50

50

Lokii Z

အပိုင်း၅၀


၆နာရီကြာပြီးနောက်မီလိရဲ့ခန္ဓာကိုယ်နဲ့ဝိညာဥ်ကပြန်လည်ပေါင်းစည်းသွားကာ သူမနိုးလာချိန်မှာတစ်ကိုယ်လူံးကနွမ်းနယ်နေသည်။သူမတစ်နေ့ခင်းလုံးသင်္ချာတွေထိုင်တွက်ခဲ့ရသလိုမျိုးသူမရဲ့ဦးနှောက်ထဲမှာကိန်းဂဏန်းတွေနဲ့ပြည့်နေသည်။


ချလပ်ဆိုတဲ့အသံနဲ့အတူရှီးပိုင်ချန်းကလက်ရှိကြည့်ရဆိုးနေတဲ့မီလိပုံကိုဓာတ်ပုံရိုက်လိုက်ကာ သူမကိုပါပြလိုက်သေးသည် "ဒါကိုယ်ရိုက်ဖူးသမျှထဲမှာအစစ်မှန်ဆုံးပုံပဲ"



မီလိ-"...."

'လမ်းခွဲရအောင်!ဘယ်လိုလုပ်ဒီပုံကြီးကစစ်မှန်နေရမှာလဲ?!'

မီလိသူ့ဗိုက်ကိုလှမ်းကန်လိုက်ကာ အိပ်ယာပေါ်ကနေဒေါသတကြီးဆင်းလိုက်ပြီးရေချိုးခန်းထဲဝင်သွားသည်။၁၅မိနစ်ကြာပြီးနောက်ရေချိုးခန်းထဲကနေပြန်ထွက်လာခဲ့ကာ အဝါရောင်ကြက်ပေါက်ရုပ်လေးကိုဖက်ပြီးလှလှလေးထိုင်ကာပို့စ်ပေးလိုက်သည် "ကျမအတွက်လှလှလေးပြန်ရိုက်ပေး"



ရှီးပိုင်ချန်းဖုန်းဖွင့်ကာသူမပုံကိုတော်တော်များများရိုက်ပြီးနောက်မီလိကိုပြလိုက်သည်။


မီလိပုံတွေကိုကြည့်ရင်းပြောလိုက်သည် "နှစ်တစ်ရာFAကြီးရဲ့ဓာတ်ပုံရိုက်စကေးကတော့တကယ်ချာတူးနေတာပဲ။နတ်သမီးရောင်ဝါအပြည့်နဲ့လူကသူဓာတ်ပုံရိုက်တော့မှပဲသရဲကားထဲကသရဲမနဲ့တူသွားပြီ!"


ရှီးပိုင်ချန်းကသူမခါးကိုလှမ်းဖက်လိုက်ပြီး "ကိုယ့်အထင်တော့တော်တော်လေးကြည့်ကောင်းပါတယ်"


(ရှီးပိုင်ချန်း:'အသားခြောက်တို့ကျီးတို့ထက်စာရင်ဒီပုံက​တော်ပါသေးတယ်..')


"ဘယ်လိုလုပ်တော်ရမှာလဲ?"မီလိကဝေဝါးနေတဲ့ဓာတ်ပုံကိုလက်ညှိုးထိုးပြလိုက်ကာ "ဒီကြောက်းရာအပြုံးကြီးနဲ့လူကကျမပေါ့?ရှင်ကျမလှတာကိုမကျေမနပ်ဖြစ်နေတာလား?"

'ဘယ်လိုများဒီလိုမကောင်းဆိုးဝါးပုံတွေထွက်အောင်ရိုက်လိုက်တာလဲ???'


ရှီးပိုင်ချန်း-"..."


ပုံတွေအားလုံးကိုယှဥ်ကြည့်လိုက်တော့မှပဲပထမဆုံးရိုက်ထားတဲ့ပုံကအစစ်မှန်ဆုံးဖြစ်နေကြောင်းမီလိသိလိုက်ရသည်။


သူမလူကြီးရဲ့အားနည်းချက်ကိုသိသွားပြီး​နောက်မီလိသူမကိုယ်တိုင်ရိုက်ထားတဲ့selfieပုံတွေကိုအိမ်ပြန်ရောက်တာနဲ့သူ့ကိုပို့ပေးဖို့ဆုံးဖြတ်လိုက်သည်။ဒါမှသူ့မျက်လုံးကအမြင်မှန်ရသွားမှာ..


"ကျမဗိုက်ဆာနေပြီရှင့်မှာစားစရာရှိလား?"မီလိ သူ့ကိုဖုန်းပြန်ပေးလိုက်သည်။


"အင်း"ရှီးပိုင်ချန်းကမီလိကိုရောသူမကိုင်ထားတဲ့ကြက်ပေါက်ရုပ်လေးကိုရောမီးဖိုထဲကိူသယ်သွားပြီးထမင်းစားဝိုင်းကခုံပေါ်ချပေးလိုက်သည်။


မီလိကနေ့လည်စားမစားရသေးသလိုရှီးပိုင်ချန်းကလဲစောစောကစားချင်စိတ်မရှိလိူ့ဘာမှမစားထားတာကြောင့်နှစ်ယောက်လုံးကဗိုက်ဆာနေကြပြီပင်။သူတို့၂ယောက်ထဲနဲ့စွတ်ပြုတ်​တစ်ခွက်ဟင်းလေးခွက်နဲ့အချိုပွဲကိုအပြောင်ရှင်းလိုက်ကြသည်။


သူတို့ညစာစားပြီးချိန်မှာည၈နာရီထိုးနေပြီပင်။မီလိဒီကိုရောက်နေတာ၉နာရီကျော်သွားပြီဆိုပေမယ့်ဟိုကမ္ဘာကိုအခုထိပြန်မကူးသွားပေ။သူမကူးပြောင်းဖို့အကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့တခြားကမ္ဘာကိုခံစားလို့မရပေ။သူမဒီနေဝိညာဥ်ကူးပြောင်းတဲ့အကြိမ်ရေများသွားလို့များဟိုကိုပြန်လို့မရတော့တာများလားလိူ့တောင်တွေးလိုက်မိသည်။မီလိအားပြည့်သွားမှနောက်တစ်ခါထပ်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။


မီလိကကြက်ပေါက်ရုပ်လေးကိုခွရင်းဖုန်းသုံးနေလိုက်သည်။


ရှီးပိုင်ချန်းကရေချိုးခန်းထဲကနေထွက်လာပြီးနောက်မီလိခွထားတဲ့ကြက်ပေါက်ရုပ်ကိုဖယ်လိုက်ကာအိပ်ယာပေါ်ဝင်လှဲလိုက်သည်။ မီလိသူမရဲ့ခြေထောက်တွေကတစ်စုံတစ်ယောက်ရဲ့ခါးကိုခွထားမိပြီးသူတို့ရဲ့အ​နေအထားကတော်တော်လေးပူးကပ်နေကြောင်းသတိထားမိလိုက်သည်။


သူတို့နှစ်ယောက်ကခဏခဏနမ်းဖူးပေမဲ့ဟိုအဆင့်အထိတော့မရောက်သေးပေ။


ရှီးပိုင်ချန်းကမီလိနားကပ်ကာအံဆွဲထဲကနေတစ်စုံတစ်ရာကိုလက်ဆန့်ကာထုတ်ယူလိုက်ပြီး ပြောလိုက်သည် "ကိုယ်တို့ဒီညဒါကိုသုံးတော့မလား?"


မီလိသူ့လက်ထဲကိုလှမ်းကြည့်လိုက်ရာသူမအရင်တစ်ခါဝင်ပူးခဲ့တဲ့စတော်ဘယ်ရီအရသာကွန်ဒုံးဘူးကြီးဖြစ်နေကြောင်းတွေ့လိုက်ရသည်။


မီလိနောက်ပြန်ဆုတ်လိုက်ကာနှလုံးခုန်မြန်နေတာကိုအတင်းထိန်းချုပ်ရင်းပြန်ဖြေလိုက်သည် "အဲ့တာကြီးကကြာနေပြီ။ဒိတ်မကုန်တာသေချာရဲ့လား?"


"သက်တမ်းက၅နှစ်တဲ့"ရှီးပိုင်ချန်းကခွေးသွေးဝတ္တုတွေအများကြီးရေးထားတဲ့သူ့လက်ချောင်းတွေနဲ့ဘူးကိုဖွင့်လိုက်သည်။



"တစ်ဘူး..တစ်ဘူးမှာဘယ်လောက်ပါလဲ"မီလိကတုန်ယင်နေတဲ့အသံနဲ့မေးလိုက်သည်။


"ဘူးသေးထဲမှာအများကြီးမပါဘူး ၃ခုလောက်ပဲ"ရှီးပိုင်ချန်းကတစ်ဘူးကိုဆွဲထုတ်လိုက်သည်။


"၃ခု..လောက်ရဲ့လား?"

(မီလိ:ကြံ့ခိုင်သန်စွမ်းတဲ့အမျိုးသားတွေကတစ်ညကို၇ခါလောက်လုပ်နိုင်တယ်လို့ပြောကြတာမဟုတ်ဘူးလား?')


ရှီးပိုင်ချန်းရဲ့မျက်ဝန်းတွေကနက်မှောင်လာကာ "တစ်ခုကကြာကြာခံရင်ရတယ်"


မီလိကအပြင်မှာတော့တည်ငြိမ်နေပေမဲ့ရင်ထဲမှာတော့မုန်းတိုင်းထနိနေပြီပင်။

'အာာာားးးး!ဘယ်လိုလုပ်ရပါ့?သူ့ကိုမောင်းထုတ်လိုက်ရမလား?တကယ်ကြီးအဲ့တာကိုလုပ်​တော့မှာလား?ဒီရှက်လဲရှက်တယ် မျှော်လဲမျှော်နေတဲ့ခံစားချက်ကြီးကဘာလား?!

မဖြစ်ဘူး!ငါ့ရဲ့တူံးအတဲ့ပုံစံကြီးကိုသူ့ကိုပြလို့မဖြစ်ဘူး!အဲ့တာကိုလုပ်မယ်ဆိုမှတော့ရဲရဲတင်းတင်းပုံစံနေမှဖြစ်မယ်!'


မီလိရုတ်တရက်ရှီးပိုင်ချန်းရဲ့ကိုယ်ပေါ်မှာတက်ခွကာသူ့နှုတ်ခမ်းကိုပြင်းပြစွာနမ်းရှိုက်လိုက်သည်။


ရှီးပိုင်ချန်းကရုတ်တရက်အံ့ဩသွားတာကြောင့်လက်ထဲကကွန်ဒုံးတွေကလွတ်ကျကုန်သည်။


မီလိရဲ့လှုပ်ရှားမှုတွေကအတွေ့အကြုံမရှိတဲ့သိုးငယ်လေးလိုမျိုးဖြစ်နေကာသူမရဲ့လျှာကသူ့နှုတ်ခမ်းနဲ့သွားကိုခဏခဏသွားတိုက်မိနေသည်။


ရှီးပိုင်ချန်းကချိုမြိန်လှတဲ့မီလိရဲ့လျှာကိုအရသာခံနေခဲ့သည်။သူတို့ကိုယ်ပေါ်ကမီးတောက်တွေကတဖြည်းဖြည်းကြီးထွားလာကာခန္ဓာကိုယ်နှစ်ခုကတစိသားတည်းဖြစ်သွားခဲ့သည်။



နောက်တစ်နေ့မနက်စောစောမီလိနိူးလာချိန်မှာလက်တစ်ဖက်ကသူမရဲ့ခါးကိုတင်းကြပ်စွာရစ်ပတ်ထားတာကိုတွေ့လိုက်ရသည်။


မီလိခေါင်းလှည့်ကာရှီးပိုင်ချန်းရဲ့ချောမောလှတဲ့မျက်နှာကိုအနီးကပ်သေချာကြည့်လိုက်ပြီးတိတ်တိတ်လေးခိုးနမ်းလိုက်သည်။


ရှီးပိုင်ချန်းရဲ့မျက်လုံးတွေကမှိတ်ထားဆဲပေမဲ့သူ့နှုတ်ခမ်းစွန်းတွေကတော့အထက်ကိုကွေးညွှတ်နေသည်။


မီလိကအဲ့တာကိုသတိထားမိသွားကာသူ့မျက်နှာကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်သည် "အိပ်ချင်ယောင်ဆောင်ရဲသေးတယ်ပေါ့!"


ရှီးပိုင်ချန်းရဲ့ပြူံးယောင်သန်းနေတဲ့မျက်လုံးတွေကပွင့်လာခဲ့ကာသူ့မျက်ဝန်းတွေထဲမှာနေရောင်ဖျဖျလေးကအလင်းပြန်နေသည်။


မီလိကသူ့ကိုလွှတ်ပေးလိုက်ကာစိတ်ရင်းနဲ့ပြောလိုက်သည် "လောင်ပိုင် ရှင်ကအရမ်းချောတာပဲ"


"မင်းသဘောကျရင်ပြီးတာပဲ"ရှီးပိုင်ချန်းကသူမရဲ့လည်တိုင်မှာမျက်နှာအပ်ကာသူမရဲ့ကိုယ်သင်းနံ့ကိုရှူရှိုက်လိုက်သည်။


မီလိကရှက်သွားကာနောက်ဆုတ်မလို့ပြင်လိုက်တော့ရှီးပိုင်ချန်းကသူမကိုတင်းကြပ်စွာဖက်ထားလိုက်သည်။


"လောင်ပိုင်..."မီလိရဲ့ရှက်ရွံ့နေတဲ့အသံထွက်ပေါ်လာသည်။


နောက်တစ်နာရဲခွဲအကြာမှာတော့ရှီးပိူင်ချန်းကအားကုန်နေတဲ့မီလိကိုပွေ့ချီကာရေချိုးခန်းထဲဝင်သွားပြီးရေအတူတူချိုးလိုက်ကြသည်။


"မနက်စာဘာစားချင်လဲ?"ရှီးပိုင်ချန်းကမီလိရဲ့ခါးကိုတင်းကြပ်စွာဖက်ထားရင်းသူ့အသံကတော်တော်လေးညင်သာနေသည်။



"အသားဆန်ပြုတ်,ဆန်းဒဝှရှ်,အရွက်သုပ်"မီလိကစားချင်တာတွေကိုတန်းပြောလိုက်သည်။


"အိုကေ"ရှီးပိုင်ချန်းကသူမရဲ့ပါးကိုနမ်းပြီးနောက်ထကာမီးဖိုထဲဝင်သွားခဲ့သည်။


လွန်ခဲ့တဲ့လပိုင်းလောက်ကအမြဲတမ်းအပြင်စာတွေပဲမှာစာခဲ့တဲ့သူကအခုတော့မီလိကြောင့်မီးဖိုချောင်အလုပ်တွေကိုသေချာကိုင်တွယ်နိုင်တဲ့သူဖြစ်နေပြီ။


မီလိကပျော်ရွှင်စွာနဲ့အိပ်ယာခင်းတွေကိုခေါက်လိုက်ပြီးသူမတစ်ကိုယ်လုံးကအချစ်ရဲ့အငွေ့အသက်တွေနဲ့ပြည့်နေသည်။ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့အဝတ်တွေကိုလိုက်ကောက်ရင်းရုတ်တရက်တစ်စုံတစ်ရာပြုတ်ကျသွားသံကိုကြားလိုက်ရတာကြောင့် မီလိကောက်ကြည့်လိုက်တော့မဖောက်ရသေးတဲ့ကွန်ဒုံးကြီးဖြစ်နေသည်။


မီလိ-"...."

'ဘူးထဲကကွန်ဒုံးတစ်ခုမှမသုံးရသေးဘူးလား?'


မနေ့ညကအဖြစ်ပျက်တွေကိုပြန်တွေးကြည့်မိတော့သူတို့ဘယ်နှခေါက်လောက်အဲ့တာကိုလာပ်ခဲ့မိလဲဆိုတာတောင်မမှတ်မိတော့ပေ။သူမတွေးနေတဲ့အရာကိုသတိထားမိသွားတော့မီလိရှက်သွားသည်။သူမရဲ့ပါးနှစ်ဖက်ကပုဇွန်တုပ်​ပေါင်းလိုနီရဲနေသည်။


"ရှောင်မီ မနက်စာမစားသေးဘူးလား?"မီးဖိုထဲကနေရှီးပိုင်ချန်းရဲ့အသံထွက်ပေါ်လာသည်။



မီလိသတိပြန်ဝင်လာကာသူမကိုယ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။သူမအခန်းကိုအမြန်သန့်ရှင်းပြီးနောကိထွက်လာခဲ့သည်။


မီလိမှာထားတဲ့အသားဆန်ပြုတ်,ဆန်းဒဝစ်ရှ်နဲ့အရွက်သုပ်တို့ကစားပွဲပေါ်မှာရှိနေပြီးဘေးမှာချောမောလှတဲ့အမျိုးသားကရပ်နေသည်။သူမချကိချင်းပြေးသွားကာသူ့ပါးကိုလှမ်းနမ်းလိုက်ပြီးနောက်နှစ်ယောက်သားအတူတူမနက်စာစားလိုက်ကြသည်။


"စားပြီးရင်အပြင်ကိုလမ်းလျှောက်ထွက်မလား?"ရှီးပိုင်ချန်းကအကြံပေးလိုက်သည်။



"အငိး"မီလိကပျော်ရွှင်စွာသဘောတူလိုက်ကာ "ရှောင်ပိုင်ကိုပါအတူတူခေါ်သွားရအောင်"


ရှောင်ပိုင်ကခုတလောအရင်လောက်လူမကပ်တော့ပေ။သူကစားပြီးတာနဲ့အိပ်,အိပ်ပြီးတာနဲ့စားနဲ့ဝိတ်တောငိတက်လာနေပြီ။မီလိကရှောင်ပိုင်ရဲ့ပုံတွေတင်လိုက်တော့အလေးချိန်တွေပြောပြထားတာတောငိမှကြောင်ချစ်သူတွေကရှောင်ပိုင်ပိန်သွားတယ်ဆိုပြီး​ပြောနေကြသေးတယ်။


"မင်းရဲ့စကူတာကိုရောဘယ်လိုလုပ်မှာလဲ?"ရှီးပိူင်ချန်းကရုတ်တရက်မေးလိုက်သည်။


"ရှင်တစ်ယောက်ယောက်ကိုခေါ်ပြီးပြင်ခိုင်းလိုက်လေ"မီလိကဘာမှမဟုတ်သလိုဖြေလိုက်သည်။



ရှီးပိူင်ချန်းကမီလိသူ့ဆိုင်ကယ်ဘရိက်ကြိုးဖြတ်ခံရမှန်းမသိတာကိုရိပ်မိသွားကာ ထပ်မေးလိုက်သည် "မင်းစကူတာရဲ့ဘရိက်ကြိုးကိုတစ်ယောက်ယောက်ကတမင်ဖြတ်ထားတယ်ဆိုတာသိလား?"


"ဘာတမင်ဘရိက်ကြိူးဖြတ်တယ်?"မီလိအံ့ဩသွားသည်။


"မင်း တစ်ယောက်ယောက်နဲ့ရန်ငြှိုးရန်စတွေဘာတွေရှိထားသေးလား?"


မီလိကသူမကိုယ်သူမလက်ညှိုးပြန်ထိုးလိုက်ကာ "ဘယ်လိုလုပ်ကျမလိုချစ်စရာကောင်းတဲ့သူကသူများနဲ့ရန်ငြှိုးရှိရမှာလဲ?"



ရှီးပိူင်ချန်းသူမရဲ့ခေါင်းကိုဖွဖွပုတ်လိုက်ကာ "လျှောက်နောက်မနေနဲ့ သေချာစဥ်းစားကြည့် မဟုတ်ရင်တစ်ယောက်တည်းဆိုင်ကယ်စီးခွင့်မပေးတော့ဘူး"


သူကလေး​လေးနက်နက်ပြောလိုက်သည်။


"ဟမ်?"မီလိသေချာစဥ်းစားကြည့်လိုက်သည်။ရုတ်တရက်သူမခေါင်းထဲမှာပုံရိပ်တစ်ခါပေါ်လာခဲ့သည်။သူမဆိုင်ကယ်ကိုကွေ့မလို့ပြင်တုန်းကဆိုင်ကယ်တစ်စီးကသူမရှေ့မှာတမင်လာပိ​တ်ရပ်သေးတယ်။အဲ့တုန်းကမောင်းတဲ့သူကဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်ဆိုပေမယ့်လဲ မီလိသူ့မျက်နှာကိုမြင်လိုက်ရသည်။

'သွမ့်ကျန်းရုံ!အဲ့တာသွမ့်ကျနိးရုံပဲ!'


မီလိရုတ်တရက်သဘောပေါက်သွားသည်။သွမ့်ရှောင်ယုရဲ့အကြွေးရှင်အနေနဲ့သူမက သွမ့်မိသားစုရှောင်ယုရဲ့အိမ်ကိုအပိုင်သိမ်းမှာကိုကာကွယ်ပေးခဲ့တော့သူကအဲ့တာကိုအငြှိုးထားပြီးသူမစကူတာကိုတမင်ဘရိက်ကြိုးဖြတ်ပစ်တာပဲ..


သူမကံကောင်းနေလိူ့သာမဟုတ်ရင်ကားနဲ့အတိုက်ခံရပြီးသေနေလောက်ပြီ။သူကသူမကိုသေစေချင်နေတာဟုတ်မဟူတ်မသေချာပေမဲ့သူမကိုအက်စီးဒန့်စ်ဖြစ်စေချင်နေတာပဲ..



ရှီးပိုင်ချန်းကမီလိရဲ့အမူရာကိုကြည့်ပြီးတစ်ခုခုလွဲနေမှန်းသတိထားမိသွားသည် "ဘယ်သူ့ကိုစဥ်းစားမိလို့လဲ?"


မီလိ-"ကျမဘယ်သူ့လက်ချက်လဲသိပြီထင်တယ်"


ရှီးပိုင်ချန်း-"ဘယ်သူလဲ?"


"စကားထဲထည့်ပြောဖို့တောင်မတန်တဲ့သူမျိုးပါ ကျမဘာသာဖြေရှင်းလိုက်မယ်"မီလိကသူ့ကိုကူညီပေးစေချင်ပေမယ့်လို့ကမ္ဘာနှစ်ခုကခြားထားတာကြောင့် သူမရဲ့လူမှာငွေကြေးအာဏာရှိနေရင်တောင်မှထိုလူကိုဘာမှမလုပ်နိုင်ပေ။


ရှီးပိူင်ချန်းကအသံနက်နက်နဲ့မေးလိုက်သည် "ဘယ်သူလဲ?"မီိလိရဲ့အကျင့်မျိုးနဲ့ဆိုသူမကထိုကိစ္စကိုချက်ချင်းမေ့ပစ်လိူက်မှာစိုးရတယ်။



"သူ့နာမည်ကသွမ့်ကျန်းရုံဆိုတာရယ်အသက်နှစ်ဆယ်ဝန်းကျင်အလုပ်လက်မဲ့ဆိုတာရယ်ပဲသိတယ်"မီလိကသူမေးခွန်းတွေဆက်မမေးတော့အောင်အချက်လက်နည်းနည်းလောက်ပဲပြောလိူက်သည်။


"အင်း"ရှီးပိူင်ချန်းကခေါင်းငြိမ့်ပြကာသေချာမှတ်ထားလိူက်သည်။


မနက်စာစားပြီးနောက်သူကမီလိကိုခေါ်ကာအပြင်ကိုလမ်းလျှောက်ထွက်လိုက်သည်။အပြင်မှာနေ့လည်စာစားခဲ့ပြီးနောကိသူတို့နှစ်ယောက်ကပျော်ရွှင်စွာနဲ့အိမ်ပြန်လာခဲ့ကြသည်။


အိမ်ပြန်ရောက်ရောက်ချင်းပဲမီလိကအခန်းထဲဝင်ကာတရေးအိပ်လိုက်သည်။ရှီးပိုင်ချန်းဝရံတာမှာရပ်ရင်းတစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်ကာ အလုပ်လက်မဲ့သွမ့်ကျန်းရုံဆိုတဲ့သူအ​​ကြောင်းစုံစမ်းခိုင်းလိုက်သည်။



မီလိမထင်ထားတာကသူမအမှတ်တမဲ့ပြောလိုက်တဲ့အချက်လက်တွေကြောင့်ရှီးပိူင်ချန်းကတစ်စုံတစ်ယောက်ကိုရှာတွေ့သွားခဲ့တာပင်။ဒါပေမဲ့ထိုသွမ့်ကျန်းရုံဆိုတဲ့သူကနာမည်နည်းနည်းမတူတာကလွဲလို့တခြားအချက်လက်တွေကတူညီကြသည်။အသက်နှစ်ဆယ်ကျော် အလုပ်လက်မဲ့ခိုးမှု အများပိုင်ပစ္စည်းတွေကိုဖျက်ဆီးမှုတွေကြောင့်ထောင်ကျနေသည်။


မီလိနှိုးလာတော့ရှီးပိူင်ချန်းကသူမကိုစာရွက်စာတမ်းတွေပြလိုက်ကာ "မင်းပြောတဲ့သွမ့်ကျန်းရုံကသူလား?"


မီလိကစာရွက်မှာတွဲထားတဲ့ပုံကိုကြည့်ကာအချိန်အတော်ကြာစဥ်းစားပြီးမှ​ဖြေလိုက်သည် "အင်း သူပဲ"


သွမ့်ကျန်းရုံနဲ့နာမည်တူတဲ့ဒီလူကသွမ့်ကျန်းရုံလိုပဲဆန်ကုန်မြေလေးလူ့ပတ်ဝန်းကျင်အတွက်အနှောင့်အယှက်ဖြစ်စေတဲ့သူပဲမလို့ မီလိကနည်းနည်းမှအပြစ်ရှိစိတ်မခံစားရဘဲဟုတ်တယ်လို့ဖြေလိုက်သည်။

Report Page