(38)

(38)

Your Baobae(kp)

(38) 


''စုဝေး ပြီးတော့ အကုန်အသင့် ပြင်ကြ အနောက်တိုက် က ဖုန့် ကလန် ဆီကို သွား တိုက်ကြ မယ် ''


ထိုစကား လည်း ထွက်ပေါ်လာ ပြီးတာနဲ့ မြွေ နန်းတော် တစ်ခုလုံး အကြီးအကျယ် တုန်လှုပ် သွားစေ ခဲ့တယ်လေ။ 


ဒါက အရမ်းကို ကြီးကျယ်တဲ့ စစ်ပွဲ တစ်ခုပဲ။


ထိုစစ်ပွဲ သာ တကယ် ဖြစ်လာ ခဲ့မယ် ဆိုရင် အရှေ့ဘက် နယ်မြေ ရော အနောက်ဘက် နယ်မြေ ပါ အကြီး အကျယ် ထိခိုက် ပျက်စီး ကြရ လိမ့်မယ်။ 


ဒါပေမယ့် ဟဲလျန်ချန်း က အရမ်း ကိုပဲ စွမ်းအား ကြီးတဲ့ အတွက်ကြောင့် ဘာပဲ လုပ်ပါစေ ဘယ်သူ ကမှ သူ့ကို မဖျောင့်ဖျ နိုင်ဘူးလေ။ 


'' မြန်မြန် ပြင်ဆင် ကြစမ်း ပြီးတော့ နောက်တစ်နာ ရီ အတွင်း ထွက်ကြမယ် ''


မြွေနန်းတော် က လူတိုင်း ခမျာ အမြန်အဆန် ပဲ လူစုကာ ပြင်ဆင်စရာ ရှိတာ တွေကို အသဲအသန် လုပ်နေကာ ကျူးကျော်ဖို့ အတွက် ပြင်ဆင် နေ ကြလေတယ်။


ဟဲလျန်ချန်း ကတော့ မြွေနန်းတော် ရဲ့ ဟောခန်း ထဲကို သွားကာ အမြင့်ဆုံး ထိုင်ခုံမှာ ထိုင်နေ ရင်း နဲ့ လူတိုင်း စုဝေး ပြီး ထွက်ပေါ် လာမယ့် လူအင်အားနဲ့ ပြင်ဆင် မှုတွေကို စောင့်နေ ခဲ့လေတယ်။ ပြီးတာနဲ့ အကုန်လုံး တစ်စု တစည်း ထဲ ပူးပေါင်းကာ အနောက်ဘက် နယ် က ဖုန့်ကလန် ဆီကို သွားပြီး တိုက်တော့ မှာပဲ ဖြစ်လေတယ်။ 


အချိန်က လျှင်မြန်စွာ ပဲ ကုန်ဆုံး သွား ပြီးတော့ တစ်နာ ရီဆိုတာ ကလည်း မျက်တောင် တစ်ခက်အတွင်း မှာပဲ ကုန်ဆုံး သွားလေတယ်။


ဟဲလျန်ချန်း က သူ့မျက်လုံးကို မော့ကာ အပြင် ဘက် က ကောင်း ​ကင် ကြီး ကို ကြည့်လိုက် ပြီးတော့ ထရပ်ကာ အပြင်ကို ထွက်ဖို့ ပြင်လိုက် လေတယ်။ 


ထိုအချိန်မှာပဲ အစောင့် တစ်ယောက် က အထဲကို ဝင်လာခဲ့ လေတယ်။ 



'' မြွေ အရှင်သခင် ကို လျောက်တင် ပါတယ်။ အပြင်ဘက် မှာ အရှင့်ကို ရှာဖွေ နေတဲ့ လူနှစ်ယောက် ရောက်နေ ပါတယ်။ ''


'' မတွေ့ချင်ဘူး ''


ထိုအခိုက် အတန့်မှာ ဟဲလျန်ချန်း ရဲ့ မျက်လုံး တွေ နဲ့ နှလုံးသား ထဲမှာ ဖုန့်ကလန် ကို တိုက်ခိုက်ပြီးတော့ စုယွမ် ကို သူ့လက်ထဲ ပြန်ရအောင် ခေါ်မယ် ဆိုတာကို ပဲ အာရုံ ရှိလေတယ်။ ဒါကြောင့် မလို့ သူက တစ်ခြား ဘယ်သူ ကိုမှ ဒီအချိန်မှာ မတွေ့ချင် ပါပေ။ 


သူ့ကို သတင်းလာ ပို့တဲ့ အစောင့် က တုံ့ဆိုင်း နေပြီးတော့ မြေပြင်ပေါ်မှာ ဒူးထောက် နေဆဲ ပဲ ရှိနေ သေးတယ်။


''ထွက်သွား တော့ ''


ဟဲလျန်ချန်း က အေးစက် စွာ ပြောလိုက်တယ်။ 


ထိုအစောင့် ခမျာ မျက်လုံး စုံမှိတ်ပြီးတော့ အတင်း တွန်းအား ပေးကာ ပြောလိုက် လေတယ်။ 


'' သူတို့က စုယွမ် ရဲ့ သူငယ်ချင်း တွေလို့ ပြောပါတယ် ''


ထိုကဲ့သို့ သတင်း ပို့ပြီး သွားတဲ့ နောက်တော့ ထိုအစောင့် ခမျာ အနည်းငယ် နောင်တ ရချင်မိ သွား လေတယ်။ သူက အဲ့နှစ်ယောက် ဆီက ပစ္စည်းတွေ လက်မခံ လိုက် သင့်ပါဘူးလေ။ မြွေအရှင်ကို ဆန့်ကျင်ခုခံ လို့ ဖြစ်ပေါ်လာ မယ့် အကျိုးရလဒ် က သူတက်နိုင်တဲ့ အရာ တစ်ခု မဟုတ်ဘူး လေ။ 


'' ထပ်ပြောလိုက်စမ်း! ''


အစောင့်ရဲ့ နှလုံးသား လေး ခမျာ တုန်ရီ သွားချိန်မှာ သူ့ကိုယ် က ပေါ့သွား သလို ခံစား လိုက်ရလေတယ်။ ပြီးတော့ တကယ်ပဲ သူ့ကို ဟဲလျန်ချန်း က ကောက်မ လိုက်တာ ပဲ ဖြစ်လေတယ်။ 


'' သူတို့ က စုယွမ် ရဲ့ သူငယ်ချင်း တွေ လို့ ပြောပါတယ် ''


'' အထဲကို ခေါ်လာခဲ့! ''


ဟဲလျန်ချန်း က ချက်ချင်း ပဲ ပြေးထွက် သွားပြီးတော့ အဲ့နှစ်ယောက် ကို ဂုတ်က နေ ဆွဲခေါ်လာ လိုခဲ့တယ်။ ဒါပေမယ့် အဲ့ထဲ က တစ်ယောက် ယောက် ကိုများ ထိခိုက် မိအောင် လုပ်မိ သွားရင် မကောင်းမှာ စိုးရတယ်လေ။ 


အစောင့် ခမျာ လွတ်ငြိမ်းချမ်းသာ ခွင့် ရတဲ့ လူလို အမြန် ပြေး ထွက် သွားလေတယ်။ 


ဟဲလျန်ချန်း က အစောက ခုံမှာ ပဲ ပြန်ထိုင် လိုက် ပြီးတော့ ဒီတစ်ခါ မှာတော့ တံခါး ဆီကိုပဲ စိုက်ကြည့် နေခဲ့ လေတယ်။ 


တစ်ခဏ ကြာပြီးတဲ့ နောက် ပုံရိပ် နှစ် ခု ဖြေးဖြေးချင်း ဝင်လာတာ ကို သူ တွေ့ လိုက်ရ လေတယ်။ 


ဟဲလျန်ချန်း က အဲ့တာကို ကြည့်လိုက်တော့ အမျိုးသား တစ်ယောက် နဲ့ အမျိုးသမီး တစ်ယောက် ဆိုတာ ကိုတွေ့ လိုက်ရ လေတယ်။ 


အမျိုးသမီး ကတော့ သဘာဝ အတိုင်း အလှတရား ရှိပြီးတော့ အမျိုးသား ကတော့ အရပ်ရှည်ကာ လေဖောဖော နေတဲ့ လူဝံ ကြီးနဲ့ တူလေတယ်။ 


အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ။


သူတို့ က စုယွမ် သူငယ်ချင်း တွေ လား?


ဟဲလျန်ချန်း ရဲ့ မျက်လုံး တွေက ကျဥ်းမြောင်း သွားလေတယ်။ 


အခု ရောက်လာတာ က ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး ဆိုတာ ပဲ ဖြစ်ရမယ်။ 


ရှောင်ယွဲ့ က သူမ ရဲ့ မျက်လုံး ကို ပင့်ကာ ဟဲလျန်ချန်း ကို တစ်ချက် ကြည့်လိုက်တယ်။ ပြီးတော့ အဲ့အကြည့် တစ်ချက် နဲ့တင် တစ်ဖက် လူက သူမ နဲ့ ရှောင်ဟွေးဟွေး တို့ရဲ့ နောက်အဖေ တစ်ယောက် ဆိုတာ ကို အတည်ပြု နိုင်လေတယ်။ 


ရှောင်ဟွေးဟွေး ကတော့ ရှောင်ယွဲ့လို မျိုး တွေးတော ဆင်ခြင် သုံးသပ်မှု က ဘာမှကို မရှိပါပေ။ သူက ထိုအမျိုးသား ကို ကြည့်လိုက် ရတဲ့ အချိန်မှာ အရမ်းပဲ ကြင်နာ ပုံ ပေါက်တာ ကြေ င့် သူ့ခမျာ မနေနိုင်ပဲ ထို အမျိုးသား ကို ထပ်ကြည့် နေတာ ပဲ ဖြစ်လေတယ်။ 


ဟဲလျန်ချန်း က အချိန်မှီ ပြန်ဆုတ် လိုက်ကာ ဘာတွေများ ပြောင်းလဲ တာတွေ ဖြစ်သွား မလဲဆိုတာ ကို ဆက်ပြီး စောင့် ကြည့်ဖို့ ဆုံးဖြတ်ချက် ချ လိုက်လေတယ်။ ပြီးတော့ သဲလွန်စ တွေက တံခါးဆီ ရောက်မှ မလွတ်သွား ချင်ဘူးလေ။ 


'' မင်းတို့က? ''


ထိုအချိန်မှာ ပဲ ရှောင်ဟွေးဟွေး က ရူးကြောင် မူးကြောင် နဲ့ ထဖြေ နေမှာ စိုးလို့ ရှောင်ယွဲ့ က ဆွဲလိုက်ကာ သူမ ကပဲ ဖြေလိုက်တယ်။ 


'' ကျွန်မ နာမည် က ရှောင်ယွဲ့ ပါ။ သူကတော့ ရှောင်ဟွေးဟွေး လို့ ခေါ်ပါတယ်။ ကျွန်မ တို့က စုယွမ် ရဲ့ သူငယ်ချင်း တွေပါ ''


ဘာကြီး!


ဟဲလျန်ချန်း ရဲ့ မျက်လုံး တွေက စူးရဲစွာနဲ့ နစ်မြုပ်လာတယ်။ 


ဆိုတော့ သူ့ရှေ့မှာ ရောက်လာတဲ့ အဲ့လူ နှစ်ယောက် ကို ရှာဖို့ စုယွမ် က အလောတကြီး နဲ့ သူ့ကို ထားခဲ့ ရတဲ့ အကြောင်း အရင်း ပေါ့လေ။ 


အခုချိန်က စပြီးတော့ ဟဲလျန်ချန်း က ရှောင်ဟွေးဟွေး နဲ့ ရှောင်ယွဲ့တို့ကို ကြည့်တဲ့ အကြည့်တွေ က စတင် ပြီးတော့ လေးနက် လာခဲ့ လေတယ်။ 


ထို လူ နှစ်ယောက် ။ 


သူတို့ က စုယွမ် ကို သူ့ဆီ ကနေ အဝေး ရောက်အောင် ခေါ်သွား နိုင်တဲ့ စွမ်းရည် ရှိတယ်။ 


ဆိုတော့ စုယွမ် က ယောကျာ်း ရော မိန်းမ ပါ ကြိုက်တာ လား?


အမျိုးသမီး ကျတော့ သူ့လိုမျိုးပဲ လှလိုက်တာမှ နတ်သမီး လေး လို ဆိုတဲ့ ဟာကို ကြိုက်ပြီးတော့ အမျိုးသား ကျပြန်တော့ သူ့လိုပဲ အရမ်းကို ဝက်ဝံ တစ်ကောင်လို သန်မာတဲ့ လူကို ကြိုက်တာ များလား။ 


( နင်နဲ့ တူမှာပေါ့ အဲ့တာ နင့်ကလေး တွေ ပဲကို 🤣)


ဒါပေမယ့် အဲ့အချက်တွေကို စုစည်းပြီး ပြောရရင် စုယွမ် က သူ့ကို ကြိုက်နေ တာလား? 


တကယ်လို့ ဒီ အစားထိုး နှစ်ယောက် ကို မြွေဂူ ထဲ ပစ်ထည့် ပြီး မြွေစာ ကျွေးလိုက်ရင် စုယွမ်က သူ့တစ်ယောက် ထဲကို ပဲ ကြိုက်လောက် တော့လား။ 


ဟဲလျန်ချန်း က နှလုံးသား ထဲမှာ ပိုဆိုးယုတ် တဲ့ နည်းလမ်း တွေကို တွေးမိ လေလေ သူ့ရဲ့ အပြင်ဘက် ရုပ်သွင် က နူးညံ့ ပြီးတော့ သိမ်မွေ့ လာလေလေ ပါပဲ။ သူ့ရဲ့ ကိုယ်က သန်မာပြီး စွမ်းအားကြီး တဲ့ အလှလေး ပုံစံ က ပေါ်လာ လေလေ ပါပဲ။ 



'' စုယွမ်ရဲ့ သူငယ်ချင်း တွေ ဆို ကတည်းက ငါ့ရဲ့ သူငယ်ချင်း တွေ ပဲပေါ့လေ။ မင်းတို့ကို မြွေနန်းတော် ကနေ နွေးထွေးစွာ ကြိုဆိုပါတယ် ''


အခု ထိုလူ နှစ်ယောက် က သူ့ရဲ့ လက်ထဲ ကို ရောက်နေ ပြီ ဖြစ်တဲ့ အတွက်ကြောင့် ဟဲလျန်ချန်း ရဲ့ တုန်ရီ နေတဲ့ နှလုံးသား လေး က အတော်​လေး တည်ငြိမ် သွားလေတယ်။ 


ဒီ နှစ်ယောက် နဲ့သာ ဆို စုယွမ် က သူ့လက်ဖဝါး ထဲ ကနေ ဘယ်တော့မှ လွတ်မြောက်တော့ မှာ မဟုတ်ဘူး ပဲ။ 


'' စုယွမ် က ဘယ်မှာလဲ? ''


ရှောင်ယွဲ့ က မြွေမြွေချင်း ခြေမြင်တဲ့ အတွက် အသံအကျယ် ကြီးနဲ့ မေးလိုက် လေတယ်။ 


သူမ နဲ့ ရှောင်ဟွေးဟွေး တို့ ဒီနေရာ ကိုလာတဲ့ ဦးစားပေး ထိပ်ဆုံး ရည်ရွယ်ချက် က သူမ တို့ရဲ့ ဖေဖေ ကို ရှာဖို့ ပဲလေ။ 


ဟဲလျန်ချန်း ရဲ့ မျက်လုံး ထဲမှာ အလင်း တစ်ချို့ ဖြတ်ပြေး သွားတယ်။


'' လွန်ခဲ့တဲ့ ရက်အနည်းငယ် က စုယွမ် က ဒဏ်ရာ တစ်ခုခု ရသွား ခဲ့တယ်လေ။ ပြီးတော့ အဲ့တာကို ပြန်လည်ကုသ ဖို့ အချိန် အတောအတွင်း ကျရောက် နေတာ မလို့ သွားပြီး အနှောင့်အယှက် ပေးလို့ မကောင်းဘူး ရယ်။ ရက် နည်းနည်း ကြာပြီးရင် တော့ သူ ပြန်ကောင်း လာပြီးတော့ မင်းတို့နဲ့ အချင်းချင်း တွေ့ရ မှာပါ ''


'' အာ တျဲတျဲက..... အာ့! ''


( တျဲတျဲ =ခေတ်သုံး အခေါ် ဖေဖေ)


ရှောင်ဟွေးဟွေး က ချက်ချင်း ပဲ စကား ကို အမြန်ထုတ် ပြောချင် ပေမယ့် စကားလမ်း တစ်ဝက်တောင် မရောက်ခင်မှာ ပဲ သူက ရှောင်ယွဲ့ တစ်ယောက် အကြိမ်ပေါင်း များစွာ သတိပေးထားတဲ့ စကားတွေကို ပြန်မှတ် မိသွားကာ ရှောင်ယွဲ့က ဘေးနား ကနေ စူးရဲစွာ သတိပေး နေတဲ့ အကြည့်တွေ ကြောင့် သူ့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်တယ်။ 


မြွေနန်းတော်ကို စဝင် ပါပြီ ဆိုကတည်း က နင့်ကို စကားပြောခွင့် မပေးထာ ဘူးလို့ ငါ မပြောခဲ့ဘူး လား? နင် က ငါ့စကားကို အလေးချိန် ဘယ်လောက် နဲ့တောင် တန်ဖိုး ဖြတ်နေတာလဲ?


ကောင်းပါပြီ။


ရှောင်ဟွေးဟွေး က ချက်ချင်း ပဲ သူ့လည်ပင်း လေးကို ကျုံ့လိုက်တယ်။ သူ့ပါးစပ်ကို တင်းကြပ်စွာ ပိတ်လိုက် ပြီး စကားပြော နေတာကို ရပ်လိုက်တယ်။ 


ဟဲလျန်ချန်း က ထို နှစ်ယောက် ကြား မှ လှုပ်ရှားအသေးလေး တွေ က အစ သိရှိနေ ပြီးတော့ အခုလေးတင် ရှောင်ဟွေးဟွေး တစ်ယောက် မပြီး ပြတ်ခဲ့တဲ့ စကား ရဲ့ အဓိပ္ပါယ် ကို စဥ်းစား နေခဲ့တယ်။


တျှိုးတျှိုး? ( ပျောက်သွားပြီ)


မင်း က ဘာကို ပျောက်နေ ရတာလဲ?


သိသိသာသာ ကြီးကိုပဲ လျှို့ဝှက်ချက် တစ်ချို့ ပေါ်တော့ မလို့ကို ဒီအမျိုးသမီး က တားသွားလို့။


ညကျရင် သူတို့ရဲ့ ဝိဉာဥ်ထဲကို ရှာတဲ့ နည်းလမ်း သုံးလိုက်ရင် အဲ့တာ က အဆင်ပြေ သွားမှာပဲလေ။ 


ဝိဉာဥ် ထဲထိ ရှာဖွေတဲ့ နည်းလမ်း က အလွန်အမင်း နိုင်လိုမင်းထက် ဆန်ကာ နာကျင် ရပေမယ့် သူက စုယွမ် ​က လွဲရင် ဘယ်တစ်ယောက် ကိုမှ ဂရုမစိုက် ပါချေ။ ပြီးတော့ အဲ့နှစ်ယောက် က သူ့ရဲ့ အချစ် ပြိုင်ဘက်တွေ မလား။ ဒီတော့ သူက သူတို့ ဘာပဲ ဖြစ်သွားပါစေ ပိုလို့တောင် ဂရုကို မစိုက်တာ ။ 



အဲ့အချိန်ကျရင် ဒီနှစ်ယောက် က ဘာနည်းလမ်း တွေ သုံးပြီးတော့ စုယွမ် ကို မြူစွယ် ထားတာ လဲ ဆိုတာ ကိုပါ သူ တစ်ခါ တည်း ကြည့် ရမယ်။ 


သူ့အကြောင်း ကို တွေးကြည့်စမ်းပါ။ သူ့ခမျာ မြွေဘုရင် ဖြစ်ပေမယ့် ခါးသီးတဲ့ လှည့်ကွက်တွေနဲ့ အလိမ်အညာတွေ ကို သုံးမှ စုယွမ် က သူနဲ့ ခဏလေး ပဲ နေပေးခဲ့တာ လေ။ ရလဒ် အနေနဲ့ ကတော့ ဒီလူ နှစ်ယောက် ပျောက်သွားတယ် လို့ ကြားတာ နဲ့ သူ့ကို လျစ်လျု ရှုပြီးတော့ ထားခဲ့တယ်လေ။ 


ဖြစ်နိုင်တာ က သွေးမျိုးဆက် ရင်းနှီးမှုကြောင့် ရှောင်ယွဲ့ က ဟဲလျန်ချန်း ရဲ့ စိတ်ခံစားချက် တွေကို အလွန်အမင်း အာရုံခံလို့ ရလေတယ်။ 


ရန်သူ တစ်ယောက် ကို သတ်ဖြတ်တော့မယ့် အရှိန်အဝါတွေ က ပေါ်လာတဲ့ အခါ မှာတော့ သူမရဲ့ တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားလေတယ်။ 


ရန်သူ တွေလို့ သတ်မှတ်တာလား?


ရှောင်ယွဲ့ ကမော့ လိုက်ပြီးတော့ အထက်မှာ ထိုင်နေတဲ့ အမျိုးသား ကို ကြည့်လိုက်တယ်။ ဒီလူ က သူ့ရဲ့ ကလေး တွေ ကိုတောင်မှ ဖေဖေစုယွမ် ရဲ့ သူငယ်ချင်း လို့ ကြားလိုက် ရတော့ ရန်သူ လို့ ဒီအဖေ က သတ်မှတ် လိုက်တာလား?


သူ့ကလေးတွေ ကိုလေ?


( သူမှ မသိတာ လေ)


ကြည့်ရတာ တော့ အတော်လေး ပျော်စရာ ကောင်းမယ့် ပုံပဲ။


ရှောင်ယွဲ့ က အရှေ့ကို ထပ် ကြည့်လိုက်တယ်။ 


သူတို့ ဖေဖေ ကပဲ သူတို့ အပေါ် ပိုကောင်း မလား ဒီအဖေ ပေါ်ပဲ ပိုကောင်း မလား စမ်းကြတာပေါ့။


ဖေဖေ ကလည်း ဒီနေရာမှာ တစ်ယောက် ထဲ ခွဲထား ခံရတယ်။ မောင်ငယ်လေး ကျတော့ အရမ်းကိုပဲ တုံးအ လွန်းတယ်။ ဆိုတော့ ဒီအဖေ နဲ့ ရင်ဆိုင် အကွက်ရွေ့ဖို့ က သူမပဲ ကျန်တော့တယ်။ 


ဒီလူ ကတော့ သူမ တို့ရဲ့ သွေးသား ဆက် ဆံရေး အတွက် နောက်အဖေ တစ်ယောက် ဖြစ်နေ ပေမယ့်လည်း သူမတို့ အတွက် အမှန်တကယ် မှာတော့ သူမ တို့ရဲ့ ဖေဖေ ကို အလျစ်သုတ်ချင် နေတဲ့ သူပဲ ဖြစ်တယ်။ ဒါကို သူမတို့ က ခွင့်ပြု ပေးမှာ မဟုတ် ဘူးပဲ။ 



ဒီအချိန်မှာ လုပ်ရမယ့် ပထမ အချက် က သူမ တို့က ဒီလူကို လှည့်စား ပြီးတော့ သူမရဲ့ ဖေဖေ ကို အဝေးဆီ ခေါ်သွား ရမယ်။ ဒုတိယ အချက် ကတော့ သူမရဲ့ ဒီအဖေ ဆီ ကနေ ပုန်းကွယ် နေရမယ်။ ဒီအဖေ က တကယ့်ကို ပုန်းကွယ် နေတဲ့ အန္တရယ် ပဲ။ 



ရှောင်ယွဲ့ က ဟဲလျန်ချန်း ကို ကြည့်ကာ နှုတ်ခမ်းလေး ကို ကွေးလိုက် ကာ ပြုံးလိုက်တော့ ရုတ်တရက် ပဲ ပန်းတွေ ပွင့်သွား သလို အထိကို လှပပြီး တော့ ကျက်သရေ ရှိလေတယ်။ 


နောက်တော့ ဟဲလျန်ချန်း က ရုတ်တရက် ပဲ အေးစက် သွားသလို ခံစား လိုက်ရတယ်။ 



ဟဲလျန်ချန်း က နတ်သမီးလေး သဖွယ် ဘာအန္တရာယ်မှ မရှိတဲ့ ရှောင်ယွဲ့ကို အကြိမ်အနည်းငယ်လောက် အံ့သြ စွာနဲ့ ကြည့်လိုက် မိလေတယ်။ ဒါပေမယ့် သူ့ရဲ့ အသိစိတ် ထဲကနေ ပြောနေတာ က ဒီမိန်းကလေး က မြင်သလောက် မရိုးရှင်းဘူး ဆိုတာ ပါပဲ။ 


( ဖအေတူ သမီးလေးဘာ) 


ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့ အနားယူ ဖို့ စီစဥ် ပေးရမှာ ဖြစ်တာကြောင့် ဟဲလျန်ချန်း က တိုက်ပွဲကို ဖျက်သိမ်းဖို့သာ အမိန့်ပေး လိုက်တော့တယ်။ 



မောင်နှမ နှစ်ယောက် လည်း အခန်းထဲ ကို ဝင်ပြီးတဲ့နောက် ရှောင်ဟွေးဟွေး က စကားတွေ အများကြီး ပြောဖို့ မစောင့် နိုင်တော့ပါပေ။ 



'' မမ သားကို အခုလေးတင် ဘာလို့ စကားပြောခွင့် မပြု ရတာလဲ? ''


''အဲ့လူ က အရမ်းကြင်နာ တယ်လို့တော့ သားထင်တယ်ရော ''



'' ကျဲကျဲ သူက သားတို့ ရဲ့ နောက်အဖေ လားဟင်? ''



'' ကျဲကျဲ သား ဖေဖေ ကို တွေ့ချင်တယ် ''



ရှောင်ယွဲ့ က သူ့မရဲ့ နားမှာ ဘဲ တွေ တစ်အုပ် ဂတ်ဂတ် နဲ့ လာပြော နေသလို အရမ်း နားညီးတာ ပဲလို့ ခံစား ရလေတယ်။ 



တကယ်လို့ သူမသာ တက်နိုင်မယ် ဆိုရင် သူမရဲ့ ဒီငတုံး မောင်​လေး ကို သူမရဲ့ အိပ်ကပ်ထဲ ထည့်ပြီး ပိတ်သာ ထားလိုက်ချင်တော့ တယ်။ ဒါက တကယ်ပဲ ဆူညံနေ ပြီးတော့ စိိတ်ရှုပ်စရာ အရမ်းကောင်းတာပဲ။ 


'' နင် ဗိုက်ဆာ နေတယ် မဟုတ်ဘူး လား။ အရင် ဆုံး စားကြစို့''



ဟုတ်ပါတယ် ။ 



ရှောင်ဟွေးဟွေး ကချက်ချင်း ပဲ အာရုံလွဲ ခံ လိုက်ရ ပြီးတော့ စားပွဲ ပေါ်က တင်ထားတဲ့ အစားအသောက် တွေကို ပွဲတော် တည်တော့တယ်။ 



စားသောက် ပြီးတဲ့နောက် အရမ်းကို မှောင်နေ ပြီ ဖြစ်တဲ့ အတွက် မောင်နှမ နှစ်ယောက် အိပ်ပျော် သွားကြ တော့တယ်။



ညသန်းခေါ်မှာ ထိုနေရာ ကို လေအေး တစ်သုတ် ဖြတ်တိုက် သွားပြီးတော့ မြွေအကြီးကြီး ကလည်း အခန်း ထဲကို ဝင်လာ ခဲ့လေတယ်။ 



.................................. ...............

Report Page