222

222

Yu Ya Nyein

#Unicode

Chater 222


"အနာဂတ်ဆယ်နှစ်မှာ ငါကအသက်နှစ်ဆယ်ရှိမှာဖြစ်ပြီး အဲ့ဒီအချိန်မှာငါက စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်နေလောက်ပြီ...


ငါက ကောင်တာမှာထိုင်ပြီး ကလေးတွေကိုစာအုပ်ရောင်းနေရပြီ...


သူတို့ကိုလေ့ကျင့်ခန်း စာအုပ်တွေ ကိုဘာသာရပ်အစုံရောင်းပေးမယ်...


ငါကသူတို့ မနက်ကနေညအထိ ပိတ်ရက် တွေမှာပါမကျန်စာလုပ်ပြီး အားလပ်ရက် ခရီး ထွက်တာထက် အသိပညာတွေ ကြားမှာဘဲနေစေချင်တယ်....


စာအုပ်ဖိုး မတတ်နိုင်ဘူး ဆိုရင်လဲအဆင်ပြေတယ် ငါကအဲ့ဒီကလေးတွေကို စာအုပ်အလကားပေးမယ်....


ဒါမှသူတို့တွေက စာကြိုးစားလို့ရပြီး ပညာတတ်ကြီး တွေဖြစ်ပြီး တခြားသူတွေ ကိုလည်းစာလုပ်ဖို့တိုက်တွန်းနိုင်လိမ့်မယ်..."


ဘာသာစကား ဆရာက သူမအရမ်းကို ဥာဏ်ကောင်းသည်ဟု ခံစားရသည် ။ သူမက အရမ်းလက်တွေ့ကျကာ ကျိုးကျော်ဆီလျှော်သည် ။ ဘာသာစကားဆရာက ချီးမွမ်း ၍မဆုံးပေ ။


အတန်းဖော်တွေကတော့ ငိုနေကြလေပြီ။


အတန်းထဲ၌ ကလေးအယောက်ငါးဆယ်ရှိပြီး အက်ဆေးတစ်ပုဒ်နှင့်တင်ရှောင်မန်က အမှတ်၄၅၀တောင်ရခဲ့သည် ။


သူမက ပိုက်ဆံ အိတ်အပြည့်ငွေတွေရှိနေသည့် သူဌေး တစ်ယောက် မျက်နှာမျိုးဖြစ်နေသည် ။


တခြားကလေးတွေက လှည့်စားရန်လွယ်ကူကာ သူတို့ထက်စာလျှင် ရှောင်မန် ကလှည့်စားတတ်ပုံပေါ်ကာ သူမကိုယ်သူမ ဗီလိန်အရှိန်အဝါ အပြည့်နှင့်ဟုထင်နေသည် ။


သူမရဲ့အမှတ်တွေကိုကြည့်ကာ ပျော်မိသော်လည်း စိတ်မကောင်းလဲဖြစ်မိသည် ။


သူမပျော်ရသည့်အကြောင်းအရင်းက အသုံးပြုဖို့အမှတ်တွေမရှိတော့မှာကိုစိုးရိမ်စရာမလိုတာဖြစ်ပြီး စိတ်မကောင်း ဖြစ်မိတာက လှည့်ကွက်တစ်ခုကိုနှစ်ခါလုပ်လို့မရတာဖြစ်သည် ။


အစကတော့ သူမကစာသာလုပ်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမအတွက် တခြားအကျိုးရှိစေမည့်အရာများကိုပါလုပ်ရမည်အား သိလာရသည် ။


ဗီလိန်ဖြစ်ရန်ကြိုးစားခြင်းကအရေးပါသော်လည်း သူမအားနှောင့်ယှက်နေသည့် လူဆိုးကြီး များရှိသည် ။


အကယ်၍ သူမက အမှတ်တွေအားလုံးကို မားမားရုံရဲ့ အပ်စိုက်ကုထုံးကို သာလဲလှယ်ခဲ့ရင် လူဆိုးကြီး တွေက သူမဦးလေးကိုလာနှောင့််ယှက်ခဲ့ရင် သူမအတွက် အသုံးပြုစရာ ကဒ်ရှိတော့မည်မဟုတ်ချေ ။


သေသေချာချာ စဥ်းစားပြီးနောက် အမှတ်တွေကို အနာဂတ်အတွက် သိမ်ထားတာကောင်းသည် ။


သူမအိမ်ပြန်ရောက်တဲ့အခါမှာကျန်းရှင်းကိုမေးလိုက်သည် ။


" ဦးလေး လူဆိုးဦးလေးကြီးက ဒီမှာရှိသေးလား သူထွက်သွားပြီလား ..."


" သူဒီမှာ ရှိသေးတယ် ဘာလို့သူ့ကိုမေးတာလဲ.... "


" သမီးက သူပြဿနာရှာမှာကိုကြောက်တာပါ.... "


ကျန်းရှင်း ကသူမခေါင်းလေးကိုပွတ်ပြီးပြောလိုက်သည် ။


" လူကြီးတွေရဲ့ ကိစ္စကို သမီး စိတ်ပူစရာမလိုပါဘူး ... သူကဆက်တိုက်နေမကောင်းဘူးလို့ပြောနေပေမဲ့ ဆေးစစ်ချက်တွေမှာပြဿနာမရှိတာကိုလက်မခံနိုင်ဘဲပြဿနာရှာနေတာ...."


သူမက ဘာတွေဖြစ်ခဲ့လဲသိသော်လည်းဘာမှပြောမှာမဟုတ်ပေ ။ ကလေးတွေကသာလှည့်စားဖို့လွယ်တာမဟုတ်ဘဲ လူကြီးတွေလဲအတူတူပင်ဖြစ်သည် ။


သူကနည်းနည်းလေးခြောက်လိုက်တာနဲ့တောင် ဒီလောက်ထိဖြစ်စရာလား...


အားနည်း လိုက်တာ....


ဒါကအဖွားပြောသလို ဖြစ်ရမယ် မဟုတ်တာသာမလုပ်ထားရင် ညသန်းခေါင်သရဲတံခါးလာခေါက်လဲမကြောက်ဘူးဆိုတာပေါ့....


အခုထိုလူဆိုးကြီးက သူမဦးလေးကို လာမနှောင့်ယှက်နိုင်ဟုဆိုမှသာ သူမစိတ်ချသွားရသည် ။


ကျန်းရှင်း နောက်ဆုံးတစ်ခေါက် သတင်းစာမှာပါလာသည့်အချိန်ကတည်းက သူ့ ကုမ္ပဏီ ကနမည်ကြီးလာခဲ့သည် ။


အရည်အသွေး ကောင်းမွန်သည့်ထုတ်ကုန်များကိုများများ ကြော်ငြာသင့်သည် ။ မဟုတ်လျှင် ထုတ်ကုန်က အမှန််တကယ်ကောင်းမွန်ကြောင်း လူအများကြီးကသိမှာမဟုတ်ပေ ။


ကျန်းရှင်း၏ စိတ်ကူးတွေက ကောင်းမွန်သော်လည်း အရင်က အသုံးပြုပုံ လွဲမှားခဲ့သည် ။ ယခုသူက မိသားစုကိုကာကွယ်ရန်စိတ်ပိုင်းဖြတ်လိုက်သည့်အတွက် အရာရာ ကိုအမှန် မြင်နေပြီဖြစ်သည် ။


ကျန်းရှင်း ကအကြံရလာပြီး ရှောင်မန် ကိုပြောလိုက်သည် ။


" ရှောင်မန် ဦးလေး သမီးသူငယ်ချင်းတွေကို ခြံထဲကိုဖိတ်ချင်တယ်.... ပျော်ပွဲစားထွက်နေသလိုသဘောထားပြီး ပျော်ပျော်ရွင်ရွင်နဲ့ ဓာတ်ပုံတွေ ရိုက်ကြ...ပြန်ရောက်တဲ့အခါကျရင် အဲ့ဒီအကြောင်းကို စာစီစာကုံးတွေရေးကြပေါ့ ..."


အရင်က ကစားကွင်းလှူပေးထားတာနဲ့သာဆိုရင် ကလေးတွေက သေချာပေါက် သူတို့မိသားစုတွေ ရှေ့မှာကြော်ငြာပေးကြလိမ့်မယ် ။


ကလေးတွေကပိုက်ဆံမသုံးနိုင်ပေမဲ့သူတို့မိသားစုတွေကတော့သုံးနိုင်တယ် ။ တစ်ယောက် နဲ့တစ်ယောက် ပြောကြရင်းကနေ လူတွေအများကြီး သိသွားကြပြီး ကြော်ငြာခတောင်သက်သာသေးသည် ။


သူသာ ကလေးတွေအတွက် ဆောင်းဦးခရီးစဥ်မှာပျော်ပွဲစားထွက်သည့်ကိစ္စတွင် စပွန်ဆာပေးလိုက်ပါက ကျောင်းအုပ်ကြီး ကပျော်ရွှင်စွာဖြင့် ခွင့်ပြုပေးလိမ့်မည်ဖြစ်သည်။


အစီအစဉ်က အလွန်အလုပ်ရူပ်မည်ဆိုသော်လည်း ကျန်းရှင်း ကတွေးကာ ပျော်ရွှင်နေခဲ့သည် ။


ခရီးစဉ် အတွက် နေရာကိုမရွေးရသေးကာ သူမဦးလေး၏ အကြံက မဆိုးဟုထင်သော်လည်း သူမနားမလည်နိုင်တာရှိသေးသည် ။


" ဦးလေး မှာဘယ်တုန်းကခြံပိုင်သွားရတာလဲ...."


လယ်တောခြံက မကြာသေးခင်ကမှအပြီးသတ်တာဖြစ်ပြီး ကျန်းရှင်း ကအရင်ကတည်းက ဝက်မွေးချင်နေသောကြောင့် တစ်ခါတည်း စီးပွားဖြစ်မွေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


ခြံထဲတွင် ဝက်မွေးရန်ဝက်ခြံအပြင် အသီးအနှံတွေ နှင့် ဟင်းသီးဟင်းရွက်များလဲ စိုက်ပျိုးထားရန်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော်လည်း စျေးကြီးသည် ။


ဧည့်သည်တွေကို ဆွဲဆောင်ရန် အတွက် အပန်းဖြေ လယ်တောအိမ်လေးတွေကိုလဲဆောက်ထားသည် ။


အခုတော့ လည်ပတ်သူအများအပြားမရှိသေးပေ။


ကျန်းဟွေ့မိန် ကသူမရဲ့ဝက်တွေကိုစိတ်ပူနေကာ နေ့တိုင်းလိုလို သွားစစ်ဆေးနေပြီး ညရောက်မှပြန်လာလေ့ရှိသည် ။


ဝက်မွေးတာက သူမတို့မိသားစုရဲ့ ဘိုးဘွားလုပ်ငန်းလိုဖြစ်နေပြီး မစွန့်လွှတ်နိုင်ကြပေ ။ ကျန်းရှင်း ကပြောလိုက်သည် ။


" ငါတို့မိသားစုရဲ့ ဝက်ခြံအသစ်ကိုဖွင့်လှစ်လိုက်ပြီး ဝက်မတစ်ကောင်က သားပေါက် တော့မယ်...."


ဒါကြောင့် ကျန်းဟွေ့မိန် ဝက်ခြံသို့ အပြေးအလွှားသွားနေတာ အံ့သြစရာမရှိပေ ။


xxxxx



#Zawgyi

Chater 222


"အနာဂတ္ဆယ္ႏွစ္မွာ ငါကအသက္ႏွစ္ဆယ္ရွိမွာျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာငါက စာအုပ္ဆိုင္ပိုင္ရွင္ျဖစ္ေနေလာက္ၿပီ...


ငါက ေကာင္တာမွာထိုင္ၿပီး ကေလးေတြကိုစာအုပ္ေရာင္းေနရၿပီ...


သူတို႔ကိုေလ့က်င့္ခန္း စာအုပ္ေတြ ကိုဘာသာရပ္အစုံေရာင္းေပးမယ္...


ငါကသူတို႔ မနက္ကေနညအထိ ပိတ္ရက္ ေတြမွာပါမက်န္စာလုပ္ၿပီး အားလပ္ရက္ ခရီး ထြက္တာထက္ အသိပညာေတြ ၾကားမွာဘဲေနေစခ်င္တယ္....


စာအုပ္ဖိုး မတတ္ႏိုင္ဘူး ဆိုရင္လဲအဆင္ေျပတယ္ ငါကအဲ့ဒီကေလးေတြကို စာအုပ္အလကားေပးမယ္....


ဒါမွသူတို႔ေတြက စာႀကိဳးစားလို႔ရၿပီး ပညာတတ္ႀကီး ေတြျဖစ္ၿပီး တျခားသူေတြ ကိုလည္းစာလုပ္ဖို႔တိုက္တြန္းႏိုင္လိမ့္မယ္..."


ဘာသာစကား ဆရာက သူမအရမ္းကို ဥာဏ္ေကာင္းသည္ဟု ခံစားရသည္ ။ သူမက အရမ္းလက္ေတြ႕က်ကာ က်ိဳးေက်ာ္ဆီေလွ်ာ္သည္ ။ ဘာသာစကားဆရာက ခ်ီးမြမ္း ၍မဆုံးေပ ။


အတန္းေဖာ္ေတြကေတာ့ ငိုေနၾကေလၿပီ။


အတန္းထဲ၌ ကေလးအေယာက္ငါးဆယ္ရွိၿပီး အက္ေဆးတစ္ပုဒ္ႏွင့္တင္ေရွာင္မန္က အမွတ္၄၅၀ေတာင္ရခဲ့သည္ ။


သူမက ပိုက္ဆံ အိတ္အျပည့္ေငြေတြရွိေနသည့္ သူေဌး တစ္ေယာက္ မ်က္ႏွာမ်ိဳးျဖစ္ေနသည္ ။


တျခားကေလးေတြက လွည့္စားရန္လြယ္ကူကာ သူတို႔ထက္စာလွ်င္ ေရွာင္မန္ ကလွည့္စားတတ္ပုံေပၚကာ သူမကိုယ္သူမ ဗီလိန္အရွိန္အဝါ အျပည့္ႏွင့္ဟုထင္ေနသည္ ။


သူမရဲ႕အမွတ္ေတြကိုၾကည့္ကာ ေပ်ာ္မိေသာ္လည္း စိတ္မေကာင္းလဲျဖစ္မိသည္ ။


သူမေပ်ာ္ရသည့္အေၾကာင္းအရင္းက အသုံးျပဳဖို႔အမွတ္ေတြမရွိေတာ့မွာကိုစိုးရိမ္စရာမလိုတာျဖစ္ၿပီး စိတ္မေကာင္း ျဖစ္မိတာက လွည့္ကြက္တစ္ခုကိုႏွစ္ခါလုပ္လို႔မရတာျဖစ္သည္ ။


အစကေတာ့ သူမကစာသာလုပ္ခ်င္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ သူမအတြက္ တျခားအက်ိဳးရွိေစမည့္အရာမ်ားကိုပါလုပ္ရမည္အား သိလာရသည္ ။


ဗီလိန္ျဖစ္ရန္ႀကိဳးစားျခင္းကအေရးပါေသာ္လည္း သူမအားေႏွာင့္ယွက္ေနသည့္ လူဆိုးႀကီး မ်ားရွိသည္ ။


အကယ္၍ သူမက အမွတ္ေတြအားလုံးကို မားမား႐ုံရဲ႕ အပ္စိုက္ကုထုံးကို သာလဲလွယ္ခဲ့ရင္ လူဆိုးႀကီး ေတြက သူမဦးေလးကိုလာေႏွာင့္္ယွက္ခဲ့ရင္ သူမအတြက္ အသုံးျပဳစရာ ကဒ္ရွိေတာ့မည္မဟုတ္ေခ် ။


ေသေသခ်ာခ်ာ စဥ္းစားၿပီးေနာက္ အမွတ္ေတြကို အနာဂတ္အတြက္ သိမ္ထားတာေကာင္းသည္ ။


သူမအိမ္ျပန္ေရာက္တဲ့အခါမွာက်န္းရွင္းကိုေမးလိုက္သည္ ။


" ဦးေလး လူဆိုးဦးေလးႀကီးက ဒီမွာရွိေသးလား သူထြက္သြားၿပီလား ..."


" သူဒီမွာ ရွိေသးတယ္ ဘာလို႔သူ႔ကိုေမးတာလဲ.... "


" သမီးက သူျပႆနာရွာမွာကိုေၾကာက္တာပါ.... "


က်န္းရွင္း ကသူမေခါင္းေလးကိုပြတ္ၿပီးေျပာလိုက္သည္ ။


" လူႀကီးေတြရဲ႕ ကိစၥကို သမီး စိတ္ပူစရာမလိုပါဘူး ... သူကဆက္တိုက္ေနမေကာင္းဘူးလို႔ေျပာေနေပမဲ့ ေဆးစစ္ခ်က္ေတြမွာျပႆနာမရွိတာကိုလက္မခံႏိုင္ဘဲျပႆနာရွာေနတာ...."


သူမက ဘာေတြျဖစ္ခဲ့လဲသိေသာ္လည္းဘာမွေျပာမွာမဟုတ္ေပ ။ ကေလးေတြကသာလွည့္စားဖို႔လြယ္တာမဟုတ္ဘဲ လူႀကီးေတြလဲအတူတူပင္ျဖစ္သည္ ။


သူကနည္းနည္းေလးေျခာက္လိုက္တာနဲ႔ေတာင္ ဒီေလာက္ထိျဖစ္စရာလား...


အားနည္း လိုက္တာ....


ဒါကအဖြားေျပာသလို ျဖစ္ရမယ္ မဟုတ္တာသာမလုပ္ထားရင္ ညသန္းေခါင္သရဲတံခါးလာေခါက္လဲမေၾကာက္ဘူးဆိုတာေပါ့....


အခုထိုလူဆိုးႀကီးက သူမဦးေလးကို လာမေႏွာင့္ယွက္ႏိုင္ဟုဆိုမွသာ သူမစိတ္ခ်သြားရသည္ ။


က်န္းရွင္း ေနာက္ဆုံးတစ္ေခါက္ သတင္းစာမွာပါလာသည့္အခ်ိန္ကတည္းက သူ႔ ကုမၸဏီ ကနမည္ႀကီးလာခဲ့သည္ ။


အရည္အေသြး ေကာင္းမြန္သည့္ထုတ္ကုန္မ်ားကိုမ်ားမ်ား ေၾကာ္ျငာသင့္သည္ ။ မဟုတ္လွ်င္ ထုတ္ကုန္က အမွန္္တကယ္ေကာင္းမြန္ေၾကာင္း လူအမ်ားႀကီးကသိမွာမဟုတ္ေပ ။


က်န္းရွင္း၏ စိတ္ကူးေတြက ေကာင္းမြန္ေသာ္လည္း အရင္က အသုံးျပဳပုံ လြဲမွားခဲ့သည္ ။ ယခုသူက မိသားစုကိုကာကြယ္ရန္စိတ္ပိုင္းျဖတ္လိုက္သည့္အတြက္ အရာရာ ကိုအမွန္ ျမင္ေနၿပီျဖစ္သည္ ။


က်န္းရွင္း ကအႀကံရလာၿပီး ေရွာင္မန္ ကိုေျပာလိုက္သည္ ။


" ေရွာင္မန္ ဦးေလး သမီးသူငယ္ခ်င္းေတြကို ၿခံထဲကိုဖိတ္ခ်င္တယ္.... ေပ်ာ္ပြဲစားထြက္ေနသလိုသေဘာထားၿပီး ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႔ ဓာတ္ပုံေတြ ႐ိုက္ၾက...ျပန္ေရာက္တဲ့အခါက်ရင္ အဲ့ဒီအေၾကာင္းကို စာစီစာကုံးေတြေရးၾကေပါ့ ..."


အရင္က ကစားကြင္းလႉေပးထားတာနဲ႔သာဆိုရင္ ကေလးေတြက ေသခ်ာေပါက္ သူတို႔မိသားစုေတြ ေရွ႕မွာေၾကာ္ျငာေပးၾကလိမ့္မယ္ ။


ကေလးေတြကပိုက္ဆံမသုံးႏိုင္ေပမဲ့သူတို႔မိသားစုေတြကေတာ့သုံးႏိုင္တယ္ ။ တစ္ေယာက္ နဲ႔တစ္ေယာက္ ေျပာၾကရင္းကေန လူေတြအမ်ားႀကီး သိသြားၾကၿပီး ေၾကာ္ျငာခေတာင္သက္သာေသးသည္ ။


သူသာ ကေလးေတြအတြက္ ေဆာင္းဦးခရီးစဥ္မွာေပ်ာ္ပြဲစားထြက္သည့္ကိစၥတြင္ စပြန္ဆာေပးလိုက္ပါက ေက်ာင္းအုပ္ႀကီး ကေပ်ာ္႐ႊင္စြာျဖင့္ ခြင့္ျပဳေပးလိမ့္မည္ျဖစ္သည္။


အစီအစဥ္က အလြန္အလုပ္႐ူပ္မည္ဆိုေသာ္လည္း က်န္းရွင္း ကေတြးကာ ေပ်ာ္႐ႊင္ေနခဲ့သည္ ။


ခရီးစဥ္ အတြက္ ေနရာကိုမေ႐ြးရေသးကာ သူမဦးေလး၏ အႀကံက မဆိုးဟုထင္ေသာ္လည္း သူမနားမလည္ႏိုင္တာရွိေသးသည္ ။


" ဦးေလး မွာဘယ္တုန္းကၿခံပိုင္သြားရတာလဲ...."


လယ္ေတာၿခံက မၾကာေသးခင္ကမွအၿပီးသတ္တာျဖစ္ၿပီး က်န္းရွင္း ကအရင္ကတည္းက ဝက္ေမြးခ်င္ေနေသာေၾကာင့္ တစ္ခါတည္း စီးပြားျဖစ္ေမြးရန္ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။


ၿခံထဲတြင္ ဝက္ေမြးရန္ဝက္ၿခံအျပင္ အသီးအႏွံေတြ ႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားလဲ စိုက္ပ်ိဳးထားရန္ျဖစ္ကာ သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစေသာ္လည္း ေစ်းႀကီးသည္ ။


ဧည့္သည္ေတြကို ဆြဲေဆာင္ရန္ အတြက္ အပန္းေျဖ လယ္ေတာအိမ္ေလးေတြကိုလဲေဆာက္ထားသည္ ။


အခုေတာ့ လည္ပတ္သူအမ်ားအျပားမရွိေသးေပ။


က်န္းေဟြ႕မိန္ ကသူမရဲ႕ဝက္ေတြကိုစိတ္ပူေနကာ ေန႔တိုင္းလိုလို သြားစစ္ေဆးေနၿပီး ညေရာက္မွျပန္လာေလ့ရွိသည္ ။


ဝက္ေမြးတာက သူမတို႔မိသားစုရဲ႕ ဘိုးဘြားလုပ္ငန္းလိုျဖစ္ေနၿပီး မစြန္႔လႊတ္ႏိုင္ၾကေပ ။ က်န္းရွင္း ကေျပာလိုက္သည္ ။


" ငါတို႔မိသားစုရဲ႕ ဝက္ၿခံအသစ္ကိုဖြင့္လွစ္လိုက္ၿပီး ဝက္မတစ္ေကာင္က သားေပါက္ ေတာ့မယ္...."


ဒါေၾကာင့္ က်န္းေဟြ႕မိန္ ဝက္ၿခံသို႔ အေျပးအလႊားသြားေနတာ အံ့ၾသစရာမရွိေပ ။


xxxxx



Report Page