70

70


အခန်း (၇၀)


ရှစ်ချုံးက စိတ်အားထက်သန်စွာဖြင့် “လောင်တ ငါ့ကိုလည်း လုပ်ပေးပါဦး ”

ရှောင်ဟန်က နားမလည်ပေ “ မင်းလည်း သူ့လို ဖြစ်ချင်တာလား ”

ကျိရုန် “ ငါ ရုပ်ဆိုးနေတုန်း မင်းလည်း ရုပ်ဆိုးဖို့ ရွေးချယ်တော့ တကယ်ကို ညီအစ်ကိုကောင်းပဲ”

ရှစ်ချုံးက ခေါင်းညိတ်ကာ “ အင်း ”

သူ့ညီအစ်ကိုများက ဇွန်ဘီ ဖြစ်ကုန်ကြလေရာ သူတစ်ယောက်တည်း လူသားဖြစ်နေ၍ ပျော်စရာ မကောင်းပေ။ သူ ရုပ်ဆိုးနေလျှင်ပင် ဇွန်ဘီ ဖြစ်လာရမည်။

ရှောင်ဟန်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် လက်ကို ကိုက်လိုက်ကာ ရှစ်ချုံးပါးစပ်ထဲ သွေးတစ်စက် ချပေးလိုက်သည်။ ရှစ်ချုံး၏ ပြောင်းလဲမှုပုံစံက ကျိရုန်နှင့်အတူတူ ဖြစ်၏။ သူလည်း သွေးသံရဲရဲ ဖြစ်သွားလေသည်။

ရှောင်ဟန် “မင်းရဲ့ စွမ်းရည် ရှိသေးလား စစ်ကြည့်လိုက်ဦး ”

ရှောင်ဟန် ခန့်မှန်းထားသည့်အတိုင်း ရှစ်ချုံး၏ စွမ်းရည်က ရှိနေသေးလေသည်။ ရှစ်ချုံး စမ်းကြည့်လိုက်ပြီးနောက် သူ့မြေဓာတ်စွမ်းရည်မှာ အမှန်တကယ် ရှိနေသေးကြောင်း တွေ့လိုက်ရ၏။

သုံးယောက်သား ခဏတာ တိတ်ဆိတ်သွားကြလေသည်။ စွမ်းရည်ပိုင်ရှင် ဇွန်ဘီများက နည်းနည်း ကြောက်ဖို့ကောင်းသည် မဟုတ်ပါလော။

ရုတ်ချည်းဆိုသလို သူတို့နောက်မှ လက်ခုပ်တီးသံ ထွက်လာပြီး လူအများစု စုဝေးနေကြောင်း မြင်လိုက်ရသည်။

ဇွန်ဘီယဉ်က ပြောလိုက်သည် “ နည်းပြတို့ ဂုဏ်ပြုပါတယ်။ ကံကောင်းပါစေ ”

ရှောင်ဟန် “ … “

တစ်ခုခုများ မှားသွားတာလား …

ဝမ်ချင်းလင်က နောက်မှ ထွက်လာသည် “ အရမ်းကောင်းလိုက်တာ။ ရှောင်ဟန် .. မင်းက ကျိရုန်နဲ့ ရှစ်ချုံးကို တစ်ပြိုင်နက် လက်ထပ်ချင်နေတာလား”

ရှောင်ဟန် “ …. ”

ရှောင်ဟန်  “ အဲဒါ ဘာကိုပြောတာလဲ ”

ဝမ်ချင်းလင်က သူတို့သုံးယောက်အား ကြည့်လိုက်ပြီးနောက်  “ဇွန်ဘီယဉ်ရဲ့ စည်းမျဉ်းတွေအရ လူသားတွေကို ပြောင်းပေးတဲ့သူက အိမ်ခေါ်သွားပြီး လက်ထပ်ရမယ်။ တစ်ခါတည်းနဲ့ နှစ်ယောက်တောင် ပြောင်းလိုက်တာဆိုတော့ မင်းက တော်တော်လောဘကြီးတာပဲ။ … စခန်းက မင်းတို့အတွက် လက်ထပ်ပွဲ ပြင်ပေးရမလား ”

ဝမ်ချင်းလင်၏ မျက်နှာအထက် “မင်းတို့က အချစ်စစ်တွေပဲ ” ဟု ရေးထားသည့် သွင်ပြင်ကို မြင်ကာ သုံးယောက်သား ကြောင်အမ်းသွားကြသည်။

တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် အန်ချင်လာကြသည်။

ဇွန်ဘီယဉ်များက များများ မစဉ်းစားကြဘဲ အော်လိုက်ကြသည် “ သုံးယောက် လက်ထပ်တာဆိုတော့ ပွဲအကြီးကြီး လုပ်သင့်တယ်။ ဒီလိုမျိုး ပွဲတွေမလုပ်ရတာ ကြာလှပြီ ”

ကျိရုန်က လက်ဝေ့ကာ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည် “ နိုး နိုး နိုး နိုး နိုး နိုး ငါတို့လောင်တက မင်းအပိုင်လေ။ မင်းက လောင်တကို ကိုယ်တိုင် ပြောင်းပေးခဲ့တာဆိုတော့ အရင်ဆုံး မြို့အရှင်ဝမ်က လောင်တကို လက်ထပ်ရမှာ မဟုတ်ဘူးလား ”

ရှောင်ဟန်လည်း တိတ်တဆိတ် ပြောလိုက်မိသည် “ ဒီကောင်လေးကို ပျိုးထောင်ခဲ့ရတာ မဆိုးဘူးပဲ။ တုံ့ပြန်မှုက မြန်ဆန်တယ် ”

ဝမ်ချင်းလင်က သူ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးနောက် “ငါက သူ့ကို အဆိပ်ဖယ်ပေးတာလေ။ သူ့ကို မကိုက်ခင် ရှင်းအောင် ပြောခဲ့တယ်လေ”

ကျိရုန်က သူ့လောင်တအား ကြည့်လိုက်မိသည်။

ရှောင်ဟန် “ … ”

အဲဒါတကယ်ကြီးလား … 

ရှောင်ဟန်က လူအုပ်ကြီးကို ကြည့်ကာ “တကယ်လား ”

ဝမ်ချင်းလင် “ ဟုတ်တာပေါ့။ ဒါက စည်းမျဉ်းဆိုတော့ ဘယ်သူမှ ညာပြောမနေဘူး ”

ဝမ်ချင်းလင်က ရုန်ချန်မှ သုတေသီလေးယောက်ကို ခေါ်လာပြီးနောက် ဒီစည်းမျည်း အတည်ပြုလိုက်ခြင်း ဖြစ်၏။

“အရင်က ဇွန်ဘီယဉ်တွေက ကူးစက်နိုင်လားဆိုတော့ မသိတော့ စည်းမျဉ်း မသတ်မှတ်မိခဲ့ဘူး။ ရှောက်ဖေးပေါ် အတည်ပြုပြီးတဲ့နောက်မှာ ဒီစည်းမျဉ်းကို ထပ်တိုးလိုက်တာပဲ။ တကယ်လို့ ဇွန်ဘီယဉ်တွေက လူသားတွေကို အသွင်ပြောင်းပေးစေချင်ရင် ကူးပြောင်းပေးတဲ့သူကို လက်ထပ်ရမယ်။ မဟုတ်ရင် တစ်ယောက်ချင်းစီဆို စခန်းတစ်ခုလုံး ရှုပ်မသွားဘူးလား။

စိတ်မပူပါနဲ့။ မင်းတို့ကို မင်္ဂလာကောင်းကောင်း ဆောင်ပေးမယ်။ ဒီလိုမျိုး သွေးသံရဲရဲက သိပ်မဟန်သေးဘူး။ လာလာ အလှအပရေးရာ အဆီလေး သုံးလိုက်။ ဇွန်ဘီဆိုရင်တောင် ကောင်းကောင်းနေရမယ်မလား ”

ဝမ်ချင်းလင်က သွေးအနီမိုနီအရည် နှစ်ပုလင်းကို ထုတ်ကာ ကျိရုန်နှင့် ရှစ်ချုံးတို့အား ပေးလိုက်သည်။

နှစ်ယောက်လုံးက လောင်တအား ကြောင်အမ်းအမ်း ကြည့်လိုက်ကြ၏။

ဝမ်ချင်းလင်က တိုက်တွန်းလိုက်သည် “ သောက်လိုက်စမ်းပါ။ ဒီတစ်ခါ ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာဆိုတော့ ဘာအခကြေးငွေမှ မတောင်းဘူး ”

ကျိရုန်နှင့် ရှစ်ချုံးတို့က ဤသည်မှာ သူတို့သွင်ပြင်ကို ပြန်လည်ပြင်ပေးနိုင်ကြောင်း သိထားကြသည်။ ကျိရုန်က တွေးမနေတော့ဘဲ တစ်ခါတည်း သောက်ချပစ်လိုက်သည်။

ရှစ်ချုံး “ … ”

လောင်တကို လက်ထပ်ဖို့ အဲလောက်တောင် ကြောက်နေတာလား … 

ကျိရုန် - လက်ထပ်တာဖြစ်ဖြစ် မဖြစ်ဖြစ် အရင်သောက်ရမယ် 

ကျိရုန်၏ ပုတ်နေသည့် အသားများက ကွာကျသွားပြီး အသားအသစ် ထပ်ပြည့်လာသည်။ လူသားအသွင်နှင့် သွေးအလောင်းကောင်ပုံမျိုး မဟုတ်တော့ဘဲ လူသား ပြန်ဖြစ်လာခဲ့လေပြီ။ သွေးစွန်းနေသည့် ယူနီဖောင်းနှင့် မြေပေါ်မှ သွေးများမှလွဲ၍ ကျန်တာ ယခင်နှင့် ကွဲပြားမှု မရှိတော့ပေ။

ကျိရုန်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည် “လောင်တ … ငါ ပင်ကိုယ်အရည်အသွေးတွေ ရှိသေးတယ် ”

ကျိရုန်၏ အမူအယာက သာမန်လူနှင့် တူပြီး အမူအယာများက ဇွန်ဘီယဉ်များကဲ့သို့ တောင့်တင်းမနေပေ။

ရှစ်ချုံးလည်း အလှအပ အဆီကို သောက်လိုက်ပြီး လူသား ပြန်ဖြစ်လာသည်။

ဝမ်ချင်းလင် အနံ့ခံစားနှုန်းက ဇွန်ဘီများကြား အကောင်းဆုံးဖြစ်၏။ သူ အနံ့ရလိုက်သည်နှင့် ကျိရုန်နှင့် ရှစ်ချုံးတို့ အကြောင်း တန်းသိလိုက်သည်။

ဝမ်ချင်းလင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ ရှောင်ဟန် … မင်းက လူသားတစ်ဝက် ဇွန်ဘီတစ်ဝက် နှစ်ယောက် ထွက်လာအောင် လုပ်နိုင်ခဲ့တာပဲ။ မင်းညီလေးတွေကို ခေါ်ပြီး စည်းမျဉ်းကို သွေဖယ်ချင်နေတာလား ”

ရှောင်ဟန် “ … ”

မှားနေပါပြီ … သူက ဘာဖြစ်နေမှန်းတောင် မသိတော့ဘူး 

ဝမ်ချင်းလင်  “ အဲလိုဆိုရင်တောင် မင်းတို့က ဇွန်ဘီယဉ်တွေ ဖြစ်နေတုန်းဆိုတော့ ဒီဇစ်မြစ်ကို ဖယ်ရှားလို့ မရဘူး။ မင်းတို့က ဇွန်ဘီယဉ် ဖြစ်နေမှတော့ စည်းမျဉ်းကို လက်ခံပြီး လက်ထပ်ဖို့သာ ပြင်ထားလိုက်တော့ ”

ရှောင်ဟန်က ကူကယ်ရာမဲ့စွာဖြင့် “ အဲလိုစည်းမျဉ်း ရှိမှန်း မသိခဲ့ဘူး ”

ဝမ်ချင်းလင် “ အဲဒါ မင်းပြဿနာလေ။ သူတို့က လူသား ဖြစ်ခဲ့ဖူးတယ်။ မင်း မသိတာ ကိစ္စမရှိပေမဲ့ မင်း မသိတာက မင်းဇစ်မြစ်ကို စိတ်ထဲ ထည့်မထားဘူးဆိုတဲ့ သဘောပဲ။ ဒီဇွန်ဘီယဉ်တွေရဲ့ စည်းမျဉ်းကို အရင်နားလည်ဖို့ မကြိုးစားဘူး။ အခု မင်းက စည်းမျဉ်း ချိုးဖောက်နေမိပြီ။ မင်း ပြစ်ဒဏ်လိုက်နာဖို့ပဲ ကျန်တော့တယ် ”

“ သွားကြတော့။ ဒီမှာဘာမှကြည့်စရာ မရှိတော့ဘူး ” ကျိရုန်က စောင့်ကြည့်နေသည့် ပွဲကြည့်ပရိသတ်များအား နှင်လွှတ်လိုက်သည်။

ရှောင်ဟန် “ အခြားစည်းမျဉ်းတွေကရော … ဘယ်မှာသွားကြည့်ရမှာလဲ ”

ဝမ်ချင်းလင် “ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆေးခန်းနံရံမှာ ကပ်ထားတယ်။ သိချင်ရင် သွားကြည့်လို့ရတယ် ”

ကျိရုန်က အခွင့်အရေးယူကာ မေးလိုက်သည် “စည်းမျဉ်းဖောက်ဖျက်ရင် ဘာဖြစ်မှာလဲ ”

ဝမ်ချင်းလင် “ ပြစ်ဒဏ်ခံယူတာဖြစ်ဖြစ် ဒီကနေ မောင်းထုတ်ခံရတာ ဖြစ်ဖြစ် ”

ကျိရုန်က ဝမ်းသာအားရဖြင့် “ အဲဆို လောင်တကို လက်မထပ်တော့ဘဲနဲ့ ငါ့ကို စခန်းက မောင်းထုတ်လိုက်လေ ”

ဝမ်ချင်းလင် “ ဇွန်ဘီယဉ်အကြောင်း ပျံ့သွားတာ ကာကွယ်ဖို့အတွက် မောင်းထုတ်ခံရတဲ့ ဇွန်ဘီယဉ်တိုင်းကို အသက်ရှင်ရက် မထားနိုင်ဘူး ”

ကျိရုန် “ ခဏလေး ခဏလေး နေပါဦး ”

ဝမ်ချင်းလင် “ လက်ထပ်မှာလား ”

သုံးယေက်သာ တစ်ပြိုင်နက် ငြင်းလိုက်ကြသည် “မထပ်ဘူး ”

သူတို့ လက်ထပ်လျှင် လက်ထပ်ကောင်း ထပ်နိုင်သော်လည်း အချင်းချင်း ပြန်ယူမည် မဟုတ်ပေ။

ဝမ်ချင်းလင်က သူတို့အား စိုက်ကြည့်လိုက်ပြီးနောက် “ ကြည့်ကြပါဦး … လူသစ်လေးတွေက စည်းမျဉ်းတွေ မသိသေးဘူးဆိုတော့ မင်းတို့လုပ်ခဲ့တာအတွက် အခွင့်အရေးတစ်ခု ပေးမယ်။ မင်းတို့ အဲဒါ မပြီးမြောက်ရင် သေဖို့အပြင် လက်ထပ်တာပဲ ရှိတယ်ဆိုတာ မှတ်ထားကြ ”

ကျိရုန်က လက်မြောက်လိုက်ကာ “ လက်မထပ်ရသရွေ့ ဘာမဆိုလုပ်မယ် ”

ဝမ်ချင်းလင်က ရှောင်ဟန်ကို ကြည့်လိုက်သည်။ 

ရှောင်ဟန်က လှည့်ကွက်တစ်ချို့ ရှိနေသည်ဟု ခံစားရ၍ တန်းမဖြေပေ။ 

ဝမ်ချင်းလင်  “ မင်းက အလယ်ပိုင်းဧရာမမြို့တော်ဆီ ပြန်သွားမယ်လို့ ပြောနေကြတာမလား။ မင်းကို နှစ်ရက် ပြန်သွားခွင့်ပြုမယ်။ ကျိရုန်နဲ့ ရှစ်ချုံးပါ ခေါ်သွား … အဲက ကိစ္စတွေပြီးတာနဲ့ တန်းပြန်လာရမယ် ”

ရှောင်ဟန် “ … ”

ဒါက သူ မဖြေရှင်းနိုင်တော့တဲ့ ပဟေဠိပဲ …. 

ရှောင်ဟန် “ ဘာဖြစ်လို့လဲ ”

ဝမ်ချင်းလင်က သူတို့နား ရောက်လာကာ “ မင်းတို့တွေ အလယ်ပိုင်း ဧရာမမြို့တော်ဆီ ပြန်သွားပြီးတော့ သုတေသနခန်းထဲက ပစ္စည်း ယူခဲ့ပေး။ ငါ ပစ္စည်းအစုံလိုက် လိုချင်တယ် ”

ရှောင်ဟန် “ … ”

ကျိရုန် “ … ”

ရှစ်ချုံး  “ … ”

ဝမ်ချင်းလင်က ရှောင်ဟန်အား ကြည့်လိုက်ပြီး “မင်းက လေဟာနယ်စွမ်းရည်ပိုင်ရှင်ဆိုတော့ မခက်လောက်ဘူးမလား”

ရှောင်ဟန် “ … ”

ရှောင်ဟန်က နေရာမှာတင် ကြောင်အမ်းအမ်း ဖြစ်နေပြီး “ငါ့ကို … ပစ္စည်းခိုးခိုင်းနေတာလား ”

ဝမ်ချင်းလင် ‘”ခိုးတယ်ဆိုတဲ့ အသုံးအနှုန်းက ဘာတုန်း။ နားထောင်ရ ဆိုးလိုက်တာ။ သုတေသနလုပ်ငန်းနဲ့ ပတ်သတ်လာရင် ခိုးတယ် ခေါ်ပါ့မလား။ ခဏဌားတာပေါ့။ သုံးပြီးရင် ပြန်ပေးမှာလေ ”

ဘယ်အချိန် ပြန်ပေးနိုင်မလဲဆိုတာတော့ ဝမ်ချင်းလင်၏ စိတ်ခံစားချက် အခြေအနေပေါ် မူတည်နေသည်။

ရှောင်ဟန်က ခေါင်းကိုက်လာဟန်ဖြင့် နဖူးကို အုပ်ထားလိုက်ရင်း “ ဘယ်ပစ္စည်းလိုချင်တာလဲ ”

ဝမ်ချင်းလင် “ အလယ်ပိုင်းဧရာမ မြို့တော်ရဲ့ သုတေသနစမ်းသပ်ခန်းထဲမှာ ဘာပစ္စည်းတွေရှိလဲ။ ငါတို့က ပစ္စည်းတော်တော်လိုနေတာ ”

ရှောင်ဟန် “ … ”

ရှောင်ဟန် “အသေးစိတ်လေး ပြောပေး ”

ဝမ်ချင်းလင်က စာရင်းတစ်ခုကို မြန်မြန် ထုတ်လိုက်ပြီး  “ ဘာပစ္စည်းတွေ လိုမှန်း အတိအကျတော့ မသိဘူး။ ဒါက လက်ထောက်သုတေသီတွေ ပေးထားတာပဲ။ အဲဒီအတိုင်း ရရင် ရပြီ ”

ရှောင်ဟန်က ဖွင့်ကြည့်လိုက်ပြီးနောက် ပြန်ခေါက်သိမ်းလိုက်ကာ “ ငါ အားလုံးကို ကြိုးစားရှာခဲ့ပေးမယ်”

ကျိရုန်နှင့် ရှစ်ချုံးတို့က လောင်တအား ထိတ်ထိတ်ပျာပျာ ကြည့်လိုက်ကြသည်။ သူတို့က တကယ်ကြီး သွားခိုးတော့မှာလား။

သူတို့က ရှောင်ဟန်သည် ပြန်သွားနိုင်ဖို့အတွက် အိမ်တွင်းအကြမ်းဖက်မှုနှင့်ပင် ရင်ဆိုင်ခဲ့ရသေးကြောင်း မသိကြပေ။ ယခု သူ ပြန်သွားဖို့ အခွင့်အရေး ရလာပြီဖြစ်ရာ နှစ်ယောက်ကို လက်ထပ်ခြင်းမှ ရှောင်ရှားနိုင်တော့မည်။ မည်မျှခက်ခဲနေစေကာမူ သူက ပြီးမြောက်အောင် လုပ်ရမည်။ ဝမ်ချင်းလင် လိုချင်သည့် ပစ္စည်းကို ရှာတွေ့သရွေ့ သူက သုတေသနစမ်းသပ်ခန်းမှ မခိုးဘဲ အခြားမှ ရယူနိုင်လိမ့်မည်။

ဝမ်ချင်းလင်က ရှောင်ဟန်အတွေးများကို ဖောက်မြင်နေသည့်အလား  “ငါက အလယ်ပိုင်းဧရာမ မြို့တော်က သုတေသနစမ်းသပ်ခန်းထဲက ပစ္စည်းကိုပဲ လိုချင်တာ။ အခြားနေရာက မဟုတ်ဘူး ”

ရှောင်ဟန် “ … ”

ရှောင်ဟန် “ အလယ်ပိုင်း ဧရာမမြို့တော်ရဲ့ သုတေသနစမ်းသပ်ခန်းထဲက ပစ္စည်းတွေကိုလည်း အပြင်ကနေ ယူထည့်ထားတာပဲလေ။ ဘာကွာလို့လဲ ”

ဝမ်ချင်းလင် “ စမ်းသပ်ခန်းထဲက ပစ္စည်းတွေက နှစ်နှစ်ကျော် သုံးလာတာဆိုတော့ ပြည့်စုံတယ်လေ။ အပြင်ဘက်က ယူလာတဲ့ ပစ္စည်းကျ အာမ မခံနိုင်ဘူးမလား ”

ရှောင်ဟန် “ အဲလိုဆိုရင် အခုလိုနေတာက စမ်းသပ်ခန်းထဲက ပစ္စည်းတွေ မဟုတ်ဘဲနဲ့ ဆေးဖက်ဆိုင်ရာ စက်ပြင်ဆရာ မဟုတ်ဘူးလား ”

ဝမ်ချင်းလင် “ တကယ်လို့ အဲလိုလူ ခေါ်လာနိုင်ရင်လည်း ကန့်ကွက်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ စမ်းသပ်ခန်းထဲက ပစ္စည်းတော့ ယူခဲ့ရမယ် ”

ရှောင်ဟန် “ … ”

သူ့ကိုယ်သူ ပြန်ပစ်မိသလို မဟုတ်ဘူးလား …

ပစ္စည်းခေါင်းစဉ်ကနေ အခုနောက်တစ်ခု ထပ်တိုးသွားပြီ 

ဝမ်ချင်းလင် “နောက်ထပ် ရှိသေးတယ် ”

သုံးယောက်လုံးက အာရုံစိုက်လိုက်ကြသည်။

ဝမ်ချင်းလင် “ ဆရာမုန့်ကိုလည်း ခေါ်ခဲ့ … သူ့ကိုလည်း လိုအပ်တယ် ”

ရှောင်ဟန် “ …”

ကျိရုန် “ … ”

ရှစ်ချုံး “ … ”

ကျိရုန်က အော်ငိုလုမတတ် ဖြစ်သွားရှာသည် “ဘော့စ်ဝမ်ရေ ပစ္စည်းတွေကို လောင်တရဲ့ နေရာလွတ်ထဲ ထည့်ထားလို့ ရပေမဲ့ ဆရာမုန့်ကို ဘယ်လိုခိုးလာရမှာလဲ။ ပြီးတော့ သူ့အနားမှာ ကာကွယ်ပေးမဲ့ လူတွေအမြဲရှိနေတာလေ။ လူတွေမသိအောင် တိတ်တဆိတ် ခေါ်လာဖို့ မဖြစ်နိုင်ဘူး ”

ဝမ်ချင်းလင် “ တကယ်လို့ တိတ်တဆိတ် မလုပ်နိုင်ရင် ရှောင်ဟန်ဆီမှာ ဇွန်ဘီထိန်းချုပ်နိုင်တဲ့ ဗိုလ်ချုပ်စွမ်းရည် ရှိတယ်ဆိုတော့ ဒီပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား ”

ကျိရုန်နှင့် ရှစ်ချုံးတို့က လောင်တအား တအံ့တဩ လှည့်ကြည့်လိုက်ကြသည်။

ဇွန်ဘီအုပ်ကို အမိန့်ပေးဖို့လား … ဒါက သောက်ရမ်းမိုက်တယ် မဟုတ်ဘူးလား 

ရှောင်ဟန် “ ငါ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ပေမဲ့ အလယ်ပိုင်းဧရာမ မြို့တော်က ကျယ်လွန်းတယ်။ မိုင်တစ်ရာအတွင်း ဇွန်ဘီရှိဖို့ မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ နေ့တိုင်း မြို့အပြင်ဘက်ကိုလည်း ရှင်းနေတဲ့ အဖွဲ့တွေရှိတာဆိုတော့ ငါ မြို့ထဲမှာ ရှိနေရင် ဇွန်ဘီတွေကို ထိန်းနိုင်မှာ မဟုတ်ဘူး ”

ဝမ်ချင်းလင်က ခဏတာ တွေးလိုက်ပြီးနောက် “ အဲဆို ငါက ဇွန်ဘီတပ် ခေါ်လာပြီး လာထောက်ပံ့ပေးရမလား ”

လူသုံးယောက် “ … ”

ဝမ်ချင်းလင်၏ လေးနက်လှသည့် အမူအယာကို မြင်ပြီး ဟာသ မဟုတ်ကြောင်း သိလိုက်ကြသည်။

ရှောင်ဟန် “ မဟုတ်သေးပါဘူး။ အခုက မင်း လိုချင်တာ ဗိုင်းရပ် ပညာရှင် မလား။ ဆရာမုန့် ဖြစ်ဖို့ မလိုဘူးမလား ”

ဝမ်ချင်းလင်က နည်းနည်း စဉ်းစားလိုက်ရင်း “ ဒါပေမဲ့ မင်းပြောတော့ ဆရာမုန့်က တစ်ဦးတည်း ကျန်နေတဲ့ နိုင်ငံ့ရတနာအဆင့် ဗိုင်းရပ်ပညာရှင်ဆို … သူက အားအကောင်းဆုံးဆိုတော့ သူ့ကို ရှာရမှာပေါ့ ”

ရှောင်ဟန်က ကူကယ်ရာမဲ့စွာဖြင့်  “ အဲဒါက လူသားတွေအတွက် ပြောတာလေ။ ဆရာမုန့်က အသက်ရှင်ကျန်ရစ်တဲ့ တစ်ဦးတည်းသော ပညာရှင်မလို့။

ဒါပေမဲ့ မင်းအတွက် နိုင်ငံ့ရတနာအဆင့် ပညာရှင်က မရှားဘူး။ တရုတ်မှာ ဆရာမုန့်ထက် ပိုကျွမ်းကျင်တဲ့ ဗိုင်းရပ်ပညာရှင်တွေအများကြီး ရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ အသက်မရှင်ခဲ့ကြဘူး။ သူတို့က ကပ်ဘေးအစကတည်းက ဇွန်ဘီ ဖြစ်သွားခဲ့ကြတာ။

ဆရာမုန့်ကို ဖမ်းခေါ်မဲ့အစား ဇွန်ဘီအဖြစ်ပြောင်းသွားတဲ့ ပညာရှင်ကို ရှာတာ ပိုမကောင်းဘူးလား။ သူတို့ ဇွန်ဘီယဉ် ဖြစ်လာရင် မင်းအပေါ် သစ္စာရှိလာမှာဆိုတော့ ဒီလိုလူမျိုးက ပိုစိတ်ချရတယ်မလား။ မင်းရော ဘယ်လိုထင်လဲ ”

ဝမ်ချင်းလင်က မေးဖျားကိုင်ရင်း သေချာစဉ်းစားနေသည် “ သူတို့ ဘယ်မှာလဲ သိလား ”

ရှောင်ဟန်က ခေါင်းညိတ်ကာ “ အင်း။ ငါတို့ ကယ်ဆယ်ရေးတာဝန် လုပ်တုန်းက ငါတို့ရောက်သွားတော့ သူတို့က ဇွန်ဘီဖြစ်နှင့်ပြီးသား ဖြစ်နေတာ ”

ရှောင်ဟန်၏ အကြံပြုချက်က ဝမ်ချင်းလင်အား အတွေးအသစ် ပေါ်လာစေသည် “ အဲဆို ဗိုင်းရပ်ပညာရှင်အပြင် တခြားနယ်ပယ်အသီးသီးက ပညာရှင်တွေကိုလည်း လိုချင်တယ်။ ပိုများလေ ကောင်းလေပဲ။ ရှာတွေ့သမျှ ခေါ်လာခဲ့ပေး …. မဟုတ်သေးဘူး အရင်ဆုံး သုတေသနပစ္စည်းတွေကို အရင်သွားယူလိုက် …

နောက်မှ ငါနဲ့အတူတူ ပညာရှင်တွေ လိုက်ရှာမယ်။ သူတို့ ဇွန်ဘီ ဖြစ်လာပြီးတော့ သူတို့နေရာမှာတင် ဆက်နေနေတာ မဖြစ်နိုင်လောက်ဘူး။ လျှောက်သွားကုန်လောက်ပြီ။ အဲဆိုတော့ သူတို့ကို ရှာဖို့ ငါပါ လိုက်တာ ပိုကောင်းမယ် ”

သုံးယောက်သား သက်ပြင်းချလိုက်ကြသည်။ သူတို့အနေနှင့် ပစ္စည်းခိုးတာက အဆင်ပြေသော်လည်း သက်ရှိလူသားတစ်ယောက် ခေါ်လာဖို့ ခက်လှသည်။ ကံကောင်းစွာဖြင့် ဝမ်ချင်းလင်ကို ဖျောင်းဖျနိုင်သွားလေသည်။


Report Page