(1.9)

(1.9)

Tee Ko

1.9 - စိတ်မပူပါနဲ့.....ကျွန်တော် ဆရာ့ကိုထပ်ပြီး ပြုတ်ကျခွင့် မပြုပါဘူး။


_______________________


တစ်ရက်တာလုံး ဈေးလျှောက်ဝယ်လည်ပတ်ပြီးနောက်တွင် ရှာဘူ-သိုးသားရသည့် စားသောက်ဆိုင်တစ်ဆိုင်တွင် နှစ်ယောက်အတူညစာစားရန်ဆုံးဖြတ်ခဲ့သည်။


Bမြို့ရဲ့ ကြေးအိုး shabu-shabuဟာ hot pot အိုးကြီးတွေကို အသုံးပြုတတ်ကြသည်။ ဂန္တဝင်အရှိဆုံး ပါဝင်ပစ္စည်းတွေမှာတို့ဟူးချဉ်၊ ပဲငံပြာရည်နှင့် နှမ်းဆော့စ်တို့ဖြစ်သည်။ ရှန်ယွီဟာ ၎င်းတို့ကို ပန်းကန်တစ်ခုထဲရောမွှေလိုက်ပြီး ပိုင်ရှုယန်ဆီကမ်းပေးလိုက်သည်။ နှစ်ယောက်သားစားသောက်ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြသည်။


ပိုင်ရှုယန်ဟာ အရင်အဖြစ်အပျက်တွေက ရှန်ယွီအပေါ် အရိပ်မဲကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့မှာကို တကယ်စိုးရိမ်နေခဲ့လေသည်။ အထူးသဖြင့် အခုလို ကျွမ့်အိမ်တော်ပြန်ရောက်ချိန် အရမ်းဖိအားများနေဆဲကာလတွင်ဖြစ်သည်။ ဒါကြောင့် သူမေးကြည့်သည်။


"ဗီဒီယိုကို အွန်လိုင်းပေါ်တင်လိုက်တဲ့တစ်ယောက်ကို အခုရှာတွေ့ပြီလား"


"အဲ့တုန်းက ကျွန်တော် ကြမ်းပြင်ပေါ်ထိုင်နေပြီး အလင်းရောင်ကိုကျောပေးထားတာကြောင့် ဘယ်သူမှတော့ ကျွန်တော့်ကိုမှတ်မိနိုင်မှာမဟုတ်လောက်ဘူး"


"ဒါ့အပြင်...."


ရှန်ယွီဟာ ရုတ်တရတ်ကြီး အနည်းငယ်စိတ်လှုပ်ရှားစွာ ပြောလာသည်။


"တကယ်တော့ ကျွမ့်မိသားစုက ထင်ထားတာထက်အင်အားကြီးပြီး ပြဿနာတွေကိုမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်တယ်....ဆရာ အခုအရမ်းစိတ်ရှုပ်နေလောက်မှာပေါ့....ဆရာမှာလည်း အခုလောလောဆည်အလုပ်မရှိသေးဘူးဆိုတော့ ဖြစ်နိုင်ရင် ကျွန်တော့်ဆီမှာ....."


သူစကားမဆုံးသေးခင်မှာပဲ ပိုင်ရှုယန်က ဖြတ်ပြောလာ၏။


"ကိစ္စမရှိဘူး....maskတပ်ထားသ၍ ဘယ်သူ့မှ ဆရာ့ကိုမှတ်မိမှာမဟုတ်ဘူး....ဒီကိစ္စက မကြာခင်ပြန်ငြိမ်သက်သွားလိမ့်မယ်လို့ ဆရာယုံတယ်....အလုပ်နဲ့ပတ်သပ်ရင် မင်းမစိုးရိမ်ပါနဲ့....အခု ဘွဲ့လွန်စာမေးပွဲအတွက် ဆရာပြင်ဆင်နေပြီ....ပညာဆိုတာမျိုးက သင်ချင်ရင်အဆုံးသတ်သွားတယ်ဆိုတာမရှိဘူးလေ"


ရှန်ယွီရဲ့မျက်လုံးတွေက ရှင်းရှင်းကြီးတောက်ပလာခဲ့သည်။


"ဆရာ ဘယ်မှာတတ်ဖို့စဉ်းစားထားလဲ"


"B တက္ကသိုလ်"


"ကျွန်တော်လည်း Bတက္ကသိုလ်မှာတတ်ဖို့ရည်ရွယ်ထားတယ်"


ရှန်ယွီက စိတ်အားထက်သန်စွာ ပြောလာသည်။


ပိုင်ရှုယန်က အပြုံးလေးတစ်ပွင့်ဖြင့် ပြန်ပြော၏။


"မင်းအခု အထက်တန်းတတိယနှစ်ရောက်နေပြီ....နောက်ဂျွန်လ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် ဆရာနဲ့အတူတူကျောင်းတတ်ခွင့်ရဖို့ မျှော်လင့်နိုင်ပြီ"


"ပြီးရင် အတူတူစာကြိုးစားကြတာပေါ့"


ရှန်ယွီ : "ဟုတ်!"


ပိုင်ရှုယန် Bတက္ကသိုလ်တတ်တော့မယ်ဆိုတဲ့ သတင်းကိုကြားပြီးတာနဲ့ ရှန်ယွီကြည့်ရတာအနည်းငယ်စိတ်လှုပ်ရှားနေပုံရပြီး နှုတ်ခမ်းထောင့်ကအပြုံးမှာ အောက်ချလို့ကိုမရတော့ပေ။


ညစာစားပြီးသောအခါတွင် နှစ်ယောက်သားသီးသန့်ခန်းထဲကထွက်လာကြသည်။ လမ်းတွင် စနစ်ကမေးသည်။


"မင်း ဘယ်တုန်းက ဘွဲ့လွန်စာမေးပွဲဖြေဖို့ ဆုံးဖြတ်လိုက်တာလဲ....ဘာကြောင့် ငါကတစ်ခုမှမသိခဲ့ရတာတုန်း"


ပိုင်ရှုယန်ကပြောသည်။


"ဒါက ရှန်ယွီကိုလှုံ့ဆော်ပေးဖို့ အကြောင်းပြချက် တစ်ခုကြောင့်ပဲမဟုတ်လား....ငါတို့နှစ်ယောက်လုံး စာကြည့်တိုက်မှာ စာအတူတူလေ့လာဖို့ ချိန်းဆိုဖို့အခွင့်အရေးရှိလာလိမ့်မယ်....ပြီးရင် သူ့ကို အပိုသင်ခန်းစာတွေ ဆက်သင်ပေးဖို့ အကြောင်းပြချက်ရှိလာပြီလေ"


စနစ် : "အရင်တုန်းက ငါမင်းကိုမှားပြီး အပြစ်တင်ခဲ့မိတာပဲ....မင်းမှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိပေမယ့် မင်းအလုပ်ပေါ်မှာ အရမ်းအလေးအနက်ထားပြီး စနစ်တကျကြိုးစားနေတုန်းပဲ"


"မင်း ဘယ်တုန်းကများ ငါ့ကိုမှားယွင်းအပြစ်တင်ခွင့်ရသွားတာလဲ....ငါက အမြဲတမ်းဒီလောက်ထိ အနစ်နာခံခဲ့တဲ့ဟာ...."


ပိုင်ရှုယန်ဟာ အတွင်းစိတ်ထဲတွင် စနစ်နဲ့ပြိုင်ငြင်းရင်းအလုပ်ရှုပ်နေတာကြောင့် သူ့ခြေထောက်အောက်က ပဲငံပြာရည်တွေမှောက်ထားပြီးပြန့်ကျဲနေတာကို သတိမထားမိလိုက်ပေ။ ထို့ကြောင့် သူခြေချော်ပြီး လဲကျသွားခဲ့၏။


သူချော်ကျတဲ့အသံက ထင်ထားတာထက်ကျယ်လောင်နေလေသည်။


ပိုင်ရှုယန် : "....." ကံကောင်းလို့၊ ကော်ရစ်တာမှာ တစ်ယောက်မှ မရှိတာ။


"အဆင်ပြေရဲ့လား...."

ခပ်ဝေးဝေးမှာ ပြတ်ကျန်ခဲ့သည့် ရှန်ယွီဟာ သူ့ကိုကူညီဖို့ ခြေလှမ်းပြင်လာသည်။


ပိုင်ရှုယန်က သူ့ခွန်အားကိုဖြစ်ညှစ်ထုတ်လိုက်ပြီး ပြုံးပြချင်စိတ်ကိုထိန်းကာ ပြောလိုက်သည်။


"အဆင်ပြေပါတယ်"


"ဆရာ တကယ်ပဲ မထိခိုက်သွားပါဘူးနော်"


ရှန်ယွီက သူ့တစ်ကိုယ်လုံးကို အနီးကပ်စစ်ဆေးကြည့်ရှု့လာသည်။


"အဆင်ပြေပါတယ်ဆို....ကြည့်....အပေါ်ထပ်အင်္ကျီပေါ် ပြုတ်ကျသွားတာ"


သူက ဟော့ပေါ့စားတဲ့အခါမျိုးတွင် ချွေးထွက်လာတာကို သဘောကျတာကြောင့် သူ့အင်္ကျီအပေါ်ထပ်ကိုချွတ်၍ သူ့လက်ထဲတွင်ကိုင်ထားလေသည်။ သူအခုပဲ ထိုအပေါ်ဝတ်ပေါ် တည့်တည့်ပြုတ်ကျသွားတာကြောင့် ထိုအင်္ကျီရင်ဘတ်တွင် အစွန်းကွက်ကြီးတစ်ခုရှိနေလေသည်။


အကုန်လုံးစစ်ဆေးပြီးသောအခါတွင် သူပြုတ်ကျသွားတဲ့ရလဒ်ကြောင့် စားသောက်ဆိုင်က ဘေလ်ကိုလျော့ပေါ့ပေးခဲ့လေသည်။


ပိုင်ရှုယန်က ပြောသည်။


"ငါခြေချော်ကျသွားတာ အချည်းနှီးတော့ မဟုတ်ဘူးထင်တယ်"


ရှန်ယွီက သူ့ကြောင့် သေလောက်အောင်ကြောက်သွားခဲ့တာဖြစ်သည်။ ဒါကိုပင် သူကနောက်ပြောင်နိုင်နေသေးတာကိုကြားတော့ ခပ်မှိုင်းမှိုင်းအမူအရာဖြင့် ပြန်တုံ့ပြန်လာသည်။


"ဆရာချော်ကျသွားတဲ့ကိစ္စက ဘယ်လိုငွေအမောင့်မျိုးနဲ့မှ ပြန်ပြင်လို့ရနိုင်တာမဟုတ်ဘူး"


ပိုင်ရှုယန် : "နောက်တစ်ခါ သတိထားပါ့မယ်ကွာ....နောက်တစ်ခါဆို သတိထားပါ့မယ်"


အပြင်ဘက်တွင် လေအေးအနည်းငယ်တိုက်ခတ်လို့နေသည်။ ပိုင်ရှုယန်က အနည်းငယ်ညစ်ပတ်နေတဲ့အင်္ကျီကို ပြန်ဝတ်ထားပြီး မိုဘိုင်းဖုန်းပေါ်ကနေ မြေပုံကိုစစ်ကြည့်လိုက်သည်။


"ဒီနေရာက ဟိုတယ်နဲ့သိပ်မဝေးဘူး....ငါပြန်သွားလို့ရတယ်....မင်း ဆရာ့ကိုလိုက်ပို့စရာမလိုတော့ဘူး....အရမ်းနောက်ကျနေပြီ....အိမ်မြန်မြန်ပြန်တော့"


"ဒါဆို ကျွန်တော်သွားတော့မယ်ဆရာ....ဂရုစိုက်ပါ"


"Ok...ဘိုင့်..."


ရှန်ယွီ ကားပါကင်ရှိရာဘက်လျှောက်သွားတာကို ကြည့်နေရင်းဖြင့် ပိုင်ရှုယန်ဟာ သက်ပြင်းတစ်ချက်ချလိုက်မိပြီး သူ့ဒူးတွေကိုပွတ်သပ်ကာ ခပ်တိုးတိုးညည်းညူလိုက်မိသည်။


"ငါ့ဒူးတွေ ပွန်းကုန်ပြီထင်တယ်"


စနစ်က သူ့တစ်ကိုယ်လုံး စကင်န်ဖတ်ပြီး ပြန်ဖြေ၏။


"တကယ်တော့ မင်းဒူးခေါင်းမှာ ပွန်းပဲ့ဒဏ်ရာတစ်ခုရှိတယ်....ရက်သုံးဆယ်အတွင်း သူ့ဟာသူပျောက်သွားလိမ့်မယ်"


"အဲ့ဒါကောင်းတယ်"


သူအံကြိတ်ကာ ဟိုတယ်ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းသွားသည်။


ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးနောက်တွင် သူ့အနောက်ဘက်ကနေ ခြေသံတစ်ခုထွက်ပေါ်လာပြီး ရှန်ယွီ၏အသံကိုကြားလိုက်ရသည်။


"ဆရာ...."


ရှန်ယွီက သူ့အနောက်မှာရှိနေခဲ့ပြီး သူ့ကိုစိုက်ကြည့်ကာ မှင်သေသေဖြင့်ပြောလာသည်။


"ဆရာ့မှာ ဒဏ်ရာမရှိဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား"


အမှန်တကယ်တွင် ပိုင်ရှုယန်ဟာ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြန်ဖြေ၏။


"ဒါက သိပ်မပြင်းထန်ပါဘူး....ဒူးနဲ့ နည်းနည်းထောက်မိသွားရုံပါ....ရက်ပိုင်းလောက်နဲ့ အဆင်ပြေသွားလိမ့်မယ်..."


ရှန်ယွီက သူ့ရှေ့သို့တိုက်ရိုက်ရောက်ချလာပြီး ထိုင်ချလိုက်ကာပြောသည်။


"ကျွန်တော်လိုက်ပို့ပေးမယ်"


"ဒါက ခြေလှမ်းနည်းနည်းလောက်ပဲ လျှောက်ဖို့လိုတာပါ....ခဏနေရောက်တော့မှာ....ဆရာတကယ်အဆင်ပြေပါတယ်"


ပြီးတာနဲ့ ပိုင်ရှုယန်က ခပ်ဟဟရယ်လာသည်။


"ဒါ့အပြင် မင်းကဒီလောက်ငယ်ငယ်လေးရှိသေးတာ....မင်း ဆရာ့ကိုသယ်သွားနိုင်လို့လား"


ရှန်ယွီ : "ကျွန်တော်အခု ဆရာ့ထက် အရပ်မြင့်နေပြီ"


ပိုင်ရှုယန် : "....." အိုကေ။


"ဒါဆို ခဏစောင့်"


ဇစ်ဆွဲဖွင့်သံကို ရှန်ယွီကြားလိုက်ရသည်။ သူမတ်တပ်ရပ်ပြီးလှည့်ကြည့်လိုက်တော့ ပိုင်ရှုယန်က သူ့အပေါ်ထပ်အင်္ကျီကိုဆွဲချွတ်နေတာတွေ့လိုက်ရ၏။


"အခု အရမ်းအေးနေတယ်လေ....ဆရာ ဘာတွေလုပ်နေတာလဲ"


ပိုင်ရှုယန်က ပြန်ဖြေသည်။


"မင်းအဝတ်တွေက အရောင်ဖျော့တော့ ဆရာ့အင်္ကျီပေါ်က ညစ်ပတ်နေတဲ့အကွက်ကြီးနဲ့ဆိုရင် အကုန်စွန်းပေသွားလိမ့်မယ်"


ရှန်ယွီက မျက်မှောင်ကြုပ်ကာ ဇစ်ကိုအမြင့်ဆုံးထိပြန်ဆွဲတင်ပေးရန်ရှေ့တိုးလာသည်။ ပြီးတာနဲ့ သူ့ခန္ဓာကိုယ်ကို တစ်ဖန်နှိမ့်ချလိုက်ပြီး ပြောသည်။


"တတ်ပါ....ကျွန်တော် အဲ့ဒါတွေကိုဂရုမစိုက်ဘူး"


ပိုင်ရှုယန်မှာ တစ်ဖက်လူကျောပေါ် တတ်ရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။


"လမ်းကို ဂရုတစိုက်ကြည့်ပြီးသွား....ဆရာနဲ့အတူတူ ထပ်ပြီးလဲကျသွားအောင်မလုပ်နဲ့...."


ရှန်ယွီက ပြုံးသည်။ သူ့အသံဟာ လူပျိုဖြစ်ကာစ အသံပြောင်းကာလကိုကျော်လွန်သွားခဲ့ပြီဖြစ်တာကြောင့် သူ့အသံမှာ ယခင်ကထက် ပိုနက်ရှိုင်းလာပြီး သံလိုက်ဓာတ်တစ်မျိုး ဆွဲငင်နေလေသည်။


"စိတ်မပူပါနဲ့.....ကျွန်တော် ဆရာ့ကိုထပ်ပြီး ပြုတ်ကျခွင့် မပြုပါဘူး"


ပိုင်ရှုယန်က အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သူ့ခန္ဓာကိုယ်မှာ ပေါ့ပါးခြင်းမရှိပေ။ ဒါပေမယ့် ရှန်ယွီဟာ သူ့ကိုကျောပေါ်တင်ထားပြီး အမြန်မလျှောက်ပဲ ဖြေးဖြေးနှင့်ခပ်မှန်မှန်သာ လမ်းလျှောက်လို့နေသည်။ တစ်လမ်းလုံးတိတ်ဆိတ်နေ၏။ ခဏအကြာတွင် သူ့ပုခုံးပေါ်သို့ အလေးချိန်တစ်ခု ပြုတ်ကျလာတာကိုခံစားမိလိုက်သည်။ ရှန်ယွီ ခေါင်းကိုဘေးတစ်ဇောင်းလှည့်ကာကြည့်လိုက်သည်။ ပိုင်ရှုယန်၏မေးစေ့လေးဟာ သူ့ပုခုံးပေါ်တင်လို့နေပြီး အနည်းငယ်အိပ်ငိုက်သည့်ခံစားချက်နဲ့အတူ မျက်လုံးလေးတွေက တစ်ဝက်တိတိမှေးစင်းနေလေသည်။


ရှန်ယွီအနေဖြင့် ပိုင်ရှုယန်နဲ့ ဒီလောက်ထိနီးကပ်နေတာ ပထမဆုံးအကြိမ်ဖြစ်ပြီး တစ်ဖက်လူ၏မျက်နှာကို အသေးစိတ်ကအစမြင်နေရသည်။ အိပ်မပျော်မိသွားစေရန် ရုန်းကန်နေတာကြောင့် သူ့မျက်တောင်လေးတွေဟာ လိပ်ပြာတောင်ပံခတ်သလို အတတ်အဆင်းတုန်ခါနေခဲ့ပြီး မျက်လုံးအတွင်း၌ အုံ့ဆိုင်းသောအလင်းတန်းလေးတစ်ခုမှာ ရံဖန်ရံခါ လင်းလက်လာတတ်၏။


ရှန်ယွီ လမ်းလျှောက်နှုန်းကို အရှိန်လျော့လိုက်သည်။ သူဟာ ဒီလောက်တိုတောင်းတဲ့လမ်းလေးကို မိနစ်နှစ်ဆယ်ကြာအောင် လျှောက်လှမ်းခဲ့လေသည်။


ဟော်တယ်တံခါးဝသို့ရောက်သောအခါတွင် ရှန်ယွီက သူ့ကိုတိုးတိုးလေးခေါ်ကာ လှမ်းနှိုးလိုက်သည်။


"ဆရာ....ကျွန်တော်တို့ရောက်ပြီ....ထပါအုံး"


"ရောက်တာမြန်လိုက်တာ....ငါအိပ်ပျော်လုနီးပါးပဲ"


"ငါ့ကိုအောက်ချပေး"


ပိုင်ရှုယန်က ရှန်ယွီ၏နောက်ကျောကနေ လျောဆင်းလာပြီး မျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေကိုပွတ်သပ်လိုက်ကာ တိတ်တိတ်လေးသူ့ပုခုံးကိုထိလိုက်သည်။


နှစ်ယောက်သား နှုတ်ဆက်ခါနီးတွင် ကားတစ်စီးက သူတို့နားထိုးရပ်လာ၏။ လူလတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦးက ကားပေါ်ကဆင်းကာ ရှန်ယွီကိုခေါင်းငြှိမ့်ပြလိုက်သည်။


"သခင်လေး"


"ဦးလေးချန်....ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"


"သခင်ကြီးက သခင်လေးကိုပြန်ခေါ်လာဖို့ ကျွန်တော့်ကိုအမိန့်ပေးခဲ့တာပါ....နောက်ပြီး...."


သူက ပိုင်ရှုယန်ကိုဦးညွှတ်၍ အနားကပ်လာကာ....


"ဆရာပိုင်ကို အိမ်ကိုဧည့်သည်အဖြစ်လာဖို့ ဖိတ်ခေါ်ပါတယ်"


ကျွမ့်မိသားစု။


မစ္စတာကျွမ့်ဟာ အသက်ခုနှစ်ဆယ်နီးပါးရှိနေပြီဖြစ်သည်။ သူက ဆိုဖာပေါ်တွင် ခါးကိုင်းကိုင်းဖြင့်ထိုင်နေရင်း ဆံပင်တွေဖြူနေသော်လည်း သန်မာကောင်းမွန်သည့်စိတ်ဝိဥာဉ်မျိုး ရှိနေဆဲပင်။


"ဆရာပိုင်....ရှန်ယွီက ကျောင်းမှာဆရာ့ရဲ့ ကူညီစောင့်ရှောက်မှုကို လိုအပ်ပါတယ်"


သူဟာ ပင်မထိုင်ခုံတွင်ထိုင်နေရင်းကနေ ထပ်မြက်စူးရှသောမျက်လုံးများဖြင့် ပိုင်ရှုယန်ကိုစိုက်ကြည့်နေသည်။


ပိုင်ရှုယန်ကပြောသည်။


"ရှန်ယွီက ကောင်းမွန်တဲ့ကလေးတစ်ယောက်ပါ....ကျွန်တော်က သူ့ဆရာပဲ....ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပဲလေ"


ရှန်ယွီက သူတို့နှစ်ယောက်ကြားတွင် ထိုင်လျက်ရှိနေသည်။ ဒီနေ့အိမ်ပြန်ရတာကို ရှားရှားပါးပါး သူအတော်လေးသဘောကျနေမိသည်။


ကျွမ့်မိသားစု၏အိပ်ခန်းကို ရိုးရိုးရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြင့် အလှဆင်ထားပြီး များပြားလှသောအစေခံတွေဟာ ပတ်ပတ်လည်တွင် ငြိမ်သက်စွာရပ်နေကြသည်။ သာမန်လူတစ်ယောက်သာ ဒီလိုနေရာမျိုးကို ရုတ်တရတ်ဖိတ်ကြားခံခဲ့ရရင် စိုးရိမ်စိတ်တွေများလာနိုင်ပေမယ့် ပိုင်ရှုယန်ဟာ တည်ငြိမ်လွန်းနေပြီး ရှက်စရာကောင်းတဲ့စကားတွေမပြောဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ မစ္စတာကျွမ့်က ပိုင်ရှုယန်ရဲ့နောက်ခံကို စစ်ဆေးပြီးပြီဖြစ်သည်။ သူဟာ မိဘမဲ့ကလေးတစ်ယောက်သာဖြစ်ပေမယ့် တအားနှိမ့်ချခြင်းနဲ့ မာနကြီးမောက်မာခြင်းမရှိပဲ တိုးသင့်တဲ့နေရာနှင့်လျော့သင့်တဲ့နေရာကို အလိုက်အထိုက်နားလည်ပြီး ယဉ်ကျေးသည်။ သူ့မျက်နှာပေါ်တွင် ကျေနပ်သောအကြည့်တစ်ခုပေါ်လာပြီး တိတ်တဆိတ်စိုက်ကြည့်ကာပြော၏။


"ယွီအာက အပြင်မှာအများကြီးခံစားခဲ့ရပြီးပြီ....ဆိုးရွားတာတွေလည်းကြုံခဲ့ရတယ်....မင်းရဲ့ကျေးဇူးကြောင့်သာ ကျွမ့်မိသားစုကိုပြန်လာနိုင်တယ်လို့ပြောရင်တောင် မမှားဘူး....ဒါကြောင့် ကျွမ့်မိသားစုကလည်း မင်းရဲ့ကြင်နာမှုကို သဘာဝအတိုင်း မေ့မသွားပါဘူး"


"ငါမင်းကို ယွီအာနဲ့ဂိုက်ဆရာဖြစ်စေချင်တယ်....သူက အထက်တန်းကျောင်းရဲ့စီနီယာနှစ်ဆိုတော့ အကြပ်အတည်းကာလနဲ့ ကြုံနေရပြီ.....အနာဂတ်မှာ သူ့ရဲ့ပညာရေးကို ပိုအာရုံစိုက်ပေးဖို့ ဆရာပိုင်ကိုတောင်းဆိုချင်ပါတယ်"


သူက "ကျေးဇူးပြုပြီး"ဟူသော စကားလုံးကိုသုံးနှုန်းခဲ့ပေမယ့် ပိုင်ရှုယန်က သဘောတူလက်ခံမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အခိုင်အမာယုံကြည်ထား၏။


ရှန်ယွီအနည်းငယ်ထိတ်လန့်သွားသည်။ မစ္စတာကျွမ့်၏ ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ်ကြားလိုက်ရပြီးနောက် ပိုင်ရှုယန်ကို ရင်တစ်ထိတ်ထိတ်နဲ့ စိုက်ကြည့်နေမိသည်။


"ကျွန်တော် လက်ခံပါတယ်"


ပိုင်ရှုယန်အနေနဲ့ ငြင်းစရာအကြောင်းမရှိတာသေချာသည်။


"လူအိုကြီးချန်....ဆရာပိုင်အတွက် ဧည့်သည်ခန်းတစ်ခု ပြင်ဆင်လိုက်ပါ"


မစ္စတာကျွမ့်က ချိုင်းထောက်တစ်ခုကိုအားပြု၍ မတ်တပ်ထရပ်လိုက်ပြီး....


"ဆရာပိုင်....မင်းရဲ့အကူအညီအတွက်ကျေးဇူးပါ....တစ်ခုခုလိုတာရှိရင် လူအိုကြီးချန်ကိုပြောလို့ရပါတယ်...."


"ကျေးဇူး..."

ပိုင်ရှုယန်က ခေါင်းငြှိမ့်လိုက်သည်။


ပိုင်ရှုယန်ရဲ့ ခရီးဆောင်အိတ်ကို ဟိုတယ်ကနေတစ်ဆင့် ပို့ဆောင်ပေးခဲ့လေသည်။ အခန်းထဲ၌ သူ့အထုတ်အပိုးတွေကို ပြင်ဆင်နေရာချနေစဉ် သူ့ဒူးဟာ စားပွဲထောင့်နဲ့ မတော်တဆတိုက်မိသွားပြီး ရုတ်တရတ်ဆိုသလို တဒိတ်ဒိတ်နဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။


သူတုန်တုန်ရီရီဖြင့် စနစ်ကိုလှမ်းမေးလိုက်သည်။


"ဒါက ဘာလို့အရမ်းနာနေရတာလဲ....မင်းပြောတော့ ဘာမှမှားယွင်းသွားတာမျိုး မရှိဘူးဆို"


စနစ် : "ရောဂါ ရှာဖွေတဲ့နေရာမှာ ငါအမှားလုပ်မိတာမဖြစ်နိုင်ဘူး....သေချာပေါက် မင်းဟန်ဆောင်နေတာပဲ"


ပိုင်ရှုယန်က နာကျင်စွာပြောသည်။


"မင်းပြောင်းလဲသွားပြီ....အရင်တုန်းက မင်းငါ့ကိုအရမ်းချစ်ခဲ့တာ...."


စနစ် : "....." မင်းစကားက နည်းနည်းရွံစရာကောင်းတယ်လို့ မခံစားရဘူးလား။


သူက အအေးဒဏ်ကိုကြောက်လို့ အဝတ်အစားတွေအများကြီး ထပ်ဝတ်ထားခဲ့တာကြောင့် ခြေသလုံးကဒဏ်ရာကိုမြင်ရဖို့ဆိုရင် အရင်ဆုံး ထပ်ဝတ်ထားသည့်ဘောင်းဘီတွေကိုချွတ်ပြစ်ဖို့ လိုအပ်သည်။


စနစ်ကပြောသည်။


"လူတစ်ယောက် အသက်မပြည့်သေးဘူးဆိုတဲ့လက္ခဏာကို သူတို့ဝတ်ပုံစားပုံကနေတစ်ဆင့် သတ်မှတ်ကြတယ်တဲ့....ဒါကြောင့် မင်းအရင်ကထက် သူရဲဘောကြောင်လာတာ အကြောင်းပြချက်တစ်ခုပဲရှိတော့တယ်....ငါမင်းကို ပိုပြီးသည်းခံသင့်တယ်လို့ခံစားနေရပြီ...."


သူ့ရဲ့ ရှည်လျားတဲ့ဘောင်းဘီအထပ်လိုက်ကို လှန်တင်နေသည့် ပိုင်ရှုယန်က ချက်ချင်းလှမ်းငေါက်လိုက်သည်။


"ကောင်းပြီ....ပါးစပ်ပိတ်ထားလိုက်တော့!"


သူ၏ ညာဘက်ဘောင်းဘီကို ဒူးအထပ်တွင်လှိမ့်တင်ကြည့်လိုက်သောအခါတွင် သူ့ဒူးပေါ်၌ ကြီးမားသောအဖုအထစ်ကြီးတစ်ခုရှိနေတာကို တွေ့လိုက်ရသည်။


တံခါးခေါက်သံထွက်ပေါ်လာပြီး တံခါးအပြင်ဘက်ကနေ ရှန်ယွီ၏ အသံကိုကြားလိုက်ရသည်။


"ဆရာ....ကျွန်တော့်ကို ဝင်လာခဲ့လို့ရမလား"


"ဝင်ခဲ့လေ"


ရှန်ယွီ၏လက်ထဲတွင် ဆေးပုလင်းတစ်ခုကို ကိုင်ထားလျက်သားဖြင့် အခန်းထဲဝင်လာခဲ့သည်။


"ဆရာ...ကျွန်တော် ဆရာ့ဒဏ်ရာကိုဆေးလိမ်းပေးရမလား"


သူ့မျက်လုံးတွေက ပိုင်ရှုယန်၏ခြေထောက်သို့အရောက်တွင် စကားသံမှာချက်ချင်းရပ်တန့်သွား၏။


ပိုင်ရှုယန်သည် ကုတင်ဘေးတွင်ထိုင်နေခဲ့ပြီး ဒဏ်ရာရနေသောညာဘက်ခြေထောက်ကို ကုတင်စွန်းမှ လှမ်းဖွက်လိုက်သည်။ သူ့အသားအရေက လွန်စွာဖြူဖွေးလွန်းလှတာကြောင့် ခြေထောက်ကဒဏ်ရာမှာ ပိုလို့တောင်ကြောက်စရာကောင်းပုံပေါ်နေလေသည်။


"ကျေးဇူး....ဆရာကိုယ်တိုင်လိမ်းလိုက်မယ်"


ပိုင်ရှုယန်က ဆေးပုလင်းကိုလှမ်းဆွဲယူရင်းပြောလိုက်သည်။


ဒါပေမယ့် ရှန်ယွီက သူ့လက်ထဲထည့်မပေးလိုက်ပါချေ။ ပိုင်ရှုယန်က ခေါင်းမော့ကြည့်လျက် သူ့မျက်လုံးတွေထဲတွင် "?"သင်္ကေတတွေဖြင့် ကြည့်လာသည်။


ရှန်ယွီက သူ့နှုတ်ခမ်းတွေကိုမျဉ်းဖြောင့်သဏ္ဍာန် တင်းတင်းစေ့လိုက်သည်။ အနားကပ်လာပြီး ပိုင်ရှုယန်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ ခပ်တိုးတိုးပြောသည်။


"ကျွန်တော်လိမ်းပေးမယ်"


"ဟမ်?...အိုး..."


ပိုင်ရှုယန်ဟာ လျှင်မြန်ကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေကို စိတ်ရှုပ်ထွေးစွာဖြင့် ကျေးဇူးတင်စကားပြောလိုက်မိသည်။


"ကျေးဇူး"


ရှန်ယွီက ခြေကျင်းဝတ်ကို ဆုပ်ကိုင်၍ သူ့ဒူးပေါ်တွင် ခြေထောက်ကိုငြင်သာစွာတင်ကာ ဆေးပုလင်းအဖုံးကိုဖွင့်၍ ပြိုးပြိုးပြက်ပြက်တောက်ပနေသောဆေးကို ဒဏ်ရာပေါ် နူးညံ့ညင်သာစွာပွတ်တိုက်လိမ်းလံပေးသည်။


"နာရင် ကျွန်တော့်ကိုပြောနော်"


"အဆင်ပြေပါတယ်....သိပ်မနာဘူး"


ပိုင်ရှုယန်ဟာ ရှန်ယွီတစ်ယောက်သူ့ခေါင်းကိုလေးလေးနက်နက်ငုံ့ကိုင်းရင်း ဆေးလိမ်းပေးနေတာကိုကြည့်ရင်း ဖခင်အိုကြီး၏ခြေဖဝါးကို ဆေးကြောပေးနေသည့် သားငယ်တစ်ယောက်ရလိုက်သလို ရုတ်တရတ်ခံစားလိုက်ရ၏။


သူက ကူကယ်ရာမဲ့စွာ ရှန်ယွီ၏ခေါင်းကိုပွတ်သပ်ပေးလိုက်မိရင်း သက်ပြင်းတစ်ချက်ချမိသည်။


"ကြည့်စမ်း....ငါတို့ရဲ့ကလေးလေးက အတော်လေးကြီးပြင်းလာခဲ့ပြီ....သူကအခုဆို ဝတ်ကြီးဝတ်ငယ်တောင် ပြုစုပေးတတ်နေပြီ"


စနစ်ကပြန်ပြောသည်။


"ဟုတ်တယ်....သူက မင်းထက်ခေါင်းတစ်ဝက်ကျော်လောက်ထိတောင် အရပ်မြင့်နေပြီ....အခုချိန်လေးမှာ စိတ်ကြိုက်သူ့ခေါင်းကိုပွတ်ထားလိုက်....နောက်ပိုင်း မတ်တပ်ရပ်နေချိန်ဆို ခြေဖျားထောက်ပြီး ထိမှရလိမ့်မယ်"


ပိုင်ရှုယန်က ရှက်ဒေါသနဲ့အတူ စောင့်အောင့်ကာပြန်ပြောသည်။


"သူအရပ်မြင့်တာလောက်က ဘာဖြစ်နေလို့လဲ....ငါကရော အရပ်ဆက်မရှည်နိုင်တော့တာမှတ်လို့"


စနစ် : "မင်းအသက်က ၂၃နှစ်တောင်ရှိနေပြီ အစ်ကိုကြီးရဲ့"


ပိုင်ရှုယန်က ပြန်လည်ချေပလိုက်သည်။


"ငါဂရုမစိုက်ဘူး....နောက်ကမ္ဘာကျရင် ငါ့အရပ်အမြင့်က 1.88မီတာထိ ရှိနေရမယ်....မဟုတ်ရင် ငါဒီအလုပ်ကို ဆက်မလုပ်တော့ဘူး"


စနစ် : ငါမင်းကို အထင်ကိုမကြီးတော့တာ။


_________________________________________________________



Report Page