.3

.3

Bl@ck Ivory


ဖုအန်းချီအလှည့်ပြီးနောက် ရဲ့အန်းအလှည့်ရောက်လာသည်။


သူမခရီးဆောင်အိတ်ထဲတွင် သယ်ဆောင်လာသမျှက တွေ့ဖူးမြင်ဖူးပြီးသားဖြစ်သည့်အသုံးအဆောင်များသာဖြစ်ပြီး ထူးခြားချက်မှာ ပိုးပုဝါတစ်ထည်သာဖြစ်ပေတော့သည်။


ရဲ့အန်းသည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ကင်မရာကိုကြည့်ရင်း

"အဲ့ဒီ့အကြောင်းကိုပြောပြလိုက်လို့ လူတိုင်း ကျွန်မကို ဟားတိုက်ရယ်မောမှာကို မကြောက်ပါဘူး။ဒီပိုးပုဝါလေးက ကျွန်‌မမွေးခဲ့ကတည်းက ရှိနေခဲ့တာလေ။ဒါ့ကြောင့် ညစဥ်ညတိုင်းလိုလို ကုတင်ဘေးမှာထားပြီး အိပ်လေ့ရှိတယ်။မဟုတ်ရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ ခံစားရတယ်"


ရဲ့အန်းသည် အတော်လေးနှုတ်ဆိတ်လှသူဖြစ်ဦးဖြစ်သလို မျိုးဆက်သစ်လူငယ်သရုပ်ဆောင်များထဲတွင် ညီငယ်ညီမငယ်ကောင်းများအတွက် ကိုယ်စားပြုသူတစ်ဦးလည်းဖြစ်သည်။သူမ၏ချစ်စဖွယ်အကြောင်းပြချက်ကိုနားထောင်ပြီးနောက် ပရိသတ်တွေက သူတို့၏မိခင်မေတ္တာကို အပြည့်အဝ ထောက်ပံ့ပေးခဲ့ကြသည်။


သူမ၏အကြောင်းပြချက်ကိုကြားပြီးနောက် ကောင်းကျီထိုက်၏စိတ်ထဲ ဗလာဖြစ်သွားကာ ရှော့ခ်ရစွာဖြင့် မေးလိုက်သည်။

"ဒါကို ယူလာဖို့မေ့သွားရင်ကော"


ရဲ့အန်း ခေါင်းခါလိုက်ပြီး "ဒါဆို ကျွန်မ အိပ်မပျော်ရုံပဲ ရှိတော့တာပေါ့"


ကောင်းကျီထိုက်၏မျက်လုံးများ ပြူးကျယ်သွားရလေပြီ။

"ဒါဆို အနှစ်နှစ်ဆယ်လုံး ဘယ်သွားသွား ဒါကို ယူသွားခဲ့တာလား"


ရဲ့အန်းဟာ နာနာခံခံလေးခေါင်းညိမ့်ပြလာပြီး ဟုတ်မှန်ကြောင်းဝန်ခံလာသည်။

"ဟုတ်တယ်....‌သေချာပေါက် ယူသွားရတာပေါ့"


[ဟားဟားဟား ဒီနှစ်ယောက်ပြောပုံကိုကြည့်ရတာ အရမ်းရယ်ရတာပဲ]


[သားလေး...ပါးစပ်ပိတ်ပြီး မေးတာရပ်လိုက်ပါတော့!!!]


[သားလေး....မင်းကိုကြည့်ရတာ ကမ္ဘာကြီးကိုမမြင်ဖူးတဲ့လူတစ်ယောက်လိုပဲ။ငါ့မှာလည်း ဒီလိုမျိုး သူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့မှာ ကလေးဘဝကခြုံခဲ့တဲ့ စောင်တစ်ထည်ရှိတယ်။အဲ့စောင်ကို ခုထက်ထိ ခြုံနေတုန်းပဲ။အကြိမ် ၁သိန်းတောင် မကလောက်တော့ဘူး]


ရဲ့အန်းအလှည့်ပြီးတော့ ကောင်းကျီထိုက်အလှည့်ရောက်လာပါပြီ။


သူ့မှာ အလေ့အကျင့်ကအများကြီးမရှိသလို အရင်နှစ်ပိုင်းတွင်လည်း ရိုက်ချက်အများကြီးမရှိခဲ့ပေ။ခရီးဆောင်အိတ်ကိုချက်ချင်းဖွင့်လိုက်ပြီး အိတ်ထဲတွင်ယူဆောင်လာသော အဆာပြေမုန့်မျိုးစုံကို ပြသလိုက်သည်။


အဆာပြေမုန့်တွေအများကြီးယူလာသည်ကိုမြင်လိုက်သည့် ရဲ့အန်းမှာ အံ့ဩသွားပြီး "ဒီလောက်အများကြီး ယူလာတာလား!!"


"ဟုတ်တယ်!! ဒီနှစ်ရက်အတွင်း ငါတို့ခြောက်ယောက်စလုံးစားလို့ရအောင် ယူလာခဲ့တာ"


ကောင်းကျီထိုက် လေးနက်တည်ကြည်စွာပြောလိုက်ပြီးနောက် အာလူးကြော်တစ်ထုတ်ကိုယူ၍ဖောက်လိုက်ပြီး "နည်းနည်းလောက် စားချင်လား"


ထိုသို့ပြောပြီး အာလူးကြော်ထုတ်ကို ရဲ့အန်းလက်ထဲသို့မကမ်းပေးရသေးစဉ်မှာပင် ဒါရိုက်တာအဖွဲ့မှ တားဆီးလာခဲ့သည်။


"ကျေးဇူးပြုပြီး ကင်မရာရှေ့မှာ အဆာပြေမုန့်တွေကိုမစားပါနဲ့၊ အခုက ရှိုးပွဲတင်ဆက်နေတာပါ"


ကောင်းကျီထိုက် အာလူးကြော်တစ်ချပ်ကလေးတောင် ပါးစပ်ထဲမရောက်လိုက်။အသက်ပြင်းပြင်းရှူကာ အာလူးကြော်ထုတ်ကို ပြန်မထည့်ချင်ထည့်ချင်နဲ့ ပြန်ချထားလိုက်သည်။


Barrage တွင် တဝါးဝါးတဟားဟားဖြင့် ပြည့်နှက်သွားစဉ်မှာပင် လင်းယန်ရန်၏အလှည့်သို့ရောက်လာခဲ့သည်။


တခြားဧည့်သည်တော်များက ခရီးဆောင်အိတ်ငါးလုံး၊ ခြောက်လုံး၊ ခုနစ်လုံး၊ ရှစ်လုံး အထိယူဆောင်လာလေ့ရှိသော်လည်း ထိုဧည့်သည်တော်များနှင့်နှိုင်းယှဉ်လိုက်လျှင် လင်းယန်ရန်ထံတွင် ခရီးဆောင်အိတ်တစ်လုံးသာ ပါခဲ့သည်။


သို့သော် လင်းယန်ရန်က ခရီးဆောင်အိတ်ကိုချက်ချင်းမဖွင့်ဘဲ ပရိုဂရမ်အဖွဲ့ကို အရင်ဆုံးမေးမြန်းလိုက်သည်။

"ပြပြီးတာနဲ့ ငါတို့ပစ္စည်းတွေကို သိမ်းမှာလား"


Reality show ရဲ့ ဒါရိုက်တာစုန့်ယင်းမင်သည် နည်းပြတွေနှင့်သင်တန်းသားများအတွက် တွင်းတူးပေးရသည်ကို ဘယ်လောက်တောင်ကြိုက်နှစ်သက်လိုက်သလဲ။ဒီရှိုးကိုရိုက်ကူးတဲ့ဒါရိုက်တာက နှစ်ပေါင်းများစွာကြာအောင် စုန့်ယင်းမင်နဲ့သူငယ်ချင်းဖြစ်ခဲ့တယ်လေ။ဒါက လင်းယန်ရန်ကို သတိချပ်စေသည်။


ထိုစကားကိုကြားမှသာ ဒါက ပရိုဂရမ်အဖွဲ့၏အစီီအစဉ်ဖြစ်နိုင်ကြောင်း တွေးမိသွားကြသည်။


ပရိုဂရမ်အဖွဲ့၏စည်းမျဉ်းအရ သူတို့၏ပစ္စည်းများကို အရင်ဆုံးထုတ်ဖော်ပြသခဲ့သည့်ဧည့်သည်တော်များမှာ လင်းယန်ရန်၏သတိပေးစကားကြောင့် သတိဝင်လာခဲ့သည်။


ဖုအန်းချီသည် သူမ၏ဆံပင်အသုံးအဆောင်ပစ္စည်းများကို ချက်ချင်းကောက်‌ယူကာဖက်ထားလိုက်သလို ရဲ့အန်းသည်လည်း ပိုးပုဝါကို အလျင်အမြန်ကာကွယ်လိုက်သည်။


ကောင်းကျီထိုက်သည်လည်း အဆာပြေဆာမုန့်များကို ကာကွယ်လိုက်ရင်း ပရိုဂရမ်အဖွဲ့ကို လှမ်းမေးလာသည်။

"ဝိုး...မင်းတို့က ပရိယာယ်ဆင်ပြီး အားလုံးကိုသိမ်းချင်နေတာလား!!"


ကင်မရာရှေ့တွင်ထိုင်နေသော ဒါရိုက်တာက သူ့သူငယ်ချင်းဖြစ်သူ စုန့်ယင်းမင်၏မခိုးမခန့်အမူအယာမျိုးဖြင့် လင်းယန်ရန်အား ပြုံး၍ကြည့်ကာ လိမ်ပြောလိုက်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ဒါက သရုပ်ပြမှုတစ်ခုပဲလေ"


အသေအချာကိုပဲ လင်းယန်ရန်က သူ့စကားကိုမယုံခဲ့ပေ။

"သေချာလား"


ဒါရိုက်တာမှာ လင်းယန်ရန်မှ ဒီလောက်ထိအထိမခံရွှေပန်းကန်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။သူစက္္ကန့်အနည်းငယ်ကြာပြီးမှသာ မျက်လုံးမှေးကြည့်ရင်း ပြုံးလျက် ‌ဆက်ပြောလာသည်။

"အိုကေ...ပြပြီးရင် မသိမ်းဘူးလို့ ငါကတိပေးတယ်"


လင်းယန်ရန်အနေနှင့် ဒီစကားက တစ်ခုခုမှားနေသလိုမျိုး ခံစားလိုက်ရပေမဲ့လည်း ဒါရိုက်တာမှ လူအများကြီးရှေ့တွင် ကတိပေးလာသည့်အတွက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခရီးဆောင်အိတ်ကို ဖွင့်ပြလိုက်သည်။


ခရီးဆောင်အိတ်ပွင့်သွားသည်နှင့် စခရင်တစ်ခုလုံး ကျည်ဆန်လိုအရှိန်မျိုးဖြင့် ဝိုးး ဝေါင်း ဟူသော အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။


လင်းယန်ရန်၏ခရီးဆောင်အိတ်ထဲတွင် ပစ္စည်းများအားလုံးကို သပ်သပ်ရပ်ရပ် ထုတ်ပိုးထားသည်။


[သူ ခရီးဆောင်အိတ်တစ်လုံးပဲ သယ်လာတာကိုမြင်တော့ သူ ဘာမှသိပ်မယူလာဘူးလို့ ငါထင်ခဲ့တာ။ဖွင့်လည်းပြလိုက်ရော အပြည့်အသိပ်ပဲဟ]


[အဓိကအချက်က အရမ်းကိုသေသပ်ပြီး စနစ်တကျ သပ်သပ်ရပ်ရပ်နဲ့ ထည့်လာတာပဲ]


[ဝိုးး၊ သူကိုယ်တိုင် ထုတ်ပိုးခဲ့တာလား]


[ကြည့်ရတာ အရင်က ယန်ရန့်ကို ဘယ်သူကမှဂရုမစိုက်ခဲ့ကြတဲ့အတွက် အကြိမ်တိုင်းလိုလို သူကိုယ်တိုင်ပဲ ထုတ်ပိုးနေခဲ့ရတဲ့ပုံပဲ။ကြယ်ပွင့်လေးကို ခရီးဆောင်အိတ်ထုတ်ပိုးမှုပုံစံကို သင်ကြားပြသပေးဖို့ ဒူးထောက်ပြီး တောင်းဆိုပါတယ်....]


[သင်ကြားပြသပေးဖို့ ဒူးထောက်ပြီး တောင်းဆိုပါတယ် +1] လူတိုင်းက သင်ကြားပြသပေးဖို့တောင်းဆိုနေတဲ့အချိန်မှာပဲ ငါကတော့ ငါးမန်းလိုစူးရှထက်မြတ်တဲ့မျက်လုံးတွေနဲ့ သူ ဘာတွေထည့်ထားတာလဲဆိုတာကို မြင်ပြီးသွားပြီ


[ခဏလေး...ငါ ဘာတွေ့လိုက်ရတာလဲ?ကြက်စွတ်ပြုတ် bun???]


[ဟော့ပေါ့ဟင်းခတ်အမွှေးအကြိုင် နဲ့ ငါး ဟင်းခတ်အနှစ်ထုတ်တွေတောင် ပါလိုက်သေးတယ်]


[အဲ့ဒီ့မှာ နတ်သမီးအဖွားအထု‌တ်တွေကိုပါ မြင်လိုက်ရသလိုပဲ ? ]


[Wolfberry နဲ့ chrysanthemum တွေလည်း ယူလာတယ်? ? ]


[အနွေးလက်အိတ်တွေကိုလည်း သယ်လာသေးတယ်]


[အိုမို! ရှေးဦးသူနာပြုပစ္စည်းတွေလည်း ပါသေးတယ်...]


[ထီးလည်း သယ်လာတယ်ဟ]


[ဟားဟား သူယူလာတာက ရတနာသေတ္တာများလား? ဘာလို့ အကုန်ပါနေတာလဲ]


လင်းယန်ရန်သည် ထိုပစ္စည်းများအားလုံးကို တစ်ခုပြီးတစ်ခုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။


စားပွဲလွတ်ပေါ်တွင် ရုတ်တရက် အရာခပ်သိမ်း ပေါ်လာသည်ကို မြင်လိုက်ရတော့ ဒါရိုက်တာအဖွဲ့ နှင့် ဧည့်သည်များအားလုံး အံ့အားသင့်သွားကြသည်။


"ဘာလို့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ယူလာတာလဲ? နတ်သမီးအဖွားတောင် ပါလိုက်သေးတယ်...."


ကောင်းကျီထိုက်သည် လင်းယန်ရန်ယူလာသည့်ပစ္စည်းများကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


လင်းယန်ရန် ယူဆောင်လာသော နတ်သမီးအဖွားအို ရွံရှာစွာကြည့်လိုက်သည်။


ပျစ်နှစ်စေးကပ်တဲ့ကော်ဖီတွေ နဲ့ သူယူလာသမျှပစ္စည်းတိုင်းက လူကြိုက်မများပေ။


လင်းယန်ရန်သည် ကောင်းကျီထိုက်၏မျက်နှာပေါ်မှစက်ဆုတ်နေမှုကိုမမြင်ချင်ယောင်ဆောင်ကာ ဟင်းခတ်အမွှေးအကြိုင်အထုတ်တွေကို စနစ်တကျပြန်သိမ်းရင်း သူဘာလို့ ဒီလိုအရာတွေယူလာရသလဲဆိုသည့်အကြောင်းပြချက်ကို ပြောပြလာသည်။

"ပရိုဂရမ်အဖွဲ့က တွင်းတူးရတာကြိုက်တော့  ကျွန်တော်တို့ရဲ့ကုန်ကျစားရိတ်တွေကို နှုတ်လိုက်မှာစိုးလို့လေ"


နတ်သမီးအဖွားအိုထုတ်ကိုမြှောက်ပြရင်း မျက်ခုံးပင့်ကာ "မင်းမှာ ပိုက်ဆံမရှိရင်လည်း ကိစ္စမရှိတော့ဘူးပေါ့။စိတ်အေးလက်အေးနဲ့ ဒီပစ္စည်းတွေကို သုံးလို့ရတယ်လေ"


ထိုစကားကိုကြားတော့  ဖုအန်းချီသည် အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရပြီး "အမှန်ပဲ။ငါ ဘာလို့ အရင်က ဒီလိုမျိုး မတွေးခဲ့မိတာလဲ!"


ရဲ့အန်း နှင့် ချောင်ကျစ်ဖန်သည်လည်း ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်ပြီး "ယန်ရန်...မင်ူက အရမ်းစဉ်းစားတတ်တာပဲ"


လူတိုင်းက လင်းယန်ရန်ကို ဝိုင်းပြီးချီးကျူးနေတာကိုမြင်တော့ ကောင်းကျီထိုက် မပျော်တော့ပေ။


ဒီလူယုတ်မာဗီလိန်က ရှက်ရကောင်းမှန်းမသိဘူးပဲ ! !


ထို့နောက် သူ့လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

"မစိုးရိမ်ကြပါနဲ့....ဒီအပိုင်းကိုရိုက်ကူးဖို့အတွက် သူတို့ဘက်က လေယာဉ်စားရိတ်ကအစ အားလုံးပေးဆောင်ထားပြီးသားဆိုတော့ စိတ်ပူစရာမလိုပါဘူး"


ယင်းသို့ဆိုပြီးနောက် လင်းယန်ရန်လက်ထဲမှ နတ်သမီးအဖွားအိုအထုတ်ကိုအဝေးသို့ယူကာ ခရီးဆောင်အိတ်ထဲသို့ လွှင့်ပစ်လိုက်သည်။

"ဒါက သေချာပေါက် မလိုအပ်ဘူး"

 

ကောင်းကျီထိုက်က သူ့(gzt)ခရီးဆောင်အိတ်ထဲသို့ နတ်သမီးအဖွားအိုထုတ်ကို တမင်သက်သက်ပစ်ချလိုက်သည်ကိုမြင်သောအခါ လင်းယန်ရန် ငြင်းခုန်မနေတော့ပေ။


ကောင်းကျီထိုက်က သူ့အား တမင်သက်သက်ဦးတည်ကာ ရန်လိုနေခြင်းဖြစ်ကြောင်း သိနေသည်မဟုတ်လား။


သူက ဒီရှိုးကို စိတ်‌အပန်းပြေအောင် လာရိုက်ကူးခြင်းဖြစ်ရာ တခြားသူများနှင့်အငြင်းအခုန် မပြုချင်။ထို့ကြောင့် တခြားဧည့်သည်တော်တွေကို စိတ်အနှောင့်အယှက်မပေးလိုသောကြောင့် ဘာမှမပြောဘဲ အပြုံးလေးနှင့်သာ ကျော်သွားခဲ့သည်။


တစ်ချိန်လုံး နှုတ်ဆိတ်နေသောစွန်းယွဲ့ထုံသည် ယင်းအဖြစ်အပျက်ကို မြင်လိုက်ရသည်။ကောင်းကျီထိုက်၏ပြုမူပုံကို သဘောမကျသော်ညား တိုက်ရိုက်ဝေဖန်ခြင်းမပြုဘဲ လင်းယန်ရန်ယူလာသော wolfberry သီးထံ အကြည့်ရောက်သွားခဲ့သည်။


သူမ ချက်ချင်းထရပ်လိုက်ပြီး လင်းယန်ရန်ယူလာသည့်ထဲမှ wolfberry သီးဗူးကိုလှမ်းယူလိုက်ပြီး

"နတ်သမီးအဖွားအိုက အရမ်းကောင်းတယ်.....ဟေး ယန်ရန်။မင်း တကယ်ပဲ wolfberry သီးတွေကို ယူလာတယ်။ကျွန်မကတော့ အလှကုန်ပစ္စည်းတွေနဲ့မဆန့်တော့လို့ ထားခဲ့ရတယ်။ရှောင်ယန်...ဒါကို ကျွန်မကို မျှပေးနိုင်မလား"


စွန်းယွဲ့ထုံ တကယ်ကို အံ့ဩသွားခြင်းဖြစ်သည်။


သူမသည် ကျန်းမာရေးဂရုစိုက်တတ်သူဖြစ်ဦးဖြစ်ကာ အသားအရည်ထိန်းသိမ်းဖို့အတွက် လိုအပ်သည့်အစားအစာများကို နေ့စဉ်စားသုံးနေသူတစ်ဦးလည်းဖြစ်သည်။


သူမ၏ကျန်းမာရေးထိန်းသိမ်းသည့်အစားအစာများအားလုံး ကုန်သွားသဖြင့် စိတ်ဓာတ်ကျနေခဲ့ရသည်။


နောက်ဆုံးတော့ အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးသည့်လူငယ်လေး လင်းယန်ရန်ထံမှ ဤအရာကိုမြင်လိုက်ရသောအခါ သူမ အလွန်ဝမ်းသာသွားလေသည်။


လင်းယန်ရန်က ခေါင်းညိတ်၍ စွန်းယွဲ့ထုံးအား မျှပေးလိုက်သည်။


"ပုံမှန် ကျန်းမာရေး လိုက်စားတာလား"


"ဟုတ်တယ်..ကျွန်မ အမြဲတမ်း ကျန်းမာရေးလိုက်စားတယ်လေ"


"တကယ်လား ကျွန်တော်ရောပဲ"

ထို့နောက် စွန်းယွဲ့ထုံသည် လင်းယန်ရန်နှင့် မိနစ်အနည်းငယ်လောက် စကားပြောခဲ့သည်။


စွန်းယွဲ့ထုံသည် အမျိုးသားထု၏နတ်ဘုရားမလေးဖြစ်သောကြောင့် သူမအား ပရိုဂရမ်အဖွဲ့သားများနှင့် လူငယ်များစွာတို့က အမြဲချီးကျူးလေ့ရှိသည်။


အများအားဖြင့် လူငယ်အနည်းငယ်သည် သူမနှင့်ဆက်သွယ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားခဲ့ဖူးသော်လညိး မအောင်မြင်ခဲ့ကြ။အကွာအဝေးတစ်ခုသာ ခြားထားနေဆဲပင်။


ရလဒ်အနေဖြင့် ယနေ့ညတွင် လူတိုင်းသိရှိလိုက်ရသည်မှာ သူတို့နတ်ဘုရားမလေးကသူမစိတ်ဝင်စားသည့်အကြောင်းအရာများနှင့်ပတ်သတ်မှသာ မျက်လုံး‌တောက်တောက်လေးတွေနှင့် ချစ်စရာကောင်းသည့်အမူအကျင့်များပေါ်လာ‌တတ်ကြောင်းကိုပင်။


လူတိုင်း၏ ခရီးဆောင်အိတ်များကို ပြသပြီး နောက် နေ့လည်စားချိန်ရောက်ပြီဟု ပရိုဂရမ်အဖွဲ့မှ အကြောင်းကြားလာသည်။


နေ့လည်စားချိန်မရောက်မီအချိန်အထိ လူတိုင်း တက်တက်ကြွကြွမရှိ‌ကြပေ။အတွေးအခေါ်ပိုင်းဆိုင်ရာတွက်လည်း ပြဿနာတွေရှိနေခဲ့သည်။


ထို့ကြောင့် ဧည့်သည်ခြောက်ယောက်စလုံးသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ပရိုဂရမ်အဖွဲ့မှစီစဉ်ပေးထားသည့်စားသောက်ဆိုင်သို့ သွားရန် ကားတစ်စီးစီစဉ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။


သို့သော်လည်း ပရိုဂရမ်အဖွဲ့မှ နေ့လည်စာအတွက် ကိုယ်တိုင်စီစဉ်ရမည်ဖြစ်ကာ မည်သည့်ကားမှမစီစဉ်ထားကြောင်း နှင့် ကိုယ်ပိုင်အစီအစဉ်များဖြင့်သွားရောက်ရမည်ဖြစ်ကြောင်း ပြောလာသည်။

(ညစာဖြစ်‌လိုက် နေ့လည်စာဖြစ်လိုက်နဲ့။သူ့အတိုင်းပဲ ရေးထားတယ်နော်)


ကောင်းကျီထိုက်သည် နိုင်ငံရပ်ခြားသို့သွားရမည်ဟုသိထားသည်နှင့် သူ့လက်ထောက်ကို သူ့ဖုန်းထဲတွင် ဆော့ဖ်ဝဲအမျိုးမျိုးကို ကြိုတင်ဒေါင်းလုဒ်လုပ်ပေးဖို့ တောင်းဆိုခဲ့သည်။


ထို့ကြောင့် မိမိကိုယ်တိုင်စီစဉ်ရမည်ဟုကြားသည်နှင့်တပြိုင်နက် လက်ကိုမြှောက်ကာ သူ့ကို အားကိုးနိုင်ကြောင်းပြောလာခဲ့သည်။


အစားအသောက်မှာယူတဲ့ဆော့ဖ်ဝဲလ်ကို သူ အချိန်အတော်ကြာအောင်ရွေးနေပြီး

"လူတိုင်းက အချိန်အကြာကြီး ခရီးထွက်ခဲ့ကြတာဆိုတော့ ခွန်အားတွေပြန်ရအောင် နေ့လည်စာကို ဘာလို့ ကောင်းကောင်းမစားရမှာလဲ"


လင်းယန်ရန်သည် ဆန့်ကျင်ဘက်တွင်ရှိနေသော တွက်ချက်မှုများဖြင့်ပြည့်နှက်နေသည့်ပရိုဂရမ်အဖွဲ့အားတစ်ချက်ကြည့်ပြီး ရိုးရှင်းသောအစားအစာများစားဖို့ကိုသာ အကြံပေးချင်သည်။


သို့သော် သူမြင်လိုက်ရတာက လူတိုင်းအပြုသဘောဆောင်နေပြီး မငြင်းကြပေ။


ဤကဲ့သို့သော လူပေါင်းစုံ ခရီးသွားအစီအစဉ်တွင် စနစ်တကျအုပ်စုဖွဲ့ရန်လည်း အလွန်လိုအပ် ပါသည်။


စွန်းယွဲ့ထုံသည်လည်း လင်းယန်ရန်နှင့် အတွေးတူသည်။


သို့သော်လည်း လူငယ်တော်တော်များများ၏မျက်လုံးထဲမှမျှော်လင့်ချက်များဖြင့်တောက်ပဝင်းလက်နေသည်ကိုမြင်လိုက်ရသဖြင့် ပြောလိုသည့်စကားများကိုပြန်မြိုချခဲ့သည်။


ကောင်းကျီထိုက်သည် ဆော့ဖ်ဝဲလ်မှနေ၍ ကောင်းမွန်သောသုံးသပ်ချက်များရှိသော စားသောက်ဆိုင်တစ်ခုကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသည့် ပရိသတ်များက ထိုစားသောက်ဆိုင်အမည်ကိုကြားသိပြီးနောက် တစ်စုံတစ်ခုသည် barrage,တွင် ချက်ချင်း ပို့စ်တင်ခဲ့သည်။


[အဲ့ဆိုင်ကို သွားစားဖူးတယ်။ဈေးကြီးပြီး သိပ်စားမကောင်းဘူး။ဈေးနှုန်းနဲ့ အရသာရဲ့အချိုးက မညီမျှဘူး]


[ဈေးနှုန်းနဲ့အရသာအချိုးက မညီမျှဘူးလား။ကောင်းပြီ...အဲ့ဆိုင်ကို မသွားနဲ့တော့]


[ပေါင်ပေါင်း မင်း ငါပြောတာကိုကြားလား? မသွားနဲ့ ...မသွားနဲ့လို့]



[သူ့အတွက် စိတ်ပူမနေပါနဲ့။သွားပါစေ...ဘာပဲဖြစ်ဖြစ် ပရိုဂရမ်အဖွဲ့က ကုန်ကျစားရိတ်ကိုပေးဆောင်ရမှာဆိုတော့ အရသာမကောင်းရင် ညစာစားချိန်ကျ နောက်တစ်ဆိုင်ကိုပြောင်းစားယုံပေါ့]


[မှန်တယ်.....ကိုယ့်နိုင်ငံကနေထွက်သွားတဲ့အခါ တခြားဘာသာစကားကိုမပြောတတ်တဲ့အတွက် အမြဲပြန်ထွက်လာရတယ်]


စားသောက်ဆိုင်ကို ဘွတ်ကင်လုပ်ပြီးနောက် ဧည့်သည်တော်ခြောက်ယောက်က အပြင်သွားဖို့ ဆွေးနွှေးနေကြသည်။


ထိုစဉ်မှာပင် ပြဿနာအချို့ပေါ်လာသောကြောင့် ပရိုဂရမ်အဖွဲ့မှ မဲနှိုက်ပြီး အဖွဲ့‌ခွဲဖို့ အကြံပေးလာသည်။

နောက်ဆုံးတွင် ပရိုဂရမ်အဖွဲ့သည် variety show အတွက်အကျိုးသက်ရောက်မှုရှိစေရန် လိုအပ်နေပြီး ဧည့်သည်များကလည်း ကန့်ကွက်ခြင်းမရှိပေရာ မဲနှိုက်ပြီး ဆုံးဖြတ်စေသည်။


ကောင်းကျီထိုက် စွန်းယွဲ့ထုံနှင့် ရဲ့အန်းတို့က တစ်ဖွဲ့။


လင်းယန်ရန် ဖုအန်းချီ နှင့် ကောင်းကျစ်ဖန်တို့က တစ်ဖွဲ့။


အဖွဲ့နှစ်ဖွဲ့ခွဲပြီးမထွက်ခွာမီ ကောင်းကျီထိုက်သည် လိုအပ်သည့့်ဖန်စီဆော့ဖ်ဝဲလ်မျိုးစုံကို ထည့်သွင်းထားသည့်ဖုန်းကို လင်းယန်ရန်နှင့် တခြားသူများအား ဝှေ့ယမ်းပြပြီး ပြောလာသည်။

"‌ငါတို့အရင်ရောက်မှာဆိုတော့ အဲ့နေရာမှာပဲ မင်းတို့ကို စောင့်နေမယ်နော်"


ထိုသို့ပြောပြီးနောက် ကောင်းကျီထိုက် ပြုံးလိုက်၏ ။


ဒီ့မတိုင်ခင်က သူဒီလိုအကွက်တွေကိုကြိုပြီးတွေးထားသည့်အတွက် တက္ကစီငှားသည့် apps တွေကို ဒေါင်းလော့ဒ်ထားသည်။


တစ်ဖက်အဖွဲ့ကတော့ ပြင်သစ်စကားမပြောတတ်ဘဲ ကားငှားရမှာဆိုတော့ ဘာသာစကားအခက်အခဲကြောင့် ဘယ်လိုနည်းနဲ့မှ သူတို့ထက်စောရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။


ထိုသို့တွေးကာ ကောင်းကျီထိုက်သည် ကျေနပ်ပီတိဖြစ်ကာ အတော်လှမ်းသည့်နေရာအထိလျှောက်သွားလိုက်သည်။ကားငှားရန်အတွက် ဖုန်းကိုဖွင့်လိုက်တော့ ရာသီဥတုအရမ်းအေးတဲ့အတွက် ဖုန်းဘက်ထရီကုန်သွားတာကို တွေ့လိုက်ရသည်!!!!


[ဟားဟားဟားဟား မင်းအခုမှ လာရှက်နေတာလား။ဒီလိုဖြစ်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူး]


[ ရယ်နေရတယ်.....ဘာလို့ ဒီလောက်ထိ သူမတူအောင်တုံးအနေရတာလဲ]


[ရယ်စရာပါလို့လား?]


ကောင်းကျီထိုက်သည် ဖုန်းအား သူ၏အကျီီရင်ဘတ်နှင့် အကြိမ်ကြိမ်အခါခါပွတ်သပ်ပြီးနောက် နွေးပြီထင်မှ ပြန်ဖွင့်ကြည့်လိုက်သည်။


သို့သော် ဖုန်းကား မပွင့်လာ....ပါဝါပိတ်မြဲ ပိတ်လျက်သား...


ထိုအချိန်တွင် စွန်းယွဲ့ထုန်သည် သူမ၏ဖုန်းကိုထုတ်ကြည့်ပြီး ပြောသည်။

"ပြည်တွင်းဖုန်းတွေက ပိုကောင်းတယ်။အေးမှာကိုလည်း မကြောက်ရသလို ဘက်ထရီကလည်း တာရှည်ခံတယ်။ယူပြီး တက္ကစီကိုခေါ်လိုက်ပါ"


မကြာမီ ကားရောက်လာပြီး ကောင်းကျီထိုက်တို့တစ်တွေ ကားပေါ်တက်လိုက်သည်။ထို့နောက် ပြင်သစ်လို "ဟဲလို" ဟုနှုတ်ဆက်လိုက်ပြီး နောက်ထပ်ဘာပြောလို့ပြောရမှန်းမသိတော့ပေ။


ဒီရှိုးကိုမလာခင်က ထမင်းစားရေသောက်စကားအချို့ကိုသင်ယူခဲ့ပေမဲ့ စားသောက်ဆိုင်အကြောင်းနဲ့ပတ်သတ်ပြီး မလေ့လာမိခဲ့။


အခုတော့ စားသောက်ဆိုင်နာမည်ကို ဘယ်လိုအသံထွက်သလဲဆိုတာကို သူမသိ။


ကားထဲတွင်ထိုင်ကာ သူတို့သုံးယောက်စလုံး အမူအယာအမျိုးမျိုးလုပ်ပြလျက် ပြောဆိုခဲ့သည်။ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ရဲ့အန်းသည် စားသောက်ဆိုင်နာမည်အမည်မှန်ကိုပြောနိုင်ဖို့ သူ၏မှတ်ဉာဏ်များကိုအားကိုးနိုင်ခဲ့ပြီး ဒါရိုက်ဘာကလည်း သူတို့သုံးဦးကို ထိုစားသောက်ဆိုင်သို့ ချောမွေ့စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။


လမ်းပေါ်တွင် ယာဉ်တိုက်မှုအချို့ကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သော်လည်း လိုရာခရီးကို ချောချောမွေ့မွေ့ရောက်လာဆဲဖြစ်သည်။


စားသောက်ဆိုင်ရှေ့ရောက်သည်နှင့် ကောင်းကျီထိုက်သည် သူတို့နောက်လာသော PD ကိုလှည့်မေးလိုက်၏ ။

"သူတို့မရောက်သေးဘူးမလား"


သို့သော် ချိန်းထားသည့်နေရာသို့ရောက်သည်နှင့်တပြိုင်နက် တစ်ဖက်အဖွဲ့က ထိုင်ခုံမှာထိုင်ကာ ဖရဲသီးစေ့များကို ထိုင်စားနေသည်ကိုတွေ့လိုက်ရသည်!!!


ကောင်းကျီထိုက် ဖုအန်းချီကို မယုံကြည်နိုင်စွာကြည့်ရင်း မေးလိုက်သည်။

"မင်းပြောတော့ ဘာမှမပြင်ဆင်ခဲ့ဘူးဆို"


ဖုအန်းချီ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်လေ"


ကောင်းကျီထိုက်၏အမူအယာမှာ မယုံကြည်နိုင်ဖြစ်နေဆဲ။ထိုစဉ် ဖုအန်းချီ ဆက်ပြောလာသည်။

"ဘာဖြစ်လို့လဲ။ငါ့ဘက်က ဘာမှမပြင်ဆင်ခဲ့တာ အမှန်ပဲလေ။ဒါပေမဲ့ ကံကောင်းလို့ ယန်ရန်က ပြင်သစ်စကားပြောတတ်တယ်လေ"


[ ????? ]


[ဖာ့ခ်.....သူက ပြင်သစ်စကား ပြောတတ်တာလား ? ? ]


ကောင်းကျီထိုက်အဖွဲ့ကိုသာ ကြည့်ရှုခဲ့သော ပရိသတ်များသည် တစ်ဖက်အဖွဲ့၏သတင်းအချက်အလက်ကိုလွတ်သွားသည်ဖြစ်ရာ ယခုအချိန်တွင် ဘာဖြစ်လို့ဖြစ်နေမှန်း နားမလည်ကြတော့ပေ။


ထို့ကြောင့် ဖုအန်းချီ၏စကားကိုကြားပြီးနောက် ချက်ချင်းပဲ လင်းယန်ရန်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဆီပြေးသွားခဲ့ကြသည်။





Report Page