( 1454 )

( 1454 )

Than Htet Aung

အပိုင်း ( ၁၄၅၄ )

စစ်မှန်သော လုပ်ကြံသတ်ဖြတ်သူ


ထိုစဉ် သူ့အနီး၌ အသိအမျှင်တန်းတစ်ခု ဝန်းရံလာသည်ကို လင်းဖန် ရုတ်ချည်း အာရုံခံလိုက်မိသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ လုပ်ကြံသတ်ဖြတ်သူ၏ ဦးနှောက်ထဲတွင် ရှိနေခဲ့သော အသိအမျှင်တန်းက ပျောက်ကွယ်မသွားခဲ့ဘဲ သူ့ထံသို့ ရွေ့လျားလာနေသည်ကိုတွေ့ကာ အံ့အားသင့်သွား၏။ 


"ဖျက်ဆီးပစ်" 

လင်းဖန်က ပြောလိုက်ပြီး ဓားစွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ သို့သော် ထိုနတ်ဘုရားအသိ အမျှင်တန်းက မြောက်များစွာသော ကြယ်လေးများအဖြစ် ပြိုကွဲသွားပြီး လင်းဖန်ဆီသို့ ဆက်လက်ရွေ့လျားလာကြ၏။ 


လင်းဖန် မျက်မှောင်ကြုတ်သွားပြီး ထိုနတ်ဘုရားအသိအား ကြည့်လိုက်သည်။ ၎င်းက သူ့အဝတ်အစားများအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။ 


"ဒါ ဘယ်လို မှော်ပညာရပ်မျိုးပါလိမ့်" 

လင်းဖန် တီးတိုးရေရွတ်လိုက်သည်။ ထိုစွမ်းအင်ကိုလည်း သူ အာရုံမခံမိတော့ချေ။ 


" သူတို့ ငါ့ကို နောက်ယောင်ခံလိုက်နေကြတာများလား "

လင်းဖန် တွေးလိုက်သည်။ ၎င်းက သူ့လှုပ်ရှားမှုများအား နောက်ယောင်ခံလိုက်ရန် စီစဉ်ထားသော နည်းလမ်းပေလား မပြောနိုင်ချေ။ သို့သော် လင်းဖန်သည် ထိုကိစ္စအား များစွာ စဉ်းစားမနေဘဲ ဓားမြို့တော်ဆီသို့သာ အမြန်နှုန်းအပြည့်ဖြင့် ရွေ့လျားသွားလိုက်၏။ 


ဓားမြို့တော်အနီးသို့ လင်းဖန် ရောက်သောအခါ ထိုနေရာတွင် သူ့အား စောင့်ဆိုင်းနေကြသော လူအချို့ပင် ရှိနေကြသည်ကို သိလိုက်ရသည်။ သူ ထိုလူများအား မမြင်နိုင်သော်လည်း ထူးဆန်းသော အသံအချို့ ကြားလိုက်ရပြီး ထိုအသံများကြောင့် စိတ်မသက်မသာ ခံစားလိုက်ရ၏။ 


လင်းဖန်သည် ကြိုးစား၍ တည်ငြိမ်စွာပင် နေလိုက်ပြီး သူ၏ နတ်ဘုရားအသိကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် အကယ်၍ သူ့လှုပ်ရှားမှုများအား နောက်ယောင်ခံ လိုက်နေခဲ့သည်ရှိသော် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ 


ထိုစဉ် သူ့ခေါင်းထဲတွင် ရှိနေသော အသံများက ပို၍ ကျယ်လောင်လာ၏။ သူ အချိန်မရွေး သေသွားတော့မည်ကဲ့သို့လည်း ခံစားလိုက်ရသည်။ လင်းဖန်သည် နေရောင်အောက်တွင် ရပ်နေသော်လည်း ထိုအသံများကြောင့် သူ့တစ်ကိုယ်လုံး အေးစက်လာ၏။ ၎င်းက သူ၏ ဝိညာဉ်ကိုးကောင် နတ်ဆိုးသီချင်းနှင့် တူလှပေသည်။ 


"ကြောက်စရာ ကောင်းလိုက်တဲ့ အသံလှိုင်း ပညာရပ်ပဲ။ အဲဒီအသံက ကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အတိုင်း မြည်ဟည်းနေတာ "

လင်းဖန် တွေးလိုက်သည်။ 


လင်းဖန် ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ရာ သူနှင့် လမ်းတစ်လမ်းတည်းတွင် လျှောက်နေသော လူအချို့အား တွေ့လိုက်ရသည်။ နေရောင်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် နွေးထွေးလာသကဲ့သို့လည်း ခံစားလိုက်ရ၏။ သို့သော် ထိုအသံများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ 


ထိုခံစားမှုက တဖြည်းဖြည်း ပို၍ ပြင်းထန်လာ၏။ ထိုအသံလှိုင်းများက သူ၏ စိတ်ဆန္ဒအား စတင်တိုက်ခိုက်လာကြသည်။ 


လင်းဖန် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မန္တန်တစ်ခု ရွတ်ဖတ်လိုက်သည်။ သူ့အသံတွင် အသက်ဓာတ် စွမ်းအင်များ ပါဝင်နေပြီး ထိုစွမ်းအင်များက သူ့ခန္ဓာကိုယ်အား ဝန်းရံလိုက်ကြ၏။ 


ထို့နောက်တွင် သူ့စိတ်များ ပြန်လည်တည်ငြိမ်လာပြီး သူ့ခန္ဓာကိုယ်တွင်လည်း အနွေးဓာတ်များ ပြန်၍ ခံစားလိုက်ရသည်။ ထိုအချိန်တွင် လင်းဖန်၏ ကြီးမားသော ဓားကြီးက ရွေ့လျားရာမှ ရပ်တန့်သွားပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးများက အရပ်မျက်နှာအနှံ့မှ လိမ့်တက်လာကာ ဒေါသထွက်နေသည့် သားရဲတစ်ကောင်အလား လင်းဖန်ဆီသို့ ရွေ့လျားလာကြ၏။ ထိုစွမ်းအင်များက ဝမ်မျိုးနွယ်စုနယ်မြေ၏ ဂိတ်ဝတွင် ကြုံတွေ့ခဲ့ရသော စွမ်းအင်များထက်ပင် သာ၍ ကြောက်မက်ဖွယ် ကောင်းပေသည်။ 


တော်ဝင်လုပ်ကြံသတ်ဖြတ်သူများအဖွဲ့သည် လင်းဖန်မည်မျှ အစွမ်းထက်သည်ကို သိလိုက်ရသဖြင့် ဤတစ်ကြိမ်တွင် ပို၍ ကောင်းမွန်စွာ ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ 


" ဝီ "

ထိုစဉ် ကောင်းကင်ယံ၌ တလက်လက် စူးရှတောက်ပနေသော ဓားအလင်းတန်းများလည်း ထွက်ပေါ်လာကြ၏။ လင်းဖန် ခေါင်းမော့ကြည့်လိုက်ရာ နေတစ်စင်း ရှိနေသည်ကိုသာ မြင်လိုက်ရသည်။ ထိုလူက နေမင်း၏ စွမ်းအင်များကို စုပ်ယူကာ သူ့ဓားသိုင်းနှင့် ပေါင်းစပ်အသုံးပြုနေခြင်းပင် ဖြစ်၏။ 


" သေစမ်းကွာ " 

လင်းဖန် အော်ဟစ်လိုက်ပြီး သေမင်းကျိန်စာစွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ ထိုအချိန်မှာပင် သူ့ဓားမှလည်း တဝီဝီမြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက်တွင် လင်းဖန်သည် စူးရှချွန်ထက်သောဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဓားအလင်းတန်းများကလည်း သူ့အား ဝန်းရံထားလိုက်ကြသည်။ သူ၏ တျန်ကျီဓားကလည်း ကောင်းကင်ယံကိုဖြတ်ကာ ပျံသန်းသွားပြီး သူ့ရန်သူဆီသို့ အမြန်ဆုံးနှုန်းဖြင့် ရွေ့လျားသွားသည်။ 


" ဝှစ် ဝှစ် "

ထိုစဉ် သူ့အနောက်ဘက်တွင် ချီအချို့ ထွက်ပေါ်လာပြန်၏။ လင်းဖန်သည် ရုတ်ချည်းပင် အေးစက်သော အငွေ့အသက်များ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးခဲသွားတော့မတတ် ဖြစ်သွားသည်။ ၎င်းက သူ့အပေါ်ဘက်တွင် ရှိနေသော နေဓားနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ 


ထို့နောက် အခြား အသံတစ်သံ ထွက်ပေါ်လာပြန်ပြီး ဓားအလင်းတန်းအချို့က သူ့ထံသို့ ရွေ့လျားလာကြပြန်၏။ လင်းဖန်၏ မြင်ကွင်းထဲတွင် အဖြူရောင် အဝတ်စားများ ဝတ်ဆင်ထားသည့် လူရိပ်တစ်ခုကိုလည်း မြင်လိုက်ရသည်။ ထိုလူရိပ်မှာ ဓားတစ်လက်ကို ကိုင်တောင်ထားသည့် အလွန်ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်အသွင် ရှိနေ၏။ သို့သော် ထိုဓားက ပုံရိပ်ယောင် တစ်ခုသာ ဖြစ်ပေသည်။ ပုံရိပ်ယောင်အစွမ်းသည် ဓားစွမ်းအင်ထက် ပို၍ လျင်မြန်စွာ လှုပ်ရှားနိုင်၏။ 


လင်းဖန်အား သတ်ဖြတ်ရန် ကြိုးစားနေကြသည့် ကျင့်ကြံသူနှစ်ယောက်လုံးပင် ကြောက်မခန်းလိလိ အစွမ်းထက်ကြပြီး သတ်ဖြတ်ရာ၌ အထူးကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။ လင်းဖန်သည် လှုပ်ရှား၍ မရနိုင်တော့သကဲ့သို့ ခံစားလိုက်ရပြီး သူ လှုပ်ရှားလိုက်သည်နှင့် အသက် သေဆုံးသွားရတော့မည်ကဲ့သို့ ထင်လိုက်မိ၏။ 


" အမြင်နီး၍ ခရီးဝေး " 

လင်းဖန်က ပြောလိုက်သည်။ ထို့နောက် ရုတ်ချည်းပင် သူ ဥမင်လိုဏ်တစ်ခုထဲသို့ ရောက်သွား၏။ လင်းဖန်ဆီသို့ တိုးဝင်လာခဲ့ကြသော လူသုံးယောက်မှာလည်း သူ့အနီးသို့ မရောက်နိုင်ဘဲ ဖြစ်သွားကြသည်။ 


သို့သော် ထိုစဉ် လင်းဖန်သည် အမြင်နီး၍ခရီးဝေး ဥမင်ထဲမှ သူ့အား ဆွဲထုတ်ခြင်း ခံလိုက်ရတော့မည့်အလား ရုတ်ချည်း ခံစားလိုက်ရသည်။ ထို့နောက် သူ့အား မြူဆွယ်ရန် ကြိုးစားနေသည့် အသက်ရှုမှားလောက်အောင်ပင် လှပသော မိန်းမချောလေး တစ်ယောက်ကိုလည်း သူ မြင်လိုက်ရသည်။ ထိုမိန်းမပျိုသည် ဓားတစ်လက်ကို ကိုင်ထားပြီး သူမ၏ အဝတ်စားများအား တဖြည်းဖြည်း ချွတ်ပစ်နေ၏။ 


သို့သော် လင်းဖန်က မိန်းမပျိုကိုကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ ထိုပုံရိပ်ယောင်အစီအစဉ်က သူ့အပေါ်တွင် အလုပ်ဖြစ်မည်မဟုတ်ပေ။ ထိုသို့သော အစီအရင်မျိုးကို အသုံးပြုရာတွင် ရီရုံလဲ့က သူမထက် အဆပေါင်းသန်းချီ၍ပင် သာသေး၏။ 


"သေစမ်းကွာ" 

လင်းဖန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် ရုတ်ချည်းပင် သူ့မျက်လုံးများထဲမှ လမင်းအလင်းတန်းများ တိုးထွက်လာ၏။ ထိုမိန်းမပျိုမှာလည်း ယခင်ကကဲ့သို့ ညှို့ဓာတ်ပြင်းသည့်အသွင် ရှိမနေတော့ချေ။ လင်းဖန်၏ မျက်လုံးများမှ တိုးထွက်လာသည့် သေမင်းချီများက ထိုမိန်းမပျို၏ မျက်လုံးများထဲသို့ ရုတ်ချည်း တိုးဝင်သွားကြပြီး သူမ၏ ခေါင်းအား အတွင်းဘက်မှနေ၍ ပိုင်းဖြတ်လိုက်တော့သည်။ 


" ဝှစ် " 

ထိုမိန်းမပျိုအား သတ်ဖြတ်ပြီးသည်နှင့် အဖြူရောင်အဝတ်စားများ ဝတ်ဆင်ထားသည့် အခြားမိန်းမပျိုတစ်ယောက်က လင်းဖန်ဆီသို့ တိုးဝင်သွားပြန်၏။ သူမ၏ ဓားအလင်းတန်းများကလည်း လင်းဖန်၏ လည်မျိုသို့ ဦးတည်ရွေ့လျားသွားကြသည်။ 


"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ"

လင်းဖန် တွေးလိုက်သည်။ ထိုမိန်းမပျိုမှာလည်း လင်းဖန်၏ ပုံရိပ်ယောင်ထဲမှာပင် ရှိနေပြီး စောစောက လင်းဖန် သတ်ဖြတ်ခဲ့သည့် မိန်းမပျိုနှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ 


" ယား "

လင်းဖန်က ဒေါသတကြီး အော်ဟစ်လိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွား၏။ သူ့အနောက်ဘက်တွင် နတ်ဆိုးဘုရင်တစ်ပါးလည်း ထွက်ပေါ်လာသည်။ 


အကယ်၍ လင်းဖန်သာ သူ၏ ဟင်းလင်းပြင်ဝတ်ရုံကို အသုံးမပြုခဲ့ပါက ထိုသို့သော ကြောက်မက်ဖွယ် အခြေအနေများအတွင်း သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် သေဆုံးပြီးနေလောက်ပြီဖြစ်သည်။ 


" ဘုန်း " 

မြေပြင်တစ်ခုလုံး တုန်ခါသွားပြန်၏။ လင်းဖန်က နတ်ဆိုးလက်တစ်ဖက်ကို ကိုယ်စားပြုသည့် လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ ၎င်းမှ ဓားစွမ်းအင်များလည်း တိုးထွက်လာ၏။ သူ့လက်တစ်ဖက်ကပင် သူ့ရန်သူ၏ ခန္ဓာကိုယ်ထက် ပို၍ ကြီးမားနေသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအင်များက လင်းဖန်၏ နတ်ဆိုးလက်ထဲသို့ ထိုးဖောက်ဝင်သွားကြသော်လည်း ထိုလက်အား ပျက်စီးသွားအောင် မလုပ်နိုင်ခဲ့ပေ။ 


" ဝီ ဝီ ဝီ "

ထိုစဉ် လင်းဖန်၏ ဘေးပတ်လည် လေထုထဲ၌ လုပ်ကြံသတ်ဖြတ်သူလေးယောက် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။ သူတို့ လင်းဖန်နှင့် ရှင်းရမည့် ကိစ္စများ ကျန်ရှိနေသေးသည်။ 


ထိုလူများ၏ စွမ်းအင်များက လင်းဖန်ဆီသို့ တစ်ပြိုင်နက်တည်း ရွေ့လျားလာကြ၏။ သူ့ဘေးပတ်လည်တွင် ထိုလူများအားလုံး ဝန်းရံထားကြသည်ဖြစ်ရာ ဤတစ်ကြိမ်တွင် ထွက်ပြေးလွတ်မြောက်ရန်အတွက် သူ၏ ဟင်းလင်းပြင်ဝတ်ရုံကိုပင် အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ချေ။


Zawgyi

အပိုင္း ( ၁၄၅၄ )

စစ္မွန္ေသာ လုပ္ႀကံသတ္ျဖတ္သူ


ထိုစဥ္ သူ႔အနီး၌ အသိအမွ်င္တန္းတစ္ခု ဝန္းရံလာသည္ကို လင္းဖန္ ႐ုတ္ခ်ည္း အာ႐ုံခံလိုက္မိသည္။ သူ ေနာက္လွည့္ၾကည့္လိုက္ရာ လုပ္ႀကံသတ္ျဖတ္သူ၏ ဦးေႏွာက္ထဲတြင္ ရွိေနခဲ့ေသာ အသိအမွ်င္တန္းက ေပ်ာက္ကြယ္မသြားခဲ့ဘဲ သူ႔ထံသို႔ ေ႐ြ႕လ်ားလာေနသည္ကိုေတြ႕ကာ အံ့အားသင့္သြား၏။ 


"ဖ်က္ဆီးပစ္" 

လင္းဖန္က ေျပာလိုက္ၿပီး ဓားစြမ္းအင္မ်ား ထုတ္လႊတ္လိုက္သည္။ သို႔ေသာ္ ထိုနတ္ဘုရားအသိ အမွ်င္တန္းက ေျမာက္မ်ားစြာေသာ ၾကယ္ေလးမ်ားအျဖစ္ ၿပိဳကြဲသြားၿပီး လင္းဖန္ဆီသို႔ ဆက္လက္ေ႐ြ႕လ်ားလာၾက၏။ 


လင္းဖန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ထိုနတ္ဘုရားအသိအား ၾကည့္လိုက္သည္။ ၎က သူ႔အဝတ္အစားမ်ားအတြင္းသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားၾက၏။ 


"ဒါ ဘယ္လို ေမွာ္ပညာရပ္မ်ိဳးပါလိမ့္" 

လင္းဖန္ တီးတိုးေရ႐ြတ္လိုက္သည္။ ထိုစြမ္းအင္ကိုလည္း သူ အာ႐ုံမခံမိေတာ့ေခ်။ 


" သူတို႔ ငါ့ကို ေနာက္ေယာင္ခံလိုက္ေနၾကတာမ်ားလား "

လင္းဖန္ ေတြးလိုက္သည္။ ၎က သူ႔လႈပ္ရွားမႈမ်ားအား ေနာက္ေယာင္ခံလိုက္ရန္ စီစဥ္ထားေသာ နည္းလမ္းေပလား မေျပာႏိုင္ေခ်။ သို႔ေသာ္ လင္းဖန္သည္ ထိုကိစၥအား မ်ားစြာ စဥ္းစားမေနဘဲ ဓားၿမိဳ႕ေတာ္ဆီသို႔သာ အျမန္ႏႈန္းအျပည့္ျဖင့္ ေ႐ြ႕လ်ားသြားလိုက္၏။ 


ဓားၿမိဳ႕ေတာ္အနီးသို႔ လင္းဖန္ ေရာက္ေသာအခါ ထိုေနရာတြင္ သူ႔အား ေစာင့္ဆိုင္းေနၾကေသာ လူအခ်ိဳ႕ပင္ ရွိေနၾကသည္ကို သိလိုက္ရသည္။ သူ ထိုလူမ်ားအား မျမင္ႏိုင္ေသာ္လည္း ထူးဆန္းေသာ အသံအခ်ိဳ႕ ၾကားလိုက္ရၿပီး ထိုအသံမ်ားေၾကာင့္ စိတ္မသက္မသာ ခံစားလိုက္ရ၏။ 


လင္းဖန္သည္ ႀကိဳးစား၍ တည္ၿငိမ္စြာပင္ ေနလိုက္ၿပီး သူ၏ နတ္ဘုရားအသိကို ထုတ္လႊတ္လိုက္သည္။ ထို႔ေနာက္ အကယ္၍ သူ႔လႈပ္ရွားမႈမ်ားအား ေနာက္ေယာင္ခံ လိုက္ေနခဲ့သည္ရွိေသာ္ တိုက္ခိုက္ရန္ အသင့္ျပင္ထားလိုက္သည္။ 


ထိုစဥ္ သူ႔ေခါင္းထဲတြင္ ရွိေနေသာ အသံမ်ားက ပို၍ က်ယ္ေလာင္လာ၏။ သူ အခ်ိန္မေ႐ြး ေသသြားေတာ့မည္ကဲ့သို႔လည္း ခံစားလိုက္ရသည္။ လင္းဖန္သည္ ေနေရာင္ေအာက္တြင္ ရပ္ေနေသာ္လည္း ထိုအသံမ်ားေၾကာင့္ သူ႔တစ္ကိုယ္လုံး ေအးစက္လာ၏။ ၎က သူ၏ ဝိညာဥ္ကိုးေကာင္ နတ္ဆိုးသီခ်င္းႏွင့္ တူလွေပသည္။ 


"ေၾကာက္စရာ ေကာင္းလိုက္တဲ့ အသံလႈိင္း ပညာရပ္ပဲ။ အဲဒီအသံက ေကာင္းကင္နဲ႔ ေျမႀကီးရဲ႕ အရွိန္အတိုင္း ျမည္ဟည္းေနတာ "

လင္းဖန္ ေတြးလိုက္သည္။ 


လင္းဖန္ ေဘးပတ္လည္သို႔ လွည့္ၾကည့္လိုက္ရာ သူႏွင့္ လမ္းတစ္လမ္းတည္းတြင္ ေလွ်ာက္ေနေသာ လူအခ်ိဳ႕အား ေတြ႕လိုက္ရသည္။ ေနေရာင္ေၾကာင့္ သူ႔ခႏၶာကိုယ္တစ္ခုလုံး အနည္းငယ္ ေႏြးေထြးလာသကဲ့သို႔လည္း ခံစားလိုက္ရ၏။ သို႔ေသာ္ ထိုအသံမ်ားက သူ႔ေခါင္းထဲတြင္ ပဲ့တင္ထပ္ေနဆဲျဖစ္သည္။ 


ထိုခံစားမႈက တျဖည္းျဖည္း ပို၍ ျပင္းထန္လာ၏။ ထိုအသံလႈိင္းမ်ားက သူ၏ စိတ္ဆႏၵအား စတင္တိုက္ခိုက္လာၾကသည္။ 


လင္းဖန္ တင္ပ်ဥ္ေခြ ထိုင္ခ်လိုက္ၿပီး မႏၲန္တစ္ခု ႐ြတ္ဖတ္လိုက္သည္။ သူ႔အသံတြင္ အသက္ဓာတ္ စြမ္းအင္မ်ား ပါဝင္ေနၿပီး ထိုစြမ္းအင္မ်ားက သူ႔ခႏၶာကိုယ္အား ဝန္းရံလိုက္ၾက၏။ 


ထို႔ေနာက္တြင္ သူ႔စိတ္မ်ား ျပန္လည္တည္ၿငိမ္လာၿပီး သူ႔ခႏၶာကိုယ္တြင္လည္း အေႏြးဓာတ္မ်ား ျပန္၍ ခံစားလိုက္ရသည္။ ထိုအခ်ိန္တြင္ လင္းဖန္၏ ႀကီးမားေသာ ဓားႀကီးက ေ႐ြ႕လ်ားရာမွ ရပ္တန္႔သြားၿပီး ေၾကာက္မက္ဖြယ္ စြမ္းအင္လႈိင္းလုံးႀကီးမ်ားက အရပ္မ်က္ႏွာအႏွံ႔မွ လိမ့္တက္လာကာ ေဒါသထြက္ေနသည့္ သားရဲတစ္ေကာင္အလား လင္းဖန္ဆီသို႔ ေ႐ြ႕လ်ားလာၾက၏။ ထိုစြမ္းအင္မ်ားက ဝမ္မ်ိဳးႏြယ္စုနယ္ေျမ၏ ဂိတ္ဝတြင္ ႀကဳံေတြ႕ခဲ့ရေသာ စြမ္းအင္မ်ားထက္ပင္ သာ၍ ေၾကာက္မက္ဖြယ္ ေကာင္းေပသည္။ 


ေတာ္ဝင္လုပ္ႀကံသတ္ျဖတ္သူမ်ားအဖြဲ႕သည္ လင္းဖန္မည္မွ် အစြမ္းထက္သည္ကို သိလိုက္ရသျဖင့္ ဤတစ္ႀကိမ္တြင္ ပို၍ ေကာင္းမြန္စြာ ျပင္ဆင္လာခဲ့ျခင္းျဖစ္သည္။ 


" ဝီ "

ထိုစဥ္ ေကာင္းကင္ယံ၌ တလက္လက္ စူးရွေတာက္ပေနေသာ ဓားအလင္းတန္းမ်ားလည္း ထြက္ေပၚလာၾက၏။ လင္းဖန္ ေခါင္းေမာ့ၾကည့္လိုက္ရာ ေနတစ္စင္း ရွိေနသည္ကိုသာ ျမင္လိုက္ရသည္။ ထိုလူက ေနမင္း၏ စြမ္းအင္မ်ားကို စုပ္ယူကာ သူ႔ဓားသိုင္းႏွင့္ ေပါင္းစပ္အသုံးျပဳေနျခင္းပင္ ျဖစ္၏။ 


" ေသစမ္းကြာ " 

လင္းဖန္ ေအာ္ဟစ္လိုက္ၿပီး ေသမင္းက်ိန္စာစြမ္းအင္မ်ား ထုတ္လႊတ္လိုက္သည္။ ထိုအခ်ိန္မွာပင္ သူ႔ဓားမွလည္း တဝီဝီျမည္သံမ်ား ထြက္ေပၚလာ၏။ ထို႔ေနာက္တြင္ လင္းဖန္သည္ စူးရွခြၽန္ထက္ေသာဓားတစ္လက္အျဖစ္ ေျပာင္းလဲသြားၿပီး ဓားအလင္းတန္းမ်ားကလည္း သူ႔အား ဝန္းရံထားလိုက္ၾကသည္။ သူ၏ တ်န္က်ီဓားကလည္း ေကာင္းကင္ယံကိုျဖတ္ကာ ပ်ံသန္းသြားၿပီး သူ႔ရန္သူဆီသို႔ အျမန္ဆုံးႏႈန္းျဖင့္ ေ႐ြ႕လ်ားသြားသည္။ 


" ဝွစ္ ဝွစ္ "

ထိုစဥ္ သူ႔အေနာက္ဘက္တြင္ ခ်ီအခ်ိဳ႕ ထြက္ေပၚလာျပန္၏။ လင္းဖန္သည္ ႐ုတ္ခ်ည္းပင္ ေအးစက္ေသာ အေငြ႕အသက္မ်ား ခံစားလိုက္ရၿပီး တစ္ကိုယ္လုံး ေအးခဲသြားေတာ့မတတ္ ျဖစ္သြားသည္။ ၎က သူ႔အေပၚဘက္တြင္ ရွိေနေသာ ေနဓားႏွင့္ ဆန္႔က်င္ဘက္ပင္ ျဖစ္သည္။ 


ထို႔ေနာက္ အျခား အသံတစ္သံ ထြက္ေပၚလာျပန္ၿပီး ဓားအလင္းတန္းအခ်ိဳ႕က သူ႔ထံသို႔ ေ႐ြ႕လ်ားလာၾကျပန္၏။ လင္းဖန္၏ ျမင္ကြင္းထဲတြင္ အျဖဴေရာင္ အဝတ္စားမ်ား ဝတ္ဆင္ထားသည့္ လူရိပ္တစ္ခုကိုလည္း ျမင္လိုက္ရသည္။ ထိုလူရိပ္မွာ ဓားတစ္လက္ကို ကိုင္ေတာင္ထားသည့္ အလြန္ေခ်ာေမာလွပေသာ မိန္းမပ်ိဳေလးတစ္ေယာက္အသြင္ ရွိေန၏။ သို႔ေသာ္ ထိုဓားက ပုံရိပ္ေယာင္ တစ္ခုသာ ျဖစ္ေပသည္။ ပုံရိပ္ေယာင္အစြမ္းသည္ ဓားစြမ္းအင္ထက္ ပို၍ လ်င္ျမန္စြာ လႈပ္ရွားႏိုင္၏။ 


လင္းဖန္အား သတ္ျဖတ္ရန္ ႀကိဳးစားေနၾကသည့္ က်င့္ႀကံသူႏွစ္ေယာက္လုံးပင္ ေၾကာက္မခန္းလိလိ အစြမ္းထက္ၾကၿပီး သတ္ျဖတ္ရာ၌ အထူးကြၽမ္းက်င္ၾကသူမ်ား ျဖစ္ၾကသည္။ လင္းဖန္သည္ လႈပ္ရွား၍ မရႏိုင္ေတာ့သကဲ့သို႔ ခံစားလိုက္ရၿပီး သူ လႈပ္ရွားလိုက္သည္ႏွင့္ အသက္ ေသဆုံးသြားရေတာ့မည္ကဲ့သို႔ ထင္လိုက္မိ၏။ 


" အျမင္နီး၍ ခရီးေဝး " 

လင္းဖန္က ေျပာလိုက္သည္။ ထို႔ေနာက္ ႐ုတ္ခ်ည္းပင္ သူ ဥမင္လိုဏ္တစ္ခုထဲသို႔ ေရာက္သြား၏။ လင္းဖန္ဆီသို႔ တိုးဝင္လာခဲ့ၾကေသာ လူသုံးေယာက္မွာလည္း သူ႔အနီးသို႔ မေရာက္ႏိုင္ဘဲ ျဖစ္သြားၾကသည္။ 


သို႔ေသာ္ ထိုစဥ္ လင္းဖန္သည္ အျမင္နီး၍ခရီးေဝး ဥမင္ထဲမွ သူ႔အား ဆြဲထုတ္ျခင္း ခံလိုက္ရေတာ့မည့္အလား ႐ုတ္ခ်ည္း ခံစားလိုက္ရသည္။ ထို႔ေနာက္ သူ႔အား ျမဴဆြယ္ရန္ ႀကိဳးစားေနသည့္ အသက္ရႈမွားေလာက္ေအာင္ပင္ လွပေသာ မိန္းမေခ်ာေလး တစ္ေယာက္ကိုလည္း သူ ျမင္လိုက္ရသည္။ ထိုမိန္းမပ်ိဳသည္ ဓားတစ္လက္ကို ကိုင္ထားၿပီး သူမ၏ အဝတ္စားမ်ားအား တျဖည္းျဖည္း ခြၽတ္ပစ္ေန၏။ 


သို႔ေသာ္ လင္းဖန္က မိန္းမပ်ိဳကိုၾကည့္ကာ ေအးစက္စက္ ၿပဳံးလိုက္သည္။ ထိုပုံရိပ္ေယာင္အစီအစဥ္က သူ႔အေပၚတြင္ အလုပ္ျဖစ္မည္မဟုတ္ေပ။ ထိုသို႔ေသာ အစီအရင္မ်ိဳးကို အသုံးျပဳရာတြင္ ရီ႐ုံလဲ့က သူမထက္ အဆေပါင္းသန္းခ်ီ၍ပင္ သာေသး၏။ 


"ေသစမ္းကြာ" 

လင္းဖန္ ေဒါသတႀကီး ေအာ္ဟစ္လိုက္သည္။ ထို႔ေနာက္ ႐ုတ္ခ်ည္းပင္ သူ႔မ်က္လုံးမ်ားထဲမွ လမင္းအလင္းတန္းမ်ား တိုးထြက္လာ၏။ ထိုမိန္းမပ်ိဳမွာလည္း ယခင္ကကဲ့သို႔ ညႇိဳ႕ဓာတ္ျပင္းသည့္အသြင္ ရွိမေနေတာ့ေခ်။ လင္းဖန္၏ မ်က္လုံးမ်ားမွ တိုးထြက္လာသည့္ ေသမင္းခ်ီမ်ားက ထိုမိန္းမပ်ိဳ၏ မ်က္လုံးမ်ားထဲသို႔ ႐ုတ္ခ်ည္း တိုးဝင္သြားၾကၿပီး သူမ၏ ေခါင္းအား အတြင္းဘက္မွေန၍ ပိုင္းျဖတ္လိုက္ေတာ့သည္။ 


" ဝွစ္ " 

ထိုမိန္းမပ်ိဳအား သတ္ျဖတ္ၿပီးသည္ႏွင့္ အျဖဴေရာင္အဝတ္စားမ်ား ဝတ္ဆင္ထားသည့္ အျခားမိန္းမပ်ိဳတစ္ေယာက္က လင္းဖန္ဆီသို႔ တိုးဝင္သြားျပန္၏။ သူမ၏ ဓားအလင္းတန္းမ်ားကလည္း လင္းဖန္၏ လည္မ်ိဳသို႔ ဦးတည္ေ႐ြ႕လ်ားသြားၾကသည္။ 


"ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းတဲ့ တိုက္ခိုက္မႈလဲ"

လင္းဖန္ ေတြးလိုက္သည္။ ထိုမိန္းမပ်ိဳမွာလည္း လင္းဖန္၏ ပုံရိပ္ေယာင္ထဲမွာပင္ ရွိေနၿပီး ေစာေစာက လင္းဖန္ သတ္ျဖတ္ခဲ့သည့္ မိန္းမပ်ိဳႏွင့္အတူ ဝင္ေရာက္လာခဲ့ျခင္းျဖစ္သည္။ 


" ယား "

လင္းဖန္က ေဒါသတႀကီး ေအာ္ဟစ္လိုက္ရာ ေျမျပင္တစ္ခုလုံး တုန္ခါသြား၏။ သူ႔အေနာက္ဘက္တြင္ နတ္ဆိုးဘုရင္တစ္ပါးလည္း ထြက္ေပၚလာသည္။ 


အကယ္၍ လင္းဖန္သာ သူ၏ ဟင္းလင္းျပင္ဝတ္႐ုံကို အသုံးမျပဳခဲ့ပါက ထိုသို႔ေသာ ေၾကာက္မက္ဖြယ္ အေျခအေနမ်ားအတြင္း သူ အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ပင္ ေသဆုံးၿပီးေနေလာက္ၿပီျဖစ္သည္။ 


" ဘုန္း " 

ေျမျပင္တစ္ခုလုံး တုန္ခါသြားျပန္၏။ လင္းဖန္က နတ္ဆိုးလက္တစ္ဖက္ကို ကိုယ္စားျပဳသည့္ လက္တစ္ဖက္အား ဆန္႔ထုတ္လိုက္သည္။ ၎မွ ဓားစြမ္းအင္မ်ားလည္း တိုးထြက္လာ၏။ သူ႔လက္တစ္ဖက္ကပင္ သူ႔ရန္သူ၏ ခႏၶာကိုယ္ထက္ ပို၍ ႀကီးမားေနသည္။ ေၾကာက္မက္ဖြယ္ ဓားစြမ္းအင္မ်ားက လင္းဖန္၏ နတ္ဆိုးလက္ထဲသို႔ ထိုးေဖာက္ဝင္သြားၾကေသာ္လည္း ထိုလက္အား ပ်က္စီးသြားေအာင္ မလုပ္ႏိုင္ခဲ့ေပ။ 


" ဝီ ဝီ ဝီ "

ထိုစဥ္ လင္းဖန္၏ ေဘးပတ္လည္ ေလထုထဲ၌ လုပ္ႀကံသတ္ျဖတ္သူေလးေယာက္ တစ္ၿပိဳင္နက္တည္း ထြက္ေပၚလာၾက၏။ သူတို႔ လင္းဖန္ႏွင့္ ရွင္းရမည့္ ကိစၥမ်ား က်န္ရွိေနေသးသည္။ 


ထိုလူမ်ား၏ စြမ္းအင္မ်ားက လင္းဖန္ဆီသို႔ တစ္ၿပိဳင္နက္တည္း ေ႐ြ႕လ်ားလာၾက၏။ သူ႔ေဘးပတ္လည္တြင္ ထိုလူမ်ားအားလုံး ဝန္းရံထားၾကသည္ျဖစ္ရာ ဤတစ္ႀကိမ္တြင္ ထြက္ေျပးလြတ္ေျမာက္ရန္အတြက္ သူ၏ ဟင္းလင္းျပင္ဝတ္႐ုံကိုပင္ အသုံးျပဳ၍ ရႏိုင္ေတာ့မည္ မဟုတ္ေခ်။

Report Page