178

178

Khat

uni

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း 


အပိုင်း ၁၇၈




ထိုကောင်မလေးက “ဇီယွန်ရဲ့ ဥက္ကဌရန်က အရင်တုန်းဆိုရင် ဒီဧကရာဇ်မြို့တော်ရဲ့ ချမ်းသာတဲ့မိသားစုတစ်စုက လူပွေလူရှုပ်ဆိုပြီး နာမည်ကြီးဖူးတယ်၊ စဉ်းစားကြည့်၊ လူပွေလူရှုပ်ကနေ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာတာ၊ သူ့အောင်မြင်မှုရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ရှိမနေနိုင်ဘူးလား၊ ဘာပဲဖြစ်ဖြစ် ဆင်းရဲသားတစ်ယောက်က ချမ်းသာလာတဲ့လူတစ်ယောက် ဖြစ်လာတာထက်စာရင် ပိုကောင်းပါသေးရဲ့”



“ပြီးတော့ သူက အရမ်းချောတယ်”



ဆုရန်းသည် ခဏစဉ်းစားလိုက်ပြီး ထိုကောင်မလေးပြောချင်သော ဆိုလိုရင်းကို မသိဖြစ်နေလေသည်။ “ကျွန်မတို့တွေ ဒီကိုလာတာ ချမ်းသာတဲ့လူတွေဆီက အတွေ့အကြုံတွေကို သင်ယူဖို့မလား”



ထိုကောင်မလေးက “ရှင်သာ သူတို့မိန့်ခွန်းတွေကို နားထောင်ရုံနဲ့ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် ကျွန်မအာမခံနိုင်တယ်၊ ဒီနေ့ လာပြီးဟော်ပြောမယ့်သူတွေက အောင်မြင်နေတဲ့ စီအီးအိုတွေပဲ”



“ဒီလို အားတက်စေမည့် မိန့်ခွန်းတွေလား၊ အွန်လိုင်းပေါ်မှာ ရှာကြည့်၊ အများကြီးတွေ့လိမ့်မယ်”



ခဏမျှတိတ်ဆိတ်သွားပြီးနောက် လူအများ၏ ရုတ်တရက် စူးစူးဝါးဝါးအော်သံများကို ကြားလိုက်ရသည်၊ “ဟိုမှာကြည့်၊ ဥက္ကဌရန်”



ဆုရန်းသည် လှည့်ပြီးကြည့်လိုက်သည်။

သူမကြည့်လိုက်သောအခါ ရန်လူကြီး၏ ဓါတ်ပုံနှင့်အတူ သူ၏မိတ်ဆက်ဗီဒီယိုအတိုကို စခရင်ပေါ်တွင် ပရိုဂျက်တာဖြင့် ထိုးပြထားလေသည်။



ထိုဓါတ်ပုံထဲမှ လူကြီးကို သူမရင်းရင်းနှီးနှီး မြင်ဖူးနေသည်။



“ဒါပေမဲ့ နှမြောစရာကောင်းတာက ကြည့်ကောင်းတဲ့ယောကျ်ားတွေက အကုန်ပိုင်ရှင်ရှိပြီးသားတွေပဲ”



“သူရောပဲလေ၊ သူ့မှာ မိန်းမနဲ့ကလေးပါရှိတယ်၊ ကျွန်မကြားတာတော့ သူကသည်းသည်းလှုပ် ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပဲတဲ့”



“ဘာလို့ စိတ်မကောင်းတဲ့လေသံကြီးနဲ့ ပြောနေတာလဲ၊ သည်းသည်းလှုပ် ချစ်တတ်တယ်ဆိုတာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်မလဲ”


………….


မြင်ကွင်းသည် ပို၍ ကြည့်ကောင်းလာခဲ့သည်။

ဆူညံသံတွေအကြား ဆုရန်းသည် တစ်ခုခုကို မှတ်မိသွားခဲ့သည်။



ရန်ချန်းဟုခေါ်သော ထိုလူကြီးသည် သူမအရင်က ဘားတွင် အချိန်ပိုင်းအလုပ်လုပ်တုန်းက သူမကို မောင်းထုတ်ခဲ့သော သူဌေးဖြစ်ပေသည်။ အဲ့တုန်းက သူသည် ရိုင်းစိုင်းပြီး မာနထောင်လွှားပြီး လူတိုင်းကို အထင်သေးကာ ပိုက်ဆံရှိလျှင် ဘာမဆိုသူလုပ်ချင်တိုင်း လုပ်လို့ရမည်ဟုထင်နေသော လူတစ်ယောက် ဖြစ်ခဲ့သည်။ သူမသည် သူ့ကိုကြည့်မရဖြစ်ခဲ့သည်။



အခုတော့ သူသည် ထိုနေရာတွင် ရပ်နေသည်မှာ မယုံကြည်နိုင်ဖွယ်ဖြစ်နေသည်။



ပြီးတော့ သူ့ဇနီး၊ သူမသည် သူပြနေကျ သွားဆရာဝန်မ ဖြစ်ခဲ့ပေသည်။ သူမသည် အနေအေးပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုအချိန်တုန်းက ဆေးခန်းတွင် သူမသည် ရန်ချန်းကို ဝင်တိုက်ခဲ့ပြီး ရန်ဖြစ်မလိုတောင် ဖြစ်ခဲ့သေးသည်။ သူမသည် ထိုလူကြီးက သူ့မိန်းမနှင့် မထိုက်တန်ဘူး ဟူ၍လည်း ထင်နေသည်။



သူမသည် ချက်ချင်းပင် စိတ်ဝင်စားမှုပျောက်ဆုံးသွားသည်။



သူမဘေးနားရှိ လူများက ချမ်းသာသော လူရှုပ်လူပွေကနေ အောင်မြင်သော လူကြီးလူကောင်းတစ်ယောက် တစ်ယောက်ဖြစ်လာသောသူတို့၏ ပြောင်းလဲလာပုံ ဘဝဇာတ်လမ်းများကို နားထောင်ရသည်မှာ နှစ်သက်မိကြောင်း ပြောနေကြလေသည်။



ဒီအကြောင်းအရာနှင့် ပက်သက်ပြီး ဘယ်အရာက ကောင်းနေပါသလဲ။



သူတို့ဒီလိုဖြစ်လာသည်မှာ ချမ်းသာသောကြောင့် ဖြစ်သည်။



အောင်မြင်လာသော ဇာတ်လမ်းများ၊ ထိုသို့ ဇာတ်လမ်းများတွင် သူတို့သည် အစကတည်းက သူများတွေထက် နှာတစ်ဖျားသာနေသောကြောင့် ဖြစ်သည်ဟုချည်းသာ ဖြစ်နေသဖြင့် ထိုအရာများမှ ဘာမှသင်ယူစရာအကြောင်း မရှိပေ။



သူမသည် အထင်သေးသွားပြီး တစ်ခဏမျှ နက်ရှိုင်းစွာ တွေးလိုက်လေသည်။



ဆုရန်းသည် ထွက်သွားဖို့ ပြင်နေသည်။

ထိုသို့ လှည့်မထွက်သွားခင် ခဏရပ်တန့်သွားသည်။

ဒီနေရာအထိ သူမရောက်လာခဲ့ပြီးပြီ၊ ထို့ကြောင့် ရောက်လက်စနှင့် တစ်ခါတည်း နားထောင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။



ထို့ပြင် နေ့လည်ခင်းတွင်လည်း အလုပ်ခေါ်ပွဲ ရှိဦးပေမည်။ သူမသာ ဇီယွန်ကုမ္ပဏီကို ဝင်နိုင်ခဲ့မယ်ဆိုလျှင်။ ဇီယွန်၏ အလုပ်သမားများသည် အကျိုးခံစားခွင့်ကောင်းများ ရကြသည်ဟုလည်း သူမ ကြားဖူးသည်။



သူမသည် ထိုအခွင့်အရေးကို ထိုသို့သေးသိမ်သော အကြောင်းအရင်းကြောင့် လက်လွှတ်ခံမည် မဟုတ်။

လူ့ဘောင်အဖွဲ့အစည်းသည် ကြမ်းတမ်းလှသော နေရာဖြစ်သည်။



ထိုအရာသည် လူတစ်ဦး၏ တိုက်ခိုက်ချင်စိတ်နှင့် အပြစ်ကင်းစင်မှုကို ဖျက်ဆီးနိုင်သည်။



အရင်တုန်းကဆိုလျှင် ဆုရန်းသည် သူမ အလုပ်ကြိုးစားပြီး အရာရာကို အကောင်းမြင်လျှင် ဘဝတွင် ဘာမဆို အောင်မြင်နိုင်မည်ဟု ထင်နေခဲ့သည်။



ယခုတွင် သူမသည် အပြစ်မြင်တတ်လာသည်။

အပြစ်မြင်တတ်ရုံသာမက ကမ္ဘာကြီးကို မြင်သောအမြင်သည်လည်း နှစ်ဆတိုးတက်လာခဲ့သည်။ 



သူမမြင်လာပုံမှာ ချမ်းသာသော မိသားစုမှ ကလေးများ အောင်မြင်လာသည်ကို ဂန္တဝင်ဆန်လှသည်ဟု ခေါ်ဖို့မထိုက်တန်ကြောင်း ဖြစ်ပေသည်။



ထိုအခိုက်အတန့်တွင် သူမသည် မျက်စိကို အနည်းငယ်မှေးပြီး ကြည့်လိုက်လေသည်။



ထို့နောက် အတွေးတစ်ခု ဝင်လာသည်။

သူမသာ ဒီနေရာတွင် ချန်ကျင်းယောင်နှင့် ဝင်တိုက်မိမယ်ဆိုလျှင်



သူမတို့ အရင်က သိကျွမ်းခဲ့သည်ကို အခွင့်ကောင်းယူဖို့ ဖြစ်နိုင်မလား



ကုမ္ပဏီကို နောက်ဖေးတံခါးက ဝင်လာသကဲ့သို့ သိကျွမ်းသောကြောင့် သူမသည် အလွယ်တကူ ဝင်လို့ရမည်လော။



ထို့သို့ဖြစ်နိုင်မည်ဆိုလျှင် သူမသည် ချန်ကျင်းယောင်ကို တစ်နပ်စာ ဝယ်ကျွေးပစ်လိုက်မည်။



ထိုအရာသည် သူမအတွက် လွန်ကဲလှသော တောင်းဆိုမှု ဖြစ်နေသည်ကို သူမ သိနေသည်။



ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ ရင်ထဲတွင် နက်ရှိုင်းသော အတွေးများရှိနေသည်ကို လျစ်လျူမရှုပဲ မနေနိုင်ပေ။

ထိုအရင်ချိန်တုန်းက ချန်ကျင်းယောင်နှင့် သူငယ်ချင်းဖြစ်ခဲ့လျှင် ကောင်းသားဟူ၍ သူမ တွေးနေလေသည်။



ထိုအချိန်က ချန်ကျင်းယောင်သည် ရုတ်တရက် ကိစ္စပေါ်လာပြီး ခွင့်ယူသွားသောကြောင့် သူမကို အခြားသွားဆရာဝန်နှင့် လက်လွှဲပေးခဲ့ခြင်းဖြစ်ပေသည်။ သူမသည် ထိုအကြောင်းကို သိပြီးနောက် ချန်ကျင်းယောက်ကို သူမ၏WeChatမှ ဖျက်ပစ်ခဲ့သည်။



ထို့နောက် သူမသည် ချန်းကျင်းယောင်ကို ဘယ်တော့မှ ပြန်မAddခဲ့ပေ။



ကျောင်းထဲတွင် ခန်းမသို့ ဦးတည်နေသော လျှောက်လမ်းမှာ ဘေးနှစ်ဖက်တွင် သစ်ပင်များ အုပ်ဆိုင်းနေသည်။



ချန်ကျင်းယောင်သည် ရန်ချီကို ဖက်ထားသည်။

“ချီချီ၊ ဖေဖေက ဒီနေ့ အရမ်းချောနေတယ်နော်”



ရန်ချီချီသည် သူအရူးလုပ်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ ပျော်စရာ လုံးဝမကောင်းတော့ပေ။ သူလေး စိတ်ပျက်သွားသည်။ သူ့နှုတ်ခမ်းလေး ဆူလိုက်ပြီး ပွပွစိစိပြောနေသည်။ “ဖေဖေက မချောပါဘူး”



သူလေးသည် အရမ်းကို တော်ပြီး အရမ်းလည်သော ကလေးလေးဖြစ်သည့်အလျောက် သူနှင့်ပနာတည့်မည့်လူကို ရှာနိုင်သည်။ သူလေးသည် ချန်ကျင်းယောင်နှာဖူးကို နမ်းရင်း သူ့ဝဝကစ်ကစ် ခန္ဓာကိုယ်လေးကို လွှဲလိုက်ပြီး လက်သီးသေးသေးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ “ချီချီကသာ အချောဆုံး”



ချန်ကျင်းယောင်သည် ရယ်မောရင်း “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းကသာ အချောဆုံးပါ”




•••

zawgyi


အဓိက ဇာတ္လိုက္နဲ႔ လက္ထပ္ျခင္း 


အပိုင္း ၁၇၈




ထိုေကာင္မေလးက “ဇီယြန္ရဲ႕ ဥကၠဌရန္က အရင္တုန္းဆိုရင္ ဒီဧကရာဇ္ၿမိဳ႕ေတာ္ရဲ႕ ခ်မ္းသာတဲ့မိသားစုတစ္စုက လူေပြလူ႐ႈပ္ဆိုၿပီး နာမည္ႀကီးဖူးတယ္၊ စဥ္းစားၾကည့္၊ လူေပြလူ႐ႈပ္ကေန ေအာင္ျမင္တဲ့လူတစ္ေယာက္ ျဖစ္လာတာ၊ သူ႕ေအာင္ျမင္မႈရဲ႕ ေနာက္ကြယ္မွာ စိတ္ဝင္စားစရာ ဇာတ္လမ္းတစ္ပုဒ္ ႐ွိမေနႏိုင္ဘူးလား၊ ဘာပဲျဖစ္ျဖစ္ ဆင္းရဲသားတစ္ေယာက္က ခ်မ္းသာလာတဲ့လူတစ္ေယာက္ ျဖစ္လာတာထက္စာရင္ ပိုေကာင္းပါေသးရဲ႕”



“ၿပီးေတာ့ သူက အရမ္းေခ်ာတယ္”



ဆုရန္းသည္ ခဏစဥ္းစားလိုက္ၿပီး ထိုေကာင္မေလးေျပာခ်င္ေသာ ဆိုလိုရင္းကို မသိျဖစ္ေနေလသည္။ “ကြၽန္မတို႔ေတြ ဒီကိုလာတာ ခ်မ္းသာတဲ့လူေတြဆီက အေတြ႕အၾကဳံေတြကို သင္ယူဖို႔မလား”



ထိုေကာင္မေလးက “႐ွင္သာ သူတို႔မိန္႔ခြန္းေတြကို နားေထာင္႐ုံနဲ႔ ေအာင္ျမင္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ ကြၽန္မအာမခံႏိုင္တယ္၊ ဒီေန႔ လာၿပီးေဟာ္ေျပာမယ့္သူေတြက ေအာင္ျမင္ေနတဲ့ စီအီးအိုေတြပဲ”



“ဒီလို အားတက္ေစမည့္ မိန္႔ခြန္းေတြလား၊ အြန္လိုင္းေပၚမွာ ႐ွာၾကည့္၊ အမ်ားႀကီးေတြ႕လိမ့္မယ္”



ခဏမွ်တိတ္ဆိတ္သြားၿပီးေနာက္ လူအမ်ား၏ ႐ုတ္တရက္ စူးစူးဝါးဝါးေအာ္သံမ်ားကို ၾကားလိုက္ရသည္၊ “ဟိုမွာၾကည့္၊ ဥကၠဌရန္”



ဆုရန္းသည္ လွည့္ၿပီးၾကည့္လိုက္သည္။

သူမၾကည့္လိုက္ေသာအခါ ရန္လူႀကီး၏ ဓါတ္ပုံႏွင့္အတူ သူ၏မိတ္ဆက္ဗီဒီယိုအတိုကို စခရင္ေပၚတြင္ ပ႐ိုဂ်က္တာျဖင့္ ထိုးျပထားေလသည္။



ထိုဓါတ္ပုံထဲမွ လူႀကီးကို သူမရင္းရင္းႏွီးႏွီး ျမင္ဖူးေနသည္။



“ဒါေပမဲ့ ႏွေျမာစရာေကာင္းတာက ၾကည့္ေကာင္းတဲ့ေယာက်္ားေတြက အကုန္ပိုင္႐ွင္႐ွိၿပီးသားေတြပဲ”



“သူေရာပဲေလ၊ သူ႕မွာ မိန္းမနဲ႔ကေလးပါ႐ွိတယ္၊ ကြၽန္မၾကားတာေတာ့ သူကသည္းသည္းလႈပ္ ခ်စ္တတ္တဲ့ ခင္ပြန္းတစ္ေယာက္ပဲတဲ့”



“ဘာလို႔ စိတ္မေကာင္းတဲ့ေလသံႀကီးနဲ႔ ေျပာေနတာလဲ၊ သည္းသည္းလႈပ္ ခ်စ္တတ္တယ္ဆိုတာ ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္မလဲ”


………….


ျမင္ကြင္းသည္ ပို၍ ၾကည့္ေကာင္းလာခဲ့သည္။

ဆူညံသံေတြအၾကား ဆုရန္းသည္ တစ္ခုခုကို မွတ္မိသြားခဲ့သည္။



ရန္ခ်န္းဟုေခၚေသာ ထိုလူႀကီးသည္ သူမအရင္က ဘားတြင္ အခ်ိန္ပိုင္းအလုပ္လုပ္တုန္းက သူမကို ေမာင္းထုတ္ခဲ့ေသာ သူေဌးျဖစ္ေပသည္။ အဲ့တုန္းက သူသည္ ႐ိုင္းစိုင္းၿပီး မာနေထာင္လႊားၿပီး လူတိုင္းကို အထင္ေသးကာ ပိုက္ဆံ႐ွိလွ်င္ ဘာမဆိုသူလုပ္ခ်င္တိုင္း လုပ္လို႔ရမည္ဟုထင္ေနေသာ လူတစ္ေယာက္ ျဖစ္ခဲ့သည္။ သူမသည္ သူ႕ကိုၾကည့္မရျဖစ္ခဲ့သည္။



အခုေတာ့ သူသည္ ထိုေနရာတြင္ ရပ္ေနသည္မွာ မယုံၾကည္ႏိုင္ဖြယ္ျဖစ္ေနသည္။



ၿပီးေတာ့ သူ႕ဇနီး၊ သူမသည္ သူျပေနက် သြားဆရာဝန္မ ျဖစ္ခဲ့ေပသည္။ သူမသည္ အေနေအးၿပီး က်က္သေရ႐ွိေသာ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည္။ ထိုအခ်ိန္တုန္းက ေဆးခန္းတြင္ သူမသည္ ရန္ခ်န္းကို ဝင္တိုက္ခဲ့ၿပီး ရန္ျဖစ္မလိုေတာင္ ျဖစ္ခဲ့ေသးသည္။ သူမသည္ ထိုလူႀကီးက သူ႕မိန္းမႏွင့္ မထိုက္တန္ဘူး ဟူ၍လည္း ထင္ေနသည္။



သူမသည္ ခ်က္ခ်င္းပင္ စိတ္ဝင္စားမႈေပ်ာက္ဆုံးသြားသည္။



သူမေဘးနား႐ွိ လူမ်ားက ခ်မ္းသာေသာ လူ႐ႈပ္လူေပြကေန ေအာင္ျမင္ေသာ လူႀကီးလူေကာင္းတစ္ေယာက္ တစ္ေယာက္ျဖစ္လာေသာသူတို႔၏ ေျပာင္းလဲလာပုံ ဘဝဇာတ္လမ္းမ်ားကို နားေထာင္ရသည္မွာ ႏွစ္သက္မိေၾကာင္း ေျပာေနၾကေလသည္။



ဒီအေၾကာင္းအရာႏွင့္ ပက္သက္ၿပီး ဘယ္အရာက ေကာင္းေနပါသလဲ။



သူတို႔ဒီလိုျဖစ္လာသည္မွာ ခ်မ္းသာေသာေၾကာင့္ ျဖစ္သည္။



ေအာင္ျမင္လာေသာ ဇာတ္လမ္းမ်ား၊ ထိုသို႔ ဇာတ္လမ္းမ်ားတြင္ သူတို႔သည္ အစကတည္းက သူမ်ားေတြထက္ ႏွာတစ္ဖ်ားသာေနေသာေၾကာင့္ ျဖစ္သည္ဟုခ်ည္းသာ ျဖစ္ေနသျဖင့္ ထိုအရာမ်ားမွ ဘာမွသင္ယူစရာအေၾကာင္း မ႐ွိေပ။



သူမသည္ အထင္ေသးသြားၿပီး တစ္ခဏမွ် နက္႐ိႈင္းစြာ ေတြးလိုက္ေလသည္။



ဆုရန္းသည္ ထြက္သြားဖို႔ ျပင္ေနသည္။

ထိုသို႔ လွည့္မထြက္သြားခင္ ခဏရပ္တန္႔သြားသည္။

ဒီေနရာအထိ သူမေရာက္လာခဲ့ၿပီးၿပီ၊ ထို႔ေၾကာင့္ ေရာက္လက္စႏွင့္ တစ္ခါတည္း နားေထာင္သြားမည္ဟု ဆုံးျဖတ္လိုက္သည္။



ထို႔ျပင္ ေန႔လည္ခင္းတြင္လည္း အလုပ္ေခၚပြဲ ႐ွိဦးေပမည္။ သူမသာ ဇီယြန္ကုမၸဏီကို ဝင္ႏိုင္ခဲ့မယ္ဆိုလွ်င္။ ဇီယြန္၏ အလုပ္သမားမ်ားသည္ အက်ိဳးခံစားခြင့္ေကာင္းမ်ား ရၾကသည္ဟုလည္း သူမ ၾကားဖူးသည္။



သူမသည္ ထိုအခြင့္အေရးကို ထိုသို႔ေသးသိမ္ေသာ အေၾကာင္းအရင္းေၾကာင့္ လက္လႊတ္ခံမည္ မဟုတ္။

လူ႕ေဘာင္အဖြဲ႕အစည္းသည္ ၾကမ္းတမ္းလွေသာ ေနရာျဖစ္သည္။



ထိုအရာသည္ လူတစ္ဦး၏ တိုက္ခိုက္ခ်င္စိတ္ႏွင့္ အျပစ္ကင္းစင္မႈကို ဖ်က္ဆီးႏိုင္သည္။



အရင္တုန္းကဆိုလွ်င္ ဆုရန္းသည္ သူမ အလုပ္ႀကိဳးစားၿပီး အရာရာကို အေကာင္းျမင္လွ်င္ ဘဝတြင္ ဘာမဆို ေအာင္ျမင္ႏိုင္မည္ဟု ထင္ေနခဲ့သည္။



ယခုတြင္ သူမသည္ အျပစ္ျမင္တတ္လာသည္။

အျပစ္ျမင္တတ္႐ုံသာမက ကမ႓ာႀကီးကို ျမင္ေသာအျမင္သည္လည္း ႏွစ္ဆတိုးတက္လာခဲ့သည္။ 



သူမျမင္လာပုံမွာ ခ်မ္းသာေသာ မိသားစုမွ ကေလးမ်ား ေအာင္ျမင္လာသည္ကို ဂႏၲဝင္ဆန္လွသည္ဟု ေခၚဖို႔မထိုက္တန္ေၾကာင္း ျဖစ္ေပသည္။



ထိုအခိုက္အတန္႔တြင္ သူမသည္ မ်က္စိကို အနည္းငယ္ေမွးၿပီး ၾကည့္လိုက္ေလသည္။



ထို႔ေနာက္ အေတြးတစ္ခု ဝင္လာသည္။

သူမသာ ဒီေနရာတြင္ ခ်န္က်င္းေယာင္ႏွင့္ ဝင္တိုက္မိမယ္ဆိုလွ်င္



သူမတို႔ အရင္က သိကြၽမ္းခဲ့သည္ကို အခြင့္ေကာင္းယူဖို႔ ျဖစ္ႏိုင္မလား



ကုမၸဏီကို ေနာက္ေဖးတံခါးက ဝင္လာသကဲ့သို႔ သိကြၽမ္းေသာေၾကာင့္ သူမသည္ အလြယ္တကူ ဝင္လို႔ရမည္ေလာ။



ထို႔သို႔ျဖစ္ႏိုင္မည္ဆိုလွ်င္ သူမသည္ ခ်န္က်င္းေယာင္ကို တစ္နပ္စာ ဝယ္ေကြၽးပစ္လိုက္မည္။



ထိုအရာသည္ သူမအတြက္ လြန္ကဲလွေသာ ေတာင္းဆိုမႈ ျဖစ္ေနသည္ကို သူမ သိေနသည္။



ဘယ္လိုပဲျဖစ္ျဖစ္ သူမ၏ ရင္ထဲတြင္ နက္႐ိႈင္းေသာ အေတြးမ်ား႐ွိေနသည္ကို လ်စ္လ်ဴမ႐ႈပဲ မေနႏိုင္ေပ။

ထိုအရင္ခ်ိန္တုန္းက ခ်န္က်င္းေယာင္ႏွင့္ သူငယ္ခ်င္းျဖစ္ခဲ့လွ်င္ ေကာင္းသားဟူ၍ သူမ ေတြးေနေလသည္။



ထိုအခ်ိန္က ခ်န္က်င္းေယာင္သည္ ႐ုတ္တရက္ ကိစၥေပၚလာၿပီး ခြင့္ယူသြားေသာေၾကာင့္ သူမကို အျခားသြားဆရာဝန္ႏွင့္ လက္လႊဲေပးခဲ့ျခင္းျဖစ္ေပသည္။ သူမသည္ ထိုအေၾကာင္းကို သိၿပီးေနာက္ ခ်န္က်င္းေယာက္ကို သူမ၏WeChatမွ ဖ်က္ပစ္ခဲ့သည္။



ထို႔ေနာက္ သူမသည္ ခ်န္းက်င္းေယာင္ကို ဘယ္ေတာ့မွ ျပန္မAddခဲ့ေပ။



ေက်ာင္းထဲတြင္ ခန္းမသို႔ ဦးတည္ေနေသာ ေလွ်ာက္လမ္းမွာ ေဘးႏွစ္ဖက္တြင္ သစ္ပင္မ်ား အုပ္ဆိုင္းေနသည္။



ခ်န္က်င္းေယာင္သည္ ရန္ခ်ီကို ဖက္ထားသည္။

“ခ်ီခ်ီ၊ ေဖေဖက ဒီေန႔ အရမ္းေခ်ာေနတယ္ေနာ္”



ရန္ခ်ီခ်ီသည္ သူအ႐ူးလုပ္ခံလိုက္ရသည္ကို ခံစားမိလိုက္သည္။ ေပ်ာ္စရာ လုံးဝမေကာင္းေတာ့ေပ။ သူေလး စိတ္ပ်က္သြားသည္။ သူ႕ႏႈတ္ခမ္းေလး ဆူလိုက္ၿပီး ပြပြစိစိေျပာေနသည္။ “ေဖေဖက မေခ်ာပါဘူး”



သူေလးသည္ အရမ္းကို ေတာ္ၿပီး အရမ္းလည္ေသာ ကေလးေလးျဖစ္သည့္အေလ်ာက္ သူႏွင့္ပနာတည့္မည့္လူကို ႐ွာႏိုင္သည္။ သူေလးသည္ ခ်န္က်င္းေယာင္ႏွာဖူးကို နမ္းရင္း သူ႕ဝဝကစ္ကစ္ ခႏၶာကိုယ္ေလးကို လႊဲလိုက္ၿပီး လက္သီးေသးေသးေလးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ကာ “ခ်ီခ်ီကသာ အေခ်ာဆုံး”



ခ်န္က်င္းေယာင္သည္ ရယ္ေမာရင္း “ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ၊ မင္းကသာ အေခ်ာဆုံးပါ”




Report Page