322

322

Daw Lin Lin May


အမှန်အတိုင်းပြောရမယ်ဆိုရင် နဝမမြောက် အကြီးအကဲသည် သူ၏ဤကြိုးစားမှုက ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်နေသလို ခံစားရသည်။ချန်ပိုယွမ် ကို သူဘယ်လို ဆက်ဆံသင်လဲဆိုတာ သူမသိပါဘူး။



အကယ်၍ မိုရွှယ်စွန်းသာ ပေါ်မလာဘူးဆိုရင် သူ ချန်ပိုယွမ်ကို မိသားစု၏ဤသွေးမျိုးစက်ကို အသုံးချကာ မူလချန်မိသားစုသို့ပြန်လည်ပေါင်းစည်းရန် ဖိအားပေးမှာသေချာသည်။ဒါဆို ယခု ချန်မိသားစု၏ ပိုင်ဆိုင် သမျှသည် မူလ ချန်မိသားစုဝင် အားလုံး၏ဤအပိုင် ဖြစ်လာမည် ဖြစ်သည်။ ပြီးလျှင် သူက ပထမ အကြီးအကဲ နှင့် ချန်ပိုယွမ် မိသားစုကို မြို့တော်ကို ပြန်သွားစေပြီး သူကဒီ မိုးမခရွာမှာ ကျန်ခဲ့ကာ တစ်ကယ့် အိမ်တော် သခင် ဖြစ်လာကာ သူ၏ မစ်ရှင်သည်လည်း ပြီးမြောက်ပါလိမ့်မယ်



ဒီနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အရ သူက သူ၏ မစ်ရှင် လွယ်လွယ်နဲ့ မပြီးမြောက်နိုင်လောက်ကြောင်းသိနေခဲ့သည်။သူသာ အခုအချိန်ပြန်သွားမယ်ဆိုရင် သူမိသားစုခေါင်းဆောင်နှင့် အကြီးအကဲများကို ဘယ်လို ဖြေရှင်းချက်ပေးရမလဲ။


ဘယ်သူမှ ပင်မ မိသားစုဆီ ပြန်လာနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံပါဘူး။ သူမ ဘယ်လိုမှ မထင်ထားတာက ချန်ပိုယွမ်က သူ၏ ရည်ရွယ်ချက်ကို လုံးဝကန့် ကွက်နေတာပါ။




"တောင်းပန်ပါတယ် နဝမအကြီးအကဲ 

ငါ့မှာ ဂရုစိုက်ရမယ့် ကိစ္စတွေရှိလို့ ငါထွက်သွားတော့မယ်။ သာယာတဲ့နေ့လေးဖြစ်ပါစေ!"



 "စောင့်အုံး!!" ချန်ပိုယွမ် က ထပြီး ထွက်သွားတော့မည်ကို မြင်လိုက်ရတော့ နဝမမြောက် လူကြီးက တစ်ခုခုပြောဖို့ကလွဲပြီး ရွေးစရာမရှိတော့ပါဘူး။



 ချန်ပိုယွမ် က သူ့အား တစ်ဖက်တစ်လမ်းမှ အေးစက်စွာကြည့်ကာ ဂရုမထားသလိုပုံစံဖြင့် "နဝမအကြီးအကဲ ဘာကိစ္စရှိလို့လဲ" ဟု မသိသလို မေးလိုက်သည်။



 "ချန်ပိုယွမ်!!!...."



 သူစပြောပြီးပြီးချင်းမှာပဲ ချန်ပိုယွမ် က မျက်မှောင်ကြုတ်ပြီး သူ့စကားကို တိုက်ရိုက်နှောင့်ယှက်ပြီး "ခွင့်လွှတ်ပါ နဝမအကြီးအကဲ မင်းငါ့ကို အိမ်တော်သခင်ချန် ဒါမှမဟုတ် မြို့သခင်လို့ ရည်ညွှန်းတာဖြစ်ဖြစ်၊ဒီ ၂ မျိုးထဲက ဘယ်လိုနည်းနဲ့မဆို ခေါ်လို့ အဆင်ပြောပါလိမ့်မယ်!"



 "ချန်ပိုယွမ် မင်းတကယ်ပဲ မင်းရဲ့မျိုးနွယ်စုကို ပြန်မလာဘဲ မျိုးနွယ်စုကို ဆန့်ကျင်မှာ သေချာလား" နဝမမြောက်လူကြီးသည် ရှက်ကလဲရှက် ဒေါသလည်း ထွက်နေခဲ့ကာ အော်ပြောလိုက်သည်။



 "ခင်ဗျားဘာပြောလိုက်တာလဲ?"



 ချန်ပိုယွမ် ၏ မျက်နှာသည် အေးစက်သွားခဲ့သည်။ သူက သူ့ရှေ့ကလူကို လေးလေးနက်နက်ကြည့်ကာ "ခင်းဗျားကို ကန်ထုတ်တာ မခံချင်ဘူးဆိုရင် ကိုယ့်အသိစိတ်ဓာတ်နဲ့ကို ထွက်သွားဖို့ အကြံပေးချင်တယ်။ချန်မိသားစုက ခင်ဗျားကို မကြိုဆိုဘူး!"



 "မင်း!!" အလွန် ရန်လိုနေသော ချန်ပိုယွမ် ကိုရင်ဆိုင်ရသောအခါ နဝမအကြီးအကဲသည် ဒေါသထွက်နေသော်လည်း မပေါက်ကွဲဝံ့ပေ။ အမှန်တော့ သူသည် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးဖြစ်သော်လည်း ချန်ပိုယွမ် သည် သိုင်းဘုရင်ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသာဆန့်ကျင်ရင် သူ့အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။



 သူသည် လွန်ခဲ့သော နှစ်များက ချန်ပိုယွမ် မှမဟုတ်တော့ပါဘူး။သူ့အနေဖြင့် ချမ်မိသားစုက အကြီးအကဲတစ်ဦးကို အလွန်ရိုသေနေရန် မလိုအပ်ပါ။ ဆန့်ကျင်ဘက် အနေဖြင့် သူ့အဆင့်အတန်းဖြင့် ထိုလူများကသာ သူ့ကို အရိုအသေပေးသင့်ပါတယ်။ အဆိုးရော အကောင်းရော ကြားမှာ သမိုင်းကြောင်းတွေ အများကြီး ရှိခဲ့ပါတယ်။



 "လွန်ခဲ့တဲ့ ဆယ်နှစ် ဒါမှမဟုတ် ဒီနေ့မှာဘဲ မင်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါကောင်းကောင်းသိပါတယ်၊ ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်။ မင်းရဲ့အချိန်တွေကို ဒီမှာ အကျိုးမဲ့ မဖြုန်းတီးဘဲ ဒီကနေ ထွက်သွားလိုက်ပါ"



 ထိုစကားကိုပြောပြီးနောက် ချန်ပိုယွမ်သည် ချက်ချင်းထွက်သွားပြီး ကိုးယောက်မြောက်အကြီးအကဲကို ဧည့်ခန်းထဲတွင် သူ့ဘာသာသူ တစ်ယောက်ထဲထားခဲ့လိုက်သည်။ ဒေါသကြီးသော နဝမမြောက် အကြီးအကဲသည် သူ့ဒေါသကို ဖယ်ထုတ်နိုင်စွမ်းမရှိသောကြောင့် ဒေါသကို စွန့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။



နယ်မြေအတွင်းထဲတွင် ချန်ရှောင်ရှောင်သည် မည်မျှကြာအောင် ရပ်နေခဲ့သည်မသိ။ နောက်ဆုံး သူမရောက်သွားသောအခါ ကြည့်လိုက်တော့ သလင်းသီးပင်ပေါ်က အသီးတွေအားလုံး နည်းနည်း ပိုကြီးထွားလာပုံပေါ်တာကို သူမ သတိထားမိလိုက်တယ်။



 "သခင်မလေး၊ မြန်မြန်၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံးတွေကို ထပ်ထည့်ပြီး နယ်မြေကို ထပ်ပြီး အဆင့်မြှင့်နိုင်ပြီ!" ယုထန်လေးက သတိပေးဘိုက်သည်။



 လျှို့ဝှက်ဆန်းကြယ်သောကျောက်တုံးများအကြောင်းပြောသောအခါ ချန်ရှောင်ရှောင် ၏မျက်လုံးများသည် တောက်ပလာပြီး "ကောင်းပြီ၊ ငါ အဲဒါတွေကို ချက်ခြင်းသွားယူလိုက်မယ်။ ငါတို့မှာ အခု အများကြီးရှိရမယ်!"



အာကာသနယ်မြေကို ထပ်မံမြှင့်တင်ရန် စိတ်လှုပ်ရှားစွာဖြင့် ချန်ရှောင်ရှောင် သည် နယ်မြေထဲမှ ချက်ချင်းထွက်လာသည်။



 "ယောက်ဖ ဓားကကွက် ကို ဘယ်နှစ်ယောက် သိလဲ၊ ဘယ်သူက အစွမ်းထက်ဆုံးလဲ"



 "ယောက်ဖ မင်း ငါတို့ကို ဓားပညာ သင်ပေးမှာလား။ ငါလည်း ဓားလွှဲနည်းကို သင်ယူချင်တယ်"



 "ခဲအို ရှောင်ဟေးက နောက်ထပ် မပျံသန်းတော့ဘူး၊ ငါ့အတွက် မင်းက ကြိမ်းမောင်းပေးပါအုံး"



 သူမ နယ်မြေထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ချန်ရှောင်ရှောင် သည် သူမ၏ မောင်နှမများ၏ အသံကို ချက်ချင်းကြားလိုက်ရသည်။ ဘယ်အချိန်ကတည်းက သူတို့ မိုရွှယ်စွန်း နဲ့ အရမ်းရင်းနှီးလာတာလဲ။



 ခဲအို!!!!,ယောက်ဖ



 ဤမျှ သဘာဝကျကျ သူတို့ ဘယ်လိုများ ခေါ်နိုင်ရတာလဲ။ 


 ချန်ရှောင်ရှောင် ဒေါသဖြစ်သင့်လား မဖြစ်သင့်လား မသေချာတော့ဘဲ သူတို့ရှေ့ကို ချက်ချင်းသွားလိုက်တယ်။



 "အိုး အစ်မကြီး!"



 ''အစ်မကြီး မင်းဘယ်ရောက်နေတာလဲ၊ ငါတို့မင်းကို စောင့်နေတာကြာပြီ!"



 "ဟီးဟီး အမကြီါ် ခဲအိုက အရမ်းတော်တာပဲ၊ သူက ငါတို့နဲ့ ကစားပေနေတာ"



 ချန်ရှောင်ရှောင် ကိုတွေ့လိုက်သည်နှင့် မောင်နှမ သုံးယောက်သည် ကြီးမားသော အပြုံးများ ထွက်ပေါ်လာသည်။ လန်လန်ငယ်လေးက သူ့မ ရင်ခွင်ထဲကို တိုးဝင်ကာ ဝမ်းသာအားရ အော်ရင်း "အစ်မကြီး မင်းက ငါတို့နဲ့ ခဲအိုကို မကြာ မကြာ ဆော့ဖို့ ခေါ်ပေးပါအုံး ''



******

Report Page