48

48


အခန်း (၄၈)

ဝမ်ချင်းလင်က သူ့အဖေနှင့် အမေ၏ စကားများကို နာမခံဘဲ မနေရဲပေ။ ထိုလူနှစ်ယောက် ထွက်သွားသည်နှင့် လင်းချန်မြို့တော် ကိစ္စများကို စတင်ဖြေရှင်းရတော့သည်။

ဝမ်ချင်းလင်က ညီအစ်မနှစ်ယောက်နှင့် သွေးအလောင်းကောင်ကို ခေါ်ပြီး လင်းချန်မြို့တော်၏ အနာဂတ်တိုးတက်မှုအတွက် ဆွေးနွေးကြသည်။

သွေးအလောင်းကောင်က ယခုတစ်ခေါက် အင်မတန် ပွင့်လင်းနေသည်။ သူက ဝမ်ချင်းလင်ကြောင့် တကယ် ကြောက်လန့်သွားခဲ့သည်။ သူက ဝမ်ချင်းလင်ကို ဗိုလ်ချုပ်နှင့်အတူ တိုက်ခိုက်ဖို့ အားပေးခဲ့ခြင်းက သူ့ဆီမှာ မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သောကြောင့် ဖြစ်သည်။ ဝမ်ချင်းလင်နှင့် ဗိုလ်ချုပ်တို့ အတူတူ သေသွားလျှင် ပိုကောင်းသည်။ ဒီလိုဖြစ်သွားပါက လင်းချန်မြို့တော်က သူ့အပိုင် ဖြစ်လာလိမ့်မည်။ သို့သော် ဝမ်ချင်းလင်က ဗိုလ်ချုပ်ကို အဝေးသို့ မောင်းထုတ်လိုက်နိုင်မည်ဟု သွေးအလောင်းကောင် ထင်မထားခဲ့ပေ။ ယခု လင်းချန်မြို့တော်၏ အင်အားအကြီးဆုံးသူက ဗိုလ်ချုပ်ကနေ ဝမ်ချင်းလင် ဖြစ်သွားသည်။

ဘယ်လိုပဲ ကြည့်ကြည့် သွေးအလောင်းကောင်အထက်မှာရှိနေတုန်းပဲ … လူပဲ ပြောင်းသွားတာ

ဝမ်ချင်းလင်က သွေးအလောင်းကောင်၏ အတွေးများကို စိတ်မဝင်စားပေ။ သူ မသေသေးသရွေ့ သွေးအလောင်းကောင်က သူ့ထက် သာလွန်နိုင်မည် မဟုတ်ပေ။

လင်းချန်မြို့တော်တွင် အဓိက မြို့ပြနေရာ ငါးခု ရှိသည်။ ဦးတည်ရာတစ်ခုတွင် မြို့ပြတစ်ခုစီ ရှိသည်။ မြို့တော်က အမှီခိုကင်းမဲ့သော မြို့တစ်မြို့ ဖြစ်သည်။ ဝမ်ချင်းလင်က နန်းချန်ကို ပိုင်ဆိုင်ခဲ့သည်။ ယခု မြို့တော်ကပါ သူ့အပိုင်ဖြစ်သွားပြီ ဖြစ်သည်။ ထို့အပြင် တုံချန်ကို သွေးအလောင်းကောင်က ပိုင်ဆိုင်ပြီး ရှီချန်ကို ညီအစ်မနှစ်ယောက်က ပိုင်ဆိုင်သည်။ ယခု ပေချန်ကတော့ ပိုင်ဆိုင်သူ မရှိသေးပေ။

ဝမ်ချင်းလင်က ပြောလိုက်သည်

“ ငါ့ဆီမှာ အခု ရည်မှန်းချက် အကြီးကြီးတစ်ခု ရှိတယ်။ လင်းချန်မြို့တော်ကို ကြီးမားတဲ့ အခြေစိုက်စခန်းတစ်ခုအဖြစ် တည်ဆောက်ချင်တယ်။ မင်း ဘယ်လိုထင်လဲ” 

သွေးအလောင်းကောင်က ချက်ချင်း ဒေါသထွက်သွားကာ ပြောလိုက်သည်

“ ဒါဆိုရင် မင်းက ငါတို့ရဲ့ ပိုင်နက်ကို ယူချင်နေတာပေါ့ ဟုတ်လား”

ဝမ်ချင်းလင်က ပြန်ပြောလိုက်သည်

“ လင်းချန်မြို့တော်ကို ရှေ့လျှောက် ငါ ဦးဆောင်ပါမယ်လို့ ဘယ်သူက ပြောလို့လဲ”

သွေးအလောင်းကောင်က အော်ပြောလိုက်သည်

“ မင်းမှာ ဘာရည်မှန်းချက်မှ မရှိဘူးလား။ မင်းရဲ့ သုံးပုံပုံတစ်ပုံလောက်ရှိတဲ့ နန်းချန်ကို မကာကွယ်တော့ဘူးလား။ ရည်မှန်းချက် ရှိလိုက် မရှိလိုက်နဲ့ ဘာလို့ စိတ်ပြောင်းလွယ်ရတာလဲ။ ရည်မှန်းချက်ရော ရှိရဲ့လား”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ ငါ အခု လင်းချန်မြို့တော်တစ်ခု တည်ဆောက်ချင်တယ်”

သွေးအလောင်းကောင်က ခါးသီးစွာဖြင့် ပြောလိုက်သည်

“ မြို့အရှင်ဝမ် ငါတို့ ဒီလိုလုပ်လို့ မရဘူးလေ။ ခင်ဗျားရဲ့ ဇွန်ဘီယဉ်အခြေစိုက်စခန်းက ဘယ်လောက်ထိ လှပပြီးတော့ ဇွန်ဘီယဉ်တွေ ဘယ်လောက်ထိ နေလဲဆိုတာကို စဉ်းစားကြည့်လိုက်။ ခင်ဗျားရဲ့ ချစ်စရာကောင်းတဲ့ ဇွန်ဘီညီ‌လေးက ရိုကျိုးတယ်လေ။ အဲဒါဆိုရင် လုံလောက်နေပြီ မဟုတ်လား။ လင်းချန်မြို့တော် တစ်ခုလုံးနဲ့ ဘာလုပ်မလို့လဲ။ 

နေရာတိုင်းမှာ ညစ်ပတ်နေပြီးတော့ ဇွန်ဘီရိုင်း ပြည့်နှက်နေတာလေ။ သူတို့ကို ဘာကြောင့် လိုချင်နေရတာလဲ”

သွေးအလောင်းကောင်က တစ်ယောက်ထဲ မပြောဘဲ ညီအစ်မနှစ်ယောက်ကိုပါ အတူတူဆွဲခေါ်လိုက်သည်

“အစ်မတို့ရော ဒါ မှန်တယ်လို့ ထင်လား”

ဝမ်ချင်းလင် ဘယ်လောက်ထိ အင်အားကြီးလာပြီလဲဆိုတာကို သိနေပြီဖြစ်သည့်အတွက် သူတို့လည်း ဘာကို ရွေးချယ်ရမည်ဆိုတာကို ကောင်းကောင်း သိသည်။

သူတို့က သွေးအလောင်းကောင်ကို တစ်ချက်ကြည့်ပြီး ဝမ်ချင်းလင်ကို မေးလိုက်သည်

“ ဒါဆိုရင် ရှင်က လင်းချန်မြို့တော်မှာ ရှိတဲ့ ဇွန်ဘီတွေအားလုံးကို ဇွန်ဘီယဉ်အဖြစ် ပြောင်းလဲချင်တာလား”

ဝမ်ချင်းလင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အကုန်လုံးကိုတော့ မဟုတ်ပါဘူး။ ရွေးလိုက်မှာ။ ဇွန်ဘီယဉ်အဆင့်အတန်းနဲ့ မကိုက်တဲ့သူတွေကိုတော့ မလုပ်ပါဘူး။ ရှေ့လျှောက် လင်းချန်မြို့တော်က ငါတို့ ဇွန်ဘီယဉ်တွေရဲ့ မြို့ ဖြစ်လာလိမ့်မယ်။ ဇွန်ဘီရိုင်းတွေကတော့ ရှေ့လျှောက် ဇွန်ဘီမြို့တော်ရဲ့ဆင်ခြေဖုံးမှာပဲ နေလို့ရတော့မှာ”

သွေးအလောင်းကောင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ခင်ဗျားရဲ့ သွေးကို ဖောက်ထုတ်ဖို့ မလုံလောက်ဘူးလေ”

ဝမ်ချင်းလင်က သွေးအလောင်းကောင်ကို ဆွဲထိုးပြီး အဝေးသို့ ပစ်လွှတ်ကာ ပြောလိုက်သည်

“ မင်းကို စကားကောင်းကောင်းပြောဖို့ အကြံပေးချင်တယ်”

သွေးအလောင်းကောင် “…”

ဒါကို သည်းခံနိုင်ပါ့မလား

သူက တုံချန်ကို ပိုင်တဲ့သူလေ သူ့ကို ရိုက်လိုက်တယ်ဆိုတော့ မျက်နှာမလိုချင်ဘူးထင်တယ်

ဒါကို ဝမ်ဖေဖေရှေ့မှာ ပြောလို့ မဖြစ်ဘူး။ သူ့မျက်နှာက တန်ဖိုးရှိတယ်လေ

ညီအစ်မက ပြောလိုက်သည်

“ ဒါက ကြီးမားတဲ့ ပရောဂျက်တစ်ခုပဲ။ သွေးအနီမိုနီတွေ အများကြီး လိုမဲ့အပြင် ကြီးမားတဲ့ ဇွန်ဘီယဉ် အခြေစိုက်စခန်း တည်ဆောက်တော့မယ်ဆိုရင် တောင့်တင်းခိုင်မာတဲ့ မြို့တံတိုင်းတစ်ခုလည်း လိုလိမ့်မယ်။ လင်းချန်မြို့တော် မြို့တံတိုင်းကို တစ်ယောက်ထဲ မတည်ဆောက်ချင်ဘူးမလား။ သစ်သား မြို့တံတိုင်းကတော့ မီးဒဏ်ကို မခံနိုင်ဘူးလို့ အမြဲတမ်း ခံစားရတယ်”

နောက် ညီအစ်မ တစ်ယောက်က မတူညီသောအမြင်ဖြင့် ပြောလိုက်သည်

“ သစ်သားမြို့တံတိုင်းတွေက အရမ်းကောင်းတယ်လို့ ငါတော့ ထင်တယ်။ မြို့အရှင်ဝမ် ကိုယ်တိုင် မြို့တည်ထောင်မှာဆိုတော့ မီးကို ကာကွယ်ဖို့ သေချာပေါက် စဉ်းစားထားမှာပဲ”

သူတို့နှစ်ယောက်က ဝမ်ချင်းလင်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

ဝမ်ချင်းလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ မီးကာကွယ်ဖို့ စိုးရိမ်စရာ မလိုပါဘူး။ ငါ့ရဲ့ သစ်သားဓာတ်စွမ်းရည် ရှိနေသရွေ့ မီးတောက်တွေက သစ်သားမြို့တံတိုင်းကို ဖျက်စီးနိုင်မှာမဟုတ်ဘူး။ တခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင် မီးဓာတ်စွမ်းရည် ငါ့ထက် မသာသရွေ့ သစ်သားကို ဖျက်စီးလို့မရနိုင်ဘူး”

သွေးအလောင်းကောင်က ရေရွတ်လိုက်သည်

“ ဒါဆိုရင် မင်းတစ်ယောက်တည်း ဧရာမ အခြေစိုက်စခန်းကို တည်ဆောက်နိုင်မယ်လို့ ထင်နေတုန်းပဲလား”

လင်းချန်မြို့တော်က ကြီးမားသော်လည်း ဝမ်ချင်းလင်၏ ခွန်အားက မနေ့ညကနှင့် နှိုင်းယှဉ်လိုက်ပါက အဆင့်ပေါင်းများစွာ တိုးတက်လာပြီ ဖြစ်သည်။ သူသာ သစ်သားဓာတ်စွမ်းရည်အားလုံးကို အသုံးပြုလိုက်ပါက တစ်ကြိမ်တည်းဖြင့် ပြီးပြည့်စုံအောင် မလုပ်နိုင်လျှင်ပင် အကြိမ်ပေါင်းများစွာ လုပ်ပြီး ပြီးပြည့်စုံအောင် လုပ်နိုင်သည်။ လင်းချန်မြို့တော်တစ်ခုလုံးက အခြေစိုက်စခန်း တည်ဆောက်ရာတွင် ပါဝင်သည့်အတွက် ဇွန်ဘီရိုင်းများအတွက် နေဖို့ နေရာရှိဖို့ လိုအပ်သည်။

သွေးအလောင်းကောင်က ပြောလိုက်သည်

“ ငါတို့ ပြဿနာကို ရင်ဆိုင်ရမယ်။ မင်းက လင်းချန်မြို့တော်ကို အုတ်မြစ်ထားပြီးတော့ ဧရာမဇွန်ဘီယဉ်အခြေစိုက်စခန်း တည်ဆောက်ချင်တယ်။ ငါ့ရဲ့ တုံချန်မြို့နဲ့ သူတို့ရဲ့ ရှီချန်မြို့နဲ့ ပတ်သက်ပြီး ဘာလုပ်ဖို့ စဉ်းစားထားလဲ။ အားလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားမှာလား။ ငါတို့က မင်းရဲ့ မဟာမိတ်တွေ ဖြစ်လာမှာလား”

ဝမ်ချင်းလင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်း ငြင်းလို့ရပါတယ်။ ငါ မင်းကိုလည်း သတ်နိုင်တယ်လေ”

သွေးအလောင်းကောင် “…”

ဝမ်ချင်းလင်က ကြမ်းတမ်းသည့် ပုံစံဖြင့် ပြောလိုက်သည်

“ အခု ငါက လင်းချန်မြို့တော်ရဲ့ အရှင်သခင် ဖြစ်နေပြီလေ။ မင်း နာခံရင် နာခံ မဟုတ်ရင် သေရမယ်”

သွေးအလောင်းကောင် “…”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ ငါ့ကို စဉ်းစားဖို့ အချိန်ခဏလေးပေး”

သွေးအလောင်းကောင် “ …”

ယခင်ကအတိုင်းသာဆိုပါက ဝမ်ချင်းလင် ညီအစ်မနှစ်ယောက်၏ အကြံဉာဏ်အတိုင်းသာ လုပ်လိုက်မည် ဖြစ်သည်။ ယခု သူ့ခွန်အား အတော်လေး တိုးတက်လာပြီဖြစ်သည့်အတွက် ခေါင်းဆောင်အဆင့် ဇွန်ဘီများကို လုံးဝ ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။

ညီအစ်မများ၏ သဘောထားက ပြဿနာတစ်ခု မဟုတ်တော့ပေ။ သူတို့က ငယ်သေးသည့်အတွက် သွေးအနီမိုနီ၏ လွှမ်းမိုးမှု ရှိသည်။ သူတို့က ယခု ဝမ်ချင်းလင်ကို အရမ်းယုံကြည်မှီခိုနေကြသည်။ ယခု အကြီးမားဆုံးပြဿနာက အမြဲတမ်း ဆန့်ကျင်ဘက်လုပ်နေသည့် သွေးအလောင်းကောင်ပင် ဖြစ်သည်။

“ မင်းကို ဆန့်ကျင်နေတဲ့ ဇွန်ဘီတွေရှိနေရင် ချက်ချင်းသတ်ပစ်လိုက်။ ဒါမှ အဆုံးမရှိတဲ့ ပြဿနာတွေကို ရှောင်ကြဉ်နိုင်မှာ” ကျန်းလန်နှင့် ဝမ်ကျန်းက လင်းချန်မြို့တော်၏ အနာဂတ်နှင့် ပတ်သက်သော အစီအရင်များကို အသေးအစိတ်ရေးဆွဲထားသည့် စာရွက်ကို ကိုင်ဆောင်ကာ ဝင်လာသည်။

သွေးအလောင်းကောင်က အားလုံး၏ ပစ်ပယ်ခြင်းကို ခံနေရသည်။

လက်လျှော့အညံ့ခံတာအပြင် သူ ဘာများလုပ်နိုင်သေးလို့လဲ

မင်း ဒီနေရာမှာ သေလို့ မဖြစ်သေးဘူး မဟုတ်လား

သူက ဝမ်ချင်းလင်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ သူနှင့် ဝမ်ချင်းလင်ကြားက ခြားနားမှုကို သူ ကောင်းကောင်း ခံစားလို့ ရနိုင်သည်။

သွေးအလောင်းကောင်က ပြောလိုက်သည်

“ ငါ မပြောတော့ပါဘူး။ မင်းက အရှင်သခင်ဆိုတော့ မင်းပဲ ဆုံးဖြတ်လိုက်တော့လေ”

အားလုံး သဘောတူညီမှု ရပြီးနောက် လင်းချန်မြို့တော်၏ အနာဂတ်ကို စတင် အစီအစဉ်ချနိုင်တော့သည်။

လင်းချန်မြို့တော်၏ မူလ အခြေခံတည်ဆောက်ပုံက ဗဟိုတူ စက်ဝိုင်းများ ရစ်ပတ်ထားသဖွယ် တည်ဆောက်ထားသည်။ မြို့က အလယ်မှာ ရောက်နေပြီး မြို့ပြငါးခုနှင့် မြို့ဆင်ခြေဖုံးလေးခုက ဘေးတွင် ဝန်းရံထားသည်။ ဝမ်ချင်းလင်က ထိုအစီအစဉ်အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဆင်ခြေဖုံးများက ဇွန်ဘီရိုင်းများ၏ နယ်မြေဖြစ်သည်။

မိဘများကလည်း သူ့အကြံကို သဘောတူကြသည်။ သူတို့၏ အခြေစိုက်စခန်းထဲရှိ ဇွန်ဘီယဉ်အရေအတွက်က အချိန်တိုအတွင်း ဆယ်သန်းအထိ မများနိုင်ဘူးဟု စဉ်းစားကာ ကြီးမားသော နေရာလည်း မလိုပေ။ တခြားမျိုးစိတ်များ အသက်ရှင်ဖို့အတွက်လည်း နည်းလမ်းများ ရှိရဦးမည်။

မြို့ပြငါးခုကို တည်ဆောက်ရာတွင်ပင် တစ်ညတည်းဖြင့် ပြီးပြတ်အောင် မလုပ်နိုင်ပေ။ မြို့လယ်ခေါင်ကို ဗဟိုအဖြစ် သတ်မှတ်ကာ မြို့ပြကို အဆင့်သုံးအဆင့်ဖြင့် တည်ဆောက်သင့်သည်ဟု ဝမ်ချင်းလင်က အကြံပြုလိုက်သည်။ ဗဟိုမြို့၊ အတွင်းပိုင်းမြို့၊ အလယ်ပိုင်းမြို့၊ အပြင်ဘက်ပိုင်းမြို့ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက်သင့်သည်။ မြို့တံတိုင်းများကို ခွဲထားပြီး မြို့တံခါးကို အရပ်လေးမျက်နှာတွင် တည်ဆောက်ထားမည်။ အပြင်ဘက်ပိုင်းမြို့၏ အပြင်ဘက်တွင် အဓိက မြို့ပြလေးမြို့၏ နေရာ ရှိမည်။

အဘယ်ကြောင့်ဆိုသော် ဇွန်ဘီယဉ် အရေအတွက်က နည်းပါးသည့်အတွက် လတ်တလောအတွက် ဧရာမ အခြေစိုက်စခန်း တည်ဆောက်ဖို့ မလိုအပ်ပေ။ ဝမ်ချင်းလင်က ဗဟိုမြို့နှင့် အတွင်းပိုင်းမြို့၏ မြို့တံတိုင်းများကို စတင်ဆောက်လုပ်ကာ ပတ်ဝန်းကျင် ရေနုတ်မြောင်းများကို အရင်ဆုံး ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ပျက်စီးနေသော အဆောက်အအုံများကို ပြန်လည် ပြုပြင်လို့ရသည်။ ပြန်လည်ပြင်ဆင်သည့် ကုန်ကျစရိတ်လည်း လျော့ကျသွားသည်။

ဝမ်ချင်းလင်က မြို့တံတိုင်း ဆောက်ဖို့သာ လိုအပ်ပြီး တခြားလူများက အထဲတွင် အစီအရင်ချဖို့ တာဝန်ယူထားကြသည်။ အားလုံး အတူတူ ပူးပေါင်းလုပ်ဆောင်ပါက အလုပ်မြန်မြန် ပြီးသည်။

သေချာဆွေးနွေးပြီးနောက် ဝမ်ချင်းလင်က အားလုံးကို မြို့လယ်ခေါင်သို့ ခေါ်သွားပြီးနောက် မြို့တံတိုင်း တည်ဆောက်ခြင်းကို စတင်လုပ်ဆောင်တော့သည်။

သွေးအလောင်းကောင် စိတ်ပူနေသော ပြဿနာ မဖြစ်လာခဲ့ပေ။ မြို့တံတိုင်းက ရှည်လျားသော်လည်း ဝမ်ချင်းလင်အတွက် မခက်ခဲပေ။ နန်းချန်၏ မြို့တံတိုင်းကို တစ်ခါထဲဖြင့် တည်ဆောက်နိုင်ခဲ့သည်။ ယခု အဆပေါင်းများစွာ တိုးတက်လာသည့်အတွက် တည်ဆောက်ဖို့ ပိုမိုလွယ်ကူသည်။

ဗဟိုမြို့နှင့် အတွင်းပိုင်းမြို့၏ နံရံမြင့်မြင့်များက အားလုံး၏ မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ဗဟိုမြို့၏ မြို့တံတိုင်းက မီတာ ၂၀ မြင့်ပြီး အတွင်းပိုင်းမြို့၏ မြို့တံတိုင်းက ၁၈မီတာမြင့်သည်။ ဝမ်ချင်းလင်၏ ယခုလက်ရှိ ဇွန်ဘီယဉ်အခြေစိုက်စခန်းက အတွင်းပိုင်းမြို့ထဲသို့ ရောက်ရှိသွားသည်။

ဗဟိုမြို့နှင့် အတွင်းပိုင်းမြို့၏ ဂိတ်တံခါးများကို ကျယ်ကျယ်ဖွင့်ပေးထားကာ ဇွန်ဘီရိုင်းများနှင့် သန္ဓေပြောင်း တိရစ္ဆာန်များကို သူတို့ဘာသာသူတို့ ထွက်သွားခွင့် ပေးလိုက်သည်။ မဟုတ်ပါက မြို့ထဲမှာ ပိတ်လှောင်နေပြီး ဆာလောင်ကာ သေဆုံးသွားနိုင်သည်။ တခြား ဖြစ်နိုင်ချေ မရှိတော့ပေ။ ရေရှည်ကို ကြည့်သည့်အနေဖြင့် ဝမ်ချင်းလင်က ကွမ်းလျန်မြို့ထဲရှိ သန္ဓေပြောင်း တိရစ္ဆာန်အားလုံးကို မသတ်ပေ။ သူတို့အားလုံးက စားစရာဖြစ်ပြီး ကောင်းကောင်း ပျိုးထောင်သင့်သည်။

ဧရာမ ဇွန်ဘီယဉ်အခြေစိုက်စခန်း တည်ဆောက်မှုက စတင်ပြီးနေပြီဖြစ်သည်။ ဝမ်ချင်းလင်က အချိန်မလုံလောက်ဖြစ်နေသည်။ သူ့လက်ထဲတွင် သွေးအနီမိုနီများစွာ ရှိနေသော်လည်း မလုံလောက်သေးပေ။

ဝမ်ကျန်းက ပြောလိုက်သည်

“ ဒါ မကောင်းဘူးနော်။ သွေးအနီမိုနီ ကြီးထွားလာဖို့အတွက် မင်းကိုယ်မင်း အချိန်တိုင်း သွေးထွက်အောင် လုပ်ထားလို့ မရဘူး။ မင်း တခြားနည်းလမ်း စဉ်းစားကြည့်ရမယ်”

ကျန်းလန်က သူမ၏ သားအတွက် စိတ်မကောင်းဖြစ်စွာဖြင့် ပြောလိုက်သည်

“ အမေတို့ စမ်းသပ်ခန်းတစ်ခု လုပ်ပြီးတော့ သွေးအနီမိုနီကို ဘယ်လိုကြီးထွားအောင် လုပ်လို့ရမလဲဆိုတာကို လေ့လာကြရအောင်လေ။ တန်ဖိုးက ကြီးနိုင်သမျှ ကြီးလာမှာပဲ”

သားအဖနှစ်ယောက်က ကျန်းလန်ကို တစ်ပြိုင်တည်း ကြည့်လိုက်ပြီး သူမကို လက်မထောင်ပြလိုက်သည်။

ဝမ်ချင်းလင်က ပြောလိုက်သည်

“ အမေက အမြင်ရှိတဲ့သူပဲ”

ဝမ်ကျန်းက ပြောလိုက်သည်

“ ငါ့မိန်းမ ပြောတာ အရမ်းမှန်တယ်။ ရှီချန်မှာ စမ်းသပ်ခန်းတစ်ခု ရှိတယ် မဟုတ်လား။ အဲဒါကို ရှင်းပြီးတော့ ငါတို့ဘာသာငါတို့ လေ့လာရအောင်။ စမ်းသပ်သူတွေကတော့…”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ ကျွန်တော် ရွေးထားတာရှိတယ်။ ကျွန်တော် ဒီက ကိစ္စလေးတွေ ပြီးတာနဲ့ သူတို့ကို သွားရှာလိုက်မယ်”

ဝမ်ကျန်းက ပြောလိုက်သည်

“ ဒီမှာ ဘာမှ အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ မြန်မြန်သွားပြီးတော့ သူတို့ကို ရှာလိုက်လေ”

ကျန်းလန်က ထပ်ပြောလိုက်သည်

“ မင်း ဇွန်ဘီဗိုင်းရပ်စ်အတွက် ဖြေဆေးကို ရှာနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါဆိုရင် မင်းလည်း အချိန်တိုင်း သွေးအနီမိုနီနဲ့ ကုသပေးစရာ မလိုတော့ဘူးလေ။”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ အမေ ပြောတာ အားလုံးမှန်တယ်”

ဝမ်ကျန်းက ပြောလိုက်သည်

“ ငါ့မိန်းမ ပြောတာက အမှန်တွေချည်းပဲ”

သို့သော် စမ်းသပ်ချက် ရလဒ်ကို အမြဲတမ်း မတတ်နိုင်ပေ။ အမြဲတမ်း အဆင့်ဆင့် လုပ်ရသည်။ ဝမ်ချင်းလင် လုပ်တာ ပိုမြန်သည့်အတွက် နည်းလမ်းတစ်ခု ရှာလိုက်သည်။ သူက သစ်သားဓာတ် စွမ်းရည်ကို အသုံးပြုကာ သွေးအနီမိုနီ၏ ကြီးထွားမှုကို ကြေညာလိုက်သည်။ သူတို့ကို ခွဲပြီး စားပါက ပိုများသော ဇွန်ဘီကို ကုသပေးနိုင်မည် ဖြစ်သည်။

ဝမ်ချင်းလင်က ယခုလက်ရှိတွင် နန်းချန်ရှိ ဇွန်ဘီညီအစ်ကိုထဲမှ ရွေးချယ်ထားလိုက်သည်။ ပထမဆုံး ရွေးချယ်မှုက ဇွန်ဘီရိုင်းများ ဇွန်ဘီယဉ်ဖြစ်လာဖို့ အတွက် ဖြစ်သည်။ ဝမ်ချင်းလင်က သွေးအနီမိုနီကို သူ့မိဘများဆီ ပေးခဲ့ပြီး ဆက်လက်ကုသခိုင်းခဲ့ကာ သူက ရုန်ချန်ကို သွားဖို့ အဆင်သင့်ပြင်လိုက်သည်။

ဝမ်ချင်းလင်၏ ပစ်မှတ်က မစ္စတာမုန့် ခေါ်လာသော စမ်းသပ်သူ လက်ထောက်အချို့ပင် ဖြစ်သည်။ သူတို့က လက်ထောက်များဖြစ်သည့်အတွက် အသုံးဝင်နိုင်သည်။ ဝမ်ချင်းလင်က သူတို့ကို ဇွန်ဘီယဉ်များ ဖြစ်လာဖို့ဆန္ဒရှိလားဆိုတာ မေးဖို့ ဆုံးဖြတ်ထားသည်။ သူ့အတွက် အလုပ်လုပ်ပေးရမည်။ မလိုချင်ပါက သွေးအနီမိုနီကိုလည်း ဖြုန်းတီးပေးမည် မဟုတ်ပေ။

မူလ အခြေစိုက်စခန်းကို သန့်ရှင်းပြီးနောက် ဇွန်ဘီယဉ်များက ဗဟိုမြို့နှင့် အတွင်းပိုင်းမြို့တို့တွင် စတင်စုစည်းလာကြသည်။ ညီအစ်မနှစ်ယောက်နှင့် သွေးအလောင်းကောင်တို့က ဇွန်ဘီများကို ပစ္စည်းများ သယ်ဖို့ ထိန်းချုပ်ပေးကြသည်။ အားလုံးက တည်ဆောက်ဖို့အတွက် အတူတူ အလုပ်လုပ်နေကြသည်။

ဝမ်ချင်းလင်က ညီအစ်မနှစ်ယေက်နှင့် သွေးအလောင်းကောင်ကို မပိတ်ပင်ထားပေ။ သူတို့တွင် ရှီချန်နှင့် တုံချန်ရှိ ဇွန်ဘီများကို ထိန်းချုပ်ခွင့် ရှိသေးသည်။ ကိစ္စကြီးကြီးမားမားရှိလျှင်တော့ ဝမ်ချင်းလင်ကို ပြောရမည် ဖြစ်သည်။ မပြောလျှင်ပင် ဝမ်ချင်းလင် မသိတာမျိုး မရှိပေ။

ဝမ်ချင်းလင်က လင်းချန်မြို့တော်၏ အရှင်သခင် ဖြစ်သည့်အတွက် သူ သိချင်တာ တစ်ခုခုရှိလျှင် ဘယ်အရာမှ သူ့ဆီမှ ဖုံးကွယ်၍ မရနိုင်ပေ။


Report Page