31

31

Lokii Z

အပိုင်း၃၁


ထိုညနေ၅နာရီထိုးတဲ့အထိဟိုကမ္ဘာကိုပြန်သွားမယ့်ပုံမပေါ်တာကြောင့်မီလိစိုးရိမ်စ,ပြုလာခဲ့သည်။


အိမ်ကရှောင်ပိုင်အတွက်တစ်ရက်စာအစာလုံလောက်အောင်ထည့်ပေးထားတာကြောင့်စိတ်မပူခဲ့ပေမဲ့ဒီမှာ နှစ်ရက်သုံးရက်လောက်နေရင်တော့မဖြစ်ပေ။


မီလိကဝိညာဥ်ကူးပြောင်းခါနီးမှသာထူးခြားချက်တစ်ခုကိုခံစားမိလေ့ရှိပြီး ပုံမှန်အချိန်တွေမှာတော့ဘာထူးခြားမှုမှမခံစားရပေ။သူမဝင်ပူးလေ့ရှိတဲ့အရာတွေကလဲ သူမနဲ့အကျွမ်းတဝင်ပိုရှိတဲ့အရာတွေဒါမှမဟုတ်သူမနဲ့ နီးကပ်နေတဲ့အရာတွေပင်။ ထို့ကြောင့်ပင်သူမဝင်ပူးတာတွေတော်တော်များများကနေ့စဥ်သုံးပစ္စည်းတွေဖြစ်နေခဲ့သည်။ပထမဆူံးအကြိမ်သက်ရှိရဲ့ကိုယ်မှာဝင်ပူးဖြစ်တာကရှောင်ပိုင်ကိုဝယ်ပြီးပြီးချင်းဖြစ်ပြီး အဲ့နောက်သူမကိုယ်တိုင်အဖြစ်ဒီကိုရောက်လာခဲ့သည်။ကူးပြောင်းတဲ့အချိန်ကလဲပိုမိုဖွံ့ဖြိုးနေသလိုမျိုး တစ်နေ့တစ်ခြားပိုမိုကြာလာခဲ့သည်။


မီလိထိုအရာတွေကဆိုးတဲ့ဘက်သွားမှာလားကောင်းတဲ့ဘက်ကိုသွားမှာလားမသိပေမယ့်လဲသူမကအမြဲကံကောင်းနေတာကြောင့်သူ့အလိုလိုပြေလည်သွားမှာပဲလို့ယုံကြည်လိုက်သည်။


သူမရဲ့စိုးရိမ်နေတဲ့စိတ်ကိုဖြေဖျောက်ပြီးနောက်မီလိစိတ်ပြန်ကြည်သွားသည်။သူမ ယောက်မကိုင်ကာထမင်းစ,ချက်ဖိုပပြင်လိုက်သည်။


ထိုအချိန်မှာပဲအပြင်ကနေအော်သံတစ်သံထွက်လာခဲ့သည် "လူရှိလားဗျို့?"


မီလိအပြင်ကိုခေါင်းပြူကြည့်လိုက်ရာ ယောက်ကျာ်းနှစ်ယောက်နဲ့မိန်းမနှစ်ယောက်ကိုတွေ့လိုက်ရသည်။သူတို့ကစောစောကသူမ စွံပလွန်ခြံထဲမှာဆုံခဲ့တဲ့လူငယ်တွေပင်။


"ရှောင်ကျဲကျဲ ကျတော်တို့ငါးနှစ်ကောင်နဲ့အသီးရွက်တွေရလာခဲ့လို့ဒီညဒီမှာညစာလာစားလို့ရမလား?"ဖက်တီးလေးကမီးဖိုထဲကနေထွက်လာတဲ့မီလိကိုမျှော်လင့်တကြီးကြည့်လိုက်သည်။


မီလိ ရှီးပိုင်ချန်းကိုလှမ်းကြည့်လိုက်တော့သူကသူမဘာသာဆုံးဖြတ်ဆိုတဲ့ပုံစံမဲ့လက်ခါပြလိုက်သည်။


"ဝင်လာခဲ့လေ"မီလိခြံထဲမှာသူတို့အတွက်စားပွဲဝိုင်းတစ်ခုစီစဥ်ပေးလိုက်သည်။သူမသူတို့ပေးတဲ့ငါးနဲ့အသီးအရွက်တွေကိုမီးဖိုထဲသွားထားပြီးနောက် ရေနွေးအိုးတစ်လုံးယူလာကာဧည့်ခံလိုက်သည်"ဒီမှာခဏထိုင်နေကြအုံး အစ်မထမင်းသွားချက်လိုက်အုံးမယ်"



"ဟုတ်"ဖက်တီးကေပျော်ပျော်ရွှင်ရွှင်ပဲပြန်ဖြေလိုက်သည်။သူတို့ဒီအိမ်ကိုရွေးချယ်လိုက်တာကမီလိဒီမှာရှိနေမှန်းသိလို့မဟုတ်ဘဲဒီရွာမှာဒီအိမ်ကအကောင်းဆုံးဖြစ်နေလို့ပင်။အိမ်ရဲ့ပုံစံကတခြားအိမ်တွေနဲ့မတူဘဲရှေးဆန်လှသည်။နှမြောစရာကောင်းတာကဒီအိမ်ရဲ့အလှကိုခြံထဲမှာလှန်းထားတဲ့လိုက်ကာတွေအိပ်ယာခင်းတွေကဖျက်ဆီးနေသည်။


"စားလို့ရပြီ"တစ်နာရီကြာပြီးနောက်မီလိ ရှီးပိုင်ချန်းကိုစားပွဲဝိုင်းသန့်ရှင်းခိုင်းပြီးနောက် အစားသောက်တွေသယ်သွားလိုက်သည်။


သစ်ပင်တွေနဲ့ဝေဆာနေတဲ့တောင်တန်းကြီး ဝင်လုနီးနီးနေနဲ့လေညှင်းတွေကလူတိုင်းရဲ့စိတ်ကိုသက်တောင့်သက်သာဖြစ်စေသည်။


သူတို့ကိုပိုအံ့ဩစေတာကတော့မီလိရဲ့ဟင်းချက်စွမ်းရည်တွေပင်။ ဝက်သားအာလူးနှပ်, တို့ဟူးနဲ့ငါးစွတ်ပြုတ်,ဝက်သားနဲ့ငရုတ်ပွသီးရောကြော်,ကြာစွယ်ဟင်း,မှိုနဲ့တို့ဟူးကင်,ဂန္ဓာမာပန်းကြော်,ခရမ်းသီးနှပ်,အရွက်ကြော်,စတာတွေပင်။ဆယ်ပွဲမကတဲ့ရွာဓလေ့ဟင်းလျာတွေက စားပွဲပေါ်မှာအရောင်အသွေးစုံလင်စွာရှိနေကြသည်။



လျှာပေါ်ရောက်သွား​တာနဲ့အသားကမွှေးပြီးအရည်ရွှမ်းနေကာစွပ်ပြုတ်ကခပ်လေးလေးနဲ့ငါးကလတ်ဆက်နေသည်။ဒီလိုအရသာရှိလွန်းတာကိုစားလိုက်ရတော့မျက်ရည်တောင်ဝဲမိသွားသည်။


မီလိကိုယ်တိုင်တီထွင်ထားတဲ့ဟင်းပွဲတွေကထူးခြားပြီးအရသာရှိလှသည်။တစ်ခါမှဒါမျိုးမစားဖူးတဲ့သူတွေအတွက်နောက်တစ်လုတ်ထပ်မစားဘဲမနေနိုင်ပေ။


ရှီးပိုင်ချန်းသူ့ရှေ့ကသက်ရှိကုန်ကြမ်းတွေရဲ့အမူရာတွေကိုသေချာလေ့လာကြည့်လိုက်သည်။သူရေးနေတဲ့ဝတ္ထုထဲမှာလိုနေတာကဒီလိုအမူရာမျိုးပဲ..


"အရမ်းအရသာရှိတာပဲ!"ဖက်တီးလေးကပျော်လွန်းလို့သေတော့မှာဆိုတဲ့မျက်နှာနဲ့သူ့အကြည့်တွေထဲမှာလေးစားအားကျမှုတွေရှိနေသည်။


"ရှောင်ကျဲကျဲကစားဖိုမှူးလား?ကျဲကျဲရဲ့လက်ရာကကြယ်ငါးပွင့်စားသောက်ဆိုင်ထက်တောင်ပိုကောင်းနေသေးတယ်"ဆံပင်စီးထားတဲ့ကောင်မလေးကပြောလိုက်သည်။

ခေါင်းစွပ်အင်္ကျီနဲ့လူငယ်မှာစကားတောင်မပြောနိုင်ဘဲအစာထဲမှာသာခေါင်းနှစ်နေသည်။


အရပ်ရှည်ရှည်နဲ့ကောင်မလေးရဲ့ဆူပုတ်နေတဲ့မျက်နှာထားကပြောင်းလဲသွားပေမဲ့တူကိုင်တဲ့အ​မြန်နှုန်းကတော့မလျှော့ပေ။



သူတို့ဒီကိုအစားတစ်နပ်လာစားရုံပေမဲ့ဒီလောက်ထိအမြတ်ကြီးကြီးရလိမ့်မယ်လို့မထင်ခဲ့ပေ။သူတို့အတွက်ဒီလိုအရသာရှိတဲ့ထမင်းတစ်နပ်စားရဖို့ယွမ်၃၀၀သါကုန်ခဲ့သည်။


"ရှောင်ကျဲကျဲ မနက်ဖြန်ရောဒီမှာလာစားလို့ရလား?"ဖက်တီးလေးရဲ့ပါးစပ်မှာဆီတွေပေနေပြီး မျက်နှာကလဲနီနေသည်။သူ့ပုံစံကဖက်ထုပ်ပူပူလေးနဲ့တောင်တူနေသေးသည်။


ကျန်တဲ့သူတွေကလဲထောက်ခံသလိုမျိုးခေါင်းငြိမ့်နေကြသည်။သူတို့အစကတစ်ရက်ပဲနေဖို့စီစဥ်ထားပေမယ့်လဲထမင်းစားပြီးနောက်မှာတော့နောက်ထပ်နှစ်ရက်လောက်ဆက်နေချင်သွားကြသည်။


မီလိရဲ့မျက်လုံးတွေကလခြမ်းလေးလိုကွေးသွားကာ "လာခဲ့ကြလေ"



သူတို့၄ယောက်စားပြီးသောက်ပြီးနောက်အိမ်ပြင်ထွက်လာခဲ့ကြသည်။တံခါးဝရောက်လာစဥ်မှာပဲဆံပင်စီးထားတဲ့မိန်းကလေးကရုတ်တရက်ထအော်လိုက်သည် "အား!မြွေကြီး!"


အားလုံးသူမကြည့်နေရာဆီလိုက်ကြည့်မိကြတော့လမ်းမလယ်မှာနှစ်မီတာခန့်ရှည်တဲ့ရေမြွေကျားတစ်ကောင်ကခေါင်းထောင်ကာ လျှာတစ်လစ်ထုတ်နေတာကိုမြင်လိုက်ရသ​ည်။


"မလှုပ်ကြနဲ့"ခေါင်းစွပ်အင်္ကျီဝတ်ထားတဲ့လူငယ်လေးကအားလုံးကိုလက်ပြကာတားလိုက်သည် "ဒါအဆိပ်နည်းနည်းရှိတဲ့ရေမြွေကြားပဲ အဲ့ကောင်ကိုသွားမရှုပ်တာကောင်းမယ် သူ့ဘာသာပြန်သွားတဲ့ထိစောင့်နေရအောင်"


ခပ်ချောချောလူငယ်လေးကမြွေတိူက်ခိုက်လာရင်အဆင်သင့်ဖြစ်နေအောင် ဘေးကနေတုတ်တစ်ချောင်းကောက်ထားလိူက်သည်။ 


ရေမြွေကျားကသူ့ဘာသာထွက်သွားမယ့်ပုံမပေါ်ဘဲခေါင်းကိုဘယ်ညာရမ်းကာတိုက်ခိုက်ရန်ချောင်းနေပုံပေါ်သည်။



မီလိအပြင်ကလူငယ်တွေရပ်နေတာတွေ့တော့ လှမ်းကြည့်လိုက်ရာအခြေနေကိုမြင်လိုက်ရသည်။ထို့ပြင်နံရံဘေးမှာရှိနေတဲ့အရိပ်လေးတစ်ခုကိုပါတွေ့လိုက်ရသည်။သေချာကြည့်လိုက်မှထိုအရာကသူမအရင်ကတွေ့ဖူးတဲ့ကြောင်ကျားလေးဖြစ်နေသည်။


သူက လူငယ်တစ်စုကရယ်စရာကောင်းတဲ့ပုံနဲ့မြွေကိုသတိထားကာကြည့်နေတာကိုပျင်းစရာအနေနနဲ့လှမ်းကြည့်နေတာပင်။



"ဟေ့~~"မီလိကလှမ်းခေါ်လိုက်ကာ "ဘော့စ်ကြီး ငါ့ကိုတစ်ခုလောက်ကူညီပါအုံး"


ကြောင်အကျားလေးက မျက်လုံးတစ်ချက်စွေကြည့်လိုက်ကာ"ကိုယ့်ဘာသာဖြေရှင်းလေ"


မီလိရယ်လိုက်ကာ"ငါ့ဘာသာမဖြေရှင်းနိုင်လို့ပေါ့"


ကြောင်ကျားလေးကအထင်သေးသလိုလှောင်လိုက်သည် "ဟမ့်!မြွေလေးတစ်ကောင်တောင်မရှင်းနိုင်တာ ကိုယ့်ကိုယ်ကိုကြောင်မျိုးနွယ်လို့ပြောရဲသေးလား?"


(မီလိ:'ငါ ကြောင်မျိုးနွယ်ကလို့တစ်ခါမှမပြောမိပါဘူးနော်....')


"အခုခေတ်အငယ်တွေများတဖြည်းဖြည်းညံ့လာကြပြီပဲ"ကြောင်ကျားလေးက မီလိကိုခနဲ့ပြီးနောက်အထင်သေးသလိုကြည့်လိုက်သည်။သူကနံရံပေါ်ကိုပေါ့ပါးစွာခုန်တက်လိုက်ကာ ရေမြွေကျားရှေ့မှာအထာကျကျနဲ့ပြန်ဆင်းလိုက်သည်။


မြွေကခေါင်းလှည့်ကာတိုက်ခိုက်လိုက်စဥ်မှာ ကြောင်ကျားလေးကကိုယ့်ကိုလှည့်ရှောင်လိုက်ပြီးရှေ့ကိုပြေးသွားကာ မြွေရဲ့အားနည်ချက်ကိုလှမ်းတိုက်ခိုက်လိုက်သည်။


မြွေကလဲပါးစပ်ကိုအကျယ်ကြီးဟကာပြန်လည်တိုက်စစ်ဆင်လိုက်သည်။


ကြောင်ကျားလေးကလျင်မြန်စွာရှောင်လိူက်ပြီးနောက်လက်သည်းပြန်ထုတ်ကာတိုက်ခိုက်လိုက်သည်။



ဆံပင်စီးထားတဲ့ကောင်မလေးကချက်ချင်းပဲဖုန်းထုတ်လိုက်ကညထိုမြင်ကွင်းကိုစိတ်လှုပ်ရှားစွာနဲ့ရိုက်ကူးလိုက်သည်။


အနီးနားကကြောင်တွေကလဲဆွဲဆောင်ခံလိုက်ရပြီးရောက်လာကြကာ သုံးကောင်တစ်စုငါးကောင်တစ်စုလာရပ်နေကြပြီးတချို့က တမြောင်မြောင်အော်နေကြသည်။



တခြားသူတွေကနားလည်ကြပေမဲ့မီလိကတော့သူတို့​မြောင်တာကိုနားလည်နေသည်။


"ဘော့စ် အဲ့ကောင်ကိုသတ်ပစ်!"


"တွားသွားကောင်လေး မင်းကများငါတို့ပိုင်နက်ထဲကိုကျူးကျော်ရဲတယ်?!သေချင်နေတာပဲ!"


"ဘော့စ်နိုင်မယ် x5!"


"မြွေသားမစားရတာတောင်ကြာပြီ။နောက်မှကြွက်သားနဲ့မြွေသားလာလဲလိုက်မယ်"


"ငါဒီနေ့ကြွက်မဖမ်းမိဘူး။ငါကြားတာတော့သူတို့ဒီအိမ်ကိုလာနေကြတာတဲ့"


"ဒီအိမ်ကကြောင်က ကြွက်လဲမဖမ်းနိုင်ဘူး"


"သူ့ကိုနောက်နေ့ကျမှသင်ပေးရမယ်။သူ့ကိုကြွက်ဖမ်းနည်းမသင်ပေးရင်ဒီအိမ်တော့ကြွက်သိုက်ကြီးဖြစ်နေတော့မှာ အဲ့လိုသာဆိုငါတို့ကြောင်မျိုးနွယ်တော့မျက်နှာပျက်တော့မှာပဲ"


(မီလိ:တောင်းပန်ပါတယ် ကြောင်မျိုးနွယ်ရဲ့မျက်နှာပျက်စေမိလို့...)


မီလိကနံရံနားကပ်ပြီးနားထောင်နေစဥ်မှာပဲ မြွေနဲ့ကြောင်ရဲ့တိုက်ပွဲကပြီးသွားပြီပင်။ကြောင်ကျားလေးကတစ်ချက်ခုန်အုပ်လိုက်ကာ မြွေရဲ့လည်ပင်းကိုကိုက်လိုက်ပြီး မြွေကရုန်းကန်ချင်နေသလိုမျိုးကြောင်ကိုယ်ကိုအမြီးနဲ့ရစ်ပတ်လိုက်သည်။


ခဏလောက်ရုန်းကန်နေပြီးနောက်မြွေကနောက်ဆုံးတော့ငြိမ်သက်သွားခဲ့သည်။သူ့ကိုယ်ကမြေပြင်ပေါ်ကိုယိမ်းကာပြုတ်ကျသွားပြီးကြောင်လက်သည်းအောက်မှာပဲသေသွားခဲ့သည်။



ကြောင်ကျားလေးကမြွေရဲ့လည်ပင်းကိုလွှတ်ပေးလိုက်ပြီးနောက်လက်သည်းနဲ့စမ်းသပ်ကြည့်လိုက်သည်။သေပြီဆိုတာသေချာတော့မှမြွေရဲ့ကိုယ်ကိုကိုင်ကာမီလိဆီကိုပြန်သွားခဲ့ပြီး အားလုံးရဲ့အကြည့်အောက်မှာပဲမြွေသေကို မီလိခြေထောက်နားချပေးလိုက်သည်။


"ဒီမြွေကိုမင်းအိမ်နားမှာဖမ်းမိတာဆိုတော့ မင်းပဲယူလိုက်"


မီလိ ကြောင်ကျားလေးခေါင်းဆောင်ကောင်းလို့တွေးလိုက်မိသည်။သူ့ရဲ့လက်အောက်ငယ်သားတွေပေါ်မှာဆုကြေးဒဏ်ကြေးခွဲခြားသည်။



"အဲ့တာမင်းရဲ့ဆုကြေးလေမင်းပဲယူပါ"မီလိကလဲခေါင်းဆောင်ကိုလေးစားတဲ့နောက်လိုက်ကောင်းတစ်ယောက်ပေ..




"မလိုချင်တာသေချာရဲ့လား?မင်းရဲ့အားနည်းပုံနဲ့သာဆို ဒီတသက်မြွေသားစားရမှာတောင်မဟုတ်ဘူး" ကြောင်ကျားလေးက 'ငါကမင်းကိုအားတည်းလွန်းလို့အသားနည်းနည်းပေးတာတောင်ကျေးဇူးမတင်တတ်ဘူး'အေးစက်စက်မျက်နှာပေးနဲ့ကြည့်လိုက်သည်။



(မီလိ:'ငါစောက်ရမ်းဒေါသထွက်ပေမယ့်လဲ စိတ်လျှော့မှရမယ်')

"ကောင်းပါပြီ ကျေးဇူးတင်ပါတယ်"သူမအရှက်ရစွာနဲ့ပဲလက်ခံလိုက်သည်။



"အင်း ကြွက်ဖမ်းတတ်အောင်သေချာသင်ထား နားမလည်တာရှိရင်ပြန်မေး"ကြောင်ကျားလေးကအားပေးစကားပြောပြီးနောက်ဂုဏ်ယူဝင့်ကြွားစွာနဲ့လျှောက်သွားလိုက်သ​ည်။


(မီလိ:'မနက်ဖြန်ကြွက်ထောင်ချောက်ဝယ်မှရမယ်!')



ကြွက်သတ်ဆေးတော့သုံးလို့မဖြစ်ဘူး ကြောင်တွေပါအန္တရယ်ဖြစ်မှာစိုးရသည်။


လောင်ပိုင်ရဲ့အိမ်ကသူမကြောင့်ကြွက်သားရဲတွင်းကြီးဖြစိတော့မှာကိုတွေးမိသွားတော့မီလိနည်းနည်းတော့အပြစ်မကင်းသလိုခံစားလိုက်ရသည်။ 

(မီလိ:'တောင်းပန်ပါတယ်။ကြွက်မဖမ်းနိုင်တဲ့ကျမအမှားပါ!')

*မျက်ရည်​တွေနဲ့ထွက်ပြေးသွား..*

Report Page