57

57

Hsu Myat Hnin

ရှန်းယန်မူလတန်းကျောင်း၊ ကလေးတွေအမြဲတမ်း ခုန်ပေါက်ပြေးလွှားဆော့ကစားသံတွေနဲ့ပြည့်နေတဲ့ အစိုးရမူလတန်းကျောင်းသည် ယခုအချိန်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ခိုနားရာအရိပ်တစ်ခုဖြစ်လာပေသည်။ကမ္ဘာပျက်ကပ်စတင်ချိန်တုန်းက ကျောင်းသည်ပိတ်ထားဆဲအခြေအနေမှာရှိနေပြီး အတန်းသစ်အတွက် ဖွင့်ထားခြင်းမရှိပေ။မြင့်မားတဲ့နံရံတွေသည် ဇွန််ဘီများကို ပိတ်ဆို့ပေးထားတဲ့အတွက် ကျောင်းထဲမှာရှိတဲ့ အဆောက်အဦးတွေနှင့် ပရိဘောဂတွေက နဂိုအတိုင်း ရှိနေဆဲဖြစ်သည်။

ရှန်းယန်မူလတန်းကျောင်းရှေ့ကလမ်းကျဥ်းလေးရှေ့ဖြတ်သွားတဲ့အချိန် အင်ဂျင်သံတွေ၏ ဆူညံမှုကြောင့် ဇွန်ဘီအများအပြားစုဝေးလာလေသည်။သို့သော် နျဲ့ရှောင်နှင့် အခြားလူတွေက အဲ့ဒါတွေကို အလွယ်လေးဖြေရှင်းလိုက်နိုင်လေသည်။

ဝေ့ဟန်မင်း၊ပိုင်ယွဲ့နှင့် အခြားလူတွေက အဝေးကမောင်းနှင်လာတဲ့ ကုန်တင်ကားတွေရဲ့ အသံကိုကြားလိုက်ရပြီး ကျောင်းရဲ့သံတံခါးမကြီးနားမှာစုရုံးလိုက်ကြသည်။ထို့နောက် သံတံခါးအဟကြားလေးထဲကနေ စစ်စိမ်းရောင်ထရပ်ကားကြီးတွေ စာသင်ကျောင်းရှေ့မှာရပ်နေတာတွေ့လိုက်ရသည်။

ဤအခိုက်အတန့်မှာ အားလုံးကစိတ်လှုပ်ရှားသွားပြီး ဆက်တိုက် အော်ဟစ်ဆွေးနွေးလိုက်ကြသည်။

"အဲ့တာက စစ်ကားတွေမလား။သူတို့က ဟိုင်ချန်မှာ တပ်စွဲထားတဲ့တပ်တွေလား"

"အရင်ဆုံးအဲ့တာတွေကိုစိတ်ပူမနေနဲ့ဥ်ိီး ၊တံခါးကိုသာမြန်မြန်ဖွင့်"

"အား အား အား ကျွန်တော်တို့်ကယ်တင်ခံရတော့မှာလား"

ဖုန်းတောက်နှက့် ဖုန်းချန်းတို့ က ယာဥ်ပေါ်ကနေဦးဆုံးဆင်းလာကြသည်။လူတိုင်းက သူတို့နဲ့ရင်းနှီနေတဲ့ မျက်နှာတွေကိုမြင်လိုက်ရတဲ့အချိန်မှာ ဝမ်းသာပြီး စိတ်အေးသွားကြသည်။ဖုန်းတောက်သည် သူတို့အား ကျောင်းဂိတ်ဝတွင်ပိတ်ရပ်မနေဖို့ရာပြောလိုက်သည်။"ထရပ်ကားတွေဝင်လို့ရအောင် ဘေးကိုနည်းနည်းဖယ်ပေးလိုက်ကြပါဦး"

လမ်းရှင်းသွားတာကိုတွေ့လိုက်ရတော့ နျဲ့ရှောင်နှင့် အခြားလူတွေရဲ့ကားတွေက တစ်စီးပြီးတစ်စီးရှေ့တင့်နောက်ဆင့်ဝင်လာကြသည်။ထို့နောက်မှာတော့ ကျောင်းဂိတ်တံခါးက တစ်ဖန်ပြန်ပိတ်သွားလေသည်။

ကျောင်းရဲ့အတွင်းပိုင်းမြင်ကွင်းကိုမြင်တဲ့အချိန်မှာ ထန်ယို့ရှန်တို့အဖွဲ့တစ်ခုလုံး အံ့အားသင့်သွားလေသည်။ယခုလိုမျိုး မူလတန်းကျောင်းလေးထဲမှာ အခြေစိုက်စခန်းတစ်ခုရှိနေမယ်လို့ မျှော်လင့်မထားခဲ့ပေ။အခုလိုမျိုးလူတွေအများကြီးကိုမတွေ့ခဲ့ရတာလဲ တော်တော်လေးကြာနေပြီဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှုနဲ့အတူ ကြည်နူးမှုတွေပါရောထွေးနေလေသည်။လူသားတွေက အသင်းအဖွဲ့နဲ့နေရတာကို သဘောကျသူများဖြစ်ကြသည်။အစွန်းမဖျားကရွာများမှာ ပုန်းအောင်းနေခဲ့ရတဲ့အတွက် အထီးကျန်မှုတို့ ခံစားနေရသည်မှာ မလွဲမသွေပင်ဖြစ်သည်။

ခြေနှစ်လှမ်းစာလောက်နောက်ကျနေတဲ့ နျဲ့ရှောင်နဲ့ အခြားသူတွေကလည်း ကားပေါ်ကခုန်ဆင်းလာကြပြီး သူတို့ပတ်ဝန်းကျင်က ဆူညံသံတွေက ချက်ချင်းနားထဲကို စီးဝင်လာလေသည်။ထိုအသံတွေက အနည်းငယ်အသက်ဝင်နေပြီး ဆူညံနေသော်လည်း လူတွေကို ငြီးငွေ့မသွားစေပေ။


ဒေါက်တာဝေ့ဟန်မင်သည် ထူးခြားတဲ့ပုံနဲ့ လူငယ်လေးတစ်ယောက်ဦးဆောင်နေတဲ့ နျဲ့ရှောင်တို့အဖွဲ့ကိုမြင်တော့ သူတို့ကိုကြိုဆိုဖို့ရာအတွက် လူအုပ်ထဲကနေ အမြန်ထွက်လာသည်။သို့သော် သူ၏ စုံစမ်းတဲ့စကားသံတွေထွက်မလာသေးခင် စိတ်လှုပ်ရှားနေတဲ့ အော်ငံနဲ့အတူ အရိပ်တစ်ခုက ပထမဦးစွာ ပြေးထွက်သွားလေသည်။

"ကော!!!"

ပိုင်မေ့သည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေမလုပ်ရသေးခင်မှာပဲ ရုတ်တရက်ပြေးထွက်လာတဲ့ ပိုင်ယွဲ့က သူ့ကိုတင်းတင်းကြပ်ကြပ် ဖက်တွယ်လာလေသည်။ထို့နောက် သူ့လည်ပင်းထက်တွင် တက်ဖက်လူစီကနေ စိုစွတ်အောင်လုပ်နေမှုကို ခံစားလိုက်ရသည်။အနည်းငယ် တုန်နေတဲ့ခန္ဓာကိုယ်လေးဆီကနေ ပျော်ရွင်မှု့နဲ့အတူ သူ့ညီငယ်လေးရဲ့ သူ့အပေါ်စိုးရိမ်မှုကို ပိုင်မေ့၏ နှလုံးသားအတွင်းထဲထိခံစားလို့ရလေသည်။

သူ့အကြည့်တွေကို အောက်ကိုပို့လိုက်ရင်း ပိုင်မေ့သူ့ရဲ့လပ်တသ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပိုင်ယွဲ့၏ လည်ဂုတ်ပို တိတ်တဆိတ်ညစ်လိုက်သည်။သူမျက်လုံးတွေက ထိန်းမရသိမ်းမရ နီရဲနေပြီး သူ့အစ်ကိုရဲ့ နာမည်ကို တဖွဖွခေါ်နေလေသည်။

အရပ်သိပ်မပုတဲ့ ညာဏ်ကြီးရှင်ကောင်လေးက သူ၏ဦးခေါင်းကို သူ့အကိုရဲ့ ရင်ဘက်မှာမြှုပ်ထားလေသည်။ရက်ပေါင်းများစွာအတွင်း ဝေ့ဝန်မင်နဲ့ အခြားလူတွေရဲ့မျက်ဝန်းထဲမှာ ပျော့ပျောင်းသွားပြီး အနည်းငယ်အံ့အားသင့်နေတဲ့ အကြည့်တို့ ဖြတ်ပြေးသွားသည်။တစ်လျောက်လုံးမှာ ပိုင်ယွဲ့ကသူတို့ကို တောက်ပ၊ရွှင်လန်းပြီး အားကိုးရတဲ့ လူငယ်လေး​တစ်ယောက်ဆိုတဲ့ အမြင်ကိုသာပေးလေသည်။သူက ငယ်သေးပေမဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို တက်ကြွစွာအားပေးလေ့ရှိသည်။

ဉာဏ်ကြီးရှင်တစ်ယောက်၏ ဉာဏ်ပညာနှင့် စွမ်းရည်အပြင် လူကြီးများထက် မနိမ့်တဲ့ တည်ငြိမ်မှုတွေနဲ့ကောင်လေးကအခြားသူတွေရဲ့အမြင်မှာ ဆယ့်ခြောက်နှစ်အရွယ် ကောင်ငယ်လေးတစ်ယောက်မျှသာဖြစ်တယ်ဆိုတာကို မေ့လျော့နေစေခဲ့သည်။

ပိုင်ယွဲ့သည် သူ့ခေါင်းကိုမော့ရင်း ပိုင်မေ့ကို နီမြန်းနေတဲ့မျက်လုံးတွေနဲ့ကြည့်နေကာ ဒါကသူ့အစ်ကိုအစစ်ဟုတ်မဟုတ်စစ်ဆေးနေသလိုပင်။ပိုင်မေ့သည် သူညီလေး၏ ရိုးသားပြီးတောင့်တမှုအပြည့်နှင့် ရိုးရှင်းသော မျက်ဝန်းတစ်စုံနဲ့အကြည့်ခံရချိန်မှာတော့ အမြဲတစေ ချုပ်တည်းထားခဲ့တဲ့ ကြောက်ရွံထိတ်လန့်မှုတွေထွက်ပေါ်လာပြီး အကူအညီမဲ့နေသလိုခံစားနေရလေသည်။

"ကော ကျွန်တော်ကောကို ဘယ်တော့မှထပ်မတွေ့ရတော့ဘူးထင်နေတာ"ပိုင်ယွဲ့က ဒါကထင်ယောင်ထင်မှားဖြစ်တာတစ်ခုမဝုတ်ဘူးဆိုတာကို ထပ်ခါတလဲလဲအတည်ပြုခဲ့သည်။ "ဒါက တစ်ကယ်ကို ကောင်းလိုက်တာ"

ပိုင်မေ့က အောက်ကိုငုံ့ကြည့်ရင်း သူ့ညီလေးရဲ့ဆံနွယ်ရှည်တွေကိုပွတ်သပ်ပေးကာ "ကောအဆင်ပြေပါတယ်" လို့တိုးတိုးလေးပြောလိုက်သည်။

ထိုအချိန်မှာ နျဲ့ရှောင်တို့အဖွဲ့က ပိုင်ယွဲ့ရဲ့ သွင်ပြက်ကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရပြီး သူတို့က မိခင်တစ်ဦးတည်းမှ ညီအစ်ကိုတွေဖြစ်သည်ဆိုတာကို ယုံမှားဖွယ်မရှိပေ။သူတို့တစ်ဦး၏ မျက်ခုံးများကအလွန်ဆင်တူသော်လည်း ပိုင်ယွဲ့၏ ခန္တာကိုယ်အချိုးအစားက ချောမောပြီး နေရောင်ခြည်လိုမျိုးတောက်ပတဲ့ အသွင်အပြင်ဖြစ်ပြီး ပိုင်မေ့က မိန်းကလေးဆန်ပြီး နူးညံ့တဲ့ vibeမျိုးကိုရစေသည်။

ညီအကိုနှစ်ယောက်၏ ပြန်လည်ဆုံစည်းခြင်း နှင့် ပွေ့ဖတ်ခြင်းလိုမျိုး လှပတဲ့မြင်ကွက်းမျိုးကိုတွေ့နေရတဲ့အတွက် အနီးနားကလူတွေသည် သူတို့ကိုမ​နှောက်ယှက်ကြပေ။ယခုလိုမျိုး ပြန်လည်ပေါက်းသည်းဖို့ရာက ရှားပါးပြီး ခက်ခဲလွန်းလှပေသည်။စိတ်ခံစားလွယ်တဲ့ သူများဆိုလျှင် တိတ်တိတ်လေးပင် မျက်ရည်ခိုးကျနေကြသည်။


ထိုအချိန်တွင် နင်းရှောင်တို့အဖွဲ့၏ အထောက်အထားများသည်လည်း ထင်ရှားလာသည်။ဝေ့ဟန်မင်နှင့် မုန့်ကျန်းသဲ ကဲ့သို့ သိပ္ပံပညာရှင်များအပြင် ကျောင်းထဲမှာရှိနေတဲ့ အသက်ရှင်ကျန်ရစ်သူများမှာ မဖော်ပြနိုက်လောက်သည့် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။

လူအုပ်ကြီးသည် အဆောက်အဦးအတွင်းရှိ အစည်းအဝေးခန်းမကြီးအတွင်းသို့ ဖိတ်ကြာခံလိုက်ရသည်။လူတွေကခနတစ်ဖြုတ်ထိုင်ပြီး အနားယူကြရင်း တသ်ဖက်နဲ့တစ်ဖက် အချက်အလက် များစွာကို ဖလှယ်ကြသည်။

အခုအချိန်မှာ ပိုက်ယွဲ့ရဲ့စိတ်တွေကလဘ်း တည်ငြိမ်သွားပြီဖြစ်သည်။သူက ပိုင်မေ့ရဲ့လက်ကိုဆွဲပြီး အစည်းအဝေးခန်းမထဲဝင်သွားလိုက်သည်။ဒီအတောအတွင်းမှာ သူ့မိဘတွေသေဆုံးသွားပြီဆိုတာသိလိုက်ရချိန် ပိုင်မေ့တစ်ယောက် ဝမ်းနည်းကြေကွဲပြီး သူ့၏တစ်ဦးတည်းသောအစ်​ကိုကြီးအား ပိုပြီးအလေးထားဖို့ရာ ဆုံးဖြတ်လိုက်သည်။ထို့ကြောင့် ပိုင်မေ့နားမှာ တိတ်တိတ်လေးကပ်နေချင်တဲ့ လော့ယွင်ဝိုင်က သူရပ်နေတဲ့နေရာကနေ တိတ်တိတ်လေးရှောင်ထွက်လိုက်သည်။


အစည်းဝေးခန်းမထဲမှာ နျဲ့ရှောင်က ပြည်မကြီးရဲ့အခြေအနေတွေနဲ့ ဟိုက်ချန်ကိုလာရတဲ့ ရည်ရွယ်ချက်ကိုရှင်းပြလိုက်ပြီးနောက် ဝေ့ဟန်မင်နဲ့အခြားသူတွေကို ပြဘ်မကြီးကိုဘယ်တော့လောက်ထွက်ခွာဖို့ကြံရွယ်ထားလဲဆိုတာကို တိုက်ရိုက်မေးမြန်းခဲ့သည်။သိပ္ပံသုတေသနအတွက် ဒီနေရာက ပြည်မကြီးနှင့်အလွန်ကွာခြားချကရှိနေပြီး ဟိုက်ချန်မှာ ဓာတ်ခွဲခန်းတစ်ခုတည်ဆောက်ဖို့နေနေသာသာ ဤနေရာတွင် သင့်တော်တဲ့ အခြေစိုက်စခန်းတစ်ခုပင်မရှိချေ။

သူတို့က ဒီကိုမစ်ရှင်တစ်ခုနဲ့လာခဲ့တာဖြစ်သည့်အပြင် ယခုသူတို့မစ်ရှင်ရဲ့ ရည်ရွယ်ချက်ဖြစ်မြောက်ပြီးဖြစ်သည့်အတွက် မြန်မြန်ပြန်ပြီး အစီရင်ခံချင်နေပြီဖြစ်သည်။

"ဒေါက်တာဝေ၊ ပရော်ဖက်ဆာမုန့် ကျွန်တော်တို့ မင်းတို့ကို တက်နိုင်သမျှအမြန်ဆုံးပြန်ခေါ်သွားချင်တယ်။လက်ရှိ မြို့တော်အခြေစိုက်စခန်းမှာ အကောက်းဆုံး သိပ္ပံသုတေသနအတွက် ပစ္စည်းတွေအကုန်စုစည်းထားပြီး ခေါင်းဆောင်ရှက မင်းတို့ပြန်လာရင် အားလုံးအဆင်သင့်ဖြစ်အောင်လုပ်ထားတယ်"လို့ ဝူချင်ဖုန်းက ရိုးရိုးသားသားပြောလိုက်သည်။

ဝေ့ဟန်မင်၊ မုန့်ကျုံးသဲ နှက့် အခြားသိပ္ပံပညာရှင်တွေသည် ဟိုက်ချန်ကနေ အချိန်မရွေးထွက်သွားလို့ရသော်လည်း ဝိုက်ချန်မြို့ရဲ့ လက်ရှိအခြေအနေကို တွေးမိပြီး တုန့်ဆိုင်းသွားကြသည်။အမူအရာတွေရုတ်တရက်ညှိုးကျသွားတဲ့ ဟိုက်ချန်ဒေသခံတွေရဲ့ မျက်နှာတွေကိုမြင်ရချိန်မှာတော့ အားလုံးမသက်မသာခံစားလိုက်ရသည်။အပြန်လမ်းမှာ သူတို့နဲ့အတူ လူများစွာကိုခေါ်သွားဖို့ရန် မဖြစ်နိုင်ပေ။သူတို့အနေနဲ့ ဒီကျွန်းမှာကျန်ရစ်ခဲ့ဖို့ရာပဲ ရွေးချယ်စရာရှိပေသည်။

ထန်ယို့ရှန်သည် သူတို့စတင်တွေ့ဆုံကတည်းကခွဲခွာရမဲ့အချိန်ကိုရောက်လာမည်မှန်းတွေးခဲ့ပြီးဖြစ်သည်။သူ့ရဲ့စိတ်ထဲမှာ ခံစားရခက်နေသော်လည်း သူ့စိတ်ကိုအစောကတည်းက ပြက်တင်ထားပြီးသားဖြစ်သည်။"လောကမှာ ကောင်းမွန်ပါချည်ရဲ့ဆိုတဲ့ ကိစ္စတိုင်းကလဲ အဆုံးသတ်ဆိုတာ ရှိလာမှာပဲ။ဒေါက်တာဝေ့ ခင်ဗျားတို့အားလုံးပ ကောင်းတဲ့အရတတွေသွားလုပ်မှာပဲ၊ကျွန်တော်တော်အတွက် အများကြီးစိတ်ပူမနေပါနဲ့၊ဟိုက်ချန်က အလည်အလတ်မြို့ငယ်လေးတစ်မြို့ပဲဆိုတော့ ကျွန်တော်တို့ ဇွန်ဘီတွေကို ဖြေးဖြေးချင်းသတ်ပြီး တဖြည်းဖြည်း လျော့နည်းသွားအောင်လုပ်လို့ရတယ်"

"သူပြောတာဟုတ်တယ်။ဒေါက်တာ​တို့သာ ဒီကမ္ဘာပျက်ကပ်ကိုဖြေရှင်းနိုင်မဲ့ ကုထုံးကိုမြန်မြန် ထုတ်ဖော်နိုင်မယ်ဆိုရင် အဲ့တာ​က အားလုံးအတွ​က်အကောင်း​ဆုံးပဲမဟုတ်လား"ဖုန်းတောက်နှင် ဖုန်းချန်းဘေးက ညီငယ်လေးတွေကလဲ တစ်ယောက်ပြီးတစ်ယောက် သဘောတူခဲ့ကြသည်။

ဝေ့ဟန်မင်သည် မျှော်လင့်ချက်အပြည့်နဲ့ တောက်ပနေတဲ့ လူတိုင်းရဲ့အကြည့်တွေကိုမြင်လိုက်ရချိန်မှာ ခံစားသွားရပြီး မျက်လုံးတွေနီရဲလာလေသည်။ထို့နောက်သူက နျဲ့ရှောင် နှင့် ဝူချင်ဖုန်းတို့ကိုကြည့်ရင်း သူ့အကြည့်တွေကပြတ်သားနေရာ "မစ္စတာနျဲ့ နဲ့ဗိုလ်ချုပ်ဝူ ကျေးဇူးပြုပြီး ဟိုက်ချန်းမှာတစ်ပတ်လောက်ထပ်နေပါရစေ။ကျွန်တော်တို့ ဟိုက်ချန်ကို ထွက်မသွားခင်လေး တက်နိုင်သမျှအကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ချင်တယ်။"

ပတ်ပတ်လည်ရှိ ဟိုက်ချန်၏ အသက်ရှင်ကျန်ရစ်သူတွေ၊ဒေါက်တာဝေ့ဟန်မင်နှင့် အခြားလူတွေရဲ့ စူးရှတဲ့အကြည့်တွေကိုမြက်တော့ နျဲ့ရှောင်နဲ့ ဝူချင်ဖုန်းတို့က သဘာဝကျကျပဲ နောက်ပိုခြေတစ်လှမ်းဆုတ်လိုက်မိပြီး ဒီလိုကျေးဇူးတရားမျိုး​က သူတို့နဲ့မထိုက်တန်ဘူးလို့ခံစားလိုက်ရသည်။

နျဲ့ရှောင် ခေါင်း​ငြိမ့်ပြီးပြောလိုက်သည် "ကောင်းပြီလေ ၊ တစ်ပတ်လောက်စောထွက်တာဖြစ်ဖြစ် နောက်ကျမှထွက်တာဖြစ်ဖြစ် ကိစ္စမရှိပါဘူး ကျွန်တော်တို့လဲအနားယူလို့ရတာပေါ့၊ ဒေါက်တာတို့အကူအညီလိုရင် ကျွန်တော့တို့ကိုပြောလို့ရတယ် အားနာနေဖို့မလိုဘူး"

"တစ်ကယ်လို့ ဒေါက်တာတစ်ခုခုလုပ်ချင်ရင် ရဲရဲဝံ့ဝံသာလုပ်လိုက် ၊ဒေါက်တာတို့က ဦးနှောက်ကို အားကိုးပြီးအလုပ်လုပ်တာ ကျွန်တော်တို့က ကြွက်သားကိုအားကိုးရတာ" လို့ ဝူချင်ဖုန်းက သူ့ရင်အုပ်ကိုပွတ်ရင်း ပြောလိုက်သည်။


ထန်ယို့ရှန်ရဲ့ အဖွဲ့နဲ့ ဟိုက်ချန်မြို့ကအသက်ရှင်ကျန်ရစ်သူတွေသည် သူတို့ခရီးစဥ်ကိုရွေ့ဆိုင်းလိုက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြောင်တက်တက်ဖြင့် နားထောင်လိုက်ရသည်။သူတို့အသိပြန်ဝင်လာချိန်မှာတော့ သူတို့ကြည်နူးမှုနဲ့အတူ အလွန်တစ်ရာပျော်ရွင်သွားကြပြီး ကျေးဇူးတင်မှုတစ်သောင်းနဲ့ နျဲ့ရှောင် ၊ဝူချင်ဖုန်း၊ ဝေ့ဟန်မင်နဲ့ အခြားသူများအပေါ် ပတ်ဖျန်းခဲ့ကြသည်။

ထိုသို့သော ဆုံးဖြတ်ချက်သည် လက်ရှိအချိန်တွင် နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်သည်။သူတို့အနေနှင့် ခရီးစဥ်ကို တစ်ပတ်မျှသာရွေ့ဆိုင်းထားသော်လည်း ထိုတစ်ပတ်သည်ပင် ဟိုက်ချန်ကအသက်ရှင်ကျန်ရစ်သူတွေအတွက် များစွာအထောက်အကူဖြစ်စေပေသည်။


ရှောင်ဝူယီလေးသည် လူကြီးများ၏ဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိပေ။သူကနျဲ့ရှောင်ရဲ့ ဘေးနားတွင် နာခံမှုရှိရှိထိုင်နေပြီး သူ့၏စတော်ဘယ်ရီကျောပိုးအိတ်လေးထဲမှ ဖုန်းကိုထုတ််််််််််​ပြီး အချိန်ကိုကြည့်လိုက်ရာ သူဗိုက်ကစပြီးအသံမြည်လာလေသည်။

"ဒယ်ဒီ အခုတစ်နာရီထိုးနေပြီ" ရှောင်ဝူယိက သူ့ပါးစပ်လေးကိုဖွင့်ကာ သတိပေးလိုက်ပြီး ဆွေးနွေးမှုထဲနစ်မြှပ်နေကြတဲ့ လူကြီးတွေကို လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်လိုက်သည်။

လူတိုင်းက သူတို့ဗိုက်ဆာနေပြီဆိုတာကို မပြောကြပေမဲ့ အားလုံးအံ့အားသင့်သွားကြသည်။နျဲ့ရှောင်ကပြုံးလိုက်ပြီး ဆွေးနွေးမှုကိုရပ်ကြဖို့မပြောခင် လူငယ်လေးရဲ့ခေါင်းကို ငြင်သာစွာပွတ်ပေးလိုက်သည်။လူတိုင်းက တစ်ခုခုစားဖို့အတွက် သွားရှာဖို့ပြင်ကြသည်။


အစားအသောက်တွေကို စားသောက်ခန်းထဲမှာအစောကတည်းက ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း ဒီနေ့လူတိုင်းက စကားစမြည်ရင်း ထမင်းစားဖို့ကိုမေ့သွားကြလေသည်။စာငှက်လေးသည် အလွန်သေးငယ်သော်လည်း ရှိသင့်ရှိထိုက်တဲ့ ကိုယ်လက်အင်္ဂါအားလုံးရှိပေသည်။ထို့အတူ ရှန်းယန်မူလတန်းကျောင်းရဲ့ ဧရိယာကလည်းအပမ်းမကျယ်ဝန်းပေမဲ့ ကျောင်းတစ်ကျောင်းရဲ့အင်္ဂါရပ်တွေအားလုံးပြည့်ဆုံနေလေသည်။ဝေ့ဟန်မင်း နဲ့အခြားသူတွေ ဒီကိုရောက်လာစကတည်းကအရာအားလုံးကို သေသေသပ်သပ်နှင့် စနစ်တကျ စီမံခန့်ခွဲထားခဲ့သည်။အသက်ရှင်ကျန်ရစ်သူတိုင်းတွင် ကိုယ်ပိုင်ရာထူးနှင့် အလုပ်ရှိပြီး အခြေစိုက်စခန်းအသေးစားတစ်ခု ပုံပေါ်နေလေသည်။

ထမင်းစားပြီးတဲ့နောက်မှာ ​ရှောင်ဝူယိက အစဘ်းဝေးခန်းထဲကို ထပ်မသွားချင်တဲ့အတွက် နျဲ့ရှောင်ကိုတောင်းဆိုလိုက်သည်။"ဒယ်ဒီ ကျစ်ကွေ့ဟွမ်နိုးလာပြီလားဆိုတာသွားကြည့်ချင်လို့ အစည်းဝေစခန်းထဲကို ဒယ်ဒီတစ်ယောက်ထဲသွားလိုက်တော့နော်"သူတစ်ကယ်ကို အစည်းအဝေးခန်းထဲမှာ မနေနိုင်တော့ဘူး။အထဲမှာ သူတို့တွေပြောနေကြတဲ့ ကြီးမားတဲ့ ကိစ္စတွေကသူ့လို ဟမ်းစတားလေးတစ်ကောင်အတွက် ခံနိုင်ရည်မရှိပေ။

ဒါကိုကြားတော့ နျဲ့ရှောင်ရဲ့ရင်ထဲ ကြည်နူးသွားမိသည်။သူသည်လူငယ်လေး၏ပျော့ပျောင်းသော ဆံပက်ရှည်များကို ပွတ်ငပ်လိုက်ပြီး လွှတ်လိုက်သည်။ "သွားလေ၊ကျစ်ကွေ့ဟွမ်နိုးလာရင် ကိုယ့်ကိုလာခေါ်နော် မင်းဘယ်သူ့ကိုမှအနှောက်အယှက်ပေးမိမှာမဟုတ်သလို ဘယ်သူမှမင်းလေးကိုစိတ်မဆိုးဘူး၊ ပြီးတော့ကျောင်းအပြင်ဘက်ကိုမထွက်နဲ့နော်"

"အင်း"ရှောင်ဝူယိလေးသည် နာခံမှုရှိရှိ ခေါင်းညိတ်လိုက်ပြီး ဝမ်းသာအားရ ပြေးထွက်သွားသည်။မော့ယဲ့နှင့် ဆစ်စလိုလည်း သူထွက်သွားတာကို မြင်တော့နောက်က လိုက်သွားကြသည်။ပိုစီယာနှင့် အခြားလူများအတွက်မု အရေးကြီးတဲ့ စီစဥ်စရာကိစ္စတွေရှိသေးပေသည်။ကစားဖို့ဆိုတာက ရှောင်ဝူယိလေးနှင့် မရင့်ကျက်သေးသော လူငယ်လေးများအတွက်သာဖြစ်သည်။

သူတို့ရှန်းယန် မူလတန်းကျောင်းကိုရောက်ကတည်းက ကျားကြီးအနားယူနိုင်ဖို့ရာအတွက် တိတ်ဆိတ်တဲ့ စာသင်ခန်းတစ်ခုစီစဥ်ပေးထားကြသည်။အခြားသူများသည် အနည်းအကျဥ်းတော့ စပ်စုလိုစိတ်ရှိကြသော်လည်း သတိလက်လွတ်မချဥ်းကပ်ရဲကြပေ။

ရှောင်ဝူယိနှင့် အခြားသူတွေ စာသင်ခန်းထဲကိုဝင်လိုက်တာနဲ့ ခုထိနိုးလာမဲ့ပုံမပေါ်တဲ့ ကျားကြီးကိုတွေ့လိုက်ရလေသည်။သူတို့ကဘာမှအကူအညီမဖြစ်နိုင်တဲ့အတွက် ပိုလို့ရာစိတ်ပူနေကြရပေသည်။ ရှောင်ဝူယိသည် ဆစ်စလိုကိုလှည့်ကြည့်လိုက်ပြီး "သူမွန်းမတည့်ခင်နိူးလာမယ်လို့မင်းပြောခဲ့တာမဟုတ်လား ၊အခုက နေ့လည်နှစ်နာရီတောင်ထိုးပြီးနေပြီကို"

"ငါလည်းမသိဘူး၊ ငါပြန်စစ်ကြည့်မယ်"လို့ပြောရင်း ဆစ်စလိုလဲ အနည်းငယ်စိတ်လှုပ်ရှားလာသည်။သူကစိုးရိမ်တကြီး ​ရှေ့ကိုငုံ့လိုက်ပြီး သူ့လက်ကို ကျားကြီးရဲ့နှဖူးပေါ်တင်လိုက်သည်။

သို့သော်လည်း ဆစ်စလိုတစ်ယောက် ဖြစ်ပျက်နေတာတွေကိုငတိထားမရိပ်မိခင်မှာပဲ အိပ်ပျော်နေတဲ့မျက်လုံးအစုံက ရုတ်တရက်ပွင့်လာပြီး ထိုရွှေရောင်ကျားကြီးရဲ့အကြည့်က ဆစ်စလိုကို ဝိညာဥ်တသ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဆစ်စလို ထိုမျက်လုံးတွေနှင့် အကြည့်ဆုံသွားချိန်မှာတော့ အဝေးကိုလှည့်ပြေးကာ ကြောက်လန့်တကြားနှင့် မျက်ရည်များပါ စီးကျလာလေသည်။

"အား....ဗီလိန်ကြီးနိုးလာပြီ"

မော့ယန်သည် ယခုအချိန်တွင် သူ၏မှတ်ဥာဏ်တွေအားလုံးပြန်ရရှိနေပြီဖြစ်သည်။သူမျက်လုံးဖွင့်လိုက်သည်နှင့် အဖြစ်အပျက်တွေရဲ့ တရားခံ ဆစ်စလိုကို တွေ့လိုက်ရပြီး သူ့သွားတွေကို အံကြိတ်လိုက်မိသည်။ယခု သူအလွန်ဒေါသထွက်နေပြီး ဆစ်စလိုကို တရားစီရင်ပစ်ချင်နေပြီဖြစ်သည်။

သူသည် လေးညှို့မှ မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ဒေါသတကြီးနှင့် နားမခံသာလောက်သည့် ဟိန်းသံကိုထုတ်လိုက်လေသည်။

ရှောင်ဝူယိနှင့် မော့ယဲ့တို့ အခြေအနေကို နားမလည်နိုင်သေးခင်မှာပဲ သူတို့ရှေ့ရှိနေရာက အလွ​တ်​ဖြစ်နေသည်ကို တွေ့လိုက်ရသည်။အနက်ရောင်နှင့် လိမ္မော်ရောင် အရိပ်နှစ်ခုက သူတို့ဘေးတစ်ဝိုက် လှည့်ပတ်နေသည်။ကောင်ငယ်လေးနှစ်ယောက်၏စိတ်ထဲတွင် လေးလေးနက်နက်နှင့် တွေးလိုက်မိသည်-မင်းတို့တွေဘာလို့ ထပ်ပြီးတိုက်ခိုက်နေကြရတာလဲ

နျဲ့ရှောင်နှင့်အခြားလူတွေက သူတို့ထိုင်နေတဲ့ထိုင်ခုံမပူနွေးခင်မှာတင် အပြင်ဘက်မှ ကျားဟိန်းသံကြားလိုက်ရသဖြင့် အားလုံးအစည်းအဝေးခန်းမထဲက ပြေးထွက်လာကြသည်။

ဆစ်စလိုသည် ဖုန်းတောက်နှင့် ဖုန်းချန်းကိုတွေ့သည့်အချိန်တွင် အားကိုရာရှာတွေ့သကဲ့သို့ သူတို့ဆီသို့ အမြှောက်ကျည်ဆံတစ်ခုကဲ့သို့ ပြေးသွားလေသည်။"ဝူးဝူးဝူး...အကိုတောက်၊ အကိုချင်း ကျွန်တော့ကိုကယ်ပါဦး ၊ ဒီကျားက ကျွန်တော့ကိုစားတော့မှာ ဝူးဝူးဝူး"

ရန်လိုသောကျားကြီးနှင့်ရင်ဆိုင်ရသောအခါတွင် ညီအကိုနှစ်ယောက်ဖြစ်သော ဖုန်းတောက်နှင့် ဖုန်းချန်းလဲထိတ်လန့်သွားပြီးဆစ်စလိုကို သူတို့နေညက်သို့ ချက်ချင်းကွယ်ဝှက်လိုက်လေသည်။ သူတို့သည် ကျားကြီးအား ထိပ်တိုက်ရင်ဆိုင်ရန် ၎င်းတို့၏လက်နက်များကို ထုတ်လိုက်ပြီး 'မင်းလာရင် ငါသွားမယ် ငါတို့အပတ်အနည်းငယ်လောက်ပတ်ကျမယ်' လို့သဘောထားနေသလိုပင်။

ဖုန်းတောက်ကသည်းမခံနိုင်တော့ပဲပြောလိုက်သည်။ "မင်းဘာလို့ ကလေးတစ်ယောက်ကို အနိုင်ကျင့်နေရတာလဲ"

ဗိုလ်ချုပ်မော့ယန်သည် ဒေါသတကြီးဖြင့် သွားများကိုအံကြိတ်မိသော်လည်း ဆစ်စလိုသည် ယခုအခါတွင် ဖုန်းတောက်နှင့် ဖုန်းချန်းတို့၏ တင်းတင်းကြပ်ကြပ်ကာကွယ်ပေးထားတာကြောင့် နှာကိုရှုံ့လိုက်ပြီး စိတ်မပါစွာပဲ လွှတ်ပေးလိုက်သည်။

ဖုန်းတောက်နှင့် ဖုန်းချင်းသည် တစ်ဖက်သားကနောက်ဆုတ်သွားတာကို မြင်တဲ့အချိန်မှာ သက်သာရာရသွားသည်။ထို့နောက်သူတို့သည် နောက်မှာကြောက်လန့်တကြားဖြစ်နေတဲ့ဆစ်စလိုကိုကြည့်လိုက်ပြီး -ငါတို့မင်းနဲ့ နောက်မှရှင်းမယ် လို့ပြောနေသလိုပင်။

ဆစ်စလိုသည် သူကြုံခဲ့ရတဲ့ ကြောက်စရာအဖြစ်အပျက်ကို ပြန်တွေးမိပြီး မျက်ရည်ကျလာမိသည်။

ကျားကြီးသည် သူ့ခေါင်းကို ရွှေ့ကာ လူအုပ်ကြားတွင် ပုံရိပ်တစ်ခုအား စိတ်အားထက်သန်စွာ ရှာဖွေနေလေသည်။သူအကြည့်တစ်ချ​က်မှာပဲ ရှောင်ဝူယိကိုမြင်လိုက်ရသည်။အကျွမ်းတဝင်ရှိသည့် ပုံရိပ်တစ်ခုကိုမြင်လိုက်ရချိန်မှာ သူ့မျက်လုံးများပူလာကာ အပြေးအလွှားပြေးသွားခဲ့သည်။

ရဲရင့်ပြီးရှောင်ဝူယိမတုန့်ပြန်နိုင်သေးခင်မှာပဲ ရဲရင့်ပြီး ကြီးမားတဲ့ ကျားကြီးက သူ့ရင်ခွင်ထဲကိုခုန်ဝင်လာခဲ့သည်။သူကမြေပြင်ပေါ်ကို ထိုင်ကျသွားပြီး တစ်ဖက်သားရဲ့ ကြီမားတဲ့ခေါင်းကြီးထပ်ပွတ်သပ်ပေးရင်း"ကျစ်ကွေ့ဟွမ် ဘာလုပ်နေတာလဲ"

ဗိုလ်ချုပ်မော့ယန်ရဲ့ ရွှေရောင်ကျားမျက်လုံးတွေက ကြည်နူးတောင့်တမှုတွေနှင့် ပြည့်လျှံနေလေသည်။သူက ရှောင်ဝူယိလေးကို ခေါင်းအစခြေအဆုံးသေချာ ကြည့်နေလေသည်။ ထိုပုံစံက အဘိုးကြီးတစ်ယောက် နှစ်ပေါင်းများစွာမတွေ့ရတဲ့ သူ့သားကိုကြဘ့်နေသလိုပင်၊သူသည် မင်းသားငယ်လေးရဲ့ အခြေအနေကို တစ်လမချင်းစီ အကဲခတ်နေလေသည်။

နျဲ့ရှောင်သည် လမ်းလျှောက်လာရင်း ကျားကြီးက သူ့အကောင်ပေညက်လေးကို ပွတ်သပ်တိုးဝှေ့နေသည်အား မြင်လိုက်ရသည်။သူ့ရင်ထဲက မနာလိုဝန်တိုမှုတွေ အဆုံးမဲ့ပေါက်ဖွားလာလေသည်။သူက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ရှောင်ဝူယိကိုမြေပြင်ပေါ်ကဆွဲထူလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ​ကျားကြီးအား မျက်လုံးများကိုမှေးကျဥ်းပြီးကြည့်လိုက်သည်။

"ကျစ်ကွေ့ဟွမ် တစ်ခုခုမှတ်မိတာမျိုးမရှိဘူးလား"

ဗိုလ်ချုပ်မော့ယန်သည် သူ့ကိုနျဲ့ရှောင်က စူးစူးစိုက်စိုက် စိုက်ကြည့်နေသည့် အတွက် သူ့နှလုံးသားက မသက်မသာဖြစ်လာပြီး ရှုပ်ထွေးနေပေသည်။သူ့ရှေ့ကလူသားက သူတို့ရဲ့ အဖိုးတန်မင်းသားငယ်လေးကို နှစ်အတော်ကြာပြုစုစောက်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ဖြ​စ်သော်ငြားလည်း သူ့မိသားစုရဲ့ မင်းသားငယ်လေးအပေါ် ယုတ်မာလှည့်စားပြီး အပိုင်သိမ်းခဲ့သည့် လုပ်ရပ်ကို သူ့မှတ်ဥာဏ်ထဲမှာ သတိရမိတော့ သူ့သွားတွေအနည်းငယ်ယားလာသလိုပင် ခံစားလိုက်ရသည်။

သူသည် နျဲ့ရှောင်ကို စိုက်ကြည့်နေပြီး သူကြည့်လေလေ အခြားတစ်ဖက်ကလူကို ပိုပြီးဘဝင်မကျလေလေ ဖြစ်နေသည်။

မော့ယန်သည် သူ့ခေါင်းကိုမပျော်မရွှင်ပဲ လှည့်လိုက်ပြီး နျဲ့ရှောင်ရဲ့ အမေးကိုလျစ်လျူရှုကာ အမြှီးကိုခါယမ်းလျက် စာသင်ခန်းထဲသိူ့ပြန်လှည့်သွားသည်။


နျဲ့ရှောင်က သူ့ရဲ့အကောင်ပေါက်လေးကို ပွေ့ဖက်ထားလိုက်သည်။သူသည် အမည်မငိ ဇစ်မြစ်တစ်ခုထံကနေ အကြောင်းမဲ့ မုန်းတီးခံရသလိုခံစားလိုက်ရပြီး သူ့နှလုံးသားထဲတွင် ပဟေဠိဖြစ်သွားခဲ့သည်။သူသည် သူ့ခေါင်းကိုငုံ့လိုက်ပြီး မြေကြီးပေါ်ထိုင်ချထားတဲ့ သူ့အကောင်ပေါက်လေးရဲ့ ဘောင်းဘီက ဖုန်တွေကို ခါပေးဖို့ရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။

တခြားသူတွေက ကျားကြီး စာသင်ခန်းထဲ ပြန်ဝင်သွားတာကိုကြည့်ရင်း အံဲ့သြမှုနှင့်အတူ စိတ်ရှုပ်ထွေးမှုကိုပါ တစ်ပြိုင်နက်ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရှောင်သူယိလေးမှာ နျဲ့ရှောင်အပေါ် မကျေမနပ်ဖြစ်နေတဲ့ ကျားကြီးရဲ့ သဘောထားကို သတိမထားမိပေ။နျဲ့ရှောင်ကိုမော့ကြည့်တဲ့အချိန် သူ့မျက်စ်နှာက ရွှင်လန်းမှူအပြည့်ဖြစ်နေပြီး "ဒယ်ဒီအခုကျစ်ကွေ့ဟွမ်က ကျွန်တော့ကိုမှတ်မိနေပြီ"

As soon as he finished speaking, a confident and

unrestrained uncle who appeared to be in his thirties suddenly walked out of the classroom where the big tiger returned to. He was dressed in not-so-well-fitted clothes that were rummaged from who knows where looking like he had no other choice.

သူပြောပြီးသည်နှင့် ယုံကြည်မှုအပြည့်နဲ့ အားအင်တက်ကြွနေသည့် အသက်သုံးဆယ်အရွယ် လူတစ်ယောက်က ခုဏကကျားကြီးဝင်သွားသည့် အခန်းထဲကနေထွက်လာလေသည်။သူက ရွေးချယ်စရာမရှိပဲ ကြုံရာကျပန်းအဂတ်အစားတို့ကို ဝတ်ဆင်ထားလေသည်။

တစ်ဖက်လူ၏အသွင်အပြင်မှာ ထူးချွန်ပြီး အရပ်ရှည်ရှည်အသွင်သဏ္ဍာန်နှင့် လိုပ်ဖက်ညီကာ ခန္တာကိုယ်အချိုးအစားမှာလဲ တောင့်တောင့်ဖြောင့်ဖြောင့်ရှိပေသည်။

သူ၏အသွင်အပြက်မှာ ရွှေရောက်ဖျော့ဖော့မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားပြီး အနက်ရောင်ဆံပင်ပေါ်တွင် ရွှေရောင်တောက်တောက် ဟိုက်လိုက်နှစ်ကြောင်းဖောက်ထားလေသည်။


အားလုံးက ချောမောလှပတဲ့ယောက်ျားကိုငေးစိုက်ကြည့်ရင်း တစ်ချိန်တည်းမှာပင် နားမလည်နိုင်သော ရင်းနှီးမှုကို ခံစားရသည်။

"မင်း...မင်းကဘယ်သူလဲ."လို့ တစ်ယောက်က စကားထစ်ရက်စမေးလိုက်သည်။

"မော့ယန်"

မော့ယန်သည် ခပ်တိုတိုမျက်ခုံးနှင့် မျက်လုံးများကအေးစက်နေကာ လူတိုင်းအားချောမောတဲ့အသွင်သဏ္ဍန်ကိုပြသလျှက်ရှိပြီး လူတိုင်းအားပြန်ဖြေလိုက်သည်။

"နာမည်ပြောင်ကတော့ ကျစ်ကွေ့ဟွမ် "

"F*ck?!!!!!!!"


Report Page