178

178

မေ သရဖီ

   "အဟမ်း!!"


သူတို့ ၂ယောက်ရဲ့ အနောက်မှာ လူတွေ ရှိနေတဲ့ အကြောင်း သတိပေးဖို့ အတွက် သမားတော်ကျိုး ချောင်းဟမ့်လိုက်သည်။


စေ့စပ်ထားတာ ကို ကြေငြာလိုက်တယ် ဆိုပေမယ့် သူတို့ ၂ယောက် က အရမ်းကြီး နီးနီးကပ်ကပ် မနေသင့်ပေ။ ခြံတံခါး က ဖွင့်ထားဆဲ ဖြစ်သည်။ ဒီလို ကြီးကျယ်ခမ်းနားလွန်းတဲ့ စေ့စပ်ပွဲကြောင့် ရွာထဲရှိ လူတစ်ဝက်လောက် က အပြင်မှာ ရပ်ကြည့်နေသည်။


အဲဒီနေရာမှာ ထိုင်နေပြီး မျက်လုံး ကို မှိတ်ထားလိုက်သည်။


ပီချင်း သူမရဲ့ ပါးစပ် ကို ကာထားလိုက်ပြီး ပြုံးလိုက်သည်။ ပိုင်ချန် နဲ့ ကျောက်ယန်တို့ က ဆက်ဆံရေးကောင်းမှန်း သိပြီးသား ဖြစ်တာကြောင့် သက်ပြင်းချလိုက်ပြီး အရှေ့ကို တိုးသွားလိုက်သည်။ အဲဒီနောက်မှာတော့ ပိုင်ချန်ရဲ့ အင်္ကျီ ကို ပြင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောက်ယန်ရဲ့ ရင်ခွင်ထဲက ဆွဲထုတ်လိုက်သည်။


စေ့စပ်ပြီးခါစ ငယ်ရွယ်သော စုံတွဲတွေ က စေ့စပ်ပြီးတဲ့ အချိန် စိတ်လှုပ်ရှားပြီး ပြေးဖက်ကြတာ က သာမန် အပြုအမူ ဖြစ်သည်။


အပြင်မှာ ရပ်ကြည့်နေတဲ့ ရွာသူရွာသားတွေ က ဘာမှထူးပြီး မခံစားခဲ့ကြပေ။ သူတို့ရဲ့ အာရုံ ကို စွဲဆောင်ထားနိုင်တာ က မဟော်ဂနီရောင် သေတ္တာ ၁၈လုံးထဲ ပါတဲ့ ပစ္စည်းတွေ ဖြစ်သည်။


ကျောက်ယန်မှာ ပြုစုစောင့်ရှောက်ရမယ့် သက်ကြီးရွယ်အိုတွေ မရှိတော့ဘဲ တစ်ကိုယ်တည်းသမား ဖြစ်တာကြောင့် သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စ ကို သူကိုယ်တိုင် တာဝန်ယူ ဖြေရှင်းခဲ့ရသည်။ မစေ့စပ်ခင်က ဒီအိမ်မှာ ညနက်တဲ့ အထိ နေခွင့် မရခဲ့ပေ။ အခု စေ့စပ်ပြီးသွားတော့ အရင်ကထက် တွေ့ချိန် ပိုရလာပြီး နီးနီးကပ်ကပ် နေခွင့် ရလာပြီ ဖြစ်သည်။


သူတို့ ၂ယောက် က လက်ထပ်ဖို့ ဆန္ဒစောနေတာကို သိထားတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေ့ကောင်းရက်သာ သွားရွေးခဲ့သည်။ အမြန်ဆုံး က ၁လခွဲအတွင်း ဖြစ်ပြီး အကြာဆုံး က ၁နှစ်ခွဲ အတွင်း ဖြစ်သည်။


သူ တွေးထားသလိုပဲ၊ အဲဒီရက်တွေ ကို ပြလိုက်တာနဲ့ ပိုင်ချန် နဲ့ ကျောက်ယန် က အနီးဆုံး နေ့ရက်ကို ရွေးခဲ့ကြသည်။ နည်းနည်း အလျင်စလိုနိုင်သွားပေမယ့် ကိစ္စတော့မရှိပေ။


နေ့ရက်ကို ရွေးပြီးတာနဲ့ သမားတော်ကျိုးနဲ့ ရွှမ်အားမား က ရယ်မောပြီး စကားပြောနေကြသည်။ အဲဒီနောက်မှာတော့ ထရပ်လိုက်ပြီး ပိုင်ချန် နဲ့ ကျောက်ယန် ကို မီးဖိုချောင်ဆီ ခေါ်သွားခဲ့သည်။


မီးဖိုချောင်ထဲရှိ ဝါးခြင်းတောင်းထဲမှာ အနီရောင် ဆေးခြယ်ထားတဲ့ ကြက်ဥတွေ ရှိနေပြီး ဘေးနားမှာ လက်ဖဝါး အရွယ် ဝက်သားတုံးတွေ ရှိနေခဲ့သည်။


ဒီဝက်သား ကို ရွာထဲရှိ မိသားစုဆီကနေ သမားတော်ကျိုး ဝယ်ထားခဲ့သည်။ သမားတော်ကျိုး က သူတို့ ကို ပိုက်ဆံပေးပြီး အပိုင်းပိုင်း ခုတ်ထစ်ခိုင်းခဲ့သည်။ မနေ့ညကမှ အားလုံး ခုတ်ထစ်ပြီး လာပို့ထားခဲ့သည်။ ပြီးခဲ့တဲ့ ၂ရက် က ပီချင်း ညှပ်ပေးခဲ့ရတဲ့ ပျော်ရွှင်မှု ၂ဆ ဆိုသော စကားလုံး ကို ဂရုတစိုက်နဲ့ ကူးရေးထားခဲ့သည်။


ဒီနေ့ ပြင်ဆင်စရာတွေ အရမ်းများတာကြောင့် နောက်ကျမှာ စိုးရိမ်ပြီး သမားတော်ကျိုးနဲ့ ပီချင်း ၂ယာက်သား မနေ့ည ဝက်သားတွေ လာပို့ကတည်းက သေချာ ခွဲထုတ်ထားခဲ့သည်။ 


"ဒီလို စေ့စပ်လက်ဆောင်တွေ ကို မိဘတွေ က လိုက်ပေးသင့်တယ် ဆိုပေမယ့် အိုနေပြီဆိုတော့ ငါ့ရဲ့ လက်နဲ့ ခြေထောက် က လှုပ်ရှားလို့ မကောင်းတော့ဘူး။ မင်းတို့ ၂ယောက် က ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ်။ အဲဒီတော့ ရွာထဲမှာ ရှိတဲ့ အိမ်တိုင်း ပျော်သွားအောင် မင်းတို့ ၂ယောက် လိုက်ပို့ပေးလိုက်ကြ"


သမားတော်ကျိုး က ဝါးခြင်းတောင်း ကို ကောက်ကိုင်လိုက်ပြီး ကျောက်ယန်ရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။


ဒါက ရွာရဲ့ ထုံးစံ ဖြစ်သည်။ မိသားစု တစ်ခု စေ့စပ်ကြောင်းလမ်းတဲ့အခါ ပျော်ရွှင်မှု ကို မျှဝေတဲ့ အနေနဲ့ ရွာထဲမှာ ရှိတဲ့ အိမ်ထောင်စုတိုင်း ကို တစ်ခုခု ပေးကြရလိမ့်မည်။ ပုံမှန်ဆိုရင်တော့ လယ်သမား မိသားစုတွေမှာ အကန့်အသတ်တွေ ရှိတာကြောင့် အိမ်ထောင်စု တစ်ခုစီ ကို ဆေးခြယ်ထားတဲ့ ကြက်ဥ ၃လုံးလောက်သာ ပေးကြသည်။ သမားတော်ကျိုး က ပိုပြီး ပြင်ဆင်ပေးထားတာကြောင့် ဝါးခြင်းတောင်း တစ်ခုစီမှာ ကြက်ဥ ၆လုံးစီ ရှိတဲ့ အပြင် ဝက်သား တစ်ပိုင်းလည်း ရှိနေခဲ့သည်။


ပိုက်ဆံ တော်တော် အကုန်ခံထားတာပဲ။


"ကျေးဇူးတင်ပါတယ်၊ ယောက္ခထီး"


စေ့စပ်ပြီးသွားတာကြောင့် သူတို့ ၂ယောက်ရဲ့ ဆက်ဆံရေးကို အတည်ပြုလိုက်သလိုဖြစ်သွားပြီ ဖြစ်သည်။ အဲဒါကြောင့် ကျောက်ယန် သမားတော်ကျိုးကို ခေါ်တဲ့ အခေါ်အဝေါ် ပြောင်းခေါ်လိုက်သည်။


သူ့ကို ခေါ်လိုက်တဲ့ နာမည် ကို ကြားလိုက်ရတော့ သမားတော်ကျိုး စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့ရဲ့ လက်ကို ယမ်းလိုက်ပြီး သူတို့ နှစ်ယောက်ကို မြန်မြန် သွားပို့၍ နေ့လည်စာ ပြန်စားဖို့ ပြောလိုက်သည်။ 


စေ့စပ်ထားပြီးသား စုံတွဲတွေ က လက်ဆောင်တွေ ပို့တတ်ကြတာကြောင့် တစ်ယောက်တစ်လေကမှ ထူးဆန်းတယ်လို့ မထင်ကြပေ။ အိမ်ပေါက်ဝမှာ ရပ်ကြည့်နေတဲ့ ရွာသားတွေ က သူတို့ ၂ယောက် ခြင်းတောင်းတွေ ကိုင်ပြီး အပြင်ထွက်လာတာ မြင်တော့ ချက်ချင်းပဲ နားလည်သွားကြသည်။ အိမ်ကို ပြန်ပြီး စောင့်နေဖို့ ပြန်သွားကြသည်။


စေ့စပ်ပွဲ ထုံးစ၌အရ စေ့စပ် လက်ဆောင်တွေ ကို လူကိုယ်တိုင် သေချာလိုက်ပေးရမှာ ဖြစ်သည်။ 


ရွာထဲမှာ မိသားစုပေါင်း ဒါဇင်နဲ့ချီပြီး ရှိသည်။ ပိုင်ချန် နဲ့ ကျောက်ယန်တို့ ပို့ပေးရမယ့် လက်ဆောင်တွေ ကို တံခါးအပြင်မှာ ရပ်ထားတဲ့ လှည်းပေါ် တင်ထားကြသည်။ ကျောက်ယန် ပိုင်ချန်ရဲ့ လက်ကို ကိုင်လိုက်ပြီး မြင်းကို ဆွဲကာ အနီးဆုံး အိမ်ကို လက်ဆောင် သွားပို့ဖို့ ပြင်လိုက်သည်။


အိမ် အပြင်ကို ထွက်လိုက်တာနဲ့ ပြီးခဲ့တဲ့ ရက်က အပ်ချုပ်တာကြောင့် ရခဲ့တဲ့ ပိုင်ချန်ရဲ့ လက်ဒဏ်ရာ ကို သတိရသွားခဲ့သည်။ သူ သေချာ စစ်ဆေးဖို့ ပိုင်ချန်ရဲ့ လက်ကို မြှောက်လိုက်သည်။ 


သိပ်မကြာသေးခင်ကပဲ ပိုင်ချန်ရဲ့ လက်မှာ အပ်ပေါက်ရာ တချို့ ထပ်ရှိနေခဲ့သည်။ သေချာ အနီးကပ်ကြည့်လိုက်တော့ ကျောက်ယန် အပ်ပေါက်ရာတွေ တွေ့လိုက်ရသည်။ ပိုင်ချန်ရဲ့ လက်က ဒဏ်ရာတွေ ကို လေနဲ့ မှုတ်ပေးလိုက်ပြီး စိတ်ဆင်းရဲနေတဲ့ လေသံနဲ့ ပြောလိုက်သည်။


"နောက်ဆိုရင် အပ်နဲ့ အပ်ချည် ကို ထပ်မထိရတော့ဘူး"


ပိုင်ချန် က သူ့ကိုယ်ပိုင် မင်္ဂလာဆောင် ဝတ်စုံ ကို ချုပ်ချင်နေသေးတာကြောင့် သူ ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ? ဘေးပတ်ပတ်လည် ကို တစ်ချက် ကြည့်လိုက်ပြီး အပြစ်ရှိသလို ခံစားနေရတဲ့ လေသံနဲ့ ပြောလိုက်သည်။ 


"ဒါက အရင်နေ့က ဒဏ်ရာလေ။ အဲဒါကို ထည့်တွက်လို့ မရဘူး။ ခင်ဗျား ကျွန်တော့်ကို နောက်တစ်ခါ အခွင့်အရေး ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား?"


ပိုင်ချန် အနေနဲ့ ကျောက်ယန် ကို ပထမဆုံး အကြိမ် လိမ်ပြောခဲ့တာ ဖြစ်သည်။ ပိုင်ချန် စိတ်ရှုပ်နေခဲ့သည်။ ကျောက်ယန်ရဲ့ ယုံကြည်မှုကို ချိုးဖြတ်လိုက်ရတဲ့ အတွက် လူဆိုးတစ်ယောက်လို ခံစားနေရသည်။ ဒါပေမဲ့ သူ့ရဲ့ မင်္ဂလာဆောင် ဝတ်စုံ ကို ချုပ်ချင်ခဲ့သည်။ ကျောက်ယန်ရဲ့ အကျင့်စရိုက်က ကြမ်းတမ်းပြီး ပြတ်သားတာ ကို ပိုင်ချန် သိထားခဲ့သည်။ သူ့ကို အခွင့်အရေး တစ်ခါ ပေးမယ်လို့ ပြောခဲ့ရင် အခွင့်အရေး က တစ်ခုပဲ ရမှာ သေချာသည်။ ဒီတစ်ကြိမ် အပ်ထပ်ထိုးမိရင် အပ်နဲ့ အပ်ချည် ကို ထပ်မထိခိုင်းတော့မှာ သေချာတယ်။


လိမ်ပြောခဲ့ရတဲ့ ပိုင်ချန် တစ်ယောက် အပြစ်ရှိသလို ခံစားနေရတာကြောင့် ခေါင်းကို ငုံ့ထားလိုက်သည်။


တိတ်တိတ်လေး နေပြီး ကျောက်ယန် ကိုင်ထားတဲ့ လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်သည်။


ကျောက်ယန် အတွက်တော့ ပိုင်ချန် က သူ ရှူသွင်းလိုက်တဲ့ လေလိုမျိုးဖြစ်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို ဖြစ်နေတာကြောင့် ပိုင်ချန် အကြောင်း ကောင်းကောင်း နားလည်သည်။ ပိုင်ချန်ရဲ့ အပြုအမူ၊ အမူအရာ တစ်ခုလောက်နဲ့တင် ပိုင်ချန် ဘာတွေးနေလဲဆိုတာ သူ သိနေခဲ့သည်။


မနေ့ည က ပိုင်ချန် ကို တွေ့ဖို့ အတွက် ညသန်းခေါင်ကြီး သမားတော်ကျိုးရဲ့ အိမ်ကို တိတ်တိတ်လေး ခိုးဝင်ခဲ့သည်။


ပိုင်ချန် လက်က ဒဏ်ရာ အခြေအနေ ကို စစ်ဆေးဖို့လည်း မမေ့ခဲ့ပေ။


ကျောက်ယန် လက်ကို ဆန့်လိုက်ပြီး ငုံ့ထားတဲ့ ပိုင်ချန်ရဲ့ ခေါင်းကို မော့လိုက်ကာ ပိုင်ချန် သူ့ကို ကြည့်လို့ရအောင် လုပ်လိုက်သည်။ 


"ပေါင်ပေ့၊ မင်း ကိုယ့်ကို လိမ်ပြောတာ မလိုချင်ဘူးနော်"


ပိုင်ချန် မျက်လွှာချလိုက်သည်။ ခဏနေ့တော့ ကျောက်ယန်ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး


"တောင်းပန်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ မင်္ဂလာဆောင် ဝတ်စုံ ကို ကိုယ်တိုင် လုပ်ချင်လို့ပါ"


ကျောက်ယန်ရဲ့ လက်မောင်းကို ဆွဲလိုက်ပြီး တောင်းဆိုလိုက်သည်။


"ကျွန်တော့ကို နောက်တစ်ခါ အခွင့်အရေး ပေးပါ။ ဒီတစ်ခါကျရင် ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်ဘူးလို့ ကတိပေးပါတယ်"


မျက်ရည်တွေ ဝိုင်းနေတဲ့ အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေးတွေ က ကျောက်ယန် ကို သနားညှာတာပေးဖို့ တောင်းဆိုတဲ့ အကြည့်နဲ့ ကြည့်နေခဲ့သည်။


 ကျောက်ယန် ပိုင်ချန် ကို ကြည့်နေရင်း စိတ်ပျော့သွားရသည်။ ပိုင်ချန် သူ့ကို အခြား အရာတွေ တောင်းဆိုခဲ့ရင် အရာအားလုံး ကို အရယူပေးမိလိမ့်မည်။ တကယ်လို့ ပိုင်ချန် က ကောင်းကင်မှာ ရှိနေတဲ့ နေ နဲ့ လ ကို လိုချင်တယ်လို့ ပြောလာရင်တောင် ရအောင်ယူနိုင်မယ့် နည်းလမ်းကို ရှာမိလိမ့်မည်။ ဒါပေမဲ့ ပိုင်ချန် ထိခိုက်ဒဏ်ရာရတာကိုတော့ ခွင့်မပြုပေးနိုင်ပေ။


ပိုင်ချန် ကို သနားစရာကောင်းတဲ့ ပုံစံလေးနဲ့ မမြင်ချင်ပေ။ ပိုင်ချန် လက်က နာနေလို့ တူ ကို မကိုင်နိုင်ဘူး ဖြစ်နေတာကို သူ သိနေခဲ့သည်။


သူ့နှလုံးသားရဲ့ ဘုရင်လေး က ဒီလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာမြင်တော့ ဘယ်လို့လုပ်ပြီး သည်းခံနိုင်မှာလဲ?


အခုလို ပိုင်ချန် နဲ့ ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ စိတ်ကို တင်းထားဖို့ လိုအပ်သည်။


"ကျောက်ယန်~~~ ကျောက်ယန်~~~"


ပိုင်ချန် ကျောက်ယန်ရဲ့ ခါးကို ဖက်ထားပြီဂ အလိုလိုက်ခံရတဲ့ ကလေးလေး တစ်ယောက်လို ချွဲနွဲ့နေခဲ့သည်။ မင်္ဂလာဆောင်ဖို့ ဝတ်စုံ ကို ချုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ဘူးလို့ ခံစားနေခဲ့ရသည်။ သူ့ရဲ့ လက်ကို ၂ခါတောင် ဒဏ်ရာရစေတာကြောင့် သူ့မှာ လေ့ကျင့်ချိန် မလုံလောက်တော့ပေ။ အချိန် အလုံအလောက်သာ ရခဲ့မယ်ဆိုရင် အလှပဆုံးသော မင်္ဂလာဆောင် ဝတ်စုံ ကို ချုပ်လုပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိပြီး ကျောက်ယန်နဲ့ လက်ထပ်ချင်သည်။


"ဟုတ်ပါပြီ" ကျောက်ယန် သက်ပြင်းချလိုက်သည်။


ပိုင်ချန် ပျော်သွားခဲ့သည်။


ကျောက်ယန် ပြောတဲ့ စကားက ဒါနဲ့ မပြီးသေးပေ။


"ဒါပေမဲ့ မင်းကိုယ်တိုင် ချုပ်ခွင့် မပေးဘူး"


ပိုင်ချန် သူ့ရဲ့ ပျော်ရွှင်မှု ကို သေချာ မခံစားရသေးခင်မှာပဲ သံသယတွေ အဖြစ် ပြောင်းလဲသွားခဲ့သည်။


"ကိုယ် ချုပ်ပေးမယ်"


"မင်္ဂလာဆောင် ဝတ်စုံ ချုပ်တဲ့ ဓလေ့ က ယောက်ျားလေးတွေ မချုပ်ရဘူးလို့ မသတ်မှတ်ထားဘူး။ ပြီးတော့ ကိုယ် နဲ့ ပေါင်ပေ့ က တစ်သားတည်းပဲလေ။ ကိုယ်တို့ က တစ်ယောက်တည်း ဖြစ်တာကြောင့် မင်္ဂလာဆောင် ဝတ်စုံရဲ့ ကောင်းချီးတွေ က ထွက်မပြေးပါဘူး"


ပိုင်ချန် စဉ်းစားကြည့်လိုက်သည်။ သူ့ကိုယ်တိုင် မင်္ဂလာဆောင် ဝတ်စုံ ချုပ်ချင်ရတဲ့ အကြောင်းအရင်း က အဲဒီအစဉ်အလာကြောင့် ဖြစ်သည်။ အခု ကျောက်ယန် ပြောတဲ့ စကားကို နားထောင်ပြီး အဓိပ္ပါယ် ရှိသလို ခံစားလိုက်ရသည်။


အဲဒီနောက်မှာတော့.....


ပိုင်ချန်ရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။ ကျောက်ယန် ချုပ်ထားတဲ့ မင်္ဂလာဆောင် ဝတ်စုံ.... ပိုင်ချန် တကယ်ကို မျှော်လင့်ထားမိသည်။


သူ ခေါင်းကို မော့လိုက်ပြီး မျက်တောင်ခတ်ကာ ပြောလိုက်သည်။


"ကျောက်ယန် ခင်ဗျား က အရမ်း ကောင်းတာပဲ"


ပိုင်ချန်ရဲ့ ပျော်သွားတဲ့ ပုံစံလေး ကို ကြည့်ပြီး သူ့ရဲ့ စိတ်က ပျော့ပျောင်းသွားကာ သူ့ရဲ့ ဆုံးဖြတ်ချက် အတွက် အရမ်း ကျေနပ်သွားခဲ့သည်။


သူ့ရဲ့ လက်ညှိုး ကို ကွေးလိုက်ပြီး ပိုင်ချန်ရဲ့ နှာခေါင်းထိပ်လေး ကို ထိလိုက်သည်။


 သူတို့ ၂ယောက် အတူတူ ရှိနေရင် အချိန်တွေ က အကုန်မြန်တယ်လို့ ခံစားနေရတာကြောင့် မြန်မြန်ဆန်ဆန် လမ်းလျှောက်သွားခဲ့ကြသည်။ နေ့လယ်ပိုင်းမှာ စေ့စပ်ပွဲ လက်ဆောင်တွေ အကုန်လုံး ပေးပြီးသွားပြီ ဖြစ်သည်။ ရွှမ်အားကွေ့နဲ့ သူ့မိသားစုက လွဲပြီး ရွှမ်မိသားစု ကျေးရွာက အိမ်တိုင်း လက်ဆောင်တွေ ရရှိခဲ့ကြသည်။


အဲဒါကို တွေ့လိုက်ရတော့ ရွှမ်အားကွေ့ရဲ့ မိသားစု က အံကြိတ်ထားခဲ့ကြသည်။ ငွေချောင်း ၁၀၀ကြောင့် မိသားစု ခွဲထွက်စာ ရေးပေးလိုက်မိတာကို အလွန် နောင်တရနေခဲ့သည်။


အခု သူတို့ ၂ယောက် က စေ့စပ်ပြီးသွားခဲ့တာကြောင့် ကျောက်ယန် သမားတော်ကျိုး အိမ်မှာ နေခွင့်ရသွားခဲ့ကာ တက်ကြွနေခဲ့သည်။ နေ့လည်စာ စားပြီးတာနဲ့ ကျောက်ယန် နဲ့ ပိုင်ချန် က အစာကြေစေဖို့ အတွက် လမ်းလျှောက်ထွက်ခဲ့ကြသည်။ အဲဒီနောက်မှာတော့ ပီချင်း အလုပ်တွေ ပြီးသွားတဲ့ အချိန် အင်္ကျီ ချုပ်တာ သင်ပေးဖို့ ပီချင်း ကို ခေါ်ပြောခဲ့သည်။


ကျောက်ယန်ရဲ့ တောင်းဆိုမှုကြောင့် ပီချင်း မျက်လုံး ပြူးသွားပြီး အံ့ဩလွန်းလို့ ပါးစပ်တောင် ဟနေခဲ့သည်။


ဒီခေတ်ဒီအခါမှာ ယောက်ျား တစ်ယောက် က အပ်နဲ့ အပ်ချည်ကိုင်ပြီး အပ်ချုပ်နေတာကို ဘယ်သူ မြင်ဖူးလို့လဲ? တကယ်လို့ တစ်ယောက်ယောက် က အဲဒီလို ပြောလာခဲ့ရင် တစ်သက်လုံး အလှောင်ခံရလိမ့်မည်။ အပြင်ထွက်တဲ့အခါ ခေါင်းတောင် ဖော်နိုင်မှာ မဟုတ်ပေ။ အပ်နဲ့ အပ်ချည်ကို မိန်းကလေးတွေနဲ့ Ge'erတွေကသာ ကိုင်ကြသည်။ ယောက်ျားလေး တစ်ယောက် က သူ့မိန်းမ ကို ဘယ်လောက်ပဲ ကြိုက်နေပါစေ၊ အပ်နဲ့ အပ်ချည် ကိုင်ပြီး အပ်ချုပ်ဖို့ မလုပ်ကြချေ။


အခုတော့ သူမ လုံးဝ မမြင်ဖူးသေးတဲ့ လူကို တွေ့လိုက်ရပြီ ဖြစ်သည်။ သူ ချစ်ရတဲ့ Ge'erရဲ့ လက် ဒဏ်ရာမရစေဖို့ အတွက် မင်္ဂလာဆောင် ဝတ်စုံ ကို ကိုယ်တိုင် ချုပ်ဖို့ ပြင်နေခဲ့သည်။


ပီချင်း တုန်လှုပ်ချောက်ချားနေရာကနေ ပြန်ကောင်းလာပြီးနောက် သူမ မနာလို ဖြစ်သွားမိသည်။


ကျောက်ယန် စစ်သား ဖြစ်နေတဲ့ အချိန်တုန်းက သူ့ရဲ့ အဝတ်အစားတွေ စုတ်ပြဲသွားတဲ့ အချိန် အပ်နဲ့ ချုပ်ခဲ့ဖူးသည်။ သူ့ရဲ့ အပ်က ပိုင်ချန် ကိုင်တဲ့ အပ်ထက် တည်ငြိမ်နေခဲ့သည်။ ကျောက်ယန် လက်ထဲမှာ ရှိတဲ့ အပ်က နဂါး တစ်ကောင် ကနေသလိုမျိုး ပြေးလွှားလှုပ်ရှားနေခဲ့ပေမယ့် သူ့ရဲ့ လက်ကို တစ်ခါမှ မထိုးမိသေးပေ။


ကျောက်ယန် က အပ်ချုပ်ရာမှာ ကျွမ်းကျင်လှသည်။ အပ်ချုပ်တာနဲ့ အင်္ကျီချုပ်တဲ့ အကြောင်း ကို မသိပေမယ့် လွယ်လွယ်ကူကူ တတ်မြောက်ခဲ့သည်။ သူက အထူးတပ်ဖွဲ့ရဲ့ တော်သော စစ်သား တစ်ယောက် ဖြစ်တာကြောင့် အရာအားလုံးနီးပါးကို လျှင်မြန်စွာ သင်ယူနိုင်ခဲ့သည်။ တစ်နေ့တည်းနဲ့ သူ့ဘာသာသူ အဝတ်စ ညှပ်ပြီး ချုပ်နိုင်နေပြီ ဖြစ်သည်။


ဒုတိယရက်မှာတော့ ပိုင်ချန် ပြင်ဆင်ထားတဲ့ အဝတ်စတွေ ကို ယူပြီး မင်္ဂလာဆောင် ဝတ်စုံ အတွက် လိုအပ်တဲ့ အတိုင်းအတာအတိုင်း ဖြတ်ထုတ်လိုက်သည်။  အဲဒါတွေ ကို ချုပ်ဖို့ ၂ရက် ကြာခဲ့သည်။ သူ ချုပ်ထားတဲ့ ချုပ်ရိုးတွေ က လုံးဝ သပ်ရပ်နေပြီး ပိုင်ချန်ရဲ့ ကောက်ရိုးတွေလို ကျိုးတို့ကျဲတဲ အပ်ချုပ်ရာတွေထက် ဘယ်လိုတောင် ကွာခြားနေလဲဆိုတာ သိသာနေခဲ့သည်။ ကျောက်ယန်ရဲ့ ချုပ်ရိုးချုပ်သား က ပီချင်းနဲ့ သိပ်မကွာခဲ့ပေ။


အဲဒီအချက် က ပီချင်းနဲ့ သမားတော်ကျိုး ကို အလွန် အံ့အားသင့်သွားစေခဲ့သည်။


ကျောက်ယန် ဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး လူလို့ တွေးထားတဲ့ ပိုင်ချန် အတွက်ကတော့ ကျောက်ယန် မလုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ သိပြီးသား ဖြစ်သည်။ သူ ဂိမ်းမဆော့တတ်တဲ့ အချိန် ကျောက်ယန် က သူ့ကို ပျံသန်းဖို့ ခေါ်သွားပေးခဲ့ဖူးသည်။ အခု ဒီကမ္ဘာမှာ သူ အပ်မချုပ်နိုင်တော့ ကျောက်ယန် က သူ့ကို ကူပြီး အင်္ကျီ ချုပ်ပေးခဲ့သည်။


အဲဒါတွေ ကို တွေးလိုက်မိတာနဲ့ ပိုင်ချန်ရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။


အဝတ်အစားတွေ က ချုပ်ပြီးသွားပေမယ့် အရမ်း ကို ရိုးရှင်းနေခဲ့သည်။ ကျေက်ယန် သူ တွေ့ဖူးတဲ့ ပန်းပွင့်တွေ ကို အရောင်စုံ ခူးလာခဲ့ပြီး အင်္ကျီ ကို ဆေးဆိုးလို့ရမယ့် ဆိုးဆေးတွေ အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ပန်းမထိုးခင် မင်္ဂလာဆောင် ဝတ်စုံ ကို ပြင်ဆင်ဖို့ အသုံးပြုခဲ့သည်။


ဆိုးဆေး အရည်က လျှော်ပစ်ဖို့ လွယ်ကူတာကြောင့် အဝတ်အစားတွေ ပျက်စီးမှာကို ကျောက်ယန် မစိုးရိမ်ခဲ့ပေ။


အခုခေတ်ကာလ၌ ဘုရင်မင်းမြတ်နဲ့ ဧကရီ တို့ရဲ့ မင်္ဂလာဆောင် ဝတ်စုံမှာသာ နဂါးနဲ့ ဖီးနစ်ကို ပန်းထိုးခွင့် ရှိသည်။ သာမန်လူတွေ လက်ထပ်ကြတဲ့ အခါ အများအားဖြင့် အမျိုးသားတွေရဲ့ မင်္ဂလာဆောင် ဝတ်စုံမှာ ကျားနဲ့ ကျားသစ် ကို ပန်းထိုးလေ့ရှိကြပြီး မိန်းကလေးတွေနဲ့ Ge'erတွေ က ပန်းပွင့်တွေ ထိုးလေ့ရှိသည်။


ဒီကမ္ဘာရဲ့ မင်္ဂလာဆောင် ဝတ်စုံမှာ အလှဆုံး ပန်းတွေ ထိုးတဲ့ ကိစ္စကလည်း စမ်းသပ်မှု တစ်ခု ဖြစ်သည်။ လက်ထပ်ရတော့မယ့် မိန်းကလေးတိုင်းနဲ့ Ge'erတွေ က သူတို့ တစ်ဘဝလုံးရဲ့ အလှဆုံး ဖြစ်လာမယ့် ပန်းတွေကို မင်္ဂလာဆောင် ဝတ်စုံမှာ ပန်းထိုးဖို့ ကြိုးစားအားထုတ်ကြသည်။



Report Page