162

162

Khat

uni

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း 


အပိုင်း ၁၆၂




သူ့ဇနီးကောင်းလေးက သူမပါးပေါ် လက်‌ထောက်ထားပြီး လက်မြှောက်ကာ မျက်လုံးပြူးပြီး ပြောခဲ့သည်။ “ရှင့်ရဲ့ရုံးခန်းက အရမ်းကြီးတယ်၊ တကယ်တော့ အရှေ့ကပြတင်းပေါက်နားက အပိုင်းတစ်ခုလုံးကို ကလေး နေရာအဖြစ်သုံးနိုင်တယ် ”



"ကျွန်မတို့ရဲ့ကလေးကို ရှင့်ရဲ့ရုံးခန်းကို ခေါ်လာတဲ့အခါ ကျွန်မတို့ကလေးက အဲ့ဒီမှာ ကစားနိုင်တယ်" 



ပူနွေးသောဆောင်းရာသီ၏ နေရောင်ခြည်သည် နူးညံ့လွန်းသဖြင့် မျက်လုံးများကို တောက်ပစေသည်။ ချန်ကျင်းယောင်၏ ဘေးဘက်မျက်နှာကို ပြတင်းပေါက်မှ လင်းလက်သွားသောအခါတွင် သူမ၏ အမူအရာက ချက်ချင်း နူးညံ့သွားသည်။  



သူတို့ကလေးအကြောင်းပြောတဲ့အခါ သူမရဲ့ ဖြူစင်တဲ့အကြည့်တွေက လင်းလက်နေပုံရပြီး ပျော်ရွှင်စွာ ပြုံးမပြနိုင်ခဲ့ပေ။ သူမက မျက်တောင်ခတ်ပြပြီး ပြောခဲ့သည်။ “ဟေး၊ ကျွန်မ ရုံးခန်းထဲမှာ ဒီလိုမျိုး နေရာတစ်ခု ရှိနိုင်တယ်”



"အရုပ်တွေ အများကြီးဝယ်ရအောင်၊ ဒါဆို ထိုင်တတ်တက်၊ တွားသွားတတ်တက်၊ မတ်တပ်ရပ်တတ်လာတဲ့အခါ သူ့ဘာသာသူ ကစားလို့ရတယ်။"



ရန်ချန်း ရုတ်တရက် ပြုံးပြီး မော့ကြည့်လိုက်သည်။ "ဟုတ်ပြီ၊ မင်း ကြိုက်သလိုပေါ့"



လက်ကြယ်သီး၊ လည်ဆွဲ။



ရန်ချန်း သဘောကျလုနီးပါးပဲ။ မြက်ထရံကဲ့သို့ နှလုံးကို လှုပ်ရှားစေခဲ့သည်။ မိနစ်အနည်းငယ်အကြာ သူ နောက်ဆုံး စကားပြောရဲသောသတ္တိကို စုဆောင်းခဲ့သည်။



"ကိုယ့်ဇနီးလေး" သူ ငုံ့ပြီး သူမကို စိုက်ကြည့်ခဲ့သည်။



ချန်ကျင်းယောင်က သူ့ကို စိုက်ကြည့်နေတဲ့အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ "ဟုတ်"



"ကိုယ်တို့အိမ်မှာ ကြမ်းပြင်က အပူရှိန်ရှိတယ်၊ မင်း အပြင်ထွက်ပြီး ရာသီဥတု ဘယ်လောက်အေးလဲ မင်းခံစားချင်လား"



“……”



"မင်း ဝတ်စုံနဲ့ လိုက်ဖက်ချင်ရင် ဆောင်းကုတ်အကျီ ဝတ်လို့ရတယ်။"



“……”



“ဟိုတယ်မှာ လေအေးပေးစက် ရှိမယ် ဆိုပေမယ့် နေရာက အရမ်းကြီးတာကြောင့် အိမ်မှာလို နွေးထွေးဖို့ မဖြစ်နိုင်ဘူး။ အအေးဒဏ်ကြောင့် တုန်ရင် ကိုယ် ဂရုမစိုက်နိုင်ဘူး”



“……”



"ချန်ကျင်းယောင် မင်း လုပ်ချင်သလို လုပ်လို့ရတယ်၊ ဒါပေမယ့် ဒီလောက်ထိ မလုပ်ပါနဲ့"



“……”



"နှစ်လပဲ ကျန်တော့တယ်။"



ရန်ချန်းက ချန်ကျင်းယောင် ဗိုက်ပေါ် သူ့လက်ကို တင်လိုက်ပြီး ညင်သာစွာ သတိထားပြီး ပွတ်သပ်လိုက်သည်။ နက်မှောင်သော မျက်လုံးတွေထဲမှ သူ့ ညှင်သာသော အကြည့်များက အလွန်ရှုပ်ထွေးသည်။



ချန်ကျင်းယောင် ခဏလောက် ထိတ်လန့်သွားပြီး သူမဘာသာ ရေရွတ်ခဲ့သည်။ "ဘာလဲ"



"ကောင်းပြီ၊ ဖရဲသီးမှည့်ရင် ပင်စည်ပေါ်ကနေ ပြုတ်ကျတယ်။" ရန်ချန်းက နီရဲသော မျက်လုံးများဖြင့် ပြုံးကာ ဖြေခဲ့သည်။



“……”



ပြုံးပြီးနောက် ရန်ချန်းက သူ့နှုတ်ခမ်းထောင့်စွန်းကို သပ်ကာ သက်ပြင်းချပြီး စိတ်ထက်သန်စွာ ပြောလိုက်သည်။ "ကိုယ် မင်းကို မသွားစေချင်ဘူး" 



“?????”



"လူတွေ အများကြီးရှိလိမ့်မယ်၊ အန္တရာယ်ရှိမှာ ငါစိုးရိမ်တယ်။"



ခဏတာ တိတ်ဆိတ်သွားခဲ့သည်။



ချန်ကျင်းယောင်က ရန်ချန်း ပြောတာကို နားထောင်တုန်းပဲ၊ အားသာချက် အားနည်းချက်တွေကို ချိန်ဆပြီး ဆင်ခြင်တုံတရားနဲ့ အပေးအယူလုပ်ကာ ပြောခဲ့သည်။ 



“ကောင်းပြီ” ဒါကိုပြောပြီးနောက် သူမသည် ခေတ္တရပ်ကာ တိတ်တဆိတ် အကြည့်ကို လျှော့ချလိုက်ပြီး သူမ၏ လေသံမှာ ဝမ်းနည်းစွာဖြင့် မသိစိတ်အရ ပြောခဲ့သည်။ ​“ဒီလှပတဲ့ဝတ်စုံအတွက် သနားစရာကောင်းလိုက်တာ။”



“နှမြောစရာတော့ မဟုတ်ဘူး။” ရန်ချန်းက သူမ ပါးကို ဆွဲကိုင်ကာ လွှတ်လိုက်ပြီး သူ့လည်ပင်းကို သဘာဝအတိုင်း ကိုင်လိုက်ပြီး အဝေးကို လှမ်းကြည့်ရင်း လည်ချောင်းကို ရှင်းထုတ်လိုက်သည်။ 



"အဝတ်အစားတွေက မင်းကို အားဖြည့်ဖို့ ပစ္စည်းတွေချည်းပဲ၊ ကိုယ့်မိန်းမက အရမ်းလှတယ်၊ ဘာမဆို ကြည့်ကောင်းနေလိမ့်မယ် ”



“……” ထိုလူ၏ စကားက အလွန်ချိုမြိန်လှသည်။



ခဏတာ တိတ်ဆိတ်သွားခဲ့သည်။



ရန်ချန်းက ရုတ်တရက် သူမကို ပြန်ကြည့်ခဲ့သည်။ သူ့မျက်လုံးတွေက မည်းမှောင်နေပြီး သူ့မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။


 

ထို့နောက် ဖြည်းညှင်းစွာငုံ့ကာ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ ချန်ကျင်းယောင်၏ အကြည့်များကို ထိတ်လန့်တကြား စောင့်ကြည့်လိုက်သောအခါတွင် သူသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ဖြောင့်ဖြောင့် ဆန့်ထုတ်ကာ ဆံပင်ထိပ်ကို ပွတ်သပ်ကာ ချော့လိုက်သကဲ့သို့ ဖြည်းညှင်းစွာ ပွတ်သပ်နေသည် - "လိမ္မာတဲ့ မိန်းကလေးပဲ။"



သူ့ "လိမ္မာတဲ့ မိန်းကလေး" သည် အလျှော့ပေးသည့်အတွက် သူ့ကို ချီးကျူးနေပုံရသည်။



ရန်ချန်း - "မင်း ဒီလိုဖြစ်နေတော့ ကိုာိ စိတ်မကောင်းဘူး"



ချန်ကျင်းယောင်က နှုတ်ခမ်း စူပြီး စိတ်ထဲကနေ ပြောလိုက်သည်။ လွန်ခဲ့သည့် ခြောက်လအတွင်း လူတိုင်းက သူတို့အကြောင်း အတင်းအဖျင်း ပြောဖူးသည်။



ရန်ချန်းက အပြင်မှာ ဂရုမစိုက်ဘူးလို့ ပြောနေပေမယ့် လူတစ်ယောက်က အဲ့လို ပိုလို့ထင်ရလေလေ စိုးရိမ်ရလေပဲ။



ချန်ကျင်းယောင်က သူမရဲ့ခင်ပွန်းအတွက် ကံကောင်းခြင်းတွေ ကြွယ်ဝစေတယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့သည်။



ယခုမူ ရန်ချန်း ပို၍ပို၍ အောင်မြင်လာသည်နှင့်အမျှ ကောလာဟလများ လွှမ်းမိုးခြင်းမှ ရပ်တန့်နိုင်ခြင်း မရှိသည်မှာ သဘာဝပင်ဖြစ်သည်။



ကောလဟာလများသည် များသောအားဖြင့် မိန်းကလေးများအတွက် အကြောင်းအရာများနှင့် စကားဝိုင်းများဖြစ်သည်။



ရန်ချန်းက ချန်ကျင်းယောင် အပေါ်ကောင်းသည်။



ပြင်ပလူများက "ချန်ကျင်းယောင်သည် ကံကောင်းသူဖြစ်သည်။ သူမက ရန်ချန်း နှင့်လက်ထပ်ခဲ့သည်"ဟုပြောကြသည်။



၎င်းသည် လွန်ခဲ့သော တစ်နှစ်က သူပြောခဲ့သော သတင်းများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။



တကယ်တော့ ရန်ချန်းက ဒါကိုသိသည်။



 ကံကောင်းသူက ချန်ကျင်းယောင် မဟုတ်ပါ။



သူကသာ ကံကောင်းသူဖြစ်သည်။



သူက ချန်ကျင်းယောင်ကို ကောင်းကောင်း ဆက်ဆံသည်။ ချန်ကျင်းယောင်က ဒီလိုဆက်ဆံခံရဖို့ ထိုက်တန်တာကြောင့်ပင်။ ချန်ကျင်းယောင်က သူ့ဘာသာသူ ကောင်း‌ကောင်းနေတတ်‌နေပြီ။ ဒါပေမယ့်၊ မလုံလောက်သေးပေ။



ရန်ချန်းက အောက်ငုံ့ကြည့်လိုက်တော့ သူ့ဘေးပုံရိပ်ရဲ့ ကောက်ကြောင်းတွေက ရှင်းရှင်းလင်းလင်း မှန်နေသည်။



ဝတ်ရုံအတွင်းရှိ အလင်းရောင်က နွေးထွေးသော အဝါရောင်ဖြစ်ပြီး အခန်းတစ်ခုလုံး ပြည့်သွားသည်။



သူက သူမနှုတ်ခမ်းကို နမ်းလိုက်ပြီး သူမဗိုက်ကို ကိုင်ကာ ကလေးနှင့် သူမ နှစ်ယောက်လုံး ဗိုက်ဆာနေပြီဟု ပြောနေသော ချန်ကျင်းယောင်ကို ကြည့်လိုက်သည်။ သူ့မျက်တောင်တွေက နည်းနည်းတုန်သွားပြီး သူ့အကြည့်တွေက လောဘကြီးနေပုံပင်။



တော်တော် ကြာနေပြီ။




လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။



နိုင်ငံတစ်ဝှမ်းတွင် အိမ်ခြံမြေဈေးကစားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။



လှိုင်းလုံးက ယခုအချိန်ထိ အထွတ်အထိပ်တွင် ရှိနေသေးသည်။



မြို့တော်မှာ အိမ်ယာဈေးတွေက ပိုမြင့်သည်။


.....

zawgyi

အဓိက ဇာတ္လိုက္နဲ႔ လက္ထပ္ျခင္း 


အပိုင္း ၁၆၂




သူ႕ဇနီးေကာင္းေလးက သူမပါးေပၚ လက္‌ေထာက္ထားၿပီး လက္ေျမႇာက္ကာ မ်က္လုံးျပဴးၿပီး ေျပာခဲ့သည္။ “႐ွင့္ရဲ႕႐ုံးခန္းက အရမ္းႀကီးတယ္၊ တကယ္ေတာ့ အေ႐ွ႕ကျပတင္းေပါက္နားက အပိုင္းတစ္ခုလုံးကို ကေလး ေနရာအျဖစ္သုံးႏိုင္တယ္ ”



"ကြၽန္မတို႔ရဲ႕ကေလးကို ႐ွင့္ရဲ႕႐ုံးခန္းကို ေခၚလာတဲ့အခါ ကြၽန္မတို႔ကေလးက အဲ့ဒီမွာ ကစားႏိုင္တယ္" 



ပူေႏြးေသာေဆာင္းရာသီ၏ ေနေရာင္ျခည္သည္ ႏူးညံ့လြန္းသျဖင့္ မ်က္လုံးမ်ားကို ေတာက္ပေစသည္။ ခ်န္က်င္းေယာင္၏ ေဘးဘက္မ်က္ႏွာကို ျပတင္းေပါက္မွ လင္းလက္သြားေသာအခါတြင္ သူမ၏ အမူအရာက ခ်က္ခ်င္း ႏူးညံ့သြားသည္။  



သူတို႔ကေလးအေၾကာင္းေျပာတဲ့အခါ သူမရဲ႕ ျဖဴစင္တဲ့အၾကည့္ေတြက လင္းလက္ေနပုံရၿပီး ေပ်ာ္႐ႊင္စြာ ျပဳံးမျပႏိုင္ခဲ့ေပ။ သူမက မ်က္ေတာင္ခတ္ျပၿပီး ေျပာခဲ့သည္။ “ေဟး၊ ကြၽန္မ ႐ုံးခန္းထဲမွာ ဒီလိုမ်ိဳး ေနရာတစ္ခု ႐ွိႏိုင္တယ္”



"အ႐ုပ္ေတြ အမ်ားႀကီးဝယ္ရေအာင္၊ ဒါဆို ထိုင္တတ္တက္၊ တြားသြားတတ္တက္၊ မတ္တပ္ရပ္တတ္လာတဲ့အခါ သူ႕ဘာသာသူ ကစားလို႔ရတယ္။"



ရန္ခ်န္း ႐ုတ္တရက္ ျပဳံးၿပီး ေမာ့ၾကည့္လိုက္သည္။ "ဟုတ္ၿပီ၊ မင္း ႀကိဳက္သလိုေပါ့"



လက္ၾကယ္သီး၊ လည္ဆြဲ။



ရန္ခ်န္း သေဘာက်လုနီးပါးပဲ။ ျမက္ထရံကဲ့သို႔ ႏွလုံးကို လႈပ္႐ွားေစခဲ့သည္။ မိနစ္အနည္းငယ္အၾကာ သူ ေနာက္ဆုံး စကားေျပာရဲေသာသတၱိကို စုေဆာင္းခဲ့သည္။



"ကိုယ့္ဇနီးေလး" သူ ငုံ႔ၿပီး သူမကို စိုက္ၾကည့္ခဲ့သည္။



ခ်န္က်င္းေယာင္က သူ႕ကို စိုက္ၾကည့္ေနတဲ့အတြက္ အနည္းငယ္ စိတ္မသက္မသာ ျဖစ္သြားခဲ့သည္။ "ဟုတ္"



"ကိုယ္တို႔အိမ္မွာ ၾကမ္းျပင္က အပူ႐ွိန္႐ွိတယ္၊ မင္း အျပင္ထြက္ၿပီး ရာသီဥတု ဘယ္ေလာက္ေအးလဲ မင္းခံစားခ်င္လား"



“……”



"မင္း ဝတ္စုံနဲ႔ လိုက္ဖက္ခ်င္ရင္ ေဆာင္းကုတ္အက်ီ ဝတ္လို႔ရတယ္။"



“……”



“ဟိုတယ္မွာ ေလေအးေပးစက္ ႐ွိမယ္ ဆိုေပမယ့္ ေနရာက အရမ္းႀကီးတာေၾကာင့္ အိမ္မွာလို ေႏြးေထြးဖို႔ မျဖစ္ႏိုင္ဘူး။ အေအးဒဏ္ေၾကာင့္ တုန္ရင္ ကိုယ္ ဂ႐ုမစိုက္ႏိုင္ဘူး”



“……”



"ခ်န္က်င္းေယာင္ မင္း လုပ္ခ်င္သလို လုပ္လို႔ရတယ္၊ ဒါေပမယ့္ ဒီေလာက္ထိ မလုပ္ပါနဲ႔"



“……”



"ႏွစ္လပဲ က်န္ေတာ့တယ္။"



ရန္ခ်န္းက ခ်န္က်င္းေယာင္ ဗိုက္ေပၚ သူ႕လက္ကို တင္လိုက္ၿပီး ညင္သာစြာ သတိထားၿပီး ပြတ္သပ္လိုက္သည္။ နက္ေမွာင္ေသာ မ်က္လုံးေတြထဲမွ သူ႕ ညႇင္သာေသာ အၾကည့္မ်ားက အလြန္႐ႈပ္ေထြးသည္။



ခ်န္က်င္းေယာင္ ခဏေလာက္ ထိတ္လန္႔သြားၿပီး သူမဘာသာ ေရ႐ြတ္ခဲ့သည္။ "ဘာလဲ"



"ေကာင္းၿပီ၊ ဖရဲသီးမွည့္ရင္ ပင္စည္ေပၚကေန ျပဳတ္က်တယ္။" ရန္ခ်န္းက နီရဲေသာ မ်က္လုံးမ်ားျဖင့္ ျပဳံးကာ ေျဖခဲ့သည္။



“……”



ျပဳံးၿပီးေနာက္ ရန္ခ်န္းက သူ႕ႏႈတ္ခမ္းေထာင့္စြန္းကို သပ္ကာ သက္ျပင္းခ်ၿပီး စိတ္ထက္သန္စြာ ေျပာလိုက္သည္။ "ကိုယ္ မင္းကို မသြားေစခ်င္ဘူး" 



“?????”



"လူေတြ အမ်ားႀကီး႐ွိလိမ့္မယ္၊ အႏၲရာယ္႐ွိမွာ ငါစိုးရိမ္တယ္။"



ခဏတာ တိတ္ဆိတ္သြားခဲ့သည္။



ခ်န္က်င္းေယာင္က ရန္ခ်န္း ေျပာတာကို နားေထာင္တုန္းပဲ၊ အားသာခ်က္ အားနည္းခ်က္ေတြကို ခ်ိန္ဆၿပီး ဆင္ျခင္တုံတရားနဲ႔ အေပးအယူလုပ္ကာ ေျပာခဲ့သည္။ 



“ေကာင္းၿပီ” ဒါကိုေျပာၿပီးေနာက္ သူမသည္ ေခတၱရပ္ကာ တိတ္တဆိတ္ အၾကည့္ကို ေလွ်ာ့ခ်လိုက္ၿပီး သူမ၏ ေလသံမွာ ဝမ္းနည္းစြာျဖင့္ မသိစိတ္အရ ေျပာခဲ့သည္။ ​“ဒီလွပတဲ့ဝတ္စုံအတြက္ သနားစရာေကာင္းလိုက္တာ။”



“ႏွေျမာစရာေတာ့ မဟုတ္ဘူး။” ရန္ခ်န္းက သူမ ပါးကို ဆြဲကိုင္ကာ လႊတ္လိုက္ၿပီး သူ႕လည္ပင္းကို သဘာဝအတိုင္း ကိုင္လိုက္ၿပီး အေဝးကို လွမ္းၾကည့္ရင္း လည္ေခ်ာင္းကို ႐ွင္းထုတ္လိုက္သည္။ 



"အဝတ္အစားေတြက မင္းကို အားျဖည့္ဖို႔ ပစၥည္းေတြခ်ည္းပဲ၊ ကိုယ့္မိန္းမက အရမ္းလွတယ္၊ ဘာမဆို ၾကည့္ေကာင္းေနလိမ့္မယ္ ”



“……” ထိုလူ၏ စကားက အလြန္ခ်ိဳၿမိန္လွသည္။



ခဏတာ တိတ္ဆိတ္သြားခဲ့သည္။



ရန္ခ်န္းက ႐ုတ္တရက္ သူမကို ျပန္ၾကည့္ခဲ့သည္။ သူ႕မ်က္လုံးေတြက မည္းေမွာင္ေနၿပီး သူ႕မ်က္ႏွာကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနသည္။


 

ထို႔ေနာက္ ျဖည္းညႇင္းစြာငုံ႔ကာ ႏႈတ္ခမ္းေထာင့္ကို နမ္းလိုက္သည္။ ခ်န္က်င္းေယာင္၏ အၾကည့္မ်ားကို ထိတ္လန္႔တၾကား ေစာင့္ၾကည့္လိုက္ေသာအခါတြင္ သူသည္ သူ႕ခႏၶာကိုယ္ကို တည္ၿငိမ္စြာ ေျဖာင့္ေျဖာင့္ ဆန္႔ထုတ္ကာ ဆံပင္ထိပ္ကို ပြတ္သပ္ကာ ေခ်ာ့လိုက္သကဲ့သို႔ ျဖည္းညႇင္းစြာ ပြတ္သပ္ေနသည္ - "လိမၼာတဲ့ မိန္းကေလးပဲ။"



သူ႕ "လိမၼာတဲ့ မိန္းကေလး" သည္ အေလွ်ာ့ေပးသည့္အတြက္ သူ႕ကို ခ်ီးက်ဴးေနပုံရသည္။



ရန္ခ်န္း - "မင္း ဒီလိုျဖစ္ေနေတာ့ ကိုာိ စိတ္မေကာင္းဘူး"



ခ်န္က်င္းေယာင္က ႏႈတ္ခမ္း စူၿပီး စိတ္ထဲကေန ေျပာလိုက္သည္။ လြန္ခဲ့သည့္ ေျခာက္လအတြင္း လူတိုင္းက သူတို႔အေၾကာင္း အတင္းအဖ်င္း ေျပာဖူးသည္။



ရန္ခ်န္းက အျပင္မွာ ဂ႐ုမစိုက္ဘူးလို႔ ေျပာေနေပမယ့္ လူတစ္ေယာက္က အဲ့လို ပိုလို႔ထင္ရေလေလ စိုးရိမ္ရေလပဲ။



ခ်န္က်င္းေယာင္က သူမရဲ႕ခင္ပြန္းအတြက္ ကံေကာင္းျခင္းေတြ ႂကြယ္ဝေစတယ္ဆိုတဲ့ ေကာလဟာလေတြ ႐ွိခဲ့သည္။



ယခုမူ ရန္ခ်န္း ပို၍ပို၍ ေအာင္ျမင္လာသည္ႏွင့္အမွ် ေကာလာဟလမ်ား လႊမ္းမိုးျခင္းမွ ရပ္တန္႔ႏိုင္ျခင္း မ႐ွိသည္မွာ သဘာဝပင္ျဖစ္သည္။



ေကာလဟာလမ်ားသည္ မ်ားေသာအားျဖင့္ မိန္းကေလးမ်ားအတြက္ အေၾကာင္းအရာမ်ားႏွင့္ စကားဝိုင္းမ်ားျဖစ္သည္။



ရန္ခ်န္းက ခ်န္က်င္းေယာင္ အေပၚေကာင္းသည္။



ျပင္ပလူမ်ားက "ခ်န္က်င္းေယာင္သည္ ကံေကာင္းသူျဖစ္သည္။ သူမက ရန္ခ်န္း ႏွင့္လက္ထပ္ခဲ့သည္"ဟုေျပာၾကသည္။



၎သည္ လြန္ခဲ့ေသာ တစ္ႏွစ္က သူေျပာခဲ့ေသာ သတင္းမ်ားႏွင့္ လုံးဝဆန္႔က်င္ဘက္ျဖစ္သည္။



တကယ္ေတာ့ ရန္ခ်န္းက ဒါကိုသိသည္။



 ကံေကာင္းသူက ခ်န္က်င္းေယာင္ မဟုတ္ပါ။



သူကသာ ကံေကာင္းသူျဖစ္သည္။



သူက ခ်န္က်င္းေယာင္ကို ေကာင္းေကာင္း ဆက္ဆံသည္။ ခ်န္က်င္းေယာင္က ဒီလိုဆက္ဆံခံရဖို႔ ထိုက္တန္တာေၾကာင့္ပင္။ ခ်န္က်င္းေယာင္က သူ႕ဘာသာသူ ေကာင္း‌ေကာင္းေနတတ္‌ေနၿပီ။ ဒါေပမယ့္၊ မလုံေလာက္ေသးေပ။



ရန္ခ်န္းက ေအာက္ငုံ႔ၾကည့္လိုက္ေတာ့ သူ႕ေဘးပုံရိပ္ရဲ႕ ေကာက္ေၾကာင္းေတြက ႐ွင္း႐ွင္းလင္းလင္း မွန္ေနသည္။



ဝတ္႐ုံအတြင္း႐ွိ အလင္းေရာင္က ေႏြးေထြးေသာ အဝါေရာင္ျဖစ္ၿပီး အခန္းတစ္ခုလုံး ျပည့္သြားသည္။



သူက သူမႏႈတ္ခမ္းကို နမ္းလိုက္ၿပီး သူမဗိုက္ကို ကိုင္ကာ ကေလးႏွင့္ သူမ ႏွစ္ေယာက္လုံး ဗိုက္ဆာေနၿပီဟု ေျပာေနေသာ ခ်န္က်င္းေယာင္ကို ၾကည့္လိုက္သည္။ သူ႕မ်က္ေတာင္ေတြက နည္းနည္းတုန္သြားၿပီး သူ႕အၾကည့္ေတြက ေလာဘႀကီးေနပုံပင္။



ေတာ္ေတာ္ ၾကာေနၿပီ။




လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္ကေပါ့။



ႏိုင္ငံတစ္ဝွမ္းတြင္ အိမ္ျခံေျမေဈးကစားမႈမ်ား ဆက္တိုက္ျဖစ္ေပၚခဲ့သည္။



လိႈင္းလုံးက ယခုအခ်ိန္ထိ အထြတ္အထိပ္တြင္ ႐ွိေနေသးသည္။



ၿမိဳ႕ေတာ္မွာ အိမ္ယာေဈးေတြက ပိုျမင့္သည္။





Report Page