70(zawgyi)

70(zawgyi)

Khat

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ


အပိုင်း ၇၀





  

 


“ကံကောင်းလို့၊ မနက်တုန်းကတော့ ငြိမ်နေပြီး သိပ် မကြမ်းဘူး”  

 


ဘယ်လိုလုပ် မကြမ်းရမှာလဲ? လွန်ခဲ့တဲ့ ငါးမိနစ်က သူမ အန်ခဲ့တဲ့အချိန်မှာ အကြမ်းဆုံးပဲလေ ညီအစ်မတစ်ချို့ကတောင်မှ မုန့်ယန်ကို ကိုယ်ဝန်ရှိနေတာလားလို့ မေးခဲ့သေးတယ်။



ကျန်းရှောက်ယွီက အံ့ဩတကြီးနဲ့ ရှင်းပြလိုက်သည်။ “ ကိုယ်ဝန်ရှိနေတာမဟုတ်ပါဘူး၊ ကျွန်တော့် မိန်းမက လှိုင်းမူးနေတာပါ”  

 


နောက်ပြီး ထပ်ပေါင်းပြောလိုက်သည်။ “ စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ” 

 


မုန့်ယန်ခမျာ အန်နေတုန်းမှာ သူ့ကို ကန်ဖို့ အချိန်ယူလိုက်ရသည်။ 

 


ဒါက လုံးဝကို မဖြောင့်မတ်နေဘူး... 

 


ဗိုက်ထဲကနေ အန်ထုတ်ပြီးသွားတော့ သိပ်ပြီး မူးသလို မခံစားရတော့ပေ။ 


 

မုန့်ယန်က လက်ရန်းကို မှီလိုက်ပြီး ကျန်းရှောက်ယွီကတော့ သူမဘေးမှာ သူ့ရဲ့ပုံရိပ်ကို ဂရုမစိုက်ဘဲ ထိုင်ချလိုက်ပြီး သူမနှဖူးကို ညင်ညင်သာသာ ပွတ်ပေးနေသည်။ 

 


“ခေါင်း မူးနေတုန်းလား?”  

 


“ခေါင်းကတော့ နည်းနည်းမူးနေသေးပေမယ့် ဗိုက်ထဲမှာတော့ နေလို့ ကောင်းသွားပြီ”  

 


“ရေနည်းနည်း ထပ်သောက်လိုက်” ကျန်းရှောက်ယွီက စစ်တပ်သုံးရေဗူးကို ကမ်းပေးလိုက်သည်။ အထဲမှာ ရေက သုံးပုံလောက် ကျန်နေသေးသည်။ သူက တစ်ငုံလေးတောင် မသောက်ခဲ့ဘဲ သူ မသောက်ခဲ့တဲ့အတွက် ဂုဏ်ယူလိုက်သေးသည်။ မဟုတ်ရင် မုန့်ယန် သောက်ဖို့ လောက်မှာမဟုတ်ဘူး။ 

 


ဒီလို အခြေအနေမျိုး ကြုံခဲ့ပြီးရင်တော့ နောက်တစ်ခါကျရင် ရေအပိုတစ်ဘူး ယူလာဖို့ သိသွားလိမ့်မည်။ 

 


ရေသောက်ပြီး ပါးစပ် ပါးလုပ်ကျင်းပြီးနောက်မှာ မုန့်ယန်မှာ အရိုးတွေအားလုံး ဆုံးရှုံးသွားသလို ကျန်းရှောက်ယွီရဲ့ ရင်ဘက်မှာ ‌အမောတကောနဲ့ နည်းနည်းပါးပါး ပျော့ခွေစွာ မှီတွယ်နေ လိုက်သည်။  

 


နေရောင်ခြည်က လူတိုင်းရဲ့ မျက်နှာမှာ နွေးထွေးစွာ တောက်ပနေပြီး ပါးပြင်ကို ဖြတ်တိုက်သွားတဲ့ ပင်လယ် ဆားငန်လေကိုလည်း ညင်ညင်သာသာ ခံစားရသည်။ 

 


“ကျွန်တော့် မိန်းမက လှိုင်းမူးနေလို့”



 တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို သိချင်စိတ်နဲ့ ကြည့်လိုက်တဲ့အခါတိုင်း ကျန်းရှောက်ယွီက အဲ့ဒီအတိုင်းပဲ ရှင်းပြလိုက်သည်။ 

 


“မင်း မိန်းမကို တကယ်ချစ်တာပဲ” အဲ့ဒါက လူတွေရဲ့ ချီးကျူးစကားတွေကို ဆွဲဆောင်သွားသည်။ 

 


“မင်းတို့ စစ်သားတွေကတော့ မိန်းမကို အချစ်ဆုံးပဲ! ငါတို့မိသားစုမှာလည်း စစ်သားတစ်ယောက်ရှိတယ်၊ သူ့မိန်းမကို ရတနာလိုပဲ ဆက်ဆံတာ”  

 


အစ်မကြီးက သူ့ချွေးမကိုချစ်တဲ့ သူ့ရဲစစ်သား သားတော်မောင်အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောနေခဲ့သည်။ 

 

... 

 

လက်ထပ်အစီရင်ခံစာကို အတည်ပြုပြီးတော့ လက်ထပ်ဖို့အတွက် အဓိက ပစ္စည်းသုံးခုကိုလည်း ဝယ်ပြီးသွားပြီဖြစ်သည်။



 မုန့်ယန်က ဦးစီးအရာရှိကျန်းနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းက ဖေ့လန်ကျွန်းတစ်ခုလုံးကို ချက်ချင်း ပြန့်သွားသည်။ 

 


နှစ်ယောက်သားက သင်္ဘောပေါ်ကနေ ဆင်းဆင်းချင်းမှာ ဆိပ်ကမ်းမှာ စောင့်နေတဲ့ စစ်သားငယ်လေးက စစ်တပ်ကို သွားပြီး အရေးကြီး အစည်းအဝေးကို အရင်တက်ဖို့ ကျန်းရှောက်ယွီကို အကြောင်းကြားလာသည်။ 

 


ကျန်းရှောက်ယွီမှာ ပြင်ဆင်ဖို့ အချိန် မရှိတော့တဲ့ အတွက် မုန့်ယန်ကို စကားနည်းနည်းလောက်နဲ့ အမြန် ရှင်းပြပြီးတော့ ထွက်သွားတော့သည်။ 



မထွက်သွားခင်မှာ သူမ မူးနေတဲ့အတွက် အိမ်ပြန်ပို့ပေးဖို့ စစ်သားငယ်လေးတစ်ယောက်ကို ပို့ပေးလိုက်သည်။ 

 


ဒီဘက်မှာ မုန့်ယန် မစ်ဟုန်အိမ် ရောက်တဲ့ အခါမှာတော့၊ ပူပူနွေးနွေးလက်ထပ်မယ့် သူတို့ကို ဂုဏ်ပြုစကားပြောဖို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ မျောက်ကလေးတွေအုပ်စုက အရင်ရောက်လာပြီး မုန့်ယန်ကို ပြောင်းဖို့ အကျယ်ကြီး အော်ဟစ်လာကြသည်။ 

 


ပျော်နေတဲ့ ကလေးတွေကို ကြည့်ရင်း သူတို့က မုန့်ယန်ကို ပြောင်းဖို့ ကူပေးနေတာမဟုတ်ဘဲ သူမနဲ့ ကစားချင်နေတာဖြစ်ကာ သူမကို အံ့အားသင့်သွားစေသည်။ 

 


မင်္ဂလာပွဲက လဝက်လောက်အချိန်ယူရပေမယ့် လက်ထပ်အစီရင်ခံစာကတော့အတည်ပြု ပြီးသွားပြီဖြစ်သည်။ ဒီ လက်မှတ်က သက်ဆိုင်သွားပြီလို့ ဆိုလိုတာပင်။ 



အခု လက်မှတ်က ရသွားပြီ ဖြစ်တဲ့အတွက်၊ လက်မှတ်နဲ့ အလုပ်လုပ်တာက ကိစ္စမရှိတဲ့အတွက် အတူပေါင်းသင်းနေထိုင်တာက လည်း ကိစ္စမရှိချေ။ 

 


သူအရင်ထဲမှာ ပျော်ရွှင်မှုနဲ့ စိုးရိမ်မှု အရိပ်အယောင်လေးတွေတော့ ရှိနေသည်။ အခု သူမ တကယ်လက်ထပ်ပြီးသွားပြီဖြစ်တဲ့အတွက် မကြာခင် သူမမှာ အိမ်အသစ်ရှိလာတော့မည်ဖြစ်ကာ သူမ ဘယ်တုန်းကမှ စိတ်မကူးဖူးတဲ့ ဘဝအသစ်ကို ရလာတော့မည်ဖြစ်သည်။ 

 


သူမ ဗိုက်ထဲက စူးအောင့်တဲ့ နာကြင်မှုကို သတိမရတော့ဘဲ မုန့်ယန်က ကလေးတစ်ယောက်ချင်းစီကို အလုပ်တွေ စီစဉ်ပေးလိုက်သည်။ 

 


ကောင်လေးတွေက ပစ္စည်းအကြီးတွေကို သယ်ပြီးတော့ ကောင်မလေးတွေက ပစ္စည်းအသေးလေးတွေကို သယ်သည်။ ဒါက ယာယီနေတဲ့ နေရာဖြစ်တဲ့အတွက် မုန့်ယန်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ သိပ်အများကြီး မရှိနေပေ။ ဟိုတစ်စုဒီတစ်စု ပစ္စည်းတွေက လူကြီးတွေအတွက် မလိုအပ်ပေမယ့် ကလေးတွေကတော့ ရွေ့ပြီး သွားနိုင်သည်။ 


 

နာရီဝက်လောက် ပြန်သက်သာအောင် ခဏနားပြီးနောက်မှာ ဒီက လူတွေက နေကို အံတုပြီး လှုပ်ရှားနေကြသည်။ ကျန်းရှောက်ယွီရဲ့ သတင်းပို့ စစ်သားလေး ကျိုးပိုင်ထောင်နဲ့ မဆုံခင် သူတို့က ခဏလောက် ရပ်နေကြသည်။



 သူက စစ်တပ်သုံးဂျစ်ကား‌ထဲမှာ ထိုင်နေပြီး မုန့်ယန် စကားပြောနေတာ မြင်တဲ့အခါ ကားမောင်းနေတဲ့ တပ်သားကို ချက်ချင်း ရပ်ဖို့ ပြောလိုက်သည်။



“အခုဘဲ မရီးကို ရှာဖို့ မစ်ဟုန်အိမ်ကို သွားခဲ့ပေမယ့် မရီးကို မတွေ့ခဲ့ဘူး။ မရီးက ဒီမှာရှိနေမယ်လို့ ကျွန်တော် မထင်ထားဘူး”  


 

ကျိုးပိုင်ထောင်က အမောတကောနဲ့ ပြေးဆင်းလာပြီး မုန့်ယန်လက်ထဲက အဝတ်အစား အထုပ်အပိုးတွေနဲ့ သူမအနောက်က ကလေးတွေ တစ်ယောက်ချင်းစီကပစ္စည်းတွေကို အံ့အားသင့်သွားသည်။ 

 


အထင်ရှားဆုံးကတော့ ချင်းဟူနဲ့ ဟူကျီက ချည်မွေ့ရာနဲ့ အိပ်ယာလွှမ်းတွေကို သူတို့ပခုံးပေါ်မှာ အသီးသီး သယ်ထားကြပြီးမေ့မေ့ရဲ့ လက်ထဲမှာတော့ လှလှပပ ပွင့်လန်းနေတဲ့ ခေါင်ရန်းပန်းပင်က ရှိနေသည်။  

 


“မရီးက ဘယ်သွားမလို့လဲ?” ကျိုးပိုင်ထောင်က သူတို့ လုပ်နေတာကို တစ်ချက်ကြည့်တာနဲ့ နားမလည်သေးပေ။ 


 

“သားတို့က အစ်မမုန့်ယန်ကို ပြောင်း‌ကူနေတာ ကူညီပေးနေတာ! အစ်မက ဦးစီးအရာရှိ ကျန်းနဲ့ မကြာခင် လက်ထပ်တော့မှာ!” ရှီဒန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်းပြလိုက်သည်။ 

 


“ပြောင်းရွှေ့နေတာ?” ကျိုးပိုင်ထောင်က သူ့ခေါင်းသူ ကုတ်လိုက်ပြီး တွန့်ဆုတ်ဆုတ်နဲ့ တံတွေးမျိုချလိုက်သည်။



 “ မရီး အခုတော့ မ‌ရွေ့နဲ့ဦး၊ ဦးစီးအရာရှိက သိပ်မကြာခင် ဖေ့လန်ကျွန်းကနေ ထွက်ပြီး ပင်လယ်ထဲမှာ မစ်ရှင် သွားလုပ်ရမှာ”  


 

“ဘာ?” ကလေးတွေကို ကြည့်ရင်း မုန့်ယန်ကဘာပြောရမှန်း မသိဖြစ်သွားကာ သိသိသာသာကို စိတ်ရှုပ်ထွေးသွားသည်။



 “ မစ်ရှင်လား? ဘာလို့ ကြိုတင်ပြီး အသိမပေးတာလဲ? ရုတ်တရက် လုပ်ရမယ့် မစ်ရှင်လား?” 

 


ဒီနေ့ကို သူတို့ရဲ့ လက်ထပ်ပွဲ ပထမနေ့လို့ မှတ်ယူနိုင်ပေမယ့် သတို့သားကတော့ အိမ်မှာ မရှိနေပေ၊ ဒါက..... 

 


“ဟုတ်တယ်၊ ဦးစီးအရာရှိက အစည်းအဝေးပြီးပြီးချင်း အခုဘဲ ဆုံးဖြတ်လိုက်ကာ။ ကျွန်တော်လည်း အခု ဆိပ်ကမ်းကို သွားတော့မလို့။ မစ်ဟုန်အိမ်မှာ ရပ်ပြီး မရီးကို လာတင်ပြမလို့။ မရီးက လမ်း‌မှာ ရှိနေမှန်း ကျွန်တော် မမျှော်လင့်ထားဘူး”  

 


ဆိပ်ကမ်းကို သွားတဲ့အခါ မစ်ဟုန်အိမ်နဲ့ ကျန်းရှောက်ယွီအိမ်ကို ဖြတ်သွားရသည်။ အဓိက လမ်းက လူနေအိမ် ‌နေရာထဲမှာရှိပြီး နေတဲ့လူအများစုကလည်း ဒီလမ်းတစ်လျှောက် နေကြသည်။ 


 

“ဦးစီးအရာရှိက အကြောင်းကြားဖို့ ပြောလိုက်တာလား?”  

 


“ဟုတ်တယ်၊ ဦးစီးအရာရှိက သူလာဖို့ အချိန်မရှိတော့လို့ မရီးကို အကြောင်းကြားပေးဖို့ ပြောလိုက်တာ။ အခြေအနေက အရမ်းကို အရေးကြီးနေလို့”  

 


“ဘယ်လိုအရေးကြီးတဲ့ အလုပ်လဲ?” မုန့်ယန်က မသိလိုက်မသိဘာသာနဲ့ မေးလိုက်သည်။ 

 


“ မရီး၊ ဒါက စစ်တပ်က မစ်ရှင်ဖြစ်လို့ လျှို့ဝှက်ထားရမှာ။ ကျွန်တော် ပြောပြလို့ မရဘူး” ကျိုးပိုင်ထောင်က သက်ပြင်းချလိုက်ပြီး သူ့မျက်နှာမှာ တောင်းပန်ရိပ်တွေနဲ့ပင်။



 “ မရီး ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ ဒါက ကျွန်တော်တို့ စစ်သားတွေ လုပ်ရမှာ မို့လို့ပါ။ ကိုယ့်မိသားစု ‌ဆုံးသွားရင်တောင်မှ တချို့အချိန်တွေမှာ အရေးကြီး မစ်ရှင်တွေ လုပ်ရတယ်”  


 

မုန့်ယန်က အားတင်းပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အင်း၊ ကျွန်မသိပါတယ်၊ နားလည်တယ်၊ ဒါက စစ်သားတွေ လုပ်ရမှာပဲ မဟုတ်လား”  

 


ကျိုးပိုင်ထောင်လည်း သက်ပြင်းချလိုက်မိသည်။ “ မရီး နားလည်ဖို့ပဲ လိုတာပါ။ ဒီမှာက အရမ်း အလုပ်များတာ။ ဘာဘဲဖြစ်ဖြစ် ကျွန်တော် မရီးကို သတင်းလာပြောပြပြီးပြီ ဆိုတော့ ကျွန်တော် အရင် သွားတော့မယ်” 

 


မုန့်ယန်က အမြန်ပြောလိုက်သည်။ “ကောင်းပြီ၊ ကျွန်မနားလည်ပါတယ်၊ ရှင် အမြန်သွားတော့လေ အရေးကြီးတဲ့ ကိစ္စတွေကို မနှောင့်နှေးစေနဲ့”  

 


ကျိုးပိုင်ထောင်က ကားမှန်ကို ချလိုက်ကာ လက်ယမ်းပြနှုတ်ဆက်လိုက်သည်။ “ ကောင်းပြီ၊ မရီး ကျွန်တော်သွားတော့မယ်။ ဖြည်းဖြည်းချင်း ရွှေ့လို့ရပါတယ်။ မရီး ဦးစီးအရာရှိအိမ်ကို အရင်ပြောင်းလိုက်လေ ဒါမှ သူပြန်ရောက်လာရင် အတူနေလို့ရတာ‌ပေါ့”  

 


“သွားတော့” သူမက မျက်နှာပူစွာနဲ့ ပြောလိုက်သည်။ 

 


မသိရင် တစ်ယောက်ယောက်ကဘဲ ကျန်းရှောက်ယွီနဲ့ အတူ‌နေရမှာကို မစောင့်နိုင် ဖြစ်နေတာကျနေတာပဲ။ 

 


ကလေးတွေက တစ်ပြိုင်ထဲ အော်ပြောလိုက်ကြသည်။ “ နှုတ်ဆက်ပါတယ် ဦးလေးကျိုး”  

 


အရှိန်အဟုန် ဆောင့်နင်းသံနဲ့အတူ ဂျစ်ကားလေးက အဝေးကို မောင်းထွက်သွားသည်။ အဝါရောင်သဲတွေနဲ့ ဖုန်တွေက ထွက်လာပြီး ကလေးတွေက ပါးစပ်အုပ်ပြီး ချောင်းဆိုးလိုက်ကြသည်။ 

 


“ဦးစီးအရာရှိက မရှိတော့ဘူး၊ သားတို့ ရွှေ့ဦးမှာလား?” လူအုပ်ထဲက ဘယ်သူမှန်းမသိတဲ့ ကလေးတစ်ယောက်က မေးလိုက်သည်။ 


 

မေ့မေ့က လျှာကို ကျွတ်ခနဲမြည်အောင် သပ်လိုက်သည်။ “ဦးစီးအရာရှိ ထွက်သွားတော့ရော? အစ်မမုန့်ယန်က သူ့မိန်းမပဲလေ၊ ရွှေ့မယ်! ဒါပေါ့ ငါတို့ရွှေ့မယ်! ဇနီးမောင်နှံ နှစ်ယောက်က အတူတူနေသင့်တယ်” 

 


မေ့မေ့ရဲ့ စကားက လူတိုင်းကို ရယ်မိသွားစေပြီး မုန့်ယန်ကိုယ်တိုင်တောင်မှ ရယ်လိုက်မိကာ သူကခေါင်းအနောက်ကို ပွတ်လိုက်ပြီး ကလေးတွေကို ကြည့်လိုက်သည်။ 


 

“အဆင်ပြေပါတယ်၊ ဒါက အလုပ် လုပ်ရရုံပဲ။ ပြန်မလာတော့တာမှ မဟုတ်တာ။ ပြန်လာမှာပဲကို၊ ရွှေ့ကြရအောင် မနှေးနဲ့မမြန် အတူနေရမှာပဲ” 

 


ကလေးတွေဆီကနေ စကားဖြတ်ပြောခံလိုက်ရပြီးတဲ့နောက်မှာ မုန့်ယန်မှာ သက်သာသလို ခံစားလိုက်ရသည်။



ဒါက ကြီးကြီးမားမားမှ မဟုတ်ဘဲ၊ အနာဂတ်မှာ ဒီလိုဟာ အများကြီးတွေ ရှိလာဦးမှာ။ မနှေးနဲ့မမြန် ရင်ဆိုင်ရမှာဘဲ ဖြစ်တဲ့အတွက် ဒါကို ကြိုပြီး ကျင့်သားရနေတာက ကောင်းသည်။ စစ်သားမိန်းမတွေက ဒီလိုမျိုး အမြဲတမ်း ကြုံရမှာပင်။ 

 


မုန့်ယန်က သူ့ကိုယ်သူ ဒီလိုနည်းနဲ့ ဖြေသိမ့်လိုက်သည်။ 

 


ဒီတစ်ခေါက်မှာ အလုပ်က မြန်မြန်ဆန်ဆန်နဲ့ အရေးတကြီး ရောက်လာသည်။ ကျိုးပိုင်ထောင် အကြောင်းကြားပြီးတဲ့နောက်မှာတော့ ကျန်းရှောက်ယွီ မလာလောက်တော့ဘူးလို့ သူမထင်လိုက်ပေမယ့် သူ မထွက်သွားခင်မှာ အိမ်ပြန်ပြီး မုန့်ယန်ကို တစ်ချက်ကြည့်ဖို့ အချိန်နည်းနည်းယူလိုက်သည်။ 

 


ကလေးတွေအကူအညီနဲ့ အခုတော့ သူမက သူ့အိမ်မှာ အပြည့်အဝ ပြောင်းလာပြီးသွားပြီ။ မဟုတ်ဘူး၊ ဒါက သူတို့အိမ် ဖြစ်ရမှာ။







Report Page