(19)

(19)

Tee Ko

"သူ့မျက်နှာလေးကိုကြည့်ပြီး အလှည့်စားမခံရစေနဲ့....သူနဲ့ပတ်သပ်မိသူတိုင်း တစ်ခုမဟုတ်တစ်ခု ဖြစ်တယ်"


"ဆိုးဝါးလိုက်တာ....ဘယ်လိုတောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ"


"ဟား...ဟား....အပျက်ကောင်"


"မင်းမှာဒီမျက်နှာလှလှလေးရှိနေမှတော့ ဘာကြောင့်ငါတို့ကို မဖျော်ဖြေရမှာလဲ"


"ကောင်လေး.... ငါမင်းကိုပြည့်တန်ဆာတစ်ယောက်ရဲ့ခံစားချက်တွေပေးနိုင်တယ်"


"လှလိုက်တာ....လှလိုက်တာ....ဘယ်လိုတောင်လှရက်နိုင်လွန်းရတာလဲ...."


"ငါက ဒီလိုပြစ်မျိုးမှဲ့မထင်လှပမှု ဆိုတဲ့အရာကိုဖျက်ဆီးရတာကိုလည်းကြိုက်တယ်"


"fuck!! သူ့မှာမျက်နှာလှလှလေးရှိတာကလွဲရင် ဘာအသုံးဝင်တာရှိလို့လဲ"


"ခွေးကောင်.... နင်က အစတည်းက မမွေးဖွားလာသင့်တာ"


"သေစမ်း!! သေစမ်း!! သေစမ်း!!"


"ငရဲသွားလိုက်တော့!!! မိန်းမပျက်လိုကောင်"


"လီးလိုပဲ!! မင်းက ဒီလောင်ဇီရဲ့ အစာကိုလုရဲတယ်လား"


"သေလိုက်တော့!!........."


"မင်းမွေးလာတာကိုက အမှားပဲ"


"နင့်ကြောင့် ငါ့သမီးလေးသေရတာ....နင်ဘာကြောင့်သွားမသေလိုက်တာလဲ"


"မင်းကြောင့်....."


"မင်းကြောင့်....."


"မင်းကြောင့်....."


မဆုံးနိုင်တဲ့ အသံတွေနဲ့မရေမတွက်နိုင်တဲ့လက်ညှိုးတွေက ရောနှောသွားသည်။ မှောင်မဲကျဉ်းမြောင်းသည့်လမ်းကြားတစ်နေရာတွင် စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသည့် ကလေးတစ်အုပ်ဟာ သေးငယ်ပိန်ပါးသည့်ခန္ဓာကိုယ်နှင့် ကလေးငယ်တစ်ယောက်ကို အသေအလဲ ရိုက်နှက်ကန်ကျောက်နေ၏။


အရိုက်ခံနေရသည့်ကလေးငယ်ဟာ သူ့ခန္ဓာကိုယ်လေးကို ပုစွန်ထုတ်လေးလို တတ်နိုင်သလောက်ကွေးထားပြီး သူ့ရင်ဘတ်ထဲက ခြောက်ကပ်နေသည့်ပေါင်မုန့်လေးကိုကာကွယ်ထားသည်။ ကျေနပ်အောင် ကန်ကျောက်သွားပြီးနောက်တွင် ကလေးအုပ်စုထဲက ခေါင်းဆောင်ဖြစ်ဟန်ရတဲ့ ကလေးတစ်ယောက်က တံတွေးတစ်ချက်ထွေးချလိုက်ပြီး နောက်ဆုံးပိတ်တစ်ချက် အားနဲ့ကန်ချလိုက်သည်။


"လီးလိုပဲ!! မင်းက ဒီလောင်ဇီရဲ့ အစာကိုလုရဲတယ်လား"


"ထားလိုက်ပါတော့ အကိုကြီးရာ....ပေါင်မုန့်ခြောက်က အများကြီးလဲမဟုတ်တော့ သူစားဖို့ထား ထားလိုက်ပါ..."


"ဘာလဲ....မင်းကသူ့ကိုသနားသွားတာလား....သူ့ကိုသနားတဲ့လူတိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်ပြီး သေသွားတာ ဘယ်သူက မသိလို့လဲ"


"အိုက်ယား....ဘယ်က သနားရမှာလဲ အကိုကြီးရ.....သူသာအားမရှိရင် နောက်တစ်ခါကျွန်တော်တို့ကန်ကျောက်ရမယ့် လူမရှိပဲ အလကား သေသွားမှာစိုးလို့ပါ"


"မင်းမှန်တယ်....သဲအိတ်တစ်ခုကို ဒီအတိုင်းအဆုံးရှုံးမခံနိုင်ဘူး"


စုတ်ပျက်နေသည့် အဝတ်တွေနှင့် ထိုကလေးတစ်အုပ်ဟာ မြေကြီးပေါ်မှာကွေးနေတဲ့ကလေးကို လျစ်လျူရှု့၊ လှောင်ပြောင်ရင်း လမ်းကြားသေးသေးလေးထဲမှထွက်ခွာသွားကြ၏။ သူတို့ထွက်သွားပြီးမကြာခင်မှာပင် မြေပြင်ပေါ်မှာ ငြိမ်သက်နေသည့်ကလေးငယ်လေးဟာ ဘာမှမဖြစ်ခဲ့သလိုမျိုး ထထိုင်၍ နံရံကိုမှီ ချလိုက်သည်။


သူ့လက်ထဲက ပေါင်မုန့်ခြောက်မှာ အရမ်းမကြီးပဲ လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးတစ်ဝက်စာလောက်သာရှိသည်။ ၎င်းက ရှုံ့တွနေသည့်အပြင် မှိုအနည်းငယ်ပါတတ်နေသေးသည်။ ဒါကသာမန်မိသားစုက ကလေးတွေတောင် စားဖို့ရန်ငြင်းဆန်မည့်အရာဖြစ်သော်လည်းပဲ ကလေးငယ်အတွက်တော့ အကောင်းမွန်ဆုံး နေ့လည်စာ တစ်ခုဖြစ်နေပေပြီ။


ကလေးငယ်က သူ့ရဲ့ညစ်ပတ်နေသည့် လက်သေးသေးလေးကို အင်္ကျီစအပေါ်တစ်ချက်နှစ်ချက်လောက်သုတ်လိုက်ရင်း ခြောက်ကပ်နေသည့် ပေါင်မုန့်ကို အလုတ်ကြီးကြီးကိုက်စားလိုက်သည်။


ကလေးငယ်ရဲ့ မျက်နှာလေးမှာအညစ်အကြေး၊ ဖုန်မှုန့်တစ်ချို့ဖြင့် ဖုံးလွှမ်းနေပါသော်လည်း မက်မွန်သီးသဏ္ဍာန်မျက်လုံးဝိုင်းကြီးတစ်စုံကိုတော့ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ ကလေးငယ်၏ မျက်ဝန်းတစ်စုံမှာ ကြယ်တွေတစ်ဖျက်ဖျက်လင်းလက်နေသလိုမျိုး ထင်ရပြီး မြင်တွေ့သူတိုင်းကိုဆွဲဆောင်နေ၏။ သူ့မျက်နှာသေးသေးလေးမှာ အတော်လေး ညစ်ပတ်နေပါသော်လည်း လူတိုင်းကိုငေးမောမှင်သပ်သွားအောင် လှရက်နိုင်လွန်းသည်မှာငြင်းမရပေ။ အကယ်၍ အနှီးကလေးငယ်သာ ကြီးပြင်းလာရင် လောကကြီးတစ်ခုလုံး သူ့အလှကြောင့် ရူးသွပ်သွားနိုင်သည်။


ကလေးငယ်၏ မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။ သူ့တွင် နာမည်မရှိပေ။ ဒီနေ့ သူ့ရင်ဘတ်ထဲမှာဝှက်ထားသည့် ထိုပေါင်မုန့်ခြောက်ကြောင့်သာမဟုတ်ရင် ခုနက ကလေးတစ်အုပ်ရိုက်နှက်သမျှကို ငြိမ်ခံနေမည်မဟုတ်ချေ။ သူသာ ပြင်းပြင်းထန်ထန်လှုပ်ရှားလိုက်ရင် ပေါင်မုန့်ခြောက်က ကျေမွသွားပြီး စားမရဖြစ်သွားနိုင်သည်။ ဒါဆိုရင် ငတ်မည့်သူက သူကိုယ်တိုင်ဖြစ်သွားနိုင်၏။


ကလေးငယ်က နောက်ထပ်ပေါင်မုန့်အလုတ်ကြီးကြီးတစ်လုတ်ကိုက်စားလိုက်သော်လည်း သူ့ရဲ့သေးငယ်တဲ့ပါးစပ်လေးကြောင့် လူကြီးတစ်ယောက်၏ စားနှုန်းနဲ့တော့မနှိုင်းယှဉ်နိုင်ပေ။


လွန်ခဲ့တဲ့ နှစ်ရက်ကတင် သူ့ဆီပေါက်စီပူပူ တစ်ချို့ ယူလာပြီးကျွေးတတ်သည့် အမကြီးဟာ ကားတိုက်ပြီး ဆုံးပါးသွားခဲ့သည်။ ထိုအမကြီးရဲ့နွေးထွေးတဲ့အပြုံးကို သတိရသွားသည့်အခါတွင် ကလေးငယ်တမြုံ့မြုံ့ဝါးနေတဲ့လှုပ်ရှားမှုတွေမှာ ရပ်တန့်သွားသည်။


သူ့ရဲ့ တောက်ပ လင်းလက်နေသည့် မက်မွန်သီးသဏ္ဍာန်မျက်ဝန်းတွေမှာ မှိုင်းညှို့သွားသည်။ ဝမ်းနည်းစိတ်သေးသေးလေးက သူ့ရင်ထဲလှိုက်တတ်လာသည်။ ဘယ်လောက်ပင် သန်မာပါတယ်ဆိုဆို သူက၈နှစ်အရွယ် ကလေးတစ်ယောက်သာဖြစ်နေသေးသည်။ သူ့အပေါ် နွေးထွေးမှုသေးသေးလေးပဲဖြစ်ဖြစ်ပေးကမ်းစွန့်ကြဲခဲ့တဲ့ လူတွေအပေါ် တွယ်တာမှုမရှိဘူးဆိုရင် လိမ်ရာကျပေလိမ့်မည်။


ကလေးငယ်က သူ့စိတ်ကိုအလျှင်အမြန်ရှင်းလင်းလိုက်ပြီး နောက်ဆုံးလက်ကျန် ပေါင်မုန့်ခြောက်ကို လက်စသတ်လိုက်သည်။ ဒါကသူ့ဗိုက်ထဲက အလိုဆန္ဒကိုလုံလောက်အောင်မဖြည့်တင်းပေးနိုင်သော်လည်း သူက လောဘကြီးသည့် ကလေးတစ်ယောက်မဟုတ်ပေ။


သူ့ရဲ့နာကျင်နေသည့်ခန္ဓာကိုယ်ကိုလျစ်လျူရှု၍ ကလေးငယ်ဟာ လမ်းမကြီးဆီသို့ဦးတည်လိုက်သည်။ နောက်တစ်နပ်ဗိုက်ဖြည့်နိုင်ဖို့အတွက်သူ ရှာဖွေရအုံးပေမည်။


လမ်းမကြီး ဆီသို့ရောက်သည့်အခါတွင် သူ့ရဲ့ ညစ်ပတ်ပေရေနေသော်လည်း လှပလွန်းသော မျက်နှာသေးသေးလေးက လူတိုင်း၏ အာရုံကိုဆွဲဆောင်သွားသည်။ ကြင်နာတတ်ပုံရသည့် အမျိုးသမီးကြီးတစ်ယောက်က သူ့အတွက် မုန့်တစ်ချို့ပေးချင်နေသည်ကို တွေ့သောအခါတွင် အနီးအနားက လူတစ်ယောက်က ကလေးငယ်ကိုရွံရှာသည့်မျက်လုံးတွေနဲ့ကြည့်ရင်း တားဆီးသတိပေးလိုက်သည်။


"သူ့မျက်နှာလေးကိုကြည့်ပြီး အလှည့်စားမခံရစေနဲ့....သူနဲ့ပတ်သပ်မိသူတိုင်း တစ်ခုမဟုတ်တစ်ခု ဖြစ်တယ်"


အမျိုးသမီးကြီးက အံ့အားသင့်သွားသည့်ဟန်ပင်။ သူမ ကတုံ့ဆိုင်းသွားသည်။


"ခွေးကောင်!!"


ခဲတစ်လုံးက လွင့်ပျံလာပြီး ကလေးငယ်၏ ခေါင်းသေးသေးလေးနှင့် ထိတွေ့သွားသည်။ ခေါင်းပေါ်မှသွေးတွေမြင်မကောင်းအောင်စီးကျလာသော်လည်းပဲ ကလေးငယ်ဟာ တည်ငြိမ်သည့်မျက်နှာလေးဖြင့် တရားခံ ကိုကြည့်လိုက်သည်။ ၎င်းက ဖရိုဖရဲအဝတ်အစားတွေဖြင့် အသက်လေးဆယ်ကျော်အရွယ် အဒေါ်ကြီးတစ်ယောက်ဖြစ်သည်။


သူမရဲ့မျက်လုံးတွေမှာ ယူကျုံးမရ ငိုယိုထားသလိုမျိုး နီရဲနေပြီး ကလေးငယ်ကို မုန်းတီးစွာစိုက်ကြည့်နေသည်။


"အကုန်လုံးနင့်ကြောင့်....ငါ့သမီးကို အစတည်းက နင်နဲ့မပတ်သပ်ဖို့ တားခဲ့ရမှာ"


အဒေါ်ကြီးက ကလေးငယ်ရဲ့ ဆံပင်တွေကိုဆောင့်ဆွဲရန်လက်လှမ်းလာပါသော်လည်း ဘေးပတ်ဝန်းကျင်ကမည်သူကမှတားဆီးမည့်ဟန်မရပေ။ သူတို့ကပွဲကြီးပွဲကောင်းကြည့်နေသည့်ဟန်ရ၏။ တစ်ချို့ဝင်တားချင်သည့်လူတစ်ချို့ကိုတောင် တားဆီးလိုက်သေးသည်။


ကလေးငယ်ကိုတစ်ချက်နှစ်ချက်မျှ ဆွဲဆတ်ရိုက်နှက်ပြီးနောက် ထိုအဒေါ်ကြီးကဝမ်းနည်းဆို့နင့်စွာဖြင့်မြေကြီးပေါ်ထိုင်ချလိုက်ရင်း အော်ငိုလာသည်။


"နင့်ကြောင့် ငါ့သမီးလေးသေရတာ....နင်ဘာကြောင့်သွားမသေလိုက်တာလဲ"


အဒေါ်ကြီး၏စကားကို ကလေးငယ်က မည်သို့မှမခံစားရပုံဖြင့် သွေးတွေကြားထဲမှာပင်စိုက်ကြည့်နေသည်။ ထိုအဒေါ်ကြီးက လွန်ခဲ့တဲ့နှစ်ရက်လောက်ကပင် သေဆုံးသွားသည့် အမကြီး၏ အမေဖြစ်သည့်ပုံပင်။ သူမသမီး၏ ရုတ်တရတ်ဆန်စွာသေဆုံးမှုက သူမကိုရူးသွပ်သွားစေခဲ့သည်။


ထိုအဒေါ်ကြီးနဲ့ရင်းနှီးဟန်ရသည့် လူတစ်ချို့ဟာ အနီးကပ်လာရောက်နှစ်သိမ့်လာပြီး ကလေးငယ်ကိုတူညီသည့်မျက်လုံးတွေနှင့်စိုက်ကြည့်သည်။ ၎င်းက ရွံရှာမှု၊ မုန်းတီးမှုနဲ့ကြောက်ရွံ့မှု တို့ဖြစ်သည်။


"ခွေးကောင်.... နင်က အစတည်းက မမွေးဖွားလာသင့်တာ"


"မင်းမွေးလာတာကိုက အမှားပဲ"


ကလေးငယ်၏မျက်လုံးလေးတွေဟာ ထိုဖြစ်ရပ်တွေကိုရင်းနှီးကျွမ်းဝင်ပုံဖြင့် ခံစားချက်မဲ့စွာစိုက်ကြည့်နေရင်း လူတိုင်းရဲ့အကြည့်အမျိုးမျိုးကိုကျောခိုင်း၍ ထော့နဲ့ထော့နဲ့ ခြေထောက်လေးတွေနဲ့ ထွက်ခွာသွားသည်။ နေရောင်အောက်၌ ကလေးငယ်၏ သေးငယ်လွန်းလှသော ကျောပြင်လေးကအဆုံးမရှိသန်မာမှုနဲ့၊ ဖုံးကွယ်ထားသည့်နာကျင်မှုတွေကိုဖော်ပြလျက်ရှိသည်။


***

"မင်းမှာဒီမျက်နှာလှလှလေးရှိနေမှတော့ ဘာကြောင့်ငါတို့ကို မဖျော်ဖြေရမှာလဲ"


လူကြီးနှစ်ယောက်ဟာ ကလေးငယ်ကိုချောင်ပိတ်ထားရင်း လှရက်နိုင်လွန်းတဲ့မျက်နှာသေးသေးလေးကိုကြည့်ကာ သရေပင်ကျလာသလိုခံစားရ၏။ ဒီကလေးကိုသူတို့မျက်စိကျနေတာကြာခဲ့ပြီ။ ဘယ်သူကရော မွေးကတည်းက ဒီလောက်ထိလှပတဲ့မျက်နှာလေးပိုင်ဆိုင်ခိုင်းလို့လဲ။


"ကောင်လေး.... ငါမင်းကိုပြည့်တန်ဆာတစ်ယောက်ရဲ့ခံစားချက်တွေပေးနိုင်တယ်"


ပြောရင်းဆိုရင်းဖြင့် နှစ်ယောက်လုံးဟားတိုက်ရယ်မောလေသည်။ ကလေးငယ်ရဲ့ မျက်ဆန်နက်နက်တွေဟာ မထင်မှတ်ထားလောက်အောင်တည်ငြိမ် နေပြီး ယခုအဖြစ်အပျက်ဟာ ပထမဦးဆုံးအကြိမ်မဟုတ်တော့ဘူးဆိုတာကို ၎င်းကဖော်ပြနေ၏။


[(A/N) - စိတ်ချပါ။ ကျွန်တော်တို့ရဲ့ဇာတ်လိုက်လေးက ဘဝနှစ်ခုလုံး ရေတောင်မရော၊ပါကင်မဖောက်ရသေးတဲ့လူပျိုစစ်စစ်လေးပါနော်....ဒီလိုဖြစ်ရပ်တွေမှာ သူကငြိမ်ခံမနေပါဘူး....ကျွန်တော်ကိုယ်တိုင်လည်း ကလေးသေးသေးလေးတစ်ယောက်ကို ပေးrape လောက်တဲ့အထိ မရက်စက်နိုင်ပါဘူးလို့ညော်...]


ကလေးငယ်ရဲ့မျက်လုံးလေးတွေဟာ အနီးအနားကိုမသိမသာလှည့်ပတ်ကြည့်ရှု့နေရင်း လွတ်မြောက်နိုင်မည့်လမ်းစကိုရှာဖွေနေ၏။


ကလေးငယ်ရဲ့ မျက်နှာမှာခံစားချက်ကင်းမဲ့နေသည်။ ဒါကသူ့ရဲ့ဘဝအခြေအနေကပေးတဲ့သင်ခန်းစာတစ်ခုလည်းဖြစ်သည်။ မင်းသာ အရိုက်ခံနေရချိန်၊ ဒါမှမဟုတ် ဒီလိုအခြေအနေမျိုးမှာ ကြောက်လန့်နေဟန်ဖော်ပြလိုက်ရင် တစ်ဖက်လူတွေကိုပိုမိုစိတ်လှုပ်ရှားတတ်ကြွသွားစေလိမ့်မည်။ ထိုအရာနဲ့ဆန့်ကျင်ဘက် ခန့်မှန်းမရတဲ့မျက်နှာသေပုံစံကိုသာထိန်းသိမ်းနိုင်ခဲ့ရင် တစ်ဖက်လူတွေက စိတ်ဝင်စားမှုလျော့ကျသွားနိုင်သည်။


သွားဝါဝါတွေဖြင့် လူကြီးတစ်ယောက်ဟာ ကလေးငယ်ရဲ့ ပါးနုနုလေးတွေဆီ လက်လှမ်းလာသည်။ ကလေးငယ်၏ မျက်လုံးဝိုင်းလေးတွေမှာ စူးရဲသွားပြီး ထိုလူကြီး၏ လက်ကို ကိုက်ချလိုက်သည်။


"အား!!!! Fuck!!"


သွားဝါဝါနှင့်လူကြီးက နာကျင်စွာ အော်ဟစ်၍ သူ့လက်ကိုမြဲမြံနေအောင်ကိုက်ထားသည့် ကလေးငယ်၏ ခေါင်းကိုရိုက်ချလိုက်သည်။ ခေါင်းကြောမာသည့် ကလေးငယ်ဟာ နှစ်ချက်သုံးချက်မျှအရိုက်ခံပြီးတာတောင် တစ်ဖက်လူရဲ့အသားစကိုပြုတ်ထွက်သွားတော့မတတ်ကိုက်ဆွဲထားခဲ့သည်။


တစ်ဖက်လူဆီက ပြင်းထန်တဲ့သွေးအရသာကိုခံစားမိတော့မှ သူ့ပါးစပ်ကို ဟ၍ လွှတ်ပေးလိုက်သည်။ ကျန်လူကြီးတစ်ယောက်က ကလေးငယ်၏လုပ်ရပ်ကို အနည်းငယ်အံဩနေပုံရသည်။ သူအသိစိတ်ပြန်ဝင်ချိန်၌ ကလေးငယ်ကိုဖမ်းချုပ်လိုက်သည်။ ဒါပေမယ့် လူမှန်းသိတတ်စအရွယ်တည်းက ဒီဘဝကိုရုန်းကန် လာခဲ့တဲ့ကလေးတစ်ယောက်အနေနဲ့ အလွန်ပိန်ပါးသော်လည်း အားနည်းသည့်ထဲတော့မပါပေ။ လူကြီးတစ်ယောက်ရဲ့ အားကို မယှဉ်နိုင်ပေမယ့်လည်း အားနည်းချက်ကိုထိသ၍ အဆင်ပြေသည်။


ဖမ်းချုပ်ခံထားရသည့် ကလေးငယ်က သူ့ခြေတွေလက်တွေကိုအသေအလဲရုန်းကန်လျက် အခွင့်အရေးရချိန်တွင် တစ်ဖက်လူကြီး၏ ခွကြားနေရာကို ဒူးဆစ်ဖြင့်အရှိန်ပြင်းပြင်းအားထည့်ကာကန်ချလိုက်သည်။


"အု!!!"


ထိုသူဟာ နာကျင်မှုကြောင့်မျက်လုံးတွေပြာဝေသွားပြီး သူ့ရဲ့အထိမခံနိုင်တဲ့နေရာလေးကို ကိုင်လျက် မြေပြင်ပေါ်ခွေကျသွားသည်။


ကလေးငယ်က တုံ့ဆိုင်းခြင်းမရှိပဲပြေးထွက်သွားသည်။


လက်တွင် ကိုက်ရာကြောင့်သွေးတစ်စက်စက်စီးကျနေသည့် လူကြီးဟာ ခွေကျသွားသည့်သူ့အဖော်ကြောင့် ဒေါသထွက်စွာတောက်တစ်ချက်ခေါက်လိုက်သည်။ သူ့အဖော်ရဲ့အခြေအနေကိုတစ်ချက်စစ်ဆေးကြည့်လိုက်ရင်းသူပိုမိုဒေါသထွက်လာသည်။


ကလေးငယ်က ပြေးသည်။ သူတတ်နိုင်သလောက်အားထည့်ကာ ထွက်ပြေးသည်။ သူ့ပါးစပ်ကနေ အကူအညီတောင်းသံသေးသေးလေးတောင်မထွက်ပေါ်လာခဲ့ချေ။ ဒီမှာရှိတဲ့လူတိုင်းကသူ့ကိုမုန်းသည်။ အကယ်၍ သူ့ရဲ့အကူအညီတောင်းသံကိုကြားပါက မကူညီသည့်အပြင် လှောင်ရယ်ရင်းပွဲကြီးပွဲကောင်းစောင့်ကြည့်နေကြပေလိမ့်မည်။ ပိုဆိုးရွားသည့်အခြေအနေတွင် သူ့ကိုဝိုင်းဝန်းဖမ်းဆီး၍ ခုနက လူနှစ်ယောက်၏ လက်ထဲသို့ကိုယ်တိုင်ကိုယ်ကျထည့်ပေးလိုက်နိုင်သည်။


စဉ်းစားဆင်ခြင်နိုင်စွမ်းအပြည့်ဖြင့်ကလေးငယ်ဟာ သူ့ရဲ့ဖြူဖျော့နေသည့်နှုတ်ခမ်းသေးသေးလေးကို တင်းတင်းစေ့လိုက်ရင်း လမ်းမပေါ်အရှိန်ဖြင့်ပြေးတတ်သွားသည်။


ထိုအခိုက်အတန့်တွင် အနက်ရောင်ဇိမ်ခံကားကြီးတစ်စီးက ရုတ်တရက်ပြေးဝင်လာသည့် ကလေးငယ်ကို ဝင်တိုက်မိသွားသည်။


သူ့ရဲ့ ခန္ဓာကိုယ်သေးသေးလေးက အကွာအဝေးတစ်ခုသို့လွင့်ထွက်သွားသည်။ ဇိမ်ခံကားမှာအချိန်မှီရပ်တန့် လိုက်နိုင်၍ ကလေးငယ်ရဲ့ခန္ဓာကိုယ်လေးကိုတတ်ကြိတ်သွားမည့်အန္တရာယ်မှကာကွယ်လိုက်နိုင်သည်။


အနောက်ကပြေးလိုက်လာသည့် လူကြီးဟာလည်း ကားတိုက်ခံလိုက်ရသည့်အဖြစ်အပျက်ကိုမြင်သည့်အခါတွင် အနည်းငယ်ထိတ်လန့်သွားပြီး သူကိုယ်တိုင်အမှုပတ်တဲ့ထဲ ပါဝင်သွားမှာစိုးရိမ်သည့်အတွက် ပြေးထွက်သွားသည်။ ကလေးငယ်၏သေရေးရှင်ရေးက သူနဲ့သက်ဆိုင်ခြင်းမရှိပေ။


ကားလမ်းမ ပေါ်တွင် ကလေးငယ်၏ခန္ဓာကိုယ်လေးမှာအတော်ကြာငြိမ်သက်နေသည်။ ဇိမ်ခံကားကြီးထဲကနေ အနက်ရောင်ဝတ်စုံပြည့်ဖြင့် ကားဒါရိုင်ဘာက ပြေးထွက်လာပြီး အတိုက်ခံလိုက်ရသည့် ကလေး အသက်ရှိသေးလားဟုစမ်းသပ်ကြည့်ရန်လျှောက်လာသည်။


သူအနားမရောက်ခင်မှာပဲ ကလေးငယ်၏ ခန္ဓာကိုယ်လေးမှအနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အနည်းငယ်တုန်ရီနေသည့်ခန္ဓာကိုယ်ကိုထိန်းချုပ်၍ ထထိုင်လာ၏။ သွေးတွေကြားထဲက ကလေးငယ်၏မျက်နှာကိုမြင်ပြီးနောက် ကားဒါရိုင်ဘာဟာ အံ့ဩမှင်သပ်သွားသည်။


ထိုကလေးက ဘာမှမခံစားခဲ့ရသလိုမျိုး မျက်နှာသေအတိုင်းရှိနေခဲ့သည်။ အနှီး အသေးလေး ငွေညှစ်ဖို့ရန်ပြောလာမည်ဟု ထင်လိုက်ချိန်တွင် ကလေးငယ်ဟာ ကားဒါရိုင်ဘာကို တစ်ချက်လောက်သာ ကြည့်၍သူ့ရဲ့ကျိုးသွားသည့်လက်နှင့်ခြေထောက်တစ်ဖက်ကို တရွတ်တိုက်ဆွဲကာ လူရှင်းသည့် လမ်းတစ်ဖက်သို့ ကိုယ်အားကိုယ်ကိုးလျက် ထွက်ခွာသွားသည်။ အစမှအဆုံး သူဟာ အသံတစ်သံမှထွက်မလာသလို၊ သွေးအလူးလူးဖြင့်ကွဲသွားသည့်ခေါင်းနဲ့ကျိုးကြေသွားသည့်ခြေထောက်တစ်ဖက်ဟာ သူ့ကိုဘာမှမခံစားစေရသလိုမျိုးပင်။


သူ့အတွက် မည်သူ့အကူအညီမှမလိုအပ်ပေ။


အနက်ရောင်ဇိမ်ခံကားကြီးအတွင်း၌ အနက်ရောင်အနောက်တိုင်းဝတ်စုံပြည့်ဖြင့်အမျိုးသားတစ်ဦး ရှိနေသည်။ ထိုအမျိုးသား၏ မျက်နှာမှာ လုံးဝပြီးပြည့်စုံလွန်းလှ၏။ သူ့ရဲ့ဖီးနစ်သဏ္ဍာန်မျက်ဝန်းတွေဟာ ကားအပြင်ဘက်က ညစ်ပတ်ပေရေနေသည့် ကလေးငယ်ကို မျက်စိဒေါက်ထောက်စိုက်ကြည့်နေသည်။


သူ့ကားဒါရိုင်ဘာကို လျစ်လျူရှု့၍ ထွက်သွားသည်ကိုမြင်သည့်အခါတွင် သူ့မျက်လုံးအတွင်း၌ အံအားသင့်မှု အနည်းငယ်ကိုလစ်ဟ ပြလာခဲ့သည်။ သူ့ရဲ့ လက်အိတ်ဖြူဝတ်ထားသည့် လက်ချောင်းတွေကိုအပေါ်အောက်တစ်ချက်လှုပ်ရှားလိုက်ရင်း ကားထဲမှ ထွက်လိုက်သည်။


"Boss!"


ကားအရှေ့က သက်တော်စောင့် ဟာ သူ့bossကိုယ်တိုင် ကားထဲကထွက်သွားသည်ကိုမြင်သောအခါတွင် အံအားသင့်သွားသည်။ နောက်ဆုံးသူပါ bossအနောက်ကနေလိုက်ပါလာရသည်။


အမျိုးသားက လမ်းကြားတစ်နေရာမှာ နံရံကိုမှီလျက် ခွေနေသည့်ကလေးငယ်ဆီလျှောက်လာသည်။ အနက်ရောင်ဘွတ်ဖိနပ်သံက လူသူကင်းရှင်းတဲ့လမ်းကြားထဲပဲ့တင်ထပ်လာ၏။


ကလေးငယ်ကိုမြင်သည့်အခါတွင် ထိုသူရဲ့ အနုပညာလက်ရာမြောက်တဲ့နှုတ်ခမ်းပါးတွေမှာ အနည်းငယ်ကွေးညွတ်သွားသည်။ သူက ကလေးငယ်ရှေ့ ဒူးကွေး၍ ထိုင်ချလိုက်သည်။


"ဟေး..."


အမျိုးသားရဲ့ ခပ်ဩဩအသံက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။ ကလေးငယ်က သူ့ခေါင်းသေးသေးလေးကိုမော့လျက် အမျိုးသားကိုခံစားချက်မဲ့စွာမော့ကြည့်သည်။


ကလေးငယ်၏ မျက်နှာလေးမှာ သွေးတွေအညစ်အကြေးတွေနဲ့ ပေပွနေပြီး မူလမျက်နှာလေးကိုဖော်ပြမရပဲရှိနေသည်။ သို့ပေမယ့် ဖုံးကွယ်မရသည့် တောက်ပလွန်းသောမျက်ဝန်းနက်လေးတွေနှင့်ထိပ်တိုက်တွေ့ဆုံလိုက်ရတဲ့အခါတွင် နတ်ဘုရားလိုအမျိုးသားကိုယ်တိုင် မျက်နှာအမူအရာကိုမထိန်းချုပ်နိုင်စွာအံအားသင့်သွားမိသည်။


ပြီးနောက် သူပြုံးလိုက်သည်။


"မင်း.....ကိုယ်နဲ့လက်တွဲမလား"


"....."


ကလေးငယ်က သူ့ကိုအမူအရာမဲ့သည့်မျက်ဝန်းတွေဖြင့်သာစိုက်ကြည့်နေသည်။ ဒါပေမယ့်သူ့ရဲ့တောက်ပမှုမှ သေးသေးလေးမှမှေးမှန်သွားခြင်းမရှိပေ။


"ကိုယ်မင်းကို မင်းလိုအပ်တဲ့အရာအားလုံးကိုဖြည့်ဆည်းပေးနိုင်တယ်.....ဒီ့အတွက်မင်းပြန်ပေးရမှာက ကိုယ့်အတွက်အလုပ်လုပ်ပေးဖို့ပဲ...."


"....."


"မင်းသဘောတူလား...."


ကလေးငယ်က အင်းမလုပ်အဲမလုပ်ပဲ အမျိုးသား ကိုသာစိုက်ကြည့်နေသည်။ အမျိုးသား၏ မျက်နှာထက်ကအပြုံးဖျော့ဖျော့မှာ ပြောင်းလဲခြင်းမရှိပင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်း သည်။


"အင်း....ကျွန်တော် သဘောတူတယ်"


ကလေးငယ်၏ အသံမှာ စကားမပြောရသည်မှာကြာမြင့်ခဲ့သလိုမျိုး အတော်လေးအက်ကွဲနေခဲ့သည်။ ဒါပေမယ့် တစ်မူထူးခြားသည့် သာယာမှုနှင့်ညင်သာသည့် ကလေးဆန်ဆန်အသံလေးတစ်ခုလည်းဖြစ်နေပြန်၏။


အမျိုးသားက ကလေးငယ်၏သဘောတူညီမှုကို မထူးဆန်းသလိုပင် အပြုံးမပျက်ပါပဲ ကိုယ့်ကိုယ်ကို မိတ်ဆက်လာသည်။


"ကိုယ့်နာမည်က ရဲ့ချန်မော့....ကိုယ်က အခုချိန်ကစပြီး မင်းရဲ့မွေးစားအဖေပဲ....မင်းမှာနာမည်ရှိလား"


"ဟင့်အင်း..."


ရဲ့ချန်မော့က လေးလေးနက်နက်စဉ်းစားနေဟန်ဖြင့်မျက်မှောင်တစ်ချက်ကြုပ်လိုက်ရင်း တစ်စုံတစ်ခုကိုစဉ်းစားမိသွားသည့်ဟန်ပင်။


"မင်းနာမည်က ရဲ့ချင် ဆိုရင်ရော ဘယ်လိုလဲ"


"ရဲ့ ချင် "


"အင်း"


ကလေးငယ်လေး ရဲ့ချင်က သူလောလောလတ်လတ်ရလာသည့် နာမည်ကို ထပ်ကာထပ်ကာရေရွတ်ရင်း သူ့မျက်လုံးလေးတွေမှာ ပိုမိုတောက်ပလာသည်။ ၈နှစ်အရွယ် ရဲ့ချင်လေး၏ နှုတ်ခမ်းထောင့်လေးမှာ 1cm လောက်အပေါ်သို့မြင့်တတ်လာသည်။ ရဲ့ချန်မော့၏မျက်နှာမှာအနည်းငယ်မှင်သပ်သွားသည်။ ကလေးလေးရဲ့ချင် ၏အပြုံးသေးသေးလေးမှာ 'လှပလွန်းလှသည်'။


*******


"သူက ရဲ့ချင် ရဲ့ခေါင်းတည့်တည့်ကိုပြစ်သွားတာ"


"ကျစ်....အမြစ်ဖြတ်သုတ်သင်လိုက်တာပဲ"


"ဒါက သစ္စာဖောက်တာပဲမဟုတ်လား"


ရဲ့ချန်မော့က ဘေးပတ်ဝန်းကျင်က ဆူညံသံအလုံးစုံကို မကြားနိုင်တော့လောက်အောင် ပိတ်စအဖြူ ဖုံးအုပ်ထားသည့် အလောင်းကိုသာ ငူငူငေါင်ငေါင်ကြီးစိုက်ကြည့်နေသည်။


သူ့နှလုံးသားတစ်ခုလုံး နာကျင်လွန်းလို့ ထုံတောင်ထုံသွားသလိုခံစားရသည်။ သူ့မျက်လုံးတွေမှာ ပြာဝေနေပြီး သူယခုခံစားရသည့်နာကျင်မှု မှာ သူကိုယတြိုငအြဓိပျပါယဖြောမြရပေ။ ဒါကသေရတာထက်အဆပေါင်းများစွာဆိုးဝါးသည့် ခံစားချက်မျိုးပင်။


တုန်ရီနေသည့် လက်ချောင်းတွေနဲ့ ပိတ်ဖြူစကိုလှန်လိုက်ပြီး နောက်မြင်တွေ့လိုက်ရသည့် အရာက သူ့ကမ္ဘာကြီးတစ်ခုလုံးကိုပြိုလဲသွားစေသည်။ သူဘာကိုမှစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ပဲ အရူးတစ်ယောက်လိုမျိုး ရဲ့ချင် ၏အလောင်းကိုယ်ထည်ကို သူ့ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားခဲ့သည်။


"မဟုတ်ဘူး....ကိုယ်..ကိုယ်မင်းကိုမပြောရသေးတဲ့အရာတွေအများကြီးရှိသေးတယ်လေ...."


"Boss.."


"မလာနဲ့!!!!"


ရဲ့ချန်မော့ ဟာ ရဲ့ချင် ရဲ့အလောင်းကို သူ့ဆီက တစ်စုံတစ်ယောက်ခိုးယူသွားမှာကိုစိုးရိမ်နေသလိုမျိုး တင်းတင်းကြပ်ကြပ်ပွေ့ပိုက်၍ မြင်မြင်သမျှအရာတိုင်းကိုအရူးတစ်ယောက်လို ရန်လိုလာသည်။


ရဲ့ချန်မော့ ၏လက်အောက်ငယ်သားတွေမျက်နှာထက်၌ မယုံကြည်နိုင်မှုနဲ့အတူ သွေးပျက်ခြောက်ခြားဟန်တွေအတိုင်းသားပေါ်ထွက်လာသည်။ အမြဲတမ်းတည်ငြိမ်အေးဆေးပြီးခံစားချက်မဖော်ပြတတ်သည့် boss ဖြစ်သူဟာ သူ့ရဲ့မွေးစားသားအပေါ်ဒီလို စိတ်တွေရှိနေမှန်း သူတို့မယုံနိုင်ဖြစ်နေမိသည်။


"အားးးးးးးးးးးး"


********************


"သခင်...သခင်.....အဆင်ပြေရဲ့လား"


ရဲ့ချန်မော့က သူ့မျက်လုံးတွေကို ဖွင့်ဟလိုက်သည့်အခါတွင် သူ့ကိုစိုးရိမ်သည့်မျက်လုံးတွေနှင့်ကြည့်နေသည့် လက်အောက်ငယ်သားဖြစ်သူကိုတွေ့လိုက်ရသည်။ သူခံစားချက်ကင်းမဲ့စွာအတတ်အကျမရှိသည့် အသံဖြင့်အညှာအတာမရှိပြောလိုက်သည်။


"ထွက်သွား!"


လက်အောက်ငယ်သားကောင်လေးက ကြောက်လန့်သွားသော်လည်း ရိုရိုကျိုးကျိုး ဦးညွှတ်၍ အခန်းထဲကထွက်ခွာသွားသည်။


ရဲ့ချန်မော့ ကသူ့မျက်နှာမှာ ပေပွနေသည့်မျက်ရည်တွေကို ဖိသုတ်လိုက်ရင်း သူ့ရဲ့မျက်ဝန်းသေတွေက ရူးသွပ်မှုတစ်ချို့နှင့် တစ်စုံတစ်ခုသေဆုံးသွားသလိုမျိုးအရောင်အဆင်းကင်းမဲ့နေခဲ့သည်။


သူ ထူးခြားသည့်ကမ္ဘာတစ်ခုကို ကူးပြောင်းလာသည်။ အစတုန်းက သူ့လိုမျိုး 'ထိုသူ'ပါကူးပြောင်းလာနိုင်သည်ဟုတွက်ဆမိတာကြောင့် မျှော်လင့်ချက်တစ်ချို့ရှင်သန်လာခဲ့သေးသည်။ သို့ပေမယ့် သူနှစ်ပေါင်းရာနဲ့ချီရှာဖွေပါသော်လည်း ကလေးငယ်ရဲ့အရိပ်အယောင် တစ်ခုကိုမှမမြင်တွေ့မိသည့်အခါတွင် မျှော်လင့်ချက်တွေမှာ တဖြည်းဖြည်းရူးသွပ်လာပြီး အရာအားလုံးကိုဖျက်စီးပြစ်ချင်လာသည်။


တစ်ချို့လူတွေက ဒါကိုရူးမိုက်လွန်းသည်ဟုထင်ချင်ထင်လိမ့်မည်။ ဒါပေမယ့်ခံစားဖူးသူထက် မည်သူကရောနားလည်နိုင်မှာတဲ့လဲ။


သူ့ရဲ့ ကလေးငယ် ဒီကမ္ဘာကြီးမှာ ရှိမနေမှတော့ ဘာကြောင့်ဒီအရာတွေကဆက်ရှိနေရအုံးမှာလဲ။ အကုန်လုံးကိုဖျက်ဆီးပြစ်။ သေ!! သေ!!။


ရဲ့ချန်မော့၏ ငွေဖြူရောင်မျက်ဆန်အတွင်းရှိ ဖျက်စီးလိုစိတ်နဲ့ရူးသွပ်မှုမှာ ပြင်းထန်သထက်ပြင်းထန်လာပြီး သူ့အနောက်ကနံရံထက်တွင် ကြီးမားသည့်မြွေတစ်ကောင်.... မဟုတ်....နဂါးတစ်ကောင်၏ အရိပ်မှာ ထင်ထင်ရှားရှားပေါ်လွင်နေခဲ့သည်။


အကယ်၍ ရဲ့ချင်သာဒီနေရာမှရှိနေရင် ရဲ့ချန်မော့ ခေါင်းထိပ်ကစာတန်းကြီးကြောင့် အံ့အားသင့် သွားပေလိမ့်မည်။


၎င်းက 'ဗီလိန်' ဟူသည့်ကြီးမားသည့်ဖျက်ဆီးလိုစိတ်အရှိန်အဝါနှင့် ခရမ်းရောင်စာတန်းကြီးတစ်ခုဖြစ်သည်။


ရဲ့ချင် : "ဟတ်ချိုး!"


စာသင်ခန်းထဲတွင် လေးလေးနက်နက် စာလိုက်နားထောင်နေသူ ကျောင်းသားကောင်းလေးရဲ့ချင်ဟာ သူ့နှာခေါင်းထိပ်လေးကိုပွတ်သပ်လိုက်သည်။


အမ်....တစ်ခုခု ဆိုးဝါးတာဖြစ်တော့မယ်လို့ ဘာကြောင့်ခံစားနေရတာလဲ။


_________________________________________________________

Report Page