(50)

(50)

Your Baobae(kp)

(50) 


'' မြွေကြီး ၊ မြွေကြီး မြန်မြန်လေး ထတော့ ငလျင် လှုပ်နေ ပြီဟ! ''


စုယွမ် က သူ့ရဲ့ အဝတ်တွေကို အမြန် ပြင်ဆင်နေ ရင်းနဲ့ မသိလိုက် ပါပဲနဲ့ အော်ပြော နေမိ လေတယ်။ 


တုံ့ပြန်မှု မရှိပါပေ။ 


သူက သူ့ရင်ဘတ် ထဲကို လက်ထည့် ပြီးတော့ စမ်းကြည့်တာ တော့ ဘာမှကို ရှာမတွေ့ ပါပေ။ 


ရုတ်ချည်း ဆိုသလို သူ့ တစ်ကိုယ်လုံး က နိုးကြွ လာခဲ့ လေတယ်။ သူက မြန်မြန်လေး လှည့်ပတ် ပြီးတော့ ဟဲလျန်ချန်း ကို ရှာခဲ့ ပေမယ့် ဘာပုံရိပ် ကိုမှ ရှာမတွေ့တဲ့ အတွက်ကြောင့် စုယွမ် တစ်ယောက် မထိန်းနိုင်ပဲ ကြောက်လန့် တကြား ဖြစ်နေ ခဲ့ ပါပြီ။ 


'' မြွေကြီး ၊ မြွေကြီး ၊ မြွေကြီးရေ...... ''


စုယွမ် က အသံတိုးတိုး လေးနဲ့ အော်ခေါ် လိုက်တယ်။ 


ဒါပေမယ့် ဒီနေရာမှာ ဘာတုံ့ပြန် မှုမှ ရှိမနေ ပါပေ။ 


စုယွမ် က အိပ်ယာ ထဲ ကနေ မြန်မြန် လေး ထွက်လိုက် ပြီးတော့ အခန်း အပြင် ကိုပါ ခေါင်းမပါတဲ့ ယင်ကောင်လေး တစ်ကောင်လို မျိုး ပြာယာစွာနဲ့ ထွက်လိုက် လေတယ်။ 


သူက ရုတ်တရက် ကြီး ပူလာ လိမ့်မယ် လို့ ဘယ်သူ က ထင်ထား မှာတဲ့လဲ ပြီးတော့ သူ အပေါ်ကို မော့ကြည့် လိုက်တဲ့ အခါ အလင်းတန်း က တစ်ခု သူ့ဆီကို ဆင်းလာတာ ကို တွေ့လိုက် ရလေတယ်။ ပြီးတော့ သူ့ တစ်ကိုယ်လုံး အဲ့ အလင်းတန်း က သယ်ယူ လိုက်တယ်။ နောက်တော့ သူ့ကိုယ်ရဲ့ အလေးချိန် က ပေါ့လာ ပြီးတော့ ဘေးပတ်ဝန်းကျင် မြင်ကွင်း တွေကလည်း ပြာဝေ လာခဲ့ လေတယ်။ 


အသက်ရှုချိန် အနည်းငယ် ပြီးတဲ့ နောက်စုယွမ် က သူ့ရဲ့ လက် က တင်းကြပ်စွာ ဆုပ်ကိုင် ခံလိုက် ရတာကို ခံစား လိုက် ရလေတယ်။ 


သူက ကြောက်လန့် တကြားနဲ့ ရုန်းကန် ပေမယ့် တစ်ဖက်လူ ရဲ့ လက်တွေက သုပြုတ်တူ အလား ညှပ်ထား ပြီးတော့ လုံးဝ ကို မလွတ်မြောက် နိုင်ခဲ့ ပါပေ။ 


သူက ကြောက်လန့် တကြားနဲ့ အော်လိုက်တော့ မယ့် အချိန် ကျတော့မှ သူ့ရဲ့ လက်ဖဝါး အား တစ်ဖက်လူ က ကုတ်ခြစ် လိုက်တာ ကို ခံစား လိုက်ရ လေတယ်။ 


ဒီတစ်ခါတော့ အဲ့တာ က သူ့ရဲ့ နှလုံးသား ကို ကုတ်ခြစ် နေတဲ့ ဟန် ပေါ်လေတယ်။ သူက ချက်ချင်းပဲ နှိုးဆော် ခံလိုက် ရတယ်။ အခု သူ့ကို ကိုင်ထား တဲ့ လူက မြွေကြီး ပဲ ဖြစ်ရမယ်။ 


စုယွမ် က သူ့ခေါင်းကို လှည့် ပြီးတော့ ကြည့်လိုက်တဲ့ အခါ မှာတော့ ဟဲလျန်ချန်း ရဲ့ ပြိုင်ဘက်ကင်း ပြစ်မျိုးမှဲ့မထင် ရုပ်သွင် လှလှလေး ကို မြင်လိုက် ရလေတယ်။ 


သူလိုက်ရှာ နေတဲ့ လူ က သူ့ဘေးမှာ ရုတ်ချည်း ပေါ်လာတာ ကိုတွေ့လိုက် ရတဲ့ အခါမှာတော့ စုယွမ် တစ်ကိုယ်လုံး စိုးရိမ်စိတ် တွေ ပြေလျော့ သွားကာ ပျော်ရွှင်မှု တွေ က တစ်ဟုန်ထိုး ပေါ်ပေါက် လာခဲ့ လေတယ်။ 


'' မြွေကြီး ''


'' မင်း ကတော့ အမြဲတမ်း ပဲ ဒီလို တုံးအ နေတုံးပဲ ''


ဟဲလျန်ချန်း က တုံးအတဲ့ အပြုအမူ လေးကို လုပ်ထားတဲ့ စုယွမ်ကို အပြုံးလေး နဲ့ ကြည့်နေကာ အရမ်းကို ကျေနပ် နေလေတယ်။ 


ထိုအမျိုးသားလေးဟာ သူ့ကို ခုခံမှု လုံးဝ ကင်းမဲ့တဲ့ အပြုံးလေး ကို ရူးရူးနှမ်းနှမ်း ပြုံးပြ နေပုံထောက် ရင် သူနှလုံးသား ထဲမှာ နေရာတစ်ခု တော့ ရှိတဲ့ ပုံပါပဲ။ 


စုယွမ် က သူ့ကို နှလုံးသား တစ်နေရာ ပေးလိုက် ပေမယ့် အဲ့နေရာက ဟိုခွေးနှစ်ကောင် ဖြစ်တဲ့ အမျိုးသား ရှောင်ဟွေး ဆိုတဲ့ ဟာနဲ့ အမျိုးသမီး ရှောင်ယွဲ့ ဆိုတဲ့ ဟာကို ယှဥ်နိုင်ပြီလား ဆိုတာ ကိုတော့ ဟဲလျန်ချန်း မသိ ပါပေ။ 


ဒါပေမယ့် နှလုံးသား တစ်နေရာစာ ရတယ် ဆိုတာ ကပဲ အတော်လေး ကို တိုးတက် မှုကြီး တစ်ခု ဖြစ်နေ ပါပြီ။ တစ်နေ့မှာတော့ စုယွမ်ရဲ့ နှလုံး သား တစ်ခု လုံးကို သူပဲ ရလာလိမ့်မယ်။ သူ့မှာ စောင့်ဆိုင်းဖို့ အချိန်နဲ့ စွမ်းအား တွေ ရှိပါတယ်။ 


စုယွမ်က ပျော်ရွှင် ပြီးတဲ့နောက် လေထု က သိပ်ပြီး မူမမှန်ဘူး လို့ ခံစားလိုက်ရတယ်။ ပြီးတော့ သူ့ရဲ့ နှာခေါင်းထိပ် တစ်ခုလုံး ပြင်းထန်တဲ့ သွေးနံ့တွေ နဲ့ပဲ ပြည့်နေ ခဲ့လေတယ်။ 


သူက ဘေးပတ်ဝန်းကျင် ကို အမြန်ပဲ ပတ်ကြည့် လိုက်တဲ့ အချိန်မှာတော့ သူ့ခမျာ တုန်လှုပ် သွားလေတယ်။ မြေပြင်ပေါ်မှာ လင်းယုန် တွေ အများကြီး လဲကျ ပျံကျဲ နေပြီးတော့ အကုန်လုံး က သွေးတွေ နဲ့ စိုရွဲနေ ခဲ့ လေတယ်။ 


ပြီးတော့ သူက ရင်းနှီး နေတဲ့ ပုံရိပ် တစ်ခု ကိုလည်း တွေ့လိုက် ရတယ်။ အဲ့တာ က လင်းယုန် ယင်းလင်း ရဲ့ မူလ လင်းယုန် ပုံစံပဲ ဖြစ်လေတယ်။ 


'' မြွေကြီး? ''


'' ကိုယ်က ဒီနေ့ ဘာမှ လုပ်စရာ မရှိ ဘူးလေ။ ဒါကြောင့် လင်းယုန် တွေနဲ့ ကိစ္စ တစ်ချို့ ဆွေးနွေး တာပါ။ သူတို့ အကုန်လုံး က ကိုယ့်ကို ရှုံးနိမ့် ပြီးတော့ ကိုယ့်ဆီမှာ အညံ့ခံ ခဲ့ ကြတာလေ။ ဒီနေ့ ကစပြီးတော့ ကိုယ်က လင်းယုန် တွေရဲ့ ဘုရင် ဖြစ်လာတော့ မှာ ။ မင်းကတော့ လင်းယုန် တွေရဲ့ ဘုရင်မ ပေါ့လေ ''


စုယွမ် ခမျာ ဟဲလျန်ချန်း အရှေ့က ပြောခဲ့တဲ့ စကားကို တောင် သေချာ လေး နားလည် ကျေညှပ်အောင် မတွေးရ သေးဘူး နောက်စကား ကြောင့် ပါ စိတ်အနှောင့် အယှက် ဖြစ်သွား လေတယ်။ 


''ဘယ်သူ က ဘုရင်မ လဲ ။ မင်းက သာ ဘုရင်မ ပါ နော် ''


သူက မိန်းမ ကြီးမှ မဟုတ်တာ လေ။


'' ဟုတ်ပါတယ်။ ကိုယ်က ဘုရင်မ ပါ ။ ပြီးတော့ မင်းက ကိုယ့်ရဲ့ ဘုရင်လေး လေ''


တစ်ဖက် လူက စုယွမ် ဖြစ်နေ သရွေ့ ကတော့ သူက စုယွမ် ဘေးနားမှာ နေရ တာနဲ့ တင် လုံလောက် နေပါပြီ။ ရာထူးနေရာ တွေက သူ့အတွက် အရေး မပါတော့ ပါဘူး။ 


မမျှော်လင့်ထား စွာနဲ့ ဟဲလျန်ချန်း က ထိုကဲ့သို့ ပြန်ပြောလာ တော့ စုယွမ် ခမျာ မထိန်းနိုင် ပဲ ရှက်သွေးဖြာ သွား ရလေတယ်။ 


ပြီးတော့ မြေပြင်ပေါ်မှာ လဲကျကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီး သွေးတွေ စွန်းနေတဲ့ လင်းယုန် တွေ အကုန်လုံး ခမျာတော့ နောက်ထပ် သွေးတစ်လုပ် အန်ထုတ် လိုက်လေတယ်။ 


သူ့ကို ဘယ်သူ ကများ အညံ့ခံ လိုက် လို့လဲ။ ဒါက သူတို့ လင်းယုန် တွေရဲ့ သိက္ခဏာ ကို တမင်သက်သက် စော်ကား လိုက်တာ ပဲ။ 


ဒါပေမယ့် သူတို့ ခမျာ ဘာလုပ် နိုင်မှာ တဲ့လဲ? 


တစ်ဖက် လူက ဓား ဖြစ်နေချိန် သူတို့ကတော့ စဥ့်နှီ တုံးပေါ်က ငါးတွေ ​ဖြစ်နေတယ်လေ။ 


သူတို့မျိုးနွယ် ကိုသာ အဖျက်ဆီး မခံ လိုရင် သူတို့က ဒါကို သည်းခံ ဖို့သာ တက်နိုင် တော့တယ်။ 


လင်းယုန်ကလန် ရဲ့ အကြီးအကဲတွေ များစွာ က ဟဲလျန်ချန်း ကြောင့် ဒဏ်ရာတွေ အပြင်းအထန် ရထား ပြီးတော့ သူတို့က အချိန်တို အတွင်းမှာ ပြန်လည် တိုက်ခိုက် နိုင်အုံးမှာ မဟုတ်ပါပေ။ 


နည်းလမ်းတကျ ပြောရရင်တော့ ဟဲလျန်ချန်း က လင်းယုန် ကလန် ကို ယူလိုက်ပြီး စီမံခန့်ခွဲတော့ မယ့် သူ ဖြစ်လာ လေတယ်။ ဒါပေမယ့် သူက သောက်ကျိုးနဲ မြွေ တစ်ကောင်လေ။ 


လင်းယုန် အဖွဲ့သား တွေ ခမျာ မျက်လုံးတွေ နီရဲ နေကြ ပြီးတော့ ဟဲလျန်ချန်းကို သေစေ ချင်နေ ကြလေတယ်။ ဒါပေမယ့် မတွန်းလှန်နိုင်တဲ့ အင်အား နဲ့ တွေ့ကြုံ ရတဲ့ အတွက်ကြောင့် ဘယ်သူ မှ ဘာမှ မလုပ်နိုင် ခဲ့ပါပေ။ 


လူကြီးလူကောင်း တစ်ယောက် က လက်စား ချေနိုင်ဖို့ ရာ အတွက် ဘယ်လောက် ပဲ ကြာကြာ စောင့်နိုင် ပါတယ်။ စိမ်းလန်း တဲ့ သစ်တောတွေ ရှိသရွေ့ ထင်းကုန် ခမ်း သွားမှာကို စိုးရိမ်နေ စရာ မလိုပါဘူး ။ ဒါကြောင့် လင်းယုန် တွေက အမုန်းတရားတွေ ကို မြိုချထား ရလေတယ်။ 


ဟဲလျန်ချန်း က ဒီနေရာမှာ ပဲ အမြဲတမ်း နေပြီးတော့ လင်းယုန် ကလန်ကို ဦးဆောင် ရမှာမျိုး မလုပ်ချင် ပါပေ။ သူက စုယွမ်ကို ပြန်ပြီးတော့ ခေါ်သွားချင် လေတယ်။ ဘာလို့လဲ ဆိုတော့ ဒီနေရာရဲ့ စည်းမျဉ်း တွေက မပြည့်စုံ ပါပေ။ ပြီးတော့ စုယွမ် က သူ့ရဲ့ ကိုယ် ခန္ဓာကိုယ် ကို အန္တရယ် တွေ ကြား ကနေ ကာကွယ် နိုင်တဲ့ ခွန်အား မျိုး ရှိမနေ ပါပေ။ 


ဒါကြောင့် နောက်အချိန် တွေမှာ သူက စုယွမ်ကို အဖော်ပြုပြီး အချိန်အတူ ကုန်ဆုံးကာ ကောင်းကင် စိတ်ဝိဉာဥ် ကျင့်စဥ် ကို အမြန် ပြီးအောင် ကူပေး လေတယ်။ 


လင်းယုန် ကလန် က လူတွေ က တိတ်တိတ်လေး ပြန်ပြီး တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် သူတို့ ဘာမှ တောင် မလုပ်နိုင် သေးပဲ ဟဲလျန်ချန်း က စွမ်းအားကြီးစွာ နဲ့ ဖမ်းမိ ခံလိုက် ရတာ ချည်းပဲ ဖြစ်လေတယ်။ 


ထို အရှိန်အဟုန် ကို ကြည့်ခြင်း အားဖြင့် ဟဲလျန်ချန်း ရဲ့ သိုင်းပညာ က အတော်လေး တိုးတက် လာတာကို မြင်တွေ့ နိုင်လေတယ်။ 


လင်းယုန် တွေက ရိုးသား ပြီးတော့ ဟဲလျန်ချန်း က အလွန်အမင်း ငြင်သာကာ ကြင်နာ နားလည်မှု ပေးလေတယ်။ 


စုယွမ် ခမျာ အခု ဘဝဟာ ရေနွေး ထဲကို ထည့်ပြီးတော့ တဖြေးဖြေး နဲ့ အပြုတ်ခံနေ ရတဲ့ ဖားတစ်ကောင် ရဲ့ ဘဝ နဲ့ တူတယ်လို့ ခံစား နေရလေတယ်။ 


ဒါကြောင့် တွေးမိတဲ့ မနက်ခင်း မှာပဲ စုယွမ် က နိုးနိုးချင်း ဟဲလျန်ချန်း ကိုလေးနက်စွာနဲ့ ပြောလိုက်တယ်။ 


'' ငါပြန်သွား ချင်တယ် ''


ဟဲလျန်ချန်း ရဲ့ ငြင်သာတဲ့ မျက်ခုံးတွေ က ချက်ချင်း ပဲ ကြုံ့သွား တော့လေတယ်။ 


သူက နေ့ရော ညပါ သူ့ဘာသာ သူ ခံစား နေရတာ ဖြစ်ပြီးတော့ ပြန်ဖို့ နီးကပ်လာလေလေ သူပိုပြီး ခံစား လာရ လေလေ ပဲ ဖြစ်လေတယ်။ 


နေ့တိုင်းပဲ သူ့နှလုံးသား က ပုရွတ်ဆိတ်တွေ အစားခံ နေရသလို မျိုး ချိုမြိန်မှု နဲ့ နာကျင်မှု တွေကို တစ်ချိန်တည်း ခံစား နေရ တယ်လေ။ 


ဒါပေမယ့် အခုတော့ တစ်ဖက်လူ က ပြန်ဖို့ အတွက် စိတ်အား ထက်သန် နေတာကို တွေ့တော့ တစ်ဖက်နေရာ မှာ ကျန်နေ ခဲ့တဲ့ ရှောင်ဟွေး နဲ့ ရှောင်ယွဲ့ ဆိုတဲ့ သူတွေကို သူချက်ချင်း ပဲ ပြန်အမှတ်ရ သွားပြီးတော့ ဟဲလျန်ချန်း တစ်ယောက် ဒေါသတေံ မရပ်မနား ထွက် လာလေတယ်။ 


သူက ချက်ချင်းပဲ သူ့ရဲ့ မူလ ပုံစံကို ပြောင်းလဲ လိုက်တယ်။ စွမ်းအားတွေ တိုးလာတဲ့ အတွက်ကြောင့် သူ့ရဲ့ ကိုယ်က အရင်ကထက် တောင် ပိုပြီး ကြီးလာကာ ပိုပြီးတော့လည်း သန်မာ လာခဲ့တယ်။ သူက စုယွမ်ကို ရစ်ပတ် လိုက် ပြီးတော့ ​မြွေလျှာနဲ့ စုယွမ် ရဲ့ မျက်နှာ ကို လျက်လိုက် လေတယ်။ 


ဒီလိုနဲ့ပဲ တစ်နေကုန် စုယွမ် တစ်ယောက် အလျက်ခံလိုက် ရကာ သူ့ရဲ့ မျက်နှာ တစ်ခုလုံး တောင့်တင်း နေကာ သူ့ခေါင်းက သစ်သား တုံးကြီး တစ်ခု ဖြစ်သွားပြီ လို့တောင် ခံစား လိုက်ရ လေတယ်။ 


နောက်တော့ စုယွမ် က ပြန်သွားချင် တယ်လို့ တစ်ခါ ပြောတိုင်း အစောက နည်း အတိုင်းပဲ တစ်ခါ အပြစ်ပေး ခံရလေတယ်။ 


အပြစ်ပေး ခံရပြီး တဲ့ နောက်ပိုင်း အချိန်တိုင်း မှာ စုယွမ် က ပြန်သွားချင်တယ် ဆိုတဲ့ အကြောင်းကို မ​ပြော ရဲတော့ပါပေ။ 


သူက သူ့ကိုယ်သူ အမျိုးသား လား အမျိုးသမီးလား ဘယ်သူ မှန်းတောင် အဖြေထုတ်လို့ မရတော့ လုနီးပါး အထိကို ဖြစ်သွားတယ် ။ 


ဒါကြောင့် စုယွမ် က ရိုးရိုးသားသား နေ ပြီးတော့ ဟဲလျန်ချန်း က ပျော်ရွှင်နေကာ နှစ်ယောက် သား ချိုမြိန်တဲ့ ဘဝ တစ်ခု မှာ နေနေ ကြလေတယ်။ 


ဟဲလျန်ချန်း က စိတ်ကူးတစ်ခု ရခဲ့ ပြီးတော့ ဒီလောက် အမှတ်တရ တွေ အများကြီး ရှိခဲ့တဲ့ နေရာမှာ စုယွမ်နဲ့ အတူ မင်္ဂလာ ဆောင်ချင် တာ ပဲ ဖြစ်လေတယ်။ 


ဒီလို ကျိုးပဲ့ ပျက်စီးနေတဲ့ နေရာမှာ စုယွမ် က သူ့ကို လက်ခံ ခဲ့တာ ပဲ ဖြစ်လေတယ်။ 


သူက အလှပဆုံး အခမ်းအနား ကို ကျင်းပ ပြီးတော့ စုယွမ်နဲ့ အတူ အချစ်မှတ်တိုင် ထူထောင် ချင်တာပဲ ဖြစ်လေတယ်။ 


သူက ထို အကြောင်းကို စဥ်းစား ပြီးတဲ့နောက် စုယွမ်ကို ပြောလိုက် လေတယ် ။


စုယွမ် က ထိုဟာကိုလည်း ကြားရော ပထမဆုံး က အရမ်း စိတ်လှုပ်ရှား သွားတာ ပါပဲ ။ 


သူ့နှလုံးသား ထဲက စိတ်ကူးထားတဲ့ တောက်ပ သော မင်္ဂလာ ပွဲ က သူချစ်ရတဲ့ သူနဲ့ လက်ထပ် ချင်တာ ပဲ ဖြစ်ပြီးတော့ သူက ထိုချစ်ရသူ နဲ့ အတူတူ ဆံပင်တွေ ဖြူတဲ့ အထိ ဘဝ ကို ဖြတ်သန်း သွားချင် တာပဲ ဖြစ်လေတယ်။ 



သူနဲ့ ဟဲလျန်ချန်း က ဆိုရင်ရော ဘယ်လို တဲ့လဲ?


ဒါပေမယ့် ဘာပဲ ဖြစ်ပါစေ ကြည့်လိုက် ရုံနဲ့တင် ကို သူက အဲ့မြွေကြီး ကို လက်ထပ်ရင် သေချာပေါက် သူက အောက် ကနေ ပြီးတော့ အညံ့ခံ အရှုံးပေး ရတဲ့ သူ ဖြစ်မှာ အသေအချာ ပဲလေ။ 


( ကလေး နှစ်ယောက် မွေးပြီးတာ တောင် အပေါ်က နေချင် သေးတဲ့ ဖေဖေ)


ဒါကြောင့် မလို့ စုယွမ် က ချက်ချင်း ပဲ သူ့ရဲ့ ခေါင်းကို ခါ ယမ်း လိုက်လေတယ်။ 



'' မလုပ်ဘူး ''



ငြင်းပယ်တာ က မသက်ရောက်မှာ ဆိုးတဲ့အတွက် စုယွမ် က သူ့ရဲ့ ခေါင်းလေး ကို ပလုတ်တုတ် လေးလို အပြင်းအထန် ပါ ခါယမ်း လိုက်လေတယ်။ 


ဟဲလျန်ချန်း က ရုတ်ချည်း ပဲ မျက်လုံးတွေ ကို ကျဥ်းမြောင်း ပြီးတော့ မေးလိုက် လေတယ်။ 


'' အကြောင်း ပြချက် က ဘာလဲ? ''



မြွေကြီး က အန္တရာယ်များ စွာနဲ့ မျက်လုံး ကို ကျဥ်းမြောင်း လိုက်တာကို တွေ့တော့ စုယွမ် က အနည်းငယ် စိတ်ရှုပ်ထွေး သွားလေတယ်။ ဒါပေမယ့် သူ့ရဲ့ ငြင်းပယ် ချက် ကိုတော့ ဆက်ပြီး ထိန်းထား ဆဲ ပါပေ။ 



ဟဲလျန်ချန်း ရဲ့ ပြင်းထန်တဲ့ စိုက်ကြည့် ခြင်းကို ခံနေရတဲ့ ပေမယ့် စုယွမ် ဟာ သူ့ရဲ့ အမျိုးသား ဆိုတဲ့ ဂုဏ်ပုဒ်ကို အဆုံးရှုံး မခံနိုင် ပါပေ။ 



''ငါက အမျိုးသား တစ်ယောက် လေ။ တကယ်လို့ မင်းနဲ့ လက်ထပ် လိုက်ရင် ငါက ဇနီး တစ်ယောက် ဖြစ်သွား မှာပေါ့ ''



ထိုစကား ကို ကြားတော့ ဟဲလျန်ချန်း က စုယွမ် ဆိုလို ချင်တဲ့ အဓိပ္ပာယ် ကို သဘောပေါက် သွား လေတယ်။ ပြီးတော့ ရုတ်တရက်ကြီး ပြုံးလိုက်တယ်။ 


သူက ချက်ချင်းပဲလက် ကို ဆန့်ထုတ်ကာ စုယွမ်ရဲ့ ခေါင်လေး ကို ကိုင်ပြီးတော့ ခေါင်းငြိမ့်အောင် လုပ်လိုက် ပြီးတော့ ပြောလိုက်တယ်။ 


'' အရူးလေး ကတော့''


''ခများကြီး ကသာ အရူးကြီး! ''



စုယွမ် က တစ်ဖက်ကို လှည့်ကာ ဟဲလျန်ချန်း ကို လျစ်လျူ ရှုထား ပြီးတော့ သူ့ရဲ့ အမျိုးသား ဂုဏ်သိက္ခာလေး ကို အတင်းတွေ ကာကွယ် ထား လေတယ်။ 



''ဒါဆို မင်းက ကိုယ့်ကို ဇနီးအဖြစ် လက်ထပ် ယူလိုက်လေ။ အဆင်ပြေလား။ ကိုယ့်ကို ချစ်ပေး ပြီးတော့ ကိုယ့်နား မှာပဲ နှစ်ထောင် ပေါင်း မက နေ ပြီး အဖော်ပြု ပေးလေ။ အဆင်ပြေလား ''



ထိုဟာက အရမ်းကို နူးညံ့ငြင်သာ ပြီးပေါ့ပါး လွန်းတဲ့ ချိတ်လေး တစ်ခု ဖြစ်ကာ ချက်ချင်းပဲ စုယွမ်ရဲ့ နှလုံးသား လေး ကို မိသွား လေတယ်။ 


ချက်ချင်းပဲ စုယွမ် က သူ့ရဲ့ ခေါင်းကို လှည့်လိုက်တော့ သူက အလေးအနက် ဖြစ်နေ တဲ့ ဟဲလျန်ချန်း ရဲ့ မျက်လုံး တစ်စုံနဲ့ တွေ့ဆုံ လိုက် ရ ပါတော့ တယ်။ 


( မကြိုက်တာလဲ မဟုတ်ပဲနဲ့) 

........................................................


Report Page