(53)

(53)

Your Baobae(kp)

(53) [Final]



နောက်ဆုံးမှာတော့ သူ့ကိုယ်အောက် ကနေ ရှောင်ဟွေးဟွေး ကို ရှာတွေ့ သွား တော့ လေတယ်။ 



မြွေခေါင်းလေး နဲ့ မြွေကိုယ် အမြှီးလေး တို့လည်း ပေါ်လာ ပြီးတဲ့နောက် ဟဲလျန်ချန်း တစ်ယောက် အရမ်းကို ချက်ချင်းပဲ အံ့အား သင့်သွား ပါတော့တယ်။ 



ဒါက တကယ်ကြီး သူနဲ့ စုယွမ် အကြား လူသား နဲ့ မြွေ ပေါင်းစပ်ပြီးတော့ ဖြစ်ပေါ် လာတဲ့ ရတနာ လေး ဆိုတာကို သဘောပေါက် သွား တော့ လေတယ်။ 



ဟဲလျန်ချန်း က ရှောင်ဟွေး ကို တန်ဖိုးမဖြတ်နိုင်တဲ့ အကြည့်တွေ နဲ့ ကြည့် နေ ပြီးတော့ သူကြည့်လေလေ ဒီသားလေး ကို သူပိုချစ်လာ လေလေ ပါပဲ။



ရှောင်ဟွေး က အမြန်ပဲ သူ့ရဲ့ လူသား ပုံစံလေး ကို ပြောင်း လိုက် ပြီးတော့ စုယွမ် ရဲ့ လက်မောင်းထဲကို ပျော်ရွှင်စွာ နဲ့ တိုးဝင်ကာ ခေါင်းလေး နဲ့ အတူ ပွတ်သပ် နေပါတော့တယ်။ 



'' ဖေဖေ ရှောင်ဟွေး ကလည်း ဖေဖေ့ကို လွမ်းနေတာ ရော ''



ဟဲလျန်ချန်း ကတော့ ဘေးနားမှာ ထိုင်နေရင်း နဲ့ ကြည့်နေကာ သူ့ဘဝ ကြီးက နောင်တ ရစရာ မရှိတဲ့အထိ ကို ပြည့်ဝ နေမိလို့ ခံစား ရလေတယ်။ 


သူ့မှာ သူ့လို ထက်မြတ်တဲ့ သမီးလေး လည်း ရှိသလို သူ့ဇနီးလို တုံးတုံးအအ လေး ဖြစ်နေတဲ့ သားလေး တစ်ယောက် လည်း ရှိနေ လေတယ်။ 



ဆိုတော့ သူက နောက်ထပ် ဘာများ ထပ်လို အပ်နေ တော့မှာ တဲ့လဲ?



ဟဲလျန်ချန်း က လက်မောင်းကို ဆန့်ထုတ်ကာ စုယွမ် ၊ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေး တို့ကို ပွေ့ဖက် ထားလိုက် တော့လေတယ်။ ထို တစ်ခဏ မှာပဲ သူ့လက်မောင်း ထဲမှာ လူတွေ ပြည့်နေ ပြီးတော့ သူ့နှလုံးသား ကပါ ပြည့်နှက် နေ တယ် လို့ ခံစား လိုက် ရတယ်။ 


ဟဲလျန်ချန်း က ပျော်နေ ပေမယ့် မောင်နှမ နှစ်ယောက် ကတော့ လုံးဝ ကို ပျော်မနေ ပါပေ။ 



သူတို့ နှစ်ယောက် လုံး က စုယွမ် ရဲ့ ပွေ့ဖက်မှု ထဲကနေ ထွက်လိုက် ပြီးတော့ ချက်ချင်းပဲ ဟဲလျန်ချန်း ကို ရက်စက် တဲ့ မျက်ဝန်း တွေ နဲ့ပဲ ကြည့်နေ ခဲ့ လေတယ်။ 


ထို လူကြောင့်သာ သူတို့ နဲ့ သူတို့ ဖေဖေ က အချိန်အကြာ ကြီး ဝေးကွာ ခဲ့ရတာ ပဲ ဖြစ်လေတယ်။ 



တစ်ဖက်လူ က သူတို့ရဲ့ သွေးရင်း အဖေ ဖြစ်ရင်တောင် မှ ဘာအရေးလဲ သူတို့က သူ့ကို လုံးဝ မိသားစု ထဲ အဝင်ခံမှာ မဟုတ် ဘူး။ 



ထိုကလေး နှစ်ကောင် ဆီက ပြင်းထန်တဲ့ ဒေါသတွေကို တွေ့တော့ ဟဲလျန်ချန်း က ပါ မပျော်မရွှင် ဖြစ်သွား လေတယ်။ ဒါပေမယ့် ဟဲလျန်ချန်း က သေချာ ကြည့်မိတော့ ဒီကလေး နှစ်ကောင် က ဒေါသ ထွက်နေတာ တောင်မှ ချစ်ဖို့ ကောင်းတယ် လို့ပဲ တွေးမိ လေတယ်။ 


အဲ့နှစ်ယောက် ထဲမှာမှ သူက ရှောင်ဟွေး ကို ပိုပြီး နှစ်သက် လေတယ်။ ပြီး တော့ ရှောင်ဟွေး ဆီ ကနေ စုယွမ် ရဲ့ အရိပ်၊ သွင်ပြင်၊ အကျင့်စရိုက်နဲ့ တုံးအ တဲ့ ဖြူစင်မှု လေးကို ပိုမြင် ရလို့ ပဲ ဖြစ်လေတယ်။ 


ပြီးတော့ ရှောင်ယွဲ့ မှာတော့ သူ့အရိပ်တွေ ကိုသာ ပိုမြင် ရတယ်လေ။ သူ့လိုမျိုး ပြိုင်ဘက်ကင်း အလှလေး ဖြစ်တဲ့ အပြင် သူ့လိုမျိုး ယုတ်မာ ဉာဏ်များ မှုကိုပါ ပိုပြီး ဆက်ခံထားတာ ကိုတွေ့ နိုင်လေတယ်။ 


ဟဲလျန်ချန်း က ကြည့်လေလေ သူ့ရဲ့ ငတုံးသားလေး က ပိုပြီး ချစ်ဖို့ ကောင်းကာ အဖြူထည်လေး ဆိုပြီး ပိုမြင်နိုင် လာလေလေ ပါပဲ။ ပြီးတော့ သူ့စုယွမ် လိုမျိုး ချစ်ပေးပြီးတော့ ကာကွယ်ပေး မှုကို လိုအပ်တဲ့ ကလေး တစ်ယောက်လို မြင်လာ လေတယ်။ 


ကလေး နှစ်ယောက် ရဲ့ ငြင်းပယ် မှု က သူ့အတွက်တော့ ဘာမှ မဟုတ်ပါပေ။ ဒီကလေး နှစ်ယောက် ကိုတောင်မှ မကိုင်တွယ် နိုင်ရင် သူက သူ့ကိုယ်သူ မြွေတို့ရဲ့ အရှင် သခင်လို့ ခေါ်နိုင် ပါအုံးမလား။ 



စုယွမ် ကတော့ ကလေး နှစ်ယောက် ကို ဖက်ကာ ချော့မော့ နေခဲ့ လေတယ်။ 



ဟဲလျန်ချန်း ရဲ့ မျက်နှာ ပေါ်မှာ ကြင်နာ တက်တဲ့ အပြုံးလေး တစ်ခု ပေါ်လာ ပြီးတော့ လက်ကို ဝေ့လိုက်တဲ့ အချိန် လက်ဖဝါး ပေါ်မှာ ပုဆိန် ငယ်လေး တစ်လက် ပေါ်လာ လေတယ်။ 


ထိုပုဆိန်ငယ် လေး ပေါ်လာ ချင်းမှာပဲ ရိုးရှင်းပေမယ့် ပြင်းထန် တဲ့ အရှိန်အဝါ တွေက ထွက်လာကာ ထိုဟာရဲ့ မူလ ရင်းမြစ်က အလွန်အမင်းကို ရှားပါးတဲ့ ရတနာ တစ်ခု ဆိုတာ အတော်လေး ကို သိသာနေ လေတယ်။ 



ချက်ချင်းဆို သလို အဲ့တာက ရှောင်ဟွေး ရဲ့ အာရုံကို ဆွဲဆောင် နိုင်သွား လေတယ်။ ထို လက်နက်မျိုးက သူ့အိမ်မက် မက်ခဲ့ ရတဲ့ လက်နက်မျိုး ဖြစ်လေတယ် ။ သူအဲ့တာ ကို တကယ်ကြီး လိုချင်တယ်။ 


'' ဒါက တွေ့ဆုံမှု အတွက် ပေးတဲ့ လက်ဆောင် ပဲ။ ရှောင်ဟွေး ဒါလေးကို ယူလိုက် ပါ ''


ရှောင်ဟွေး က လက်ကို ဆန့်ရင်း သူ့မမ ဘက်ကို လှည့်ကြည့် တဲ့ အခါ သူ့မမ က ယူလို့ ပြောတဲ့ အဖြေမျိုး ကို မျက်ဝန်း တွေ ထဲမှာ မတွေ့ခဲ့ ရ ပါပေ။ ဒါပေမယ့် သူက အဲ့တာကို တကယ်ကြီး လိုချင် လွန်းလို့ စိတ်ထဲမှာ ယားယံ နေပါပြီ။ 




သူက တိတ်တိတ်လေး ပဲ ဖေဖေ စုယွမ် ဆီကို ကြည့်လိုက်တဲ့ အခါ မှာတော့ ဖေဖေ စုယွမ် က သူ့ဆီကို ပြုံးပြီးတော့ ကြည့်နေတာ ကို တွေ့ရ လေတယ်။ သူ့ဖေဖေ က သူနား မှာ ရှိရင် ဖေဖေ့ စကားကို နားထောင် ရမှာ ဖြစ်ပြီးတော့ သူ့ဖေဖေ က သူ့ကို ယူစေ ချင်နေတယ် လေ။ 



ဒီလိုဆိုမှ တော့ သူက လဲ ကျေနပ်စွာ လက်ခံ ရတော့ မှာပေါ့။ 



ဒါကြောင့် ရှောင်ဟွေးဟွေး က အဲ့တာကို ယူလိုက် လေတယ်။ 


ပုဆိန်​လေး က ရှောင်ဟွေး ရဲ့ လက်ထဲကို ရောက်သွား ပြီးတဲ့နောက် သူ့စိတ်ထဲ ရှိတဲ့ အတိုင်း ချက်ချင်း ပဲ ကြီးထွား လာခဲ့ လေတယ်။ 



'' ဒီပုဆိန် က လုံလောက်တဲ့ စွမ်းအား ရှိရင် ကောင်းကင် ကိုတောင် ခွဲထုတ်လို့ ရတယ်။ ပြီးတော့ ကောင်းကင် ကြီးမှာ တွင်းပေါက် ကြီး ဖြစ်ပေါ် လာလိမ့်မယ်။ ဒီ မသေမျိုး တစ်ဝက် အဆင့် လက်နက် နဲ့ဆိုရင် လုံလောက်တဲ့ စွမ်းအား ရှိသရွေ့ အထက်ဘုံကို ကြိုက်သလို တိုက်ရိုက် တက်လို့ ရတယ် ''


ရှောင်ဟွေး က သူ့ရဲ့ နှုတ်ဆက် လက်ဆောင် ကို လက်ခံ လိုက်တာ ကိုတွေ့တော့ အပြုံးလေး နဲ့ ရှင်းပြ လိုက် လေတယ်။ 


ရှောင်ဟွေး က နားထောင် နေပြီးတော့ လက်ထဲ က ပုဆိန်ကို တင်းတင်း ဆုပ်ကိုင် ထားမိ လေတယ်။ 


ဒါက ရတနာ တစ်ခုပဲ။ 


သူက အဲ့တာ ကို လွဲ မိလိုက်တဲ့ အခါ နေရာတစ်ခု အက်ကွဲ သွားပြီးတော့ လေဝဲ တစ်ခု ပေါ်ပေါက် လာခဲ့တယ်။ 



အကျိုးရလဒ်ကို မြင်လိုက် ရတော့ ရှောင်ဟွေး က မထိန်းနိုင်ပဲ သိသိသာသာ ကို ပျော်ရွှင်စွာနဲ့ အော်ဟစ် လိုက်လေတယ်။ 



တကယ်လို့ ဟဲလျန်ချန်း က အဖေ လို့ ခေါ်ခိုင်းရင်တောင် ရှောင်ဟွေး က ချက်ချင်း ပဲ မတုံ့ဆိုင်းပဲ ခေါ်လိုက် မှာ ဖြစ်လေတယ်။ 


ဘေးနားမှာ ကြည့်နေ တဲ့ ရှောင်ယွဲ့ရဲ့ မျက်နှာ ပေါ်မှာ အေးစက်တဲ့ အလင်းရောင် တစ်ခု ဖြတ်သန်း သွားလေတယ်။ 


ဟမ့်။


သူမက အခုလို သကာရည် လောင်း ထားတဲ့ ပစ္စည်းတွေ ကို လက်မခံ နိုင်ပါဘူးနော်။ 


ဒါပေမယ့် နောက်ခဏ မှာပဲ သူမရဲ့ မျက်နှာ ဖြတ်ရိုက်​ခြင်း ခံလိုက် ရလေတယ်။ 


( တကယ်ပါးချတာ မဟုတ်ဘူး)


ဒီတစ်ခါ ဟဲလျန်ချန်း လက်ကို ဝေ့ယမ်း ပြီးတဲ့နောက် ပေါ်လာတဲ့ ဟာက အဝတ်အထည်စ ပဲ ဖြစ်လေတယ်။ အဲ့တာ လည်း ပေါ်လာရော တစ်ခန်းလုံး က လင်းထိန် သွားပြီး တော့ တောက်ပ သွားလေတယ်။ 



'' ဒါက ၇၆ မျိုး သားမွှေးတွေ နဲ့ ရက်လုပ် ထားတဲ့ အထည်စ ပဲ။ ဒီပေါ်မှာ ရှိတဲ့ ရွှေချည်တွေ က ရွှေကျီးကန်း ရဲ့ အမွှေးတွေ ကနေ ယူထားတာ ဖြစ်ပြီးတော့ ဒီပေါ်မှာ ဒီဇိုင်းဆွဲ ထားတဲ့ ပန်းပွင့်တွေ ကလည်း ဒီနတ်ဘုရား တစ်ပိုင်း ဝတ်ရုံကို ခုခံအား ပိုတိုး စေပြီးတော့ ဝတ်ဆင်တဲ့ သူကို ပိုပြီး လှပ မှု တိုးစေ နိုင်တယ်။ ဒါက ဒီဘုံ မှာ မလို့ နတ်ဘုရား အဆင့်ကနေ အဆင့်ကျ သွား ခဲ့တာလေ ။ စည်းမျဥ်းတွေ ရဲ့ ဖိနှိပ်ခြင်း ကို ခံထား ရလို့ပေါ့။ မင်း ဒီနေရာကနေ ထွက်သွားပြီး ပိုမြင့်တဲ့ အထက်ဘုံ ကို ရောက်သွား သရွေ့ ချက်ချင်းပဲ အဲ့တာ ကို ခုခံရေး ကော တိုက်ခိုက်မှုပါ သုံးတဲ့ နတ်ဘုရား အဆင့် လက်နက် အဖြစ် ပြန်မြှင့်တင် နိုင်လိမ့်မယ် ''


ရှောင်ယွဲ့ က ငြင်းပယ် လိုပေမယ့် ထို ယုယီ အထည်စ ကို တွေ့တော့ သူမရဲ့ မျက်လုံးတွေ က အကြည့် မလွှဲ နိုင်ပါပေ။ အမျိုးသမီး တစ်ယောက် အဖြစ် မွေးလာ ကတည်း က အလှအပ ကို နှစ်သက် ကြသူ တွေချည်း ပဲ ဖြစ်ပြီးတော့ သူမ ကလည်း ချွင်းချက် တစ်ခု မဟုတ်ခဲ့ ဘူးလေ။ 



ဒီယုယီ အထည် က သူမ စိတ်ကူးယဥ် နိုင်တာ ထက်ကို ပိုပြီးတော့ တောင် လှ ပနေတယ်လေ။ အရောင် အသွေးတွေ ကလည်း အရမ်းကို လှပပြီးတော့ ဘယ်ရှုထောင့် ကနေ ကြည့်ပါစေ မတူညီတဲ့ အရောင်မျိုးစုံကို တွေ့မြင်နိုင်တယ်လေ။ 


ထို ဝတ်စုံ က ကမ္ဘာပေါ်ရှိ အမျိုးသမီး တိုင်းရဲ့ စိတ်ကူးထဲက ဝတ်စုံ မျိုးပဲ ဖြစ်လေတယ်။ အဲ့တာကိုသာ သူမ လက်လွတ် လိုက် ရရင် တစ်ဘဝ လုံး နောင်တ ရနေ မိတော့ မှာပဲ ဖြစ်လေတယ်။ 



နောက်တော့ ရှောင်ယွဲ့ က လက်ကို ထုတ်ကာ လှမ်းယူ လိုက်လေတယ်။ 


ဟဲလျန်ချန်း ကလည်း လက် နှစ်ဖက်ကို ထုတ်ကာ ရှောင်ဟွေး နဲ့ ရှောင်ယွဲ့ တို့ရဲ့ ခေါင်းကို ပွတ်ပေးရင်း ပြုံးလိုက်တယ်။


'' ကောင်းတယ်၊ ကောင်းတယ် ''



ရှောင်ဟွေးဟွေး က မငြင်းပယ် ပါပေ။ အခုလေးတင် ထိုသူ ဆီကနေ စျေးကြီး လွန်းတဲ့ လက်ဆောင် ကို ရတာ ဖြစ်ပြီးတော့ ထိုလူက သူ့ကို ငြင်သာစွာနဲ့ ခေါင်းလေး ကို ပွတ်ပေးတဲ့ အတွက်ကြောင့် သူက ခေါင်းမော့ကာ တစ်ဖက်လူ ကို အပြုံး အကြီးကြီး ပြုံး ပြလိုက် လေတယ်။ 


​ရှောင်ယွဲ့ က ဘယ်လို ငြင်းပယ် ရမလဲ ဆိုတာ သိပေမယ့် လက်ထဲမှာ ယုယီ အထည်ကို ကိုင်ထားတာ ကြောင့် အနည်းငယ် ရှက်မိသလို ခံစား ရလေတယ်။ 


ရလဒ် အနေနဲ့ ကတော့ သူမက ခေါင်းကို ကို့ယို့ကားယား လှည့်ကာ လုံးဝ ကြီး ရှောင် မထွက် သွားပါပေ။ ဒါပေမယ့် သူမ က သူ့ကို လက်မခံ ချင်သေးဘူး ဆိုတာ အား အနည်းငယ် တော့ ပြသ လေတယ်။ 



သူမက လက်မခံ ချင်သေးဘူး ဆိုပေမယ့် လည်း တိုက်ရိုက် ကြီး အော်ကာ မောင်းထုတ် ဖို့ကတော့ မဖြစ်နိုင် တော့ဘူးလေ။ 



ဟဲလျန်ချန်း က အတော်လေး လုပ်ရည် ကိုင်ရည် ရှိတဲ့ သူ ဖြစ်ပြီး ရန်လိုနေတဲ့ ကလေး နှစ်ယောက် ကိုတောင်မှ လက်ဆောင် ပစ္စည်း တွေနဲ့ ဆက်တိုက် ပစ်ပေါက် လိုက်ကာ ထိုတစ်နေ့ ထဲမှာတင် ကလေး နှစ်ယောက် လုံးက သူ့လက်မောင်းကို ဖက်ပြီး ' အဖေ ၊ အဖေ ' နဲ့ မနားတမ်း ခေါ်နေ ကြတော့လေတယ်။ 



ဟဲလျန်ချန်းရဲ့ မိသားစု က ပြန်လည် ပေါင်းစုံ ပြီး ဖြစ်တဲ့ အတွက် သူ့နှလုံးသား တစ်ခုလုံး ပြည့်ဝ နေကာ ဘာကိုမှ ထပ်ပြီးတော့ မလိုချင်တော့ ပါပေ။ 


တကယ်လို့ ဘဝကြီး က အစောပိုင်း ကလို သာဆိုရင် သူက ပျင်းတယ် ဆိုပြီးတော့ လျောက်ပတ် ကြည့်ဖို့ ရာ အထက်ဘုံကို ချက်ချင်း တက်လှမ်း သွားမှာ ပဲ ဖြစ်လေတယ် ။ 


အခုတော့ သူက အထက်ဘုံကို တက်လှမ်းမယ့် အကြောင်း ကို ထပ်ပြီးတော့ မတွေးတော့ပေ။ သူက ဒီပျော်ရွှင်မှုလေး တွေကို တိတ်တိတ်လေး ပဲ ထိန်းသိမ်း ထားချင်တော့တယ်။ ပြီးတော့ ဘာအလှည့် အပြောင်း တွေမှ မလိုချင်တော့ ပေ။ 



ဒါကြောင့် သူက မသေမျိုး နတ်ဘုရားအဆင့် ထိ ရောက်ပြီးတဲ့နောက် ထိုနေရာကို ထိန်းချုပ် လိုက်ကာ ဒီကမ္ဘာကြီးရဲ့ တကယ့် ကြီးစိုးသူ နတ်ဘုရား ဖြစ်လာ ပြီးတော့ နေရာလပ် ကြား ကွာဟ မှုတွေ မရှိတော့ ပါပေ။ 


အဲ့ကတည်း က စလို့ ထိုကမ္ဘာ က ဘယ်သူမှ အထက်ဘုံကို တက်လှမ်းလို့ မရတော့ ပါပေ။ 


ဟဲလျန်ချန်း က စုယွမ်ကို နေ့တိုင်း အဖော်ပြု ပေးပြီးတော့ ချစ်မြတ်နိုး ပေးလေတယ်။ 


တစ်ခြား အချိန်တွေ မှာတော့ သူ့သားနဲ့ သမီးကို စနောက်ပြီးတော့ စိတ်ဆိုးသွား တဲ့အချိန် မရေမတွက်နိုင်တဲ့ လက်ဆောင် ပစ္စည်းတွေ နဲ့ ပစ်ပေါက် လိုက် ပြီးတော့ ချို​မြိန်တဲ့ သူ့ကလေးတွေ အဖြစ်ကို ပြန်ပြောင်း လေ့ ရှိတယ်။ 


နောက်ပိုင်းမှာ တော့ ကလေးတွေက ဟဲလျန်ချန်း ကို ဖေဖေ လို့ ခေါ်လာ ကြပြီးတော့ စုယွမ် ထက်တောင် ပိုပြီး နီးကပ်လာ ကြလေတယ်။ စုယွမ် ခမျာ မတက်နိုင်ပဲ တစ်ခါတစ်လေ မနာလိုမိလေတယ်။ ဒါပေမယ့် ထိုသုံးယောက် ခမျာ သူတို့ဘာသာ သူတို့ ပျော်ရွှင်နေ ကြတာ ကို တွေ့တော့ စုယွမ်လည်း မတက်သာပဲ ပျော်ရွှင်မှုတွေ ကူးစက်ခံ ရလေတယ်။ 


ဟဲလျန်ချန်း ၊ စုယွမ် နဲ့ ကလေး နှစ်ယောက် တို့ မိသားစု ခမျာ သဟဇာတ ဖြစ်တဲ့ ဘဝလေး ကို ဖြတ်သန်း နေကြ လေတယ်။ 



မူလ ဇာတ်လိုက် ဖြစ်တဲ့ ဖူးစူး နဲ့ ဇာတ်လိုက်မ ဖြစ်တဲ့ စုချင်းရှု တို့က တဖြေးဖြေး နဲ့ မှေးမှိန်လာ ခဲ့လေတယ်။ ဘာလို့လဲ ဆိုတော့ ဒီကမ္ဘာကို ဟဲလျန်ချန်း ထိန်းချုပ်လိုက် ကတည်း က ဒီကမ္ဘာကြီးဟာ ဟဲလျန်ချန်း ရဲ့ ပိုင်ဆိုင်မှု ပိုင်နက် တစ်ခု ဖြစ်သွား လို့ပဲ ဖြစ်လေတယ်။ 



သူနဲ့ စုယွမ်ကို ရန်လိုတဲ့ ကျင့်ကြံသူ တွေခမျာ ဒီကမ္ဘာကြီး ဆီကနေ တောင် ငြင်းပယ်ခြင်း ကို ခံရ လေတယ်။ 



ဒါကြောင့် သူနဲ့ စုယွမ်ကို ရန်လိုရဲ ကြတဲ့ သူတွေ ခမျာ တဖြေးဖြေး နဲ့ ကျဆင်းလာ ခဲ့ရလေတယ်။ 


ကမ္ဘာ တစ်ခုလုံး က ဟဲလျန်ချန်း ပိုင်နက် ဖြစ်လေတယ်။ စုယွမ် ကတော့ နေ့တိုင်းပဲ ကံကောင်းခြင်းတွေ ပြည့်နေ လေတယ်။ သူက ကမ္ဘာကြီးရဲ့ အသည်းညှာလေး ပဲလေ။ ဒါကြောင့် သဘာဝ ကျစွာပဲ သူက သက်တောင့်သက်သာ အရှိဆုံး ဖြစ်လေတယ်။ 



ဘယ်လိုပဲ ဖြစ်နေပါစေ သူ့ကို မပျော်မရွှင် ဖြစ်စေတဲ့ ကိစ္စ တစ်ခု က ရှိနေ ပါတယ်။ အဲ့တာ က ဘာလဲ ဆိုတော့ သူက နောက်ထပ် ကိုယ်ဝန် လွယ်ထား ရလို့ ပါပဲ။ 



....................... ပြီးပါပြီ....................



အတော်လေးကို ဟာကွက်များပြီး ယုတ္တိ သိပ်မဆန် ပေမယ့် ချိုမြိန်ပြီး ချစ်ဖို့ ကောင်းတဲ့ ပုံပြင်လေး ပါပဲ။ အဆုံးထိ လိုက်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ် ။ 

Report Page