1.7

1.7


"လာတွေ့မှာပေါ့"


ချီရှောင်ရဲ့ သေချာနေတဲ့ လေသံက ပိုင်ချန်ကို ချက်ချင်းပဲ စိတ်ချသွားစေသည်။


သူ လုပ်စရာ ‌ရှိနေတဲ့ တာဝန်ကြောင့် စနစ်ရဲ့ တိုက်တွန်းမှု အောက်မှာ ချီရှောင်အား သူ့ကို အိမ်ပြန်ပို့ခိုင်းဖို့ပဲ မေးနိုင်ခဲ့သည်။ အဲဒါကြောင့် သူက တစ်မနက်လုံး ချီရှောင်ကို တွယ်ကပ်နေပြီး ဘယ်နေရာသွားသွား ချီရှောင် က သူ့ကို ပွေ့ချီပေးထားရသည်။



သူ့ရဲ့ အနာဂတ် ခယ်မကို တွေ့ဖို့ မနက်စောစော ဗီလာကို အပြေးလာခဲ့တဲ့ ကျိဝမ်းရွှမ်း တစ်ယောက် ခွေးစာတွေ အစားများပြီး သွားတွေ ဆုံးရှုံးလုနီးပါး ဖြစ်နေသည်။


ပိုင်ချန် ကို ပြန်ပို့တဲ့အခါ ကျိဝမ်ရွှမ်း က သူ့ကားကို ပြတ်ပြတ်သားသားနဲ့ စွန့်ပစ်လိုက်ပြီး သူ့ဝမ်းကွဲရဲ့ အေးစက်နေတဲ့ မျက်နှာကို ရဲရဲတင်းတင်း လျစ်လျူရှုလိုက်ကာ ယာဉ်မောင်း ထိုင်ခုံရဲ့ ဘေးကို ရဲရဲတင်းတင်း ဝင်ထိုင်လိုက်ပြီးနောက် တိတ်တိတ်လေးနဲ့ သစ်သား လူသားတစ်ယောက် ဖြစ်လာခဲ့သည်။



နောက်ထိုင်ခုံ၌ ပိုင်ချန်သည် ချီရှောင် ပေါင်ပေါ်တွင် ထိုင်နေခဲ့ကာ ချီရှောင်ရဲ့ လက်နှစ်ဖက်ဖြင့် အဖက်ခံထားရပြီး မျက်လုံးတွေ မှိတ်ထားသည်။ သူ့ကြည့်ရတာ ကျွန်တော် အရမ်း ဝမ်းနည်းနေတယ်၊ လာနှစ်သိမ့်ပေးပါ လို့ ပြောနေတဲ့ပုံ ရသည်။


ချီရှောင်ရဲ့ မျက်လုံးထဲမှာတော့ အဲဒါက အရမ်း ချစ်ဖို့ကောင်းနေသည်။


"ပေါင်ပေ့၊ ဘာဖြစ်လို့ ကိုယ်နဲ့ အတူတူ အဘိုးအိမ်​ကို မလိုက်ခဲ့တာလဲ?"


ချီရှောင် သူ့ရင်ခွင်ထဲ က သနားစရာကောင်းနေတဲ့ ယွမ်ယွမ် ကို ကြည့်ပြီး သူ ရင်နာသွားသည်။ သူ ပိုင်ချန်နဲ့ ခွဲရဖို့ ဝန်လေးနေသည်။ သူက ပိုင်ချန် ကို သူ့ဘေးမှာ ကြိုး တစ်ချောင်းနဲ့ တစ်ချိန်လုံး ချည်ထားချင်ခဲ့တာ ဖြစ်သည်။ ပိုင်ချန်ကို သူ့ဘေးနား ခေါ်ထားပြီး သူ သွားတဲ့ နေရာတိုင်း ခေါ်သွားလို့ ရမယ် ဆိုရင် သူ့ကို တွေ့ချင်တဲ့ အချိန် ‌တွေ့လို့ရနိင်သည်။


သူတို့ နှစ်ယောက် တွေ့တာ တစ်ရက်သာ ရှိသေးသော်လည်း သူ သူ့ကို လက်မလွှတ်နိုင်တော့ပေ။ အရင်တုန်းက ဗလာကျင်းနေတဲ့ သူ့နှလုံးသား က ပိုင်ချန်နဲ့ ပြည့်နေပြီး သွေးနဲ့ အရိုးတွေကတောင် ပိုင်ချန်ရဲ့ နာမည်ကို ထွင်းထုထားခဲ့သည်။



'မိဘတွေကိုနဲ့ တွေ့ပေးတော့မယ်။ ဝမ်းကွဲကတော့ ဝမ်းကွဲ ဖြစ်ထိုက်တယ်!!!'


ပိုင်ချန်ရဲ့ သေးသွယ်တဲ့ လက်လေး နှစ်ဖက် က ချီရှောင်ရဲ့ အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ထိုစကားကို ကြားတဲ့အခါ သူ့အကြည့်တွာ တောက်ပလာသော်လည်း ခဏကြာတော့ မှိန်သွားပြန်သည်။



ပိုင်ချန် က ခေါင်းကို နည်းနည်း ခါလိုက်ပြီး "ကျွန်တော်... ကျွန်တော် အိမ်ပြန်ရလိမ့်မယ်"


လေသံက တွန့်ဆုတ်မှု အပြည့် ဖြစ်နေသည်။


ချီရှောင်ရဲ့ အကြည့်တွေ နက်ရှိုင်းသွားသည်။ ပိုင်ချန် က သူ့ဆီကနေ တစ်စုံတစ်ခုကို ဖုံးကွယ်ထားတယ် ဆိုတာကို သူ မမြင်ဘဲ ‌မနေပေ။ မနေ့ညက သူတွေ့ခဲ့ရတဲ့ အချက်အလက်ကို တွေးကြည့်မိတော့ ချီရှောင် ရုတ်တရက် ဒေါသထွက်သွားပေမယ့် ကောင်းကောင်း ဖုံးကွယ်ထားလိုက်သည်။


ချီရှောင် အိမ်တော်ထိန်း ကို ပြင်ဆင်ခိုင်းထားတဲ့ ဘူးကို ယူပြီး ပိုင်ချန် ကို ပေးလိုက်သည်။



ပန်းရောင် ဘူးပေါ်တွင် ပန်းရောင်ဖဲကြိုးလေး ချည်ထားသည်။ ဘူးလေးကို အိမ်တော်ထိန်း က ဂရုတစိုက်ရွေးချယ်ပေးထားပြီး ဘူးပေါ်တွင် ရေမွှေး နည်းနည်း ဖြန်းထားကာ ချိုမြိန်တဲ့ အချစ် အရသာကို ပေါ်လွင်စေသည်။


ပိုင်ချန် က သိချင်စိတ်ဖြင့် ကြည့်လိုက်မိသည်။


ချီရှောင် က ခေါင်းငုံ့ပြီး ပိုင်ချန်ရဲ့ နဖူးကို နှုတ်ခမ်းနဲ့ ထိ၍ နမ်းလိုက်ကာ "ဖွင့်ကြည့်လိုက်လေ"


ပိုင်ချန် ချီရှောင် လက်ထဲက ဘူးကို ယူလိုက်ပြီး အဖုံးကို ဖွင့်ကြည့်လိုက်တော့ အထဲ၌ အဖြူရောင် touch-screen phone တစ်လုံးကို တွေ့လိုက်ရသည်။



'အဖြူရောင် phoneကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ' 


ပိုင်ချန် သေချာတွေးကြည့်လိုက်တော့ ဒီနေ့မနက် ချီရှောင် သုံးနေခဲ့တဲ့ ဖုန်းနဲ့ အတူတူပဲ ဆိုတာ ‌သတိရသွားသည်။


"မင်း ကြိုက်လား?"


 ချီရှောင်ရဲ့ လက်တစ်ဖက် က ပိုင်ချန် ကို ဖက်ထားပြီး ကျန်တဲ့ လက်တစ်ဖက်ဖြင့် ဖုန်းကို ယူကာ ဖုန်းကို ကျွမ်းကျင်စွာနဲ့ ဖွင့်လိုက်သည်။ 


"ဒီဖုန်းက ကိုယ် သုံးနေတဲ့ ဖုန်းနဲ့ အတူတူပဲ။ ဒါကို အတွဲတွေရဲ့ ဖုန်းလို့ ခေါ်တယ်"


မျက်နှာငယ်လေး ဖြစ်နေတဲ့ ပိုင်ချန်ရဲ့ မျက်နှာပေါ်၌ ရုတ်တရက် တောက်ပတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။


အရှေ့ခုံတွင် ထိုင်နေတဲ့ ကျိဝမ်ရွှမ်း တုန်လှုပ်သွားသည်။ 


'အဖိုးကြီးရဲ့ romantic အချစ်ရေး အကြောင်း က နည်းနည်း ကြောက်စရာကောင်းတယ်!!!'


"ဒါက ကိုယ့်ရဲ့ ဖုန်းနံပါတ်ပဲ၊ ကလေး။ မင်း ကိုယ့်ကိုလွမ်းတာ ဖြစ်ဖြစ်၊ မလွမ်းလို့ပဲ ဖြစ်ဖြစ် ဖုန်းဆက်လို့ရတယ်။ ကိုယ် အချိန်မရွေး ရှိနေမယ်" 


ချီရှောင် က contactsကို ဖွင့်လိုက်သည်။ ဖုန်းထဲမှာ သူ့ဖုန်းနံပါတ်သာ ရှိသေးပြီး "ပေါင်ပေ့ရဲ့ လောင်ကုန်း" လို့ မှတ်ထားသည်။


သူက ပိုင်ချန်ကို အေးအေးဆေးဆေး ကြည့်နေပြီး သူ မှတ်ထားတဲ့ နာမည်ကြောင့် အပြစ်ရှိသလို မခံစားရပေ။


သူတို့ ၂ယောက် က ခွဲနေကြရသော်လည်း ချီရှောင်နဲ့ တစ်ချိန်လုံး အဆက်အသွယ် ရှိနိုင်တာက ပိုင်ချန်ရဲ့ အပြုံးကို ပိုမိုလေးနက်စေခဲ့သည်။ သူ ချီရှောင် လက်ထဲက ဖုန်းကို ယူဖို့ လက်ကို ဆန့်ထုတ်လိုက်ကာ နှစ်သက်စွာဖြင့် ထိလိုက်သည်။


ပိုင်ချန်ရဲ့ အပြုအမူ က ချီရှောင်ရဲ့ နှလုံးသား ကို ပျားရည်တွေနဲ့ ပြည့်နှက်နေသလို ဖြစ်စေပြီး သူ့မျက်လုံးတွေ၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။


ပိုင်ချန် က ဖုန်းကို ကိုင်ထားပြီး ချီရှောင် က ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ ကို တစ်ခုပြီး တစ်ခု ပြောပြပေးခဲ့သည်။


"ဒါက wechatလေ။ ကိုယ်တို့က ဒီမှာ စာရိုက်ပြီး စကားပြောနိုင်တဲ့ အပြင် အသံဖိုင် ပို့တာနဲ့ ဗီဒီယိုကောလ် ခေါ်လို့ရတယ်" 


ချီရှောင် က ဖုန်းကို ဖုန်းခေါ်ဆိုဖို့ အတွက်ပဲ အသုံးပြုတာ ဖြစ်တဲ့အတွက် ဆော့ဖ်ဝဲလ် နဲ့ ပတ်သက်ပြီး အနည်းငယ်သာ ရှိခဲ့သည်။ လူငယ်တွေက အခု ဆော့ဖ်ဝဲလ်ကို အသုံးပြုကြကြောင်း အိမ်တော်ထိန်း က ပြောကြားခဲ့သည်။ wechatနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းကို ပြင်ဆင်ပေးဖို့ အိမ်ထိန်းအား အထူး တောင်းဆိုခဲ့သည်။ အဲဒါကို ဖတ်ပြီးနောက်၊ သူ့ရဲ့ ဖုန်းနံပါတ်ဖြင့် Wechat acc ဖွင့်ခဲ့ပြီး ပိုင်ချန် အတွက်ပါ acc ဖွင့်ပေးခဲ့သည်။


သူတို့ရဲ့ Wechat၌ သူတို့ အချင်းချင်းရဲ့ accတွေသာ ရှိခဲ့သည်။


'Wechat အကြောင်း ရှင်းပြနေတယ်၊ အခုခေတ်မှာ wechat သုံးတဲ့နည်း မသိသေးတဲ့သူ ရှိလို့လား?'


ကျိဝမ်ရွှမ်း က အချစ်ကို ရူးသွပ်‌နေတဲ့ သူ့ဝမ်းကွဲ အရှေ့မှာ ထိုင်ကာ အချစ်အကြောင်း complainတက်နေသည်။ 


'အတွေ့အကြုံ မရှိလိုက်တာ!!'


လုမိသားစုဆီ သွားတဲ့ လမ်းက နီးတဲ့ အတွက် မကြာခင်မှာပဲ ဂိတ်တံခါးဝသို့ ရောက်သွားခဲ့သည်။


ပိုင်ချန် က သူ့ဖုန်းကို ကိုင်ထားပြီး ချီရှောင်ရဲ့ လည်ပင်းကို ဖက်ထားခဲ့သည်။ သူ ကားပေါ်က မဆင်းချင်ပေ။


ချီရှောင်လည်း တွန့်ဆုတ်နေသည်။ သူ ပိုင်ချန်ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ နောက်ဆုံးတော့ သူက "ပြန်‌ရောက်ရင် မင်းရဲ့ ဖုန်းနဲ့ ကိုယ့်ကို ဆက်သွယ်ဖို့ မမေ့နဲ့" လို့ ပြောလိုက်သည်။


ပိုင်ချန် က ခေါင်းညိတ်ပြလိုက်ပေမယ့် ကားပေါ်က ဆင်းဖို့ ရည်ရွယ်ချက် မရှိသေးပေ။ သူ့မျက်လုံးတွေက ချီရှောင် ကို ကြည့်နေပြီး ကြည့်လို့မ,ဝ ဖြစ်နေသည်။


စနစ်- [သခင်လေး၊ စိတ်လွတ်မနေပါနဲ့]


ပိုင်ချန် က သူ့ခေါင်းကို ငုံ့ပြီး ချီရှောင်ရဲ့ လက်ကို ကိုင်ထားလိုက်သည်။ သူ့အသံက နိမ့်နေပြီး သူ့အခြေအနေ က နိမ့်ဆင်းနေသည်။


"ဒါဆို ကျွန်တော် ဆင်းရတော့မလား?"


ချီရှောင် က ခေါင်းညိတ်ပြလိုက်ပေမယ့် သူ့လက်တွေက ပိုင်ချန်ရဲ့ ခါးမှာ ရှိနေသေးသည်။


"ခင်ဗျား ကျွန်တော် ဖုန်းဆက်ရင် ကိုင်ဖို့ မမေ့နဲ့နော်" 


ပိုင်ချန် က သူ့ရဲ့ ကြည်လင်နေတဲ့ မျက်လုံးတွေကို မော့ကြည့်လိုက်ပြီး ချီ‌ရှောင် ကို ကြည့်လိုက်သည်။


 "ပြီးတော့ ကျွန်တော့်ကို သတိရနေရမယ်နော်"


ချီရှောင်း ခေါင်းညိတ်ပြလိုက်သည်။


"ဒါဆို ကျွန်တော် တကယ် ဆင်းလို့ ရပြီလား?" 


ပိုင်ချန် က ပြောလိုက်ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က မလှုပ်သေးပေ။ ချီရှောင်ကလည်း ပိုင်ချန်ရဲ့ ခါးကို မလွှတ်ပေးခဲ့ချေ။


တွန့်ဆုတ်နေတဲ့ စိတ်တွေ ပြင်းထန်လွန်းသဖြင့် ချီရှောင် စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ပိုင်ချန်ရဲ့ ခါးကို လွှတ်လိုက်သည်။ ထို့နောက် ပိုင်ချန်ရဲ့ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ သူ အကြာကြီး လိုချင်တောင့်တခဲ့ရတဲ့ ပန်းနုရောင် နှုတ်ခမ်းတွေ ကို နမ်းဖို့ ခေါင်းကို ငုံ့ချလိုက်သည်။


ပိုင်ချန် ချီရှောင်ရဲ့ အင်္ကျီကို လှမ်းကိုင်လိုက်ပြီး ရုတ်တရက်ကြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။


ချီရှောင်ရဲ့ ကြီးမားတဲ့ လက်ဖဝါးက ပိုင်ချန်ရဲ့ ကြည်လင်တဲ့ မျက်လုံးတွေ ကို ဖုံးအုပ်ထားလိုက်ပြီး "မင်းမျက်လုံးတွေ ကို မှိတ်ထားလေ" လို့ တိုးတိုးလေး ပြောလိုက်သည်။


ပိုင်ချန် က မျက်တောင် ခတ်လိုက်ပြီး သူ့ရဲ့ မျက်လုံးတွေကို နာခံစွာနဲ့ မှိတ်ချလိုက်သည်။


လှုပ်ရှားသွားတဲ့ မျက်တောင်လေးတွေ က ချီရှောင်ရဲ့ လက်ဖဝါးကို ပွတ်တိုက်သွားရာ ချီရှောင်ရဲ့ လက်ဖဝါးသာမက သူ့ရဲ့ နှလုံးသားကိုပါ ယားယံသွားစေသည်။


သူ့ရဲ့ နှုတ်ခမ်းပေါ်က နူးညံ့တဲ့ အထိအတွေ့ကြောင့် ချီရှောင် သူ့ရဲ့ နှလုံးသားထဲက သားရဲကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားပေမယ့် သူ့လက်ထဲမှာ ရှိနေတဲ့လူ က အရမ်း နုနယ်တဲ့ အတွက် သူ အား အရမ်း မသုံးရဲတော့ပေ။ နောက်ဆုံးမှာတော့ ချီရှောင် က ပိုင်ချန်ရဲ့ နှုတ်ခမ်းကို လွှတ်ပေးနိုင်အောင် မနည်း ထိန်းထားခဲ့ရသည်။


ရိုးရှင်းတဲ့ အထိအတွေ့လေးသာ ဖြစ်ပြီး နက်နက်ရှိုင်းရှိုင်း မသွားခဲ့ရရင်တောင်မှ ချီရှောင်ရဲ့ နှလုံးသားက ကျေနပ်မှုတစ်ခု ခံစားနေရသည်။


နှုတ်ခမ်းချင်း ခွာလိုက်ကာ၊ ချီရှောင်ရဲ့ အကြည့်တွေ နက်ရှိုင်းသွားသည်။ သူ့ရဲ့ လက်မ က ပိုင်ချန်ရဲ့ အောက်နှုတ်ခမ်းကို ပွတ်လိုက်ကာ နောက်ဆုံးတွင် လွှတ်ပေးလိုက်ပြီး


"ဆင်းတော့လေ"


ပိုင်ချန် ချီရှောင် ကို ကြည့်လိုက်ပြီး ရုတ်တရက်ကြီး ချီရှောင် ကို ပွေ့ဖက်လိုက်သည်။ ချီရှောင်ရဲ့ နမ်းတဲ့ နည်းလမ်းကို အတုယူပြီး ချီရှောင်ရဲ့ နှုတ်ခမ်းတွေကို သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ ထိလိုက်သည်။ ထိုအပြုအမူ က ချီရှောင်ရဲ့မျက်လုံးထဲတွင် အရမ်း ဆွဲဆောင်မှု ရှိနေသည်။


ပိုင်ချန်ရဲ့ အစပြုမှု အောက်တွင်၊ချီရှောင်သည် သူ့နှလုံးသားထဲရှိ ကြမ်းတမ်းတဲ့ သားရဲကို မထိန်းချုပ်နိုင်တော့ပေ။ သူ့ရဲ့ လက်တစ်ဖက် က ပိုင်ချန်ရဲ့ မေးစေ့ကို ညှစ်လိုက်သည်။ ပိုင်ချန်ရဲ့ နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး၊ သူ့ရဲ့ လျှာက ပိုင်ချန်ရဲ့ ပါးစပ်ထဲကို တည့်တည့် တိုးဝင်သွားသည်။


ကျိဝမ်ရွှမ်း သည် နောက်ကြည့်မှန်ထဲမှ ဒီမြင်ကွင်းကို စိုက်ကြည့်ကာ တံတွေး မျိုချလိုက်သည်။ 


'သေစမ်း၊ ဝမ်းကွဲ က လူကို စားနေတယ်!!! သူ့ကြည့်ရတာ သူ့ရှေ့က လူကို မျိုချဖို့ မစောင့်နိုင်တော့ပုံပဲ'


'ပြီးတော့ အရမ်း လွန်လွန်းတယ်။ ကားထဲမှာ single ခွေးလေးတစ်ကောင် ထိုင်နေတယ်လေ'


'မဟုတ်ဘူး၊ နှစ်ကောင်'


 ကျိဝမ်ရွှမ်း ခေါင်းကို လှည့်လိုက်ပြီး ကားမောင်းဖို့ တာဝန်ရှိသေးတဲ့ ကောင်းယန်ကို စိုက်ကြည့်လိုက်သည်။


ပြင်းထန်တဲ့ ပြင်သစ် အနမ်း က အချိန်အကြာကြီး မကြာလိုက်ပေ။ ပိုင်ချန် အသက်ရှု မ,ဝတဲ့အခါ ချီရှောင် ရပ်သွားသည်။ ပိုင်ချန်ရဲ့ နှုတ်ခမ်းကို ဖြည်းညှင်းစွာ သုတ်ပေးလိုက်ပြီး ပိုင်ချန်ကို သူ့ရဲ့ ပေါင်ပေါ်မှ ချပေးလိုက်သည်။


"ကျွန်တော် သွားတော့မယ်" 


ပိုင်ချန် တံခါးကို ဖွင့်လိုက်သည်။ မကြာသေးမီ က အနမ်းကြောင့် သူ့ရဲ့ ဖြူဖွေးနေတဲ့ ပါးလေးတွေ က ပန်းနုရောင်သန်းနေသည်။ ချီရှောင်ရဲ့ မျက်လုံးထဲ၌ အရမ်းကို ဆွဲဆောင်မှု ရှိနေသည်။


ချီရှောင် ခေါင်းညိတ်ပြပြီး ပိုင်ချန်ရဲ့ ဖုန်းကို လက်ညှိုးထိုးပြကာ "ကိုယ့်ကို ဆက်သွယ်ဖို့ သတိရပါ"


"အင်း"


ပိုင်ချန် ကားထဲက ထွက်လာပြီးနောက် ရုတ်တရက် အနောက်ကို လှည့်ကြည့်လိုက်ကာ ချီရှောင်ရဲ့ လက်ကို ကိုင်လိုက်သည်။


 "​နောက်​တစ်​ခါ တွေ့ရင် ဒီလို ထပ်နမ်းပေးဦးမှာလားဟင်?"


"ကြိုက်လို့လား?" 


ချီရှောင်ရဲ့ မျက်လုံးတွေ က အပြုံးများဖြင့် ပြည့်နေသည်။


"ကြိုက်တယ်!"


ပိုင်ချန် က သူ့ကြိုက်တာ ကို မဖော်ပြနိုင်မှာစိုး၍ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။


"ကောင်းပြီ" 


ချီရှောင်ရဲ့ တစ်နှစ်ပတ်လုံး အေးစက်နေတဲ့ မျက်နှာ က ပြုံးနေခဲ့သည်။


ပိုင်ချန် က ကျေနပ်စွာ ပြုံးလိုက်ပြီး လုမိသားစုရဲ့ တံခါးကို လျှောက်သွားလိုက်သည်။သူ့ရဲ့ အကြည့်တွေ က အရမ်း ချိုမြိန်နေသည်။ သူက ကားပေါ်ရှိ ချီရှောင် ကို ရံဖန်ရံခါ လှည့်ကြည့်လာသည်။


ချီရှောင်ကလည်း သူ့ကလေး လုမိသားစု အိမ်ထဲ သွားနေတာကို ကြည့်နေခဲ့သည်။


'သေစမ်း! အခုခေတ် လူငယ်တွေ က အရမ်း ပွင့်လင်းနေကြပြီလား? ဒီလို မာနကြီးတဲ့ လုစုန့်ယွမ် က သူ့ရဲ့ ဝမ်းကွဲရှေ့မှာ ဒီလိုမျိုး ဖြစ်နေဖို့ သူ မမျှော်လင့်ထားမိဘူး!!!'


"ဝမ်ရွှမ်း၊ မင်း ယွမ်ယွမ်နဲ့ လိုက်သွား"


အမိန့်ပေးတဲ့ အသံ က အေးစက်နေကာ ပိုင်ချန်နဲ့ စကားပြောသလို နူးညံ့သိမ်မွေ့မှု မရှိပေ။


ကျိဝမ်ရွှမ်းရဲ့ မသိစိတ်က ကျောကို မတ်မတ်ထားလိုက်မိပြီး အတွေးတွေ အားလုံးကို ဖယ်ထုတ်ပစ်လိုက်သည်။ 


"ကျွန်တော် အခု သွားလိုက်မယ်၊ ဝမ်းကွဲ"


သူက တံခါး ဖွင့်လိုက်ပြီး ပိုင်ချန်ဆီကို ပြေးသွားလိုက်သည်။ ပိုင်ချန်ရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်တွေ အောက်မှာ အရင်းနှီးဆုံး အပြုံးလို့ ထင်ထားတဲ့ အပြုံးကို ပြုံးပြီး ပြောလိုက်သည်။


"ဝမ်းကွဲ က မင်းနဲ့ အတူတူ အထဲလိုက်သွားဖို့ ပြောခဲ့တာ"


ထိုစကားကြားတော့ ကျိဝမ်ရွှမ်းကို မကြည့်တော့ဘဲ လက်ဗွေရာ နှိပ်ပြီး ဗီလာရဲ့ တံခါးကို ဖွင့်လိုက်သည်။


"ရှောင်ယွမ်၊ မင်း ပြန်လာပြီလား?" 


ကျောက်ကျွင်း က လုချင်း အနား၌ ရပ်နေကာ အိမ်ထဲမှ ထွက်လာခဲ့သည်။


ပိုင်ချန်ရဲ့ မျက်လုံးထဲရှိ ချိုမြိန်မှု​တွေ က သူတို့ကို မြင်လိုက်တာနဲ့ ချက်ချင်း ပျောက်ကွယ်သွားပြီး မူလ အေးစက်တဲ့ အသွင်အပြင်ကို ပြန်လည် ​ရောက်သွားခဲ့သည်။ ဂရုတစိုက် ကြည့်လိုက်ရင် သူ့အကြည့်တွေ က မည်းမှောင်နေပြီး မပျော်မရွှင် ဖြစ်နေကာ အနည်းငယ် အေးစက်​နေသည်။


Report Page