17

17


အပိုင်း ၁၇ ဆုယဲ့မူ ဘလောဂါ


ဆုယဲ့မူက မုန့်သားကိုအရင်နယ်သည်။ ထို့နောက် ပေါင်မုန့်ကိုလုပ်၏။ သူ၏လက်ဝါးကို ထိုမုန့်သားပေါ်ဖြန့်လိုက်ပြီးနောက် ဇွန်းတစ်ဇွန်းကောက်ယူလိုက်ကာ အသားလေးကို အလုံးလေးတစ်လုံးလို တူးထုတ်လိုက်ပြီး ထိုမုန့်သား၏အလယ်နေရာတွင်ဖြန့်ကာ ထည့်သည်။ ထို့နောက် ဘေးဘက်ရှိ မုန့်သားများကို ပုစွန်နှင့်အသားအစာသွပ်များထဲသို့ ဖိချလိုက်ပြီး ညာဘက်လက်ရှိ သူ၏လက်မနှင့်လက်ညှိုးကိုသုံးကာ မုန့်သားများကိုဆိတ်ကာ ဘေးအနားသား အနည်းငယ်ထွက်နေသော ပုံစံမျိုးဖြင့် ပိတ်လိုက်သည်။ သည်နည်းအားဖြင့် ဘယ်နှင့်ညာလက်နှစ်ဖက်လုံးသုံးကာ မုန့်ဘေးသားများကို ပိတ်လိုက်ခြင်းအားဖြင့် သေးငယ်သော်လည်း သေသပ်သောပုံစံရှိသည့် အစာသွပ်မုန့်လေးက ပေါ်လာသည်။ ခေါက်ထားသောအလယ်နေရာတွင် ပုစွန်အမြှီးလေးက ရှိနေသည်။

သုံးဘက်မြင်ဖန်သားပြင်မှ ကြည့်ရှုသူများက ပုစွန်၏အမြှီးလေးကိုမနေနိုင်ဘဲ လက်ဆန့်ထုတ်ကာ ဆွဲဆိတ်မိလိုက်ကြပြီး မကိုင်လိုက်ရုံဖြင့် ထိုမုန့်တစ်ခုလုံးက ပါလာသည်။

ချစ်စရာကောင်းလိုက်တာ ငါ စားတောင်မစားနိုင်ဘူး။

ဒါက ခရေပန်းပွင့်လေးလိုပဲ။

မဟုတ်ဘူး ငါ စားရမယ်၊ ငါ ဒါကို တစ်ကိုက်တည်းနဲ့မြိုရမယ်၊ ငါ တံတွေးတွေတောင်ကျလာပြီ။

ဆုယဲ့မူက မုန့်ကို လျင်မြန်စွာလုပ်သွားသည်။ မိနစ် ၂၀ တည်းနှင့် တစ်ဝက်ခန့်ကို ထုပ်၍ပြီးသွားလေပြီ။ ထို့နောက် သူက ကျန်သောမုန့်သားများကို လှိမ့်လိုက်သောအချိန်တွင် ကွန်မန့်များက သူ့ကို စနောက်နေကြခြင်းမရှိတော့ချေ။ တစ်ယောက်ပြီးတစ်ယောက်က

“ဟီး ဟီး .. ဟီး ဟီး .. ဟီး ဟီး”

ဆိုသော ရယ်သော စာများဖြစ်နေလေရာ ဆုယဲ့မူက ကူကယ်ရာမဲ့သွားရသည်။

ဆုယဲ့မူက ပေါင်းအိုးသုံးခုကိုဝယ်သောကြောင့် နှစ်သုတ်ခွဲကာ ပေါင်းရန်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ပထမတစ်သုတ်ကမူ ၁၆၀ လုံး တစ်ပြိုင်တည်း ပေါင်း၍ရသည်။ သူက အပူချိန်မြင့်မြင့်နှင့် ရေအေးများထည့်ထားသော အိုးကိုတင်လိုက်ကာ ဆူပွက်စေသည်။ ထို့နောက် အပူချိန်ကိုနှိမ့်လိုက်ပြန်ပြီး ၁၂ မိနစ်ခန့်အထိ ပေါင်းထားလိုက်သည်။

ထိုအချိန်အတောအတွင်း ဆုယဲ့မူက ဟင်းချက်ဝိုင်ကို ပုလင်းထဲသို့ထည့်ပြီး ကြည့်ရှုသူများနှင့် စကားပြောနေလိုက်သည်။

“မင်းတို့တွေ လတ်ဆတ်တဲ့ပုစွန်အစာသွပ်မုန့်လုပ်တဲ့အခါ အထူးတလည် သိထားသင့်တယ်၊ ပုစွန်ရဲ့အတွင်းအင်္ဂါတွေကို စားတာက လူတွေရဲ့ကျန်းမာရေးအတွက် မကောင်းဘူး၊ ဒီတော့ အရင်ဆုံး သန့်ရှင်းထားသင့်တယ်”

ငါ့ကလေးက သုံးနှစ်ပဲရှိသေးတာ၊ သူနဲ့သင့်တော်မယ့် ရိုးရှင်းပြီး ကောင်းမွန်တဲ့စားစရာများရှိလား။

ဆုယဲ့မူက ဟင်းချက်ဝိုင်ပုလင်းကို ဘေးနားသို့ချထားလိုက်သည်။ ထိုအချိန်တွင် တာမင်နယ်မှထွက်လာသော အသံကိုကြားလိုက်ရပြီး တစ်ခဏခန့် တွေးတောကာပြောသည်။

“ဒါဆိုရင် ငါရိုးရှင်းတဲ့ကြက်ဥမုန့်လေး လုပ်ပေးလို့ရတယ်”

ဆုယဲ့မူက ပန်းကန်လုံးကြီးတစ်လုံးကို ယူလိုက်ပြီးနောက် ကြက်ဥတစ်လုံးကို ခေါက်ထည့်သည်။ ထို့နောက် သင့်တော်သော နွေးထွေးသော ရေပမာဏကိုထည့်သည်။ ရေနှင့်ကြက်ဥ၏အချိုးက ၁ အချိုး ၁၅ ဆဖြစ်သည်။ သူက ဆားအနည်းငယ်ကို ထည့်လိုက်ပြီးနောက် မျှတအောင်ရောမွှေလိုက်သည်။ ထို့နောက် အပေါ်မှအမြှုပ်များကို ဇွန်းတစ်ချောင်းဖြင့် ဖယ်လိုက်သည်။

ပွဲ သို့မဟုတ် အပြင်မှ မှာစားသောကြက်ဥနို့ပေါင်းဆိုလျှင် ကြက်ဥအရည်က ကောင်းမွန်သော ပိတ်ကျဲစကိုကျော်ကာ စီးလာပြီးမှရရှိထားခြင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထိုကြက်ဥနို့ပေါင်းကလည်း ချောမွေ့ကာ တောက်ပနေပေလိမ့်မည်။ သို့သော် ကိုယ်တိုင်စားရန်လုပ်ခြင်းဆိုလျှင်မူ ထိုမျှအထိ အသေးစိတ် ဂရုစိုက်ရန်မလိုအပ်ချေ။

လုပ်ပြီးနောက် ပလပ်စတစ်ပတ်လေးဖြင့် ပန်းကန်၏နှုတ်ခမ်းအနားသားများကို ပိတ်ထားလိုက်သည်။ ထို့နောက် အပေါ်မှအပေါက်အနည်းငယ်ဖောက်လိုက်ပြီး ၁၀ မိနစ်ခန့်အထိ ရေအေးများထည့်ပြီး အိုးထဲတွင်ပေါင်းထားလိုက်သည်။ ထိုအချိ်နတွင် ပေါင်းအိုးထဲမှ အစာသွပ်မုန့်၏ရနံ့များက ထွက်လာသည်။ ထိုသို့ဖြင့် ဖျော့တော့သော ခေါက်ဆွဲလို အမွှေးရနံ့အောက်တွင် အရသာရှိမည့်အရာတစ်မျိုးကပါလာသည်။ ဆုယဲ့မူက ပေါင်းအိုးကိုဖွင့်လိုက်သောအခါ အရသာရှိသောမွှေးရနံ့က ပို၍ပင် ပြင်းထန်လာသည်။

ပါးလျသော မုန့်သားအခွံက ဖြူဖွေးကာ ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။ ထို့ကြောင့် အတွင်းမှ လတ်ဆတ်သော ပုစွန်သားကိုပင် ထင်ထင်ရှားရှား မြင်နိုင်အုံးမည်ဖြစ်သည်။ ထို့အပြင် မုန့်၏တစ်ဖက်မှ ထွက်နေသော အမြှီးကပင် နီရဲသွားပြီး တစ်ခုလုံးက အရသာရှိလွန်းပုံပေါ်လာသည်။

လှလိုက်တာ တင်ဆက်သူ တင်ဆက်သူက အနုပညာကို လေ့လာထားတာ မဟုတ်ဘူးလား။

နူးညံ့နေတာပဲ၊ မွှေးလည်းမွှေးလိုက်တာ အရသာလည်းရှိလွန်းတယ်။

အာ ပူတယ်၊ အထဲက အရည်က ပူနေတာပဲ၊ ဒါပေမယ့် အရသာရှိတယ်။

အစာသွပ်မုန့်က အိုးထဲမှ မချရသေးခင် တစ်စုံတစ်ယောက်ကမူ သူတို့၏ လက်ကိုဆန့်ထုတ်လိုက်ပြီး မျက်နှာကိုဟပ်လာသည့်အပူဒဏ်ကို သည်းခံကာ မျက်လုံးကို ဖွင့်နိုင်ခြင်းမရှိသည့်နာကျင်မှုကို တောင့်ခံလိုက်ကြပြီဖြစ်သည်။

“ပူနေတဲ့အချိန်မှာ သတိထားရမယ်၊ အလုတ်သေးသေးလေးပဲကိုက်ပြီး မြည်းစမ်းကြည့်ကြပါ၊ ဒုတိယတစ်ကိုက်မကိုက်ခင် အတွင်းကအပူက အငွေ့ပျံလာ တတ်တယ်”


ဆုယဲ့မူက ပြောပြပြီးနောက် ခပ်မြန်မြန်ပင် အစာသွပ်မုန့်များကို ပန်းကန်ပြားထဲသို့ထည့်လိုက်သည်။ ထိုအခါအပူက လျင်မြန်စွာဖြင့် ပျက်ပြယ်သွား၏။ သူက ကျန်သော မုန့်များကိုလည်း အိုးထဲသို့ပြောင်းထည့်လိုက်သည်။

[စားစရာရဲ့အာဟာရတန်ဖိုးက ၉၂ ရာခိုင်နှုန်း၊ အစိမ်းရောင်ပစ္စည်းက ၈၅ ရာခိုင်နှုန်းအထိ ရောက်သွားပြီ]

လင်စန်းစန်း၏ပါးစပ်က ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။ ထိုသို့ဖြင့် မျက်နှာဖုံးအောက်မှ အသံများကထွက်လာသည်။ ထို့ကြောင့် မျက်နှာဖုံးခံနေလျှင် အသံက မသဲကွဲတော့ချေ။ အစိမ်းရောင်ဆိုးဆေးက ၈၅ ရာခိုင်နှုန်းအထိ ရောက်သွားသည်ဆိုသော စကားကသာ ပျံ့နှံ့သွားလျှင် အင်ပါယာတစ်ခုက လှုပ်ခါသွားနိုင်လေသည်။

သို့သော် သည်အချိန်တွင် လူတိုင်း၏အာရုံက အစာသွပ်မုန့်ထံတွင်သာ ရှိနေခြင်းဖြစ်ပြီး မည်သူကမျှ သတိမထားမိခဲ့ကြချေ။

တင်ဆက်သူပြောတဲ့နည်းလမ်းအတိုင်း စားတာက ပိုကောင်းတယ်၊ အားလုံးပဲ အရည်ကို သောက်ဖို့ကြိုးစားကြည့်ကြပါ၊ အရသာရှိတယ်၊ မုန့်သားတစ်ခုလုံးကလည်း စားရတာ အရသာရှိတယ်၊ အရည်ကိုသောက်လိုက်တဲ့အချိန်မှာလည်း အံ့အားသင့်စရာကောင်းတဲ့ ခံစားချက်မျိုးကို ရတယ်။

အပေါင်း ၁ အပေါ်က တစ်ယောက်ပြောတာမှန်တယ်၊ ဒီအခွံပါးပါးက ကိုက်လိုက်တဲ့အချိန်မှာ ပွင့်ထွက်သွားပြီး အရည်ကလည်း ပန်းထွက်လာတယ်၊ အရသာကလည်း တော်တော်လေးကို အရသာရှိလွန်းတယ်၊ ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲ၊ တင်ဆက်သူကို နေ့တိုင်းရဲ့တာဝန်ဝတ္တရားအရ ဆိုင်ဖွင့်ဖို့ တောင်းဆိုပါတယ်။

နူးညံ့ပြီး အရည်ရွှမ်းတဲ့ပုစွန်အစာသွပ်မုန့်က လူတိုင်း၏အကြိုက်ဖြစ်သည်။ သူတို့ကလည်း စားသောက်ခြင်းကို မရပ်တန့်နိုင်ကြတော့ချေ။ ကြက်ဥနို့ပေါင်းကလည်း အဆင်သင့်ဖြစ်နေလေပြီ။ ဆုယဲ့မူက ဂရုတစိုက်ပင် ပေါင်းအိုးထဲမှယူထုတ်လိုက်၏။ နူးညံ့သော အဝါရောင်ကြက်ဥနို့ပေါင်းပေါ်သို့ ပဲငံပြာရည် အရည်ကြည်နှစ်စက်ခန့်ကို ထည့်လိုက်သည်။ ပဲငံပြာရည်မှ ချိုမြိန်မှုကလည်း ကြက်ဥနို့ပေါင်း၏ရနံ့တွေနှင့် ရောပြွန်သွားလေပြီး နှာခေါင်းပေါက်များထံ ဝင်ရောက်လာကာ စားချင်စိတ်ကို ပိုပြင်းလာစေသည်။

နူးညံ့ချောမွေ့ပြီး အရသာရှိတယ်၊ ငါက ကလေးတစ်ယောက်လိုပါပဲ။

နူးညံ့ပြီးအရသာရှိပြီး ချောမွေ့နေတာပဲ၊ ငါ ဒါကို ပန်းကန်လုံးကြီးတွေအပြည့်နဲ့ စားနိုင်တယ်။

အစာသွပ်မုန့်၊ ကြက်ဥနို့ပေါင်း၊ ပေါင်မုန့် အားလုံးက အရသာရှိနေတာပဲ၊ ငါ ငိုတောင်ငိုချင်လာပြီ၊ ငါ့ရဲ့ဘဝမှာ တင်ဆက်သူကိုတွေ့ခွင့်ရတာ တကယ်ကို ထိုက်တန်လွန်းပါတယ်။

တင်ဆက်သူ မင်း ငါ့နောက်ကိုလိုက်သင့်တယ်၊ ငါ မင်းကို အိမ်လည်းပေးနိုင်တယ်၊ ခွေးလည်းပေးနိုင်တယ်၊ ဒီအတိုင်း ငါ့ကိုနေ့တိုင်း ဒီလိုအရသာရှိတဲ့ဟင်းတွေ ချက်ပြုတ်ပေးရုံပါပဲ။

စနစ် .. “ကာနီဘိုး” က “ခေါင်းဆောင်နေရာကို ပေးလိုက်ပြီ”

အားလုံးပဲ [အစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုအခန်း] ကိုလာပြီး တိုက်ခိုက်သူတွေကို ရွေးချယ်ကြပါတော့။

ပိုင်ရီးထူ “ခေါင်းဆောင်” နှစ်ခုပေးလိုက်ပြီး [အစားအသောက်တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ] အခန်းကိုလာပြီး တိုက်ခိုက်သူကို ရွေးချယ်ကြပါတော့။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲသွားပြန်သည်။ တိုက်ခိုက်လေယာဉ်ပျံ များကလည်း တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာကာ လူတစ်သုတ်ပြီးတစ်သုတ်ကို ဦးဆောင်ခေါ်လာသည်။ ဆုယဲ့မူကလည်း လူပေါင်းများစွာက ဝင်လာကြောင်း သိလိုက်ရ၏။ သူတို့ကလည်း အရှေ့မှ ထိုလေယာဉ်ပျံများကို ကောက်ယူကြသည်။ ထို့နောက် ဆက်နေကြ၏။

ဆုယဲ့မူက လူတိုင်း စားပြီးသည်အထိစောင့်သည်။ ထို့နောက် အစာသွပ်မုန့် ဒုတိယတစ်သုတ်က ထွက်လာပြန်လေပြီ။ သူက အနောက်သို့လှည့်ပြီး တာမင်နယ်ကို ကြည့်လိုက်သောအခါ သုံးဘက်မြင်ဖန်သားပြင်အရှေ့တွင် ပရိတ်သတ်အများကြီးကို တွေ့လိုက်ရသည်။

လူတိုင်းက အသက်ရှူအောင့်ထားကြပြီး တင်ဆက်သူရယ်မည့်အချိန်ကို စောင့်နေကြသည်။

သူတို့က တစ်စုံတစ်ရာကို ပြောချင်လိုသည်။

.. တင်ဆက်သူရဲ့အပြုံးက ကြောက်ဖို့ကောင်းလိုက်တာ။

သူတို့က ထိုစကားကိုပြောချင်နေကြသည်။ သို့သော် သူတို့က စောင့်သည် စောင့်သည်။ နောက်ပြီး စကားတစ်ခွန်းကိုသာ ကြားလိုက်ရသည်။

“ကြက်ဥနို့ပေါင်းကို ယာယီအနေနဲ့ပဲ လုပ်ထားတာ၊ အရေအတွက်က သိပ်မများဘူး၊ ဒီတော့ မဲနှိုက်လို့ရမှာမဟုတ်ဘူး၊ ပုစွန်အစာသွပ်မုန့်ကတော့ အစုံ ၅၀ စာကြိုတင်ပြင်ဆင်ထားပြီးသားပဲ၊ တစ်စုံမှာ ၅ ခုစီပါလိမ့်မယ်၊ အားလုံးပဲ ကံကောင်းဖို့မျှော်လင့်ပါတယ်”

တာမင်နယ်ပေါ်တွင် လူတိုင်းက ဆုယဲ့မူ၏မဲနှိုက်တော့မည့်သတင်းကို ရပြီးနောက် ချက်ချင်းဆိုသလို နာမည်တစ်ခုပြီးတစ်ခုပေါ်လာသည်။

လူတိုင်း “???”

ပေါ်ပေါ် ကြောက်စရာကောင်းတဲ့အပြုံးက ဘယ်မှာလဲ၊ လာပါ လာပါ ပေါ်ပေါ် ပြုံးလိုက်ပါအုံး၊ ပေါ်ပေါ်ရဲ့အပြုံးက မရှိတော့ဘူး၊ ဘယ်မှင်စာခိုးသွားတာလဲ၊ အခုချက်ချင်း ပေးလိုက်စမ်း။

စကြဝဠာကြီးတစ်ခုလုံးက နတ်ဘုရားတွေကကောင်းချီးပေးပါစေ၊ အင်ပါယာကလည်း ကောင်းချီးပေးပါစေ၊ ငါ့ကို သေချာပေါက် မဲနှိုက်လိုက်စမ်းပါ၊ ဒီအကြောင်းပြချက်ကြောင့် ငါက နောက်နှစ်ငါးရာလုံးအတွက် ကောင်းကင်ဘုံက ကံကောင်းခြင်းတွေကို ချေးငှားလိုက်ပါ့မယ်။

တင်ဆက်သူ ကျေးဇူးပြုပြီး ငါ့ကို ကံကောင်းအောင်လုပ်ပေးစမ်းပါ၊ ငါ ကံကောင်းပါစေ။

ဆရာ ဆရာ ငါက အာဟပါဆရာ ငါ ဒီမှာ …


Report Page