(4.2)

(4.2)

Your Baobae(kp)

(4.2)


ချင်ရှောင်းမန် ဆိုတာက ခေါင်းမာတဲ့ ကော တစ်ယောက် ဖြစ်ပြီးတော့ မိဘတွေ ချန်ထားခဲ့တဲ့ အိမ်မှာပဲ ဆက်နေဖို့ စွဲမြဲ ထားတဲ့ သူပါ။ သူက ငယ်စဥ် ကတည်း က ထူးချွန် ပြီးတော့ အမျိုးသား တွေ နဲ့တောင်မှ တိုက်ခိုက် နိုင်ပါ သေးတယ်။ 


တကယ်လို့ ချင်ရှောင်းမန် ကသာ နောက်ထပ် ပြဿနာ တွေ ရှာ လာတယ် ဆိုရင်တောင် သူက သူ့တူ ကို မဆူရက်ပါချေ။ ဒါပေမယ့် သူ့လို ကလေးတွေ ရှိပြီးသား ဖခင် တစ်ယောက် အနေနဲ့ သူ့တူ လေးရဲ့ အိမ်တံစက်မြိတ် မှာ အမျိုးသား တစ်ယောက်ရဲ့ အတွင်းခံ အဝတ်တောင် လှမ်းထား တယ် ဆိုတာ ကို ကြားတော့ အတွေ့အကြုံ ရှိပြီးသား မလို့ မကောင်းတဲ့ ခံစားချက်တွေ ရလာပါတယ်။ 


ဒီလို ရွာတွေ ရဲ့ ဓလေ့ တွေက မြို့တွေ ရဲ့ ဓလေ့ တွေ လိုမျိုး အရမ်း တင်းကြပ် ရှုပ်ထွေး တာမျိုး မရှိချေ။ ဥပမာ ပြောရရင် ရွာမှာ ကွဲကွာ သွားတဲ့ သူဆို နောက်ထပ် တစ်အိမ်ထောင် ထပ်ပြု လို့ ရနိုင်ပါတယ်။ မြို့ကြီး တွေမှာတော့ ဒါမျိုးကို လုံးဝ လက်မခံ နိုင်ကြ ဘူးလေ။ 



အခုလို အောက်ခံ အဝတ်က အစ ထုတ်လှမ်း တာက အသစ်စက်စက် ဇနီးမောင်နှံ သာဆို ဘာကိစ္စမှ မရှိပေမယ့် လည်း ချင်ရှောင်းမန် က အခု ထိ အပြစ်ကင်း စင် နေသေးတဲ့ ကောလေး တစ်ယောက် အဖြစ်နဲ့ပဲ ရှိနေ သေးတယ်လေ။ 


တကယ်လို့ အဲ့ တစ်ယောက် မကောင်းလို့ ပစ်ထုတ် လိုက်နိုင်တယ် ဆိုရင်တောင်မှ ဒီကိစ္စကြောင့် အနာဂတ်မှာ ပိုကောင်းတဲ့ လူကို ရှာဖို့ရာ အတွက် ခက်ခဲ သွားတော့ မယ်လေ။ 



'' ဒီကလေး ကတော့! ''



အခန်းထဲ မှာ ရှိနေတဲ့ လူတွေ ကလည်း အပြင်က အမျိုးသား နှစ်ယောက် ပြောနေတဲ့ စကား သံတွေကို သေချာပေါက် ကြားရ ပါတယ်။ ချင်ရှောင်း ရဲ့ မိန်းမ ဖြစ်တဲ့ လီဝမ်ကျု က စိတ်လှုပ်ရှား စရာ သတင်းကြောင့် အအေးဒဏ် ကို အံတု ခံရင်း မီးဖိုချောင်ထဲ ကနေတောင် မှ လိုက်ထွက် လာခဲ့ တယ်လေ။ 


တံစက်မြိတ် အောက်မှာ ကွာစေ့ စားနေရင်း သူ့ ယောကျာ်း က နံရံမှာ ချိတ်ထား တဲ့ ဝါး ဦးထုတ်ကို ယူကာ သွားဖို့ ပြင်နေတာ ကို တွေ့တော့ ​ငြီးငြူပြီး သတိလှမ်း ပေးလိုက် လေတယ်။ 



'' အပေါ်က မိုးကို ကာပေး နိုင်တဲ့ အဝတ်ကိုလည်း ဝတ်သွားအုံး။ ရှောင်းမန် က အခုလို သည်းနေတဲ့ နှင်းမိုးထက် ပိုပြီး စိုးရိမ်စရာ တစ်စက်တောင် မရှိဘူး။ ဟိုကို ရောက်ရင် ခေါ်လာတဲ့ ပတ်သတ်ပြီး တော့ သေချာ စကား ပြောခဲ့။ တကယ်လို့ အဲ့တာ က ရောက်ပြီး တာ သေချာ နေတယ် ဆိုရင်တော့ ဒီကြားထဲ ဘာတွေ ဖြစ်ပျက်သွား လဲ ဆိုတာ မှန်းဆ မရ နိုင်တော့ ဘူးပေါ့ ''


ချင်ရှောင်း က လီဝမ်ကျူ ကို စိုက်ကြည့် လိုက်လေတယ်။ 



သူ့ ယောကျာ်း က ကျောက်ချီကို ခေါ်ပြီး မိုးသည်း ထဲ အမြန် ထွက်သွားတာ ကို ကြည့်နေချိန် သူ့အိမ်က ကောက ပါ အပြင်လိုက် ထွက်လာတာ ကိုတွေ့တော့ သူ့ ကောသား လေး လက်ထဲ ကွာ​စေ့ ထည့်ပေးကာ ပြောလိုက်တယ်။ 



'' မင်းအဖေ ကတော့ ငါ့ကို စိုက်ကြည့် သွားတယ်လေ။ ဘယ်လိုတောင် နှလုံးသား မဲ့ရတာလဲ ''



သူက ရယ်မော လိုက်ကာ ထပ်ပြီးတော့ ပြောလာ လေတယ်။ 



'' အဲ့ ရှောင်းမန် ကတော့ တကယ့်ကို ပြဿနာ အိုးပဲ။ ဒီရွာက မိန်းမတွေ အတင်းအဖျင်း ပြောတာကို တကယ်မှတ်နေ သေးတဲ့ အပြင် ယောကျာ်း တစ်ယောက် ကိုတောင် အပြင်ကနေ သူ့ဘာသာ သူ သွားရှာ လာသတဲ့လေ ''


ချင်ရှောင်းကျူ က ပြောလာတယ်။ 



'' အကို ရှောင်းမန် က အမြဲတမ်း အကြံအစည် တွေနဲ့ ပြည့်နေ ပြီးသားလေ။ ပြီးတော့ သူက လွှမ်းမိုးချုပ် ကိုင် တက်သေးတယ်။ ဒီတော့ သူက ဘာမှ မတက်နိုင် တော့ဘူးပေါ့။ ဒီရွာ ထဲကို သွားပြီး ဘယ်ညာ ကြည့်ရင်တောင် သူ့ကို လက်ထပ်ချင်တဲ့ သူ တစ်ယောက် မှ ရှိမနေဘူးလေ။ တကယ်လို့ သူ့ဘာသာ သူ မှ တစ်ယောက် မရှာ နိုင်ရင် သူ့မှာ ပျော်ရွှင် စရာ ကောင်းမွန်တဲ့ ဘဝ ဘယ်ရ နိုင်တော့ မလဲ ဆိုပြီး တွေးမိလို့ နေမှာပေါ့ ။ မဟုတ်ရင် သူ့တစ်ဘဝ လုံး မုဆိုးမ အနေနဲ့ နေသွား ရမှာ ကြောက်လို့ နေမှာပေါ့ ''


မအေ ဖြစ်သူ နဲ့ သား ဖြစ်သူ က အအေးဒဏ်ကြောင့် လည်ပင်း မကျုံ့သွားခင် တစ်ခဏ ရယ်မော နေကြ ပြီးတော့ အိမ်ထဲကို ပြန်ဝင်သွား တော့လေတယ်။ 


...............


'' အခု က သစ်အယ်သီး စားရတဲ့ ရာသီ ချိန် တောင် ရောက်ပြီပေါ့ ''



သုဟန် က အိမ်အပြင်မှာ တဖွဲဖွဲ ကျနေတဲ့ နှင်းတွေ ကို လှမ်းကြည့် ပြီးတော့ စိတ်ခံစား ချက် အပြည့်နဲ့ ပြောလိုက် လေတယ်။ 


ထမင်း ပန်းကန်တွေ ထုတ်နေတဲ့ ချင်ရှောင်းမန် က ထိုစကားကို ကြားတော့ ရပ်တန့် သွားလေတယ်။ သူက ဘာမှ မပြော ရသေးခင် မှာပဲ သုဟန် က ဆက်ပြီးတော့ မေးလာတဲ့ အသံကို ကြားလိုက် ရ လေတယ်။ 



'' အစောက လူကလေ မင်းကို ကြိုက်နေတဲ့ သူလားဟင်? ''



'' ခများ ခေါင်းထဲမှာ ရှိတဲ့ အတွေးက ခများကြိုက်လား မကြိုက်ဘူး လား ဆိုတဲ့ အတွေးတွေ ပဲလား ''



ရှောင်းမန် က ပန်းကန်ထဲ ထမင်း ထပ်ထည့် ပေးလိုက် ပြီးတော့ တူ တစ်စုံ ကိုပါ ချ ပေးလိုက်လေတယ်။ 



အနည်းငယ် တွေးတော ပြီးတဲ့နောက် သူက စတင်ပြီး ရှင်းပြ လာခဲ့တယ်လေ။ 


''ငါ့အဖေ မဆုံးခင် တုံးက ကျောက်မိသားစု နဲ့ စာချုပ်တွေ အများကြီး ရှိခဲ့တယ်။ ပြီးတော့ ငါတို့ အရွယ်ရောက် လာရင် ပေးစားမယ် ဆိုပြီးတော့ နှုတ်ကတိ တစ်ခု ထားခဲ့တယ်လေ ''



သုဟန် ရဲ့ မျက်ခုံးတွေက တွန့်သွား လေတယ်။ 



'' ဆိုတော့ မင်းတို့ နှစ်ယောက် က အခု ရန်ဖြစ်ထားတာ မလို့ သူ ဒေါသ ထွက်စေဖို့ ငါ့ကို ခေါ်လာတဲ့ သဘောမျိုးလား ''



'' ငါက ကလေး မဟုတ်ပါဘူး။ ​ငါက အနည်းငယ် ထုံအ ပါတယ်။ ဒါပေမယ့် လည်း ငါက အဲ့လိုမျိုး ကလေးဆန်တာ တွေ လုပ်ရ လောက်တဲ့ အထိတော့ ရူးမိုက်တာ မျိုး မရှိပါဘူး ''


ချင်ရှောင်းမန် က ပါးစပ်ထဲ အစား အစာ တွေ အပြည့် တစ်လုတ် ထည့်လိုက် တာကြောင့် သူ ဝမ်းနည်း နေသလား ဆိုတာကို သုဟန် မပြောနိုင်ပါချေ။ ဒါပေမယ့် သူက စိတ်မရှည်စွာနဲ့ ပြောတာ ကို ကြားလိုက် ရလေတယ်။ 



'' ငါ့အဖေ ဆုံးပြီးသွားတော့ ကျောက်မိသားစု က သေချင်ယောင် ဆောင်ပြီး အဲ့ကတိ ရှိကြောင်း ဝန်မခံ တော့ဘူးလေ ''



သုဟန် က အဲ့တာကြောင့် စိတ်ရှုပ်သွား လေတယ်။ 



'' ဘာဖြစ်လို့လဲ ''


ချင်ရှောင်းမန် က သုဟန်အား မင်းက အရူးလား ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်လိုက်တယ်။ 


'' ငါက ဒေါသကြီး စိတ်ပုတ်ပြီး လွှမ်းမိုးလိုစိတ် ပြင်းတယ်။ ပြီးတော့ ရွာထဲမှာလည်း ငါ့ရဲ့ ဂုဏ်သတင်း ကလည်း မကောင်းဘူး ။ ငါ့အဖေ အသက်ရှင်နေ သေးတုံးကတော့ ငါ့အဖေ မျက်နှာ ကို ကြည့်ပြီး လက်ခံ ကြတာလေ။ ငါ့အဖေ လည်း ဆုံးရော ဘယ်သူမှ ငါ့ကို လက်မခံ ချင်ကြတာက သဘာဝ တော့ ကျပါတယ်လေ ''


'' ကျောက်မိသားစု က ဒီရွာမှာ အဆင်အတန်း ရှိတဲ့ အပြင် သား ကလည်း တစ်ယောက် ထဲ ရှိတာလေ။ မဒမ်ကျောက် က ငါ့လို ကောမျိုးကို သူ့သား နဲ့ လက်မထပ် ပေးချင်တာ က သဘာဝ ပါပဲ။ ဒါကြောင့် သူမ က သဘာဝ ကျကျ နဲ့ပဲ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး သူမ နောင်တ မရ နိုင်မယ့် အခြေအနေ မျိုးကို ရွေးချယ်ခဲ့တာလေ ''



'' ဒါက ကျောက်မိသားစု အမှားရယ်လို့ တော့ မဆိုသာ ပါဘူး။ ဘယ်သူမဆို ဘဝ တွေကို ပိုပြီး ကောင်းစား တာပဲ လိုချင် ကြတာပဲ။ တကယ်လို့ ကျောက်မိသားစု က လက်ထပ်ပွဲ အကြောင်း ဝန်မခံ ရင်ကို ဘာပြဿနာ မှ မရှိသေးဘူး ။ အနာဂတ်မှာ သူတို့နဲ့ ဆက်သွယ်တာ လျော့လိုက် ရုံပဲလိုတာလေ။ ဒါမဲ့ ကျောက်ချီ က အမြဲတမ်း ငါ့ကို ကူညီမယ်ဆိုပြီး အတင်းလာလုပ်နေတာ ။ သူ့အမေ ကလည်း သိပေမယ့် သူ့သား ကို တားမှ မရတာလေ။ နောက်တော့ သူက ငါ့နှာခေါင်းနားအထိ ကို လက်ညိုးနဲ့ ထိုးပြီး သူ့သားကို ငါ​က မြူစွယ်ထား ပါတယ် ဆိုပြီး ကြိမ်းမောင်းပါလေရော။ ဒါက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်လေ ''


သုဟန် က မျက်မှောင် ကြုတ်မိ ပြန်တယ်။ သူနဲ့ သူ့မျက်စိ ရှေ့က ကောလေး တို့ တွေ့တဲ့ အချိန် က တကယ့်ကို တိုတိုလေး ပဲ ဖြစ်တာတောင်မှ ဒီအတောအတွင်း ဆက်ဆံ ပြောဆို လုပ်ကိုင်တာ ကို ကြည့်ခြင်း အားဖြင့် ဒီကောလေး က အဖြူထည်လေး ဆိုတာကို သူခန့်မှန်း နိုင်တယ်။ ဘယ်သူမှန်း မသိတာ တောင်မှ နွေးထွေးမှု နဲ့ လူသားချင်း စာနာမှု ကို သူခံစား မိတယ်လေ။



လက်တွေ့ မှာ ဘာမှ မလုပ်နိုင်သေးတဲ့ သုဟန်ဟာ နှုတ်ချိုချို စကားလေး ပြောကာ ကတိ ပေးလိုက်တယ်။ 



'' တကယ်လို့ အဲ့ကောင်က မင်းကို နောက်တစ်ခါ လာ ပြီး နှောင့်ယှက်ရင် ငါ သူ့ကို အဝေးစီ မောင်းထုတ်ပေးမယ်''


 

ထိုစကားကို ကြားတော့ မန်ကောအာ ခမျာ အပျော်လုံးတွေ ဆို့သွား ပါတော့တယ်။ 


'' လုပ်ပစ်လိုက်စမ်းပါ။ ခများက တစ်စုံ တစ်ယောက် ကိုတော့ ခြောက်ပစ်လို့ ရနိုင်ပါတယ်ဗျာ။ ခများက ခြေမသန်လို့ ဘာမှ စိတ်မပူနဲ့။ အဲ့ကျောက်ချီ ဆိုတဲ့ ကောင်က ခြေလက် သန်မာ တာတောင်မှ သူရဲဘောကြောင် တဲ့ကောင်ဗျ ''


အဲ့ လူက သူရဲဘောကြောင်တာ မဟုတ်ပဲ လူငယ်လေးရဲ့ ဒေါသ ကြောင့် ကြောက်နေတာ လို့ သုဟန် ပြောချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ သူ့ရုပ်ပိုင်း ဆိုင်ရာ အခြေအနေ ကို တွေးမိပြီး ဘာမှ မပြောတော့ ပါချေ။ 



သူ့ပါးစပ်ကို မဖွင့်ရ သေးခင်မှာပဲ အပြင်က ခြံ တံခါးစီ ကနေ အကြိမ်ပေါင်းများစွာ ခေါက်နေတဲ့ အသံတွေက အပြင်ကနေ ဆက်တိုက် ထွက်ပေါ်လို့ လာလေတယ်။ 



......................................


Report Page