ကျားနှစ်ကောင် မြန်မြန်ပြေးကြတယ်၊ တစ်ကောင်ကကျားမလေ၊ အခြားတစ်ကောင်ကလည်းကျားမပဲ၊ ထူးဆန်းတယ် ထူးဆန်းတယ် ဟား ဟား”


ခန်းမထဲတွင်ရယ်မောသံများက ပြည့်နှက်သွားသည်။ ဆုယဲ့မူကပင် နားစွင့်လိုက်၏။

ဘာလို့ ဒီစကားက အာဟနဲ့ပတ်သက်တယ်လို့ ခံစားမိတာလဲ။


“ခိုင်လီ နင် သေချင်နေပြီလား”


“လာစမ်းပါ ပါးပါးလို့ခေါ်”


နှစ်ဖက်က စအော်ကြသည်။ သူတို့က အင်္ကျီလက်များကို မတင်လိုက်ကြရင်း ဖိနပ်အပါးများကို ကောက်ကိုင်လိုက်ကြကာ တိုက်ခိုက်ရန် ကြံစည်လိုက်ကြသည်။ ဆုယဲ့မူက မေးစေ့ကိုပင့်ရင်းကြည့်သည်။ သူက ရုတ်တရက်တုန်ယင်သွား၏။ ထို့ကြောင့် ခေါင်းကိုလှည့်လိုက်သောအခါ ယွန်ရင်က လက်မထပ်ရသေးဘူးက ဆုယဲ့မူကိုကြည့်နေကြောင်း မြင်လိုက်ရသည်။ ဆုရှောင်းနန်သာ ထိုအကြည့်မျိုးကိုမြင်လျှင် သွား၍ရိုက်သတ်လောက်သည်။


“ပါဝင်ယှဉ်ပြိုင်သူတွေ … စာမေးပွဲက ၅ မိနစ်နေရင်စတင်တော့မယ်၊ ကျေးဇူးပြုပြီး ကိုယ့်နေရာကိုယ်ထိုင်ကြပါ”


ထိုအချိန်တွင် ဒုဥက္ကဌတစ်ယောက်က အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများ ပါဝင်ပစ္စည်းများကို ကိုင်ဆောင်ထားသော လူတစ်ယောက်ကို ဝင်လာခိုင်းသည်။ ထိုလူက အငယ်တန်း စားဖိုမှူးလက်မှတ် ရထားသူများဖြစ်သည်။ ထိုသို့ဖြင့် ပထမအဆင့်စစ်ဆေးမှုက စတင်တော့မည်ဖြစ်သည်။


ပထမအဆင့်စစ်ဆေးမှုက သိပ်မခက်ပေ။ ပါဝင်ပစ္စည်းများကို အဓိပ္ပါယ်ခွဲခြားပြရုံသာဖြစ်သည်။ ၉၀ ရာခိုင်နှုန်းခန့်သောလူများက အောင်မြင်လေ့ရှိကြသည်။ ဒုတိယအဆင့်ကလည်း ထင်သလောက် မခက်သေးပေ။ ဒါက ရိုးရှင်းသော ဆန်ပြုတ်လောက်ကို ချက်ပြရုံနှင့် လုံလောက်သည်။ ၇၀ ရာခိုင်နှုန်းခန့်က အောင်မြင်တတ်သေး၏။ တတိယအဆင့်က အရွက်များကို မွှေကြော်ရခြင်းဖြစ်သည်။ သည်အဆင့်တွင်မူ တစ်ဝက်ခန့်ကပြုတ်သွားနိုင်သည်။ ထို့ကြောင့် သည်အခန်းထဲမှ သုံးရာလောက်သာ ကျန်ရစ်လောက်လေသည်။


အဆင့် ၅ စားဖိုမှူးလက်မှတ်ကို ရရန်ယူလိုလျှင် အလွန်ခက်ခဲပေ လိမ့်မည်။


ဆုယဲ့မူက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။


အဆင့် ၄ နှင့်နောက်ဆုံးအဆင့်တွင် အစည်းအရုံးက ထောက်ပံ့ပေးထားသော ပါဝင်ပစ္စည်းများအရ ဟင်းတစ်ပွဲချက်ပြရမည် ဖြစ်သည်။ ပါဝင်ပစ္စည်းများက ငါး၊ ပုစွန်၊ ဝက်သား၊ ကြက်သွန်မြိတ်၊ မုန်လာဥဖြူ၊ သခွားသီး၊ အာလူး၊ ငရုတ်ပွတောင့် စသည်ဖြင့်တို့ဖြစ်သည်။


လူတိုင်းက ပါဝင်ပစ္စည်းများကိုရွေးချယ်ရန် အခွင့်အရေးရှိသည်။ သို့သော် ဆုယဲ့မူက နောက်ဆုံးမှဖြစ်နေသည်။ ထို့ကြောင့်အရှေ့မှ လူအများစုက ပါဝင်ပစ္စည်းအများစုထဲတွင် အရွက်များကိုသာ ရွေးချယ်နေကြောင်း မြင်သောအခါ ဆုယဲ့မူက ပဟေဠိဖြစ်သွား၏။


 

ဒိုင်လူကြီးမင်းတွေက အရွက်စားရတာကြိုက်တယ်လို့ လျှို့ဝှက်သတင်းများ ရထားလို့လား။


ထို့ကြောင့် ဆုယဲ့မူ ရွေးချယ်ရမည့်အလှည့်သို့ရောက်သောအခါ သူက ဝက်သား၊ မုန်လာဥ၊ သခွားသီးနှင့်ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကိုသာ ရွေးလိုက်သည်။


ပါဝင်ပစ္စည်းများကိုသယ်ထားသော ဆုယဲ့မူက ခေါင်းလှည့်လိုက်သော အခါ ကြောင်အသွားသည်။


ဒါက ဘယ်လိုမျက်နှာထားတွေလဲ။


ဆုယဲ့မူက အပြုံးတစ်ဝက်မျက်နှာထားနှင့် အောက်ဘက်သို့ပြန်ကြည့် လိုက်သည်။ သူ၏ပါဝင်ပစ္စည်းများက ပြဿနာမရှိချေ။


“ကောင်းပြီ ရွေးချယ်ပြီးရင် ထိုင်ကြတော့”


ဆုယဲ့မူ၏အနောက်မှဝန်ထမ်းက ကျယ်လောင်စွာအော်သည်။ စိတ်လွှင့်နေသော ဆုယဲ့မူက ရုတ်တရက်ကြောင်သွားပြီး ပါဝင်ပစ္စည်းများနှင့် အတူ ကိုယ့်နေရာကိုယ်ပြန်ထိုင်သည်။


“ဒါဆိုရင်လည်း နောက်ထပ်တစ်ဆင့်ကိုစရအောင်၊ မြန်မြန်လေးရွှေ့ကြ၊ ဒီနေရာမှာတင် တစ်မနေကြနဲ့”


“အာ နာတယ်”


ဝန်ထမ်းအဖွဲ့ဝင်တစ်ယောက်က ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခေါင်းကိုအုပ်ကာအော်ညီးနေသည်။


ဆုယဲ့မူ … ငါ ဘာမှမလုပ်ဘူးနော်။


“မာရှယ်”


ဝန်ထမ်းစားဖိုမှူးတစ်ယောက်က ခေါင်းကိုက်သွားသည်။ သူက အကြမ်းပတမ်းဆန်ပြီး မောက်မာသောထိုလူကို လေသ့တိုးတိုးနှင့် သတိပေးလိုက်သည်။


မင်း မင်းရဲ့စိတ်စွမ်းအားသီးသန့်ကို မမှီခိုလို့ရမလား၊ မကောင်းတဲ့ကိစ္စ လုပ်ချင်ရင်လည်း ဘယ်သူမှမရှိတဲ့အချိန်မျိုးမှာလုပ်လေ၊ ဘာလို့ ဘယ်သူမှမရှိတဲ့အချိန်မှာ လုပ်ချင်တာမျိုးကို သွားမလုပ်တာလဲ။


ဆုယဲ့မူကို ပြောဆိုသောဝန်ထမ်းက ခေါ်ဆောင်သွားခံရပြီးနောက် အသစ်တစ်ယောက်က အစားထိုးခံရသည်။


“ဒီအတိုင်း အခြားသူတွေ သူ့ကို တိုက်ခတ်နေတာကိုမြင်ရတာ သည်းမခံနိုင်ရုံပဲ၊ ပြောတဲ့စကားကတောင် တအားကျယ်လွန်းနေတယ်”

လက်အိတ်ဖြူအောက်မှလက်ညှိုးက လက်မောင်းကိုကျစ်ကျစ်ပါအောင် ညှစ်ထားသည်။ သူ၏မျက်ဝန်းက ဗီဒီယိုဖန်သားပြင်ပေါ်တွင်သာရှိနေ၏။ ထို့နောက် ဟော်ယွန်ထင်၏နှုတ်ခမ်းထောင့်စွန်းတွင် ဖျော့တော့သည့် အပြုံးကပေါ်လာသည်။ ဝန်ထမ်းစားဖိုမှူးကပင် တုန်ယင်သွား၏။


“မလုပ်လိုက်ပါနဲ့၊ မာရှယ် ဒီမတော်တဆမှုအတွက် တကယ်ကို တောင်းပန်ပါတယ်”


ဒုဥက္ကဌနင်ချန်းကလည်း လျှို့ဝှက်စွာသက်ပြင်းချ၏။


မာရှယ်ဟော်က ပေ့ချန်းရဲ့ကိစ္စကို စုံစမ်းစစ်ဆေးရမှာမဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ဒီနေရာကိုလာပြီး စားဖိုမှူးစာမေးပွဲကို လာကြည့်ချင်နေတာလဲ။


နောက်ပြီး ဒီစာမေးပွဲမှာဝင်ပါတဲ့လူတွေထဲမှာ သူ ဂရုစိုက်တဲ့လူရှိနေ လို့လား။


“ရပါတယ်”


ဟော်ယွန်ထင်က မျက်တောင်ပင်မခတ်ဘဲ ဖန်သားပြင်ကို ဆက်ကြည့်နေသည်။ 


လူကြီးမင်းချန်းကလည်း ဆုယဲ့မူ ရွေးချယ်ထားသော ပါဝင်ပစ္စည်းများကို မြင်သောအခါ အော်ဟစ်ရင်း ကိုယ့်ကိုယ်ကိုအပြစ်တင်လိုက်သည်။ မနေ့ညက အင်ပါယာမြို့တော်တွင် ပေါက်ကွဲမှုဖြစ်ခဲ့သောကြောင့် သူက တစ်ညလုံး အစည်းအရုံးမှလူများနှင့် စကားများရန်ဖြစ်နေခဲ့ရာ သူ၏စိတ်က မူးဝေနေပြီး ဆုယဲ့မူကို ပြောရန်မေ့သွားသည်။ ရာထူးတိုးအကြောင်းအရာက အစိမ်းရောင်ပါဝင်ပစ္စည်းဆိုသောအကြောင်းအရာကို အခြေခံထားသည်။ တစ်ညလုံးနီးပါး ရန်ဖြစ်ရင်း ပါဝင်မည့်သူများကို အကြောင်းကြားခဲ့သော်လည်း လူတိုင်းနီးပါးက သိလောက်သည့်တိုင်အောင် ဆုယဲ့မူကမူ မသိလောက်ချေ။


လူကြီးမင်းချန်းက စိုးရိမ်စိတ်ဝင်သွားသည်။ 


မဟုတ်သေးဘူး၊ သူ မနေ့ကတင် ဆုယဲ့မူရဲ့အစားအသောက်တွေကို စားခဲ့သေးတယ်၊ အထဲကပါဝင်တဲ့စွမ်းအင်တွေက သာမန်လူတွေ မလုပ်နိုင်တဲ့အရာမျိုးပဲ။


မဟုတ်ဘူး မြန်မြန်လုပ်ရမယ်။


ချက်ချင်းဆိုသလိုအစားထိုးပြီးနောက် ပြိုင်ပွဲကစတင်သည်။ မိုင်ထျန်းက အလွန်စိုးရိမ်စိတ်များနေ၏။


“ဘာလို့ မင်းက အသားတွေပဲယူလာတာလဲ၊ အရွက်များများယူလေ၊ ထားလိုက်တော့၊ ငါလည်းအကုန်လုံးသုံးလို့မရပါဘူး၊ ငါ မင်းကို နည်းနည်းခိုးပေးမယ်”

ဆုယဲ့မူ “မလိုပါဘူး၊ ငါ က ဘာလို့ မင်း အရွက်တွေပဲယူလာတာလဲလို့ မေးချင်နေတာ”


မိုင်ထျန်း .. မင်းမသိဘူးလား။


“ဘာကိုသိရမှာလဲ”


“စမယ် မိနစ် ၄၀”


ကြီးကြပ်သူက ရုတ်တရက်စအော်သည်။ မိုင်ထျန်းက ဆုယဲ့မူ၏တောင်းထဲသို့ အရွက်များထည့်ချင်သည်။ သို့သော် ထိုလူက စိုက်ကြည့်နေသဖြင့် ကြောင်အသွားပြီး သူက ခပ်မြန်မြန်ပင် လက်ကိုရုတ်လိုက်ကာ ရှက်ရွံ့စွာပြော၏။


“သတိပေးချက် သတိပေးချက်လေ၊ ဆွေးနွေးပြီးတဲ့နောက်မှာ စာမေးပွဲခန်းမက အပြင်လောကကို တိုက်ရိုက်ထုတ်လွှင့်မှုအနေနဲ့ စတင်မှာဖြစ်လို့ ယှဉ်ပြိုင်တဲ့လူတွေအားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”


တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် ရုတ်တရက် ကြေညာလိုက်သောအခါ လူအချို့ကပျော်သွားသည်။ အချို့လူများကမူ ဆူပူကြ၏။ အချို့သောလူများ ကမူ တည်ငြိမ်နေကြသေးသည်။ သူတို့က ကြိုတင်သိထားပြီးကြသလို နှုတ်ခမ်းထောင့်စွန်းများက ကော့တက်ကာ ဖျော့တော့စွာပြုံးနေကြသည်။ မိုင်ထျန်းကလည်း မသိထားချေ။ ထို့ကြောင့် ခပ်တိုးတိုးပြော၏။


“ငါ စာမေးပွဲဖြေဖို့ဝင်လာကာစပဲရှိသေးတယ်၊ သူတို့က လှလှပပကို ပြင်ဆင်ထားကြတာပဲ၊ သတင်းကိုကြိုသိနေတာကိုး”


လာရောက်ဖြေဆိုသူပေါင်းများစွာက ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများကို ရရှိမည်ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းတွင် ကိုယ်ပိုင်ဖန်ဂရုရှိမည်ဖြစ်သည်။ ဒုတိယမြောက်ဖြေဆိုမှုကိုလည်း တိုက်ရိုက် ထုတ်လွှင့်အုံးမည်ဖြစ်သည်။ ဒါက ပရိတ်သတ်များကို ပျော်ရွှင်စွာအားပေး နိုင်ရန်အတွက် အထောက်အကူဖြစ်သည်။


စားဖိုမှူးအစည်းအရုံး တရားဝင်ဝက်ဆိုက်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းတွင် ၁၀ မိနစ်ကြာပြီးသည်အထိ မည်သူမျှမရှိချေ။ 


လူကြီးမင်းချန်းကလည်း ခမ်းနားသောပွဲအတွက် အလွန်ကျေနပ်နေ သည်။ ယခုအခါ ကြည့်ရှုသူများအားလုံးက မှန်ကန်စွာမဲပေးပိုင်ခွင့်ရှိသည်။ 


မင်းတို့ကောင်တွေ ဘယ်လိုဆက်ပြီး ဟန်ဆောင်မလဲလို့ ကြည့်အုံးမယ်။


သိပ်မကြာခင် တိုက်ရိုက်ထုတ်လွှင့်မှု၏စနစ်ကပင် အတင်းအကြပ် ဆက်တိုက်အလုပ်လုပ်နေရသည်အထိ လူများက ပြည့်လျှံလာသည်။


ပါဝင်ပစ္စည်းများကိုပြင်ဆင်နေသော ဆုယဲ့မူကမူ စားဖိုမှူးအစည်းအရုံး က ရုတ်တရက် ပြောင်းလဲလိုက်ခြင်းအကြောင်းအရာကို မသိချေ။ ထိုအခြေအနေက သူ့အား ညနေတွင်အိမ်ပြန်မည်ဆိုသည့် ဖြစ်ရပ်ကို နောက်ကျသွားစေနိုင်သည်။

Report Page