(1.5)

(1.5)

Tee Ko

1.5 - ထူးဆန်းတယ်လို့ မထင်ဘူးလား။


_______________


ပိုင်ရှုယန်ဟာ အိမ်အောက်ထပ်မှာရှိတဲ့ ညနေခင်းအသားကင်ဆိုင်မှာ ရောက်လို့နေပြီး မွာထားတဲ့ အစားအသောက်တွေကို ဆိုင်ရှေ့က ခွေးခြေခုံလေးမှာထိုင်ရင်း စောင့်ဆိုင်းနေသည်။


အသားကင်ရဲ့မွှေးရနံ့က သူနဲ့စနစ်နှစ်ယောက်လုံးကို သက်ပြင်းချမိစေသည်။


"ငါ ခေတ်မှီလူ့အဖွဲ့အစည်းကိုချစ်တယ်.....အသားကင်က ငါ့ကိုပျော်ရွှင်မှုကို ပေးစွမ်းစေနိုင်တယ်လေ"


မစားရတဲ့အမဲသဲနဲ့ပက်ချင်နေတဲ့ စနစ်ကပြောလာသည်။


"ဟုတ္လား....ဒါဆို နောက်တစ်ခါကျရင် ကူးပြောင်းရမယ့်ကမ္ဘာကို ငါပြောင်းလဲပေးမယ်....ဘာကြောင့်ဆို ဘာဘီကျူးက ကျန်းမာရေးနဲ့သိပ်မညီညွှတ်ဘူးလေ"


hostဖြစ်သူ မှာယူထားသည့်အသားကင်တွေကိုဆွဲယူကာ စားတော့မည့်အချိန်ကိုက်တွင် စနစ်ကရုတ်တရတ်ဆိုသလို ထပြောလာ၏။


"ဇာတ္လိုက္က hostနဲ့ မီတာသုံးဆယ် အကွာအဝေးအတွင်းမှာရှိနေတာကို တွေ့ရှိခဲ့ရပါတယ်..."


"အာ....ဘယ်မှာလဲ"


ပိုင်ရှုယန်ဟာ သူ့ခေါင်းကိုမော့၍ ပတ်ပတ်လည်ကိုရှာဖွေကြည့်လိုက်သည်။


တွေ့တာနဲ့ အနားလျှောက်သွားကာ ရှန်ယွီရဲ့ကျောကိုခပ်ဖွဖွပုတ်သည်။ ရှန်ယွီမှာ ရုတ်ချည်းတုန်လှုပ်သွားပြီး အနောက်လှည့်ကြည့်လာ၏။


"ဆရာ ဘယ်လိုလုပ်အပြင်ရောက်နေတာလဲ"


ဆယ်ကျော်သက်လေးက မယုံကြည်နိုင်စွာမေးလိုက်မိသည်။ အေးစက်တဲ့အပြင်ဘက်လေထုထဲမှာ အချိန်အတော်ကြာရပ်နေခဲ့မိတာကြောင့် သူ့အသံမှာအနည်းငယ်အက်ကွဲနေခဲ့သည်။


"အဲ့ဒါ ငါမင်းကိုမေးရမှာမဟုတ်ဘူးလား....ဒီမှာဘာရပ်ကြည့်နေတာလဲ....ဆရာ့ကိုပြောစရာတစ်ခုခုရှိလို့ စောင့်နေတာလား"


ပိုင်ရှုယန်ဟာ အအေးဒဏ်ကြောင့် အေးစက်နေတဲ့ရှန်ယွီရဲ့မျက်နှာလေးကို လှမ်းကိုင်လိုက်ပြီး စိုးရိမ်စွာပြော၏။


"မင်းဘာလို့ ဒီလောက်ပါးပါးလေးဝတ်ထားတာလဲ.....ရာသီဥတုက အေးနေပြီ.....အနည်းဆုံးကျောင်းဝတ်စုံမဟုတ်ပဲ ကုတ်အင်္ကျီတစ်ထည်လောက် ထပ်ဝတ်ထားသင့်တာ"


ပိုင်ရှုယန်ရဲ့ နွေးထွေးသောလက်ကနေတစ်ဆင့် အမူဓာတ်ဟာ ရှန်ယွီ၏နှလုံးသားအောက်ခြေအထိ တိုက်ရိုက်ကူးစက်သွားတာကြောင့် ခဏတာငြိမ်သက်မိသွားသည်။


ရှန်ယွီက ခေါင်းခါလိုက်ပြီး....


"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး....ကျွန်တော် ဒီကမတော်တဆဖြတ်သွားမိတာပါ"


"မင်းအိမ်ရောက်ဖို့အတွက် ငါ့အိမ်အောက်က ဖြတ်သွားတယ်ပေါ့လေ"


ပိုင်ရှုယန်က လုံးလုံးမယုံပါချေ။


"တစ်ခုခုဖြစ်သွားလို့လား....အရင်ဆုံး ဆရာ့နောက်လိုက်ခဲ့"


သူဟာ ရှန်ယွီကို အသားကင်ဆိုင်ဆီသို့ ဆွဲခေါ်လာပြီး အလင်းရောင်အောက်တွင် တစ်ကိုယ်လုံးစူးစမ်းကြည့်လိုက်သည်။ သူ့မျက်နှာတွင်ညိုမဲစွဲဒဏ်ရာကြီးတစ်ခုရှိနေပြီး ညစ်ပတ်ပေရေနေလေသည်။ သူတွန်းထားတဲ့စက်ဘီး၏ ရှေ့တာယာက ပြားချပ်နေ၏။ ကြည့်ရတာ အရိုက်ခံခဲ့ရသလိုပဲ။ လူတွေဝိုင်းရိုက်တာခံခဲ့ရတယ်ပေါ့လေ။


"မင်းတစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား"


ပိုင်ရှုယန်ဟာ ရှောင်လွှဲနေတဲ့ မျက်လုံးတွေကို အလျှင်အမြန်ပြန်ဆွဲယူလိုက်ပြီး အနီးကပ်သေချာစိုက်ကြည့်သည်။


"မင်း ဘယ်မှာဒဏ်ရာရခဲ့တာလဲ"


"ထင်ထားသလိုမဟုတ်ပါဘူး....ကျွန်တော်စက်ဘီးစီးရင်းနဲ့ စက္ဘီးတာယာကို မတော်တဆသံချွန်ထိုးမိပြီး မှောက်လာခဲ့တာ"


"ဒီဒဏ်ရာက စက်ဘီးမှောက်လို့ဖြစ်တာပေါ့....မင်းမျက်နှာက ကျောက်တုံးနဲ့ထိခိုက်မိသွားတာလား"


"ဟုတ်တယ်"


ပိုင်ရှုယန်ဟာ ခပ်ကျယ်ကျယ်ရယ်မောလိုက်မိသည်။


"မင်း ငါအရင်ကတစ်ခါမှစစ်မတိုက်ဖူးတာနဲ့ ငါကမိုက်မဲမယ်လို့ ထင်နေတာလား....ငါမင်းအတွက် ဆေးသွားဝယ်ပေးမယ်.....ဒီမှာထိုင်စောင့်နေ....စက်ဘီးဆရာ့ကိုပေး"


"သူက ရှန်ယွီကို ထိုင်ခုံပေါ် တိုက်ရိုက်ဖိချလိုက်ပြီး ပြောသည်။


"ဒီနေရာမှာ ကြိုးတစ်ချောင်းစာတောင် မရွေ့မိသွားစေနဲ့....နာနာခံခံထိုင်နေ"


ပြီးတာနဲ့ စက်ဘီးကိုတွန်းကာထွက်သွားခဲ့သည်။ ရှန်ယွီဟာ ညနက်နက်ထဲမှာ တိုးဝင်ပျောက်ကွယ်သွားတဲ့ တစ်ဖက်လူရဲ့ နောက်ကျောပြင်ကို တစ်ဆုံးထိစိုက်ကြည့်နေခဲ့၏။


ဆိုင်ပိုင်ရှင်အန်တီကြီးက နောက်ထပ်သိုးသားအနည်းငယ်ကိုယူလာပြီး ရှန်ယွီကိုပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်လာသည်။


"မင်းက ရှောင်ပိုင်ရဲ့ကျောင်းသားမဟုတ်လား.....မကြာသေးခင်က မင်းသူ့အတွက်ခဏခဏ မနက်စာလာဝယ်ပေးနေတာ မြင်ဖူးတယ်"


"ဟုတ်"


"မင်းဒီကို အပတ်တိုင်းရောက်ရောက်လာတာ အန်တီသတိထားမိတယ်.....မင်းက အဲ့ဒီအကောင်းစားကျောင်းကြီးမှာ တတ်နေတာမဟုတ်လား"


"ကျွန်တော်ကသင်္ချာမှာညံ့လို့ ဆရာကကျွန်တော့်ကိုအခမဲ့ ဂိုက်ပြပေးနေတာပါ"


"ကဲ....အခုခေတ်မှာ ဆရာတော်တော်များများက အတန်းထဲမှာ ကောင်းကောင်းမသင်ပြပေးကြတဲ့အတွက် သီးသန့်ကျောင်းတွေက အချိန်ပိုဖွင့်ပြီး ငွေရှာဖို့မျှော်လင့်နေကြတာ....အန်တီးသမီးလေးဆိုရင် ကျောင်းအပြင်ဘက်မှာ ဂိုက်ထားပေးထားရတော့ ပိုက်ဆံအများကြီးကုန်တယ်....အဓိကကေတာ့ လူတိုင်းဂိုက်မငှားနိုင်ကြဘူးလေ....ဒီလိုသာမလုပ်ဘူးဆိုရင်...."


ဆိုင်ပိုင်ရှင်အန်တီးကြီးက အနည်းငယ်တုန်လှုပ်ခြောက်ခြားဟန်ဖြင့်ပြောသည်။


"အခုခေတ်မှာ ရှောင်ပိုင်လို တာဝန်ကျေပွန်တဲ့ဆရာတွေ သိပ်မရှိတော့ဘူး....အန္တီ့သမီးက အထက်တန်းကျောင်းတတ်နေတာ နှစ်နှစ်ရှိပြီ.....အဲ့အချိန်ကျရင် ရှောင်ပိုင်ရဲ့အတန်းမှာ ကျဖို့သူ့ကိုကြိုးစားခိုင်းရမယ်"


ရှန်ယွီက စိတ်ရင်းဖြင့်ပြောသည်။


"ဆရာက အရမ်းတော်တယ်"


"ပူနေတုန်းစားလိုက်ပါ.....ဆိတ်သားတွေက အေးရင်အရသာသိပ်မကောင်းဘူး..."


ဆိုင်ပိုင်ရှင်က ပြန်လှည့်ထွက်သွားပြီး တစ်ခြားဖောက်သည်တွေကို ဧည့်ခံနေတာနဲ့တင် အလှုပ်ရှုပ်သွားသည်။


ရှန်ယွီက ဖြေးညင်းစွာစားသည်။ လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့သိုးသားများသည် အဆီပါးလွှာပြီး မီးသွေးနံ့နည်းနည်းရှိသည်။ အပူရွိန္က အေးခဲနေတဲ့သူ့တစ်ကိုယ်လုံးကို ပူနွေးသွားစေသည်။ သူ့ကိုယ်သူတွေးကြည့်လိုက်မိသောအခါတွင် ဆရာက အရမ်းထူးချွန်ထက်မြက်ပြီး သူ့အပေါ်တွင်လည်းကောင်းကောင်းဆက်ဆံပေးမှန်း ပိုသိလာရသည်။


ပိုင်ရှုယန်ဟာ ရက်ကွက်ဝင်ပေါက်မှာရှိတဲ့ ယွင်နန်ပိုင်ယောင်အမည်ရတဲ့ ဆေးဆိုင်ကနေ ဆေးပုလင်းတစ်လုံးဝယ်ယူ၍ စက်ဘီးတာယာကိုပြုပြင်ရန် စက်ဘီးပြင်သမားကိုတောင်းဆိုပြီးနောက် ပြန်ရောက်လာပြီး ရှန်ယွီကို အပေါ်ထပ်သို့ခေါ်သွားခဲ့သည်။


တံခါးထဲဝင်လိုက်တာနဲ့ အဲယားကွန်းက အပူချိန်ကိုခပ်မြန်မြန်တိုးမြှင့်လိုက်ကာ ရှန်ယွီကိုရေချိုးဖို့ တိုက်တွန်းလိုက်သည်။


သိပ်မကြာခင်မှာပဲ ရေချိုးခန်းထဲက ရေစက်ကျသံတွေထွက်ပေါ်လာ၏။ ပိုင်ရှုယန်ဟာ ရှန်ယွီရဲ့အဝတ်တွေကို အေသအခ်ာထုတ္ပိုး၍ အဝတ်လျှော်စက်ထဲ ထည့်လိုက်သည်။


စနစ်ကပြောသည်။


"ဒီဖွံ့ဖြိုးတိုးတတ်လာတဲ့ဆက်ဆံရေးက တစ်ခုခုမှားနေတယ်လို့ မင်းမထင်ဘူးလား"


"ဘာမှားနေလို့လဲ"


"ကိုယ့်တပည့်ကို အိမ်မှာရေဝင်ချိုးခိုင်းတဲ့ ဆရာဖြစ်သူက ထူးဆန်းတယ်လို့မင်းမထင်ဘူးလား"


"မင်းက တစ်ခုခုတော့တစ်ခုခုပဲ.....မင်းနေ့တိုင်း ဘယ်လိုထူးထူးဆန်းဆန်ဟာတွေ ကြည့်နေတာလဲ....ငါ့ကိုအမှန်တိုင်းပြောစမ်းပါ....မင်းနောက်ဆုံးအကြိမ် အဆင့်မြှင့်တင်တုန်းက ထူးဆန်းတဲ့တစ်ခုခုကို ဒေါင်းလုဒ်လုပ်ခဲ့သေးလား ဟမ်"


စနစ် : "ငါသိမ်းထားတဲ့ဖိုင်တွေထဲမှာ ရုပ်ရှင်နဲ့တီဗီရှိုးအစီအစဉ်တွေ အများကြီးရှိတယ်....မင်းအိပ်နေတဲ့အချိန်တိုင်း ငါအဲ့ဒါတွေအကုန်ကြည့်နေကျ"


ပိုင်ရှုယန် : အဟွတ်...အဟွတ်...အဟွတ်....။


ခဏအကြာတွင် ရေချိုးခန်းထဲက ရေသံတွေရပ်သွားခဲ့ပြီး ရှန်ယွီဟာ တံခါးကိုခပ်သာသာဖွင့်၍ တံခါးရဲ့သေးငယ်တဲ့အဟကြားထဲကနေ ချီတုံချတုံအသံတစ်ခုထွက်ပေါ်လာခဲ့သည်။


"ဆရာ....ကျွန်တော့်မှာ ဝတ်ဖို့မရှိ...."


"အိုး....ခဏစောင့်"


ပိုင်ရှုယန်သည် အိပ်ခန်းထဲသို့ပြေးဝင်သွားပြီး အပြင်ဝတ်တစ်ထည်၊ အတွင်းခံတစ်စုံနှင့် မျက်နှာသုတ်ပုဝါအသစ်တစ်ထည်အပြင် သူ့ကိုယ်ပိုင်ရေလဲဝတ်စုံကိုထုတ်ယူကာ ရှန်ယွီကိုလှမ်းပေးလိုက်သည်။


ပြီးခဲ့တဲ့လအနည်းငယ်လောက်တည်းက ပိုင်ရှုယန်ဟာ ရှန်ယွီကို အသားများများစားနိုင်ဖို့ရန် ကြိုးစားအားထုတ်ခဲ့သည်။ ဆယ်ကျော်သက်လေးရဲ့ အရပ်ကထိုအတောအတွင်း အတော်လေးထွားတတ်လာသည်။ ၎င်းက သူ့အဝတ်တွေနဲ့ အံ့ဩစရာကောင်းလောက်အောင် ကွက်တိကျနေခဲ့သည်။ သူ့(ရှန်ယွီ)မျက်နှာလေးက အပူဒဏ်ကြောင့်အနည်းငယ်နီနေပြီး တဖြည်းဖြည်းရှက်ရွံ့လာသည်။


"ဒီကိုလာပြီး မင်းဆံပင်တွေကိုသုတ်လိုက်အုံး....ဆံပင်တွေကို အခြောက်ခံဖို့ လေမှုတ်စက်သုံးလို့ရတယ်....မဟုတ်ရင် မင်းအအေးမိလိမ့်မယ်"


အသုံးမကျတဲ့စနစ်ရဲ့ မိုက်မဲတဲ့စကားတွေကိုကြားရဖန်များလာတော့ ပိုင်ရှုယန်ဟာအနည်းငယ်စိတ်မသက်မသာဖြစ်လာ၏။


"ဟုတ်ကဲ့"


ဆံပင်အခြောက်ခံပြီးနောက် ပိုင်ရှုယန်သည် ယွင်နန်ပိုင်ယောင်မှ ဝယ်လာတဲ့ဆေးပုလင်းကိုယူကာ အနားကပ်သွားသည်။


"မင်းမျက်နှာအပြင် ဘယ်နေရာတွေကိုရောထိသွားသေးလဲ....မင်းရဲ့အဝတ်အစားတွေကိုချွတ်ပြီး ဆရာ့ကိုကြည့်ခွင့်ပေး..."


ရှန်ယွီက သူ့အဝတ်အစားတွေကိုနာနာခံခံချွတ်၍ မျက်လုံးတွေကိုမှေးစင်းလျက် ဆေးလိမ်းရန်ငြိမ်သက်စွာ ထိုင်စောင့်ပေးသည်။


ပိုင်ရှုယန် : "မင်းတွေ့တယ်နော် စနစ်.....ရှန်ယွီက ဒီနေ့မှာ အရမ်းကိုနာခံနေတာ....ငါတာဝန်ယူနေကျ ကာလပတ္လုံး ဇာတ္လိုက္က ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ....ကောင်းမွန်တဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာမှာပဲ....ဆရာတစ်ယောက် မဖြစ်လာနိုင်တာ နှမြောစရာပဲ"


စနစ်ဟာ သူနဲ့ချိတ်ဆက်ထားတဲ့ hostဖြစ်သူမှာ ကြက်ပူမိနေသလိုမျိုး အနာဂတ်လုံးဝမရှိတော့ဘူးလို့ ခံစားလိုက်ရ၏။


ဆေးလိမ်း၊ အဝတ်အစားပြန်ဝတ်ပြီးနောက် ရှန်ယွီဟာ ထိုနေရာမှာတင် စကားတစ်ခွန်းမှမဆိုပါပဲ ငြိမ်ငြိမ်သက်သက်လေးထိုင်နေရင်း ပိုင်ရှုယန်ကို နာခံမှုအပြည့်ဖြင့် စိုက်ကြည့်နေလေသည်။


ပိုင်ရှုယန်ဟာ ခဏလောက်စိုက်ကြည့်နေရာကနေ ချက်ချင်းသဘောပေါက်သွားသည်။ ရန်ပွဲကိစ္စကြောင့် သူ့ကိုဆူပူကြိမ်းမောင်းမှာကို စောင့်နေတာပေါ့လေ။


"မင်း ဒီည...."


သူက ရှားရှားပါးပါးလေးနက်တဲ့ သဘောထားနဲ့အတူပြောလိုက်သည်။


ဆယ်ကျော်သက်လေးဟာ စိတ်ပျက်အားငယ်စွာဖြင့် သူ့ဦးခေါင်းကို ငုံ့ကိုင်းလိုက်၏။ ခြောက်ကာစ အနက်ရောင်ဆံသားတွေမှာ အနည်းငယ်စိုထိုင်းထိုင်းဖြင့် ပျော့ပြောင်းနေသေးသည်။ မသိရင် သူ့ပုံစံက အမှားတစ်ခုလုပ်မိပြီးနောက် သခင်ဖြစ်သူဆီက ကြိမ်းမောင်းဆူပူမှုကို စောင့်ဆိုင်းနေသည့် တိရိစ်ဆာန်သေးသေးလေးအတိုင်းပင်။


ပိုင်ရှုယန်ဟာ သူ့အပြုံးကိုဖိနှိပ်လိုက်ပြီးမေးသည်။


"မင်း ဆရာ့အိမ်မှာ ညအိပ်ချင်လား"


ရှန်ယွီ အံ့အားသင့်စွာမော့ကြည့်လိုက်မိသည်။


"ဆရာ....ကျွန်တော် ဘာကြောင့်ရန်ဖြစ်လာတာလဲဆိုတာ မမေးတော့ဘူးလား"


"တစ်ခုခုပြောချင်စိတ်ရှိရင် ပြောသာပြော၊ မပြောချင်ရင် မမေးနဲ့တဲ့....မင်းက ဒီကိစ္စကို အစပျိုးတဲ့လူမဟုတ်ဘူးလို့ ဆရာယုံကြည်တယ်"


"သူက ကျွန်တော့်ကို အရင်လာစခဲ့တာ....နောက်တစ်ခါကျရင် ကျွန်တော်သတိထားပါ့မယ်"


"အင်း....မင်းသတိထားသင့်တယ်....နောက်တစ်ခါ တစ်စုံတစ်ယောက်က မင်းကိုရိုက်ဖို့အစပြုလာရင် ရဲရဲရင့်ရင့် ပြန်ချလိုက်.....သေချာတာကတော့ အဓိကရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ.....နှစ်ယောက်ကြား အင်အားကွာခြားချက်ကြီးလွန်းနေရင် တင်းခံမထားနဲ့....အနည်းဆုံး သူ့ကိုခေါင်းကိုက်အောင်လုပ်နိုင်ရုံနဲ့ အဆင်ပြေတယ်....လူကြီးလူကောင်းတစ်ယောက်က လက်စားချေဖို့ ဆယ်နှစ်ကြာရင်တောင် အချိန်နှောင်းတယ်လို့ သတ်မှတ်လို့မရဘူး"


ပိုင်ရှုယန်ဟာ သူ့ရဲ့နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို အတည်ကြီးသင်ပေးနေခဲ့လေသည်။


"ဒါ မင်းပြောသင့်တဲ့စကားတွေလား"


စနစ္ခမ်ာ ပြိုလဲသွားရှာ၏။


"ဒါနဲ့ မင်းဒီစကားတွေကို ဘာကြောင့်ဒီလောက်ထိတောင် ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်နေရတာလဲ"


ပိုင်ရှုယန်က စနစ်ကိုတိုက်ရိုက်လျစ်လျူရှု့လိုက်ပြီး ရှန်ယွီကိုဆက်ပြောသည်။


"မင်းသူတို့ကိုမရိုက်နိုင်ရင် နောက်တစ်ခါကျ ဆရာ မင်းရဲ့ဒေါသတွေကို ကူဖြေဖျောက်ပေးမယ်"


စနစ္က ရှန်ယွီ၏ လှုပ်လှုပ်ရှားရှားဖြစ်လာသောအမူအရာကို မှင်သေသေဖြင့်သာ စိုက်ကြည့်နိုင်ရှာသည်။


ဒီကြက်ပူမိနေတဲ့တစ်ကောင်က ဇာတ္လိုက္ကို မကောင်းတဲ့လမ်းဆီ ဦးဆောင်ခေါ်သွားခဲ့ပြီ။


ကျောင်းဝတ်စုံတွေ ခြောက်သွေ့သွားပြီးနောက်တွင် ရှန်ယွီက နှုတ်ဆက်လာခဲ့သည်။ ရှန်လင်ဖုန်းကို ပြုစုဖို့ သူပြန်သွားရန်လိုအပ်သည်။


ပိုင်ရှုယန်ဟာ သူ့ကိုယ်ပိုင်ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်စေလိုက်ပြီး မာဖလာတစ်ထည်ကိုလည်ပင်းတွင် ပတ်ပေးလိုက်သည်။ သူအပြင်ကိုလိုက်မပို့ခင် သေသေချာချာသတိပေးလိုက်သေးသည်။


"စက်ဘီးနဲ့ လမ်းဖြတ်ကူးတဲ့အခါမျိုးတွေမှာ သေသေချာချာသတိထားအုံး....အိမ်ပြန်ရောက်ရင် ဆရာ့ကိုဖုန်းဆက်သတိပေးဖို့ မမေ့နဲ့...."


"သိပါပြီ ဆရာ....မနက်ဖြန်မှပြန်တွေ့မယ်"


တံခါးအပြင်ဘက်လှမ်းထွက်လိုက်သည်နှင့် အေးစက်သည့်လေတစ်သုတ်က သူ့မျက်နှာကိုရိုက်ခတ်သွားသည်။ ရှန်ယွီသည် သူ့လည်ပင်းတစ်ဝိုက်က မာဖလာကိုထိကိုင်လိုက်ပြီး သူ့မျက်နှာကိုနက်နက်နဲနဲနစ်မြုတ်စေလိုက်သည်။ သစ်သား၏ မွှေးရနံ့နဲ့ဆင်တူတဲ့ကိုယ်သင်းနံ့တစ်မျိုးမှာ သူ့နှာခေါင်းထိပ်ဖျားကနေ တိုးဝင်လာခဲ့ပြီး သူ့နားထဲတိုးဝင်လာသည့်လေတိုးသံတွေမှာ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။


_________________________________________________________



Report Page