(13.2)

(13.2)

Your Baobae(kp)

(13.2) 


'' ဒီနေ့ ကုပ္မဏီ ကို ဓာတ်ပုံ ရှုတင် ရိုက်ဖို့ အတွက် လာတဲ့ ချောမောခန့်ညား တဲ့ ကောင်လေး ကို နင်မြင် လိုက်ရ လား? ''


'' ငါ မြင်လိုက် ရတယ်။ မြင်လိုက် ရပါ့။ သူက ဒီ အသိုင်းအဝိုင်း ထဲက မဟုတ်ဘူး ရယ်။ အနည်းဆုံးတော့ သူ့ရဲ့ နာမည် ကိုတောင် ငါမကြား ဘူးဘူးရယ်။ တကယ်လို့ သူသာ ပွဲဦးထွက်ခဲ့ မယ်ဆိုရင် အရမ်းကို ကျော်ကြားနေမှာဟဲ့။ အဲ့မျက်နှာလေး အတွက် ငါတော့ ပွဲလက်မှတ်တွေ ဝယ်ပြီး အားပေးမှာ အမှန်ပဲ ''


'' အမလေး သူ့ကို အထင်သေး မနေနဲ့နော်။ အဲ့လူကို တိုက်ရိုက် ဆက်သွယ် ပြီးတော့ ခန့်လိုက်တာ လို့ ငါကြား ခဲ့ရတာပဲ။ ကြည့်ရတာ ကုပ္မဏီ က တစ်ခြား တစ်ယောက် နဲ့ အချိတ် အဆက် (🌚) ရှိထား ပုံရတယ် ''



'' အဲ့တာ တော့ မဟုတ်လောက်ပါဘူး ။ သူ ရတဲ့ ဟာက ဘရန်း က အကြီးလည်း မဟုတ်ဘူးလေ ''


'' ကြည့်စမ်း ပါအုံး။ နင်က အရမ်းကို ဖြူစင် ရိုးသား လွန်းနေတာ ပဲ။ အဲ့လူ ရဲ့နောက်မှာ တစ်ယောက် ယောက် ရှိနေတာ ပဲ ဆိုတာ ကို ပြသ နေတာ ပဲ မဟုတ်ဘူး လား။ ထောက်ပံ့ပေး သူ မရှိရင် တစ်ခြား တစ်ယောက် ရမယ့် ဟာကို ဘယ်လိုလုပ် လုယူ နိုင်မှာ တဲ့လဲ။ အမှန်တရားကို သဘောပေါက် စမ်းပါဟယ်။ ဒါက ထောက်ပံ့ သူက သူ့ရဲ့ ချောမောလှတဲ့ ဘေဘီလေး အတွက် လမ်းခင်း ပေးတာ ဖြစ်မှာ ပေါ့အေ ''



'' သေစမ်း နင်က အဲ့တာကို ပြောတဲ့ အခါ ဘာလို့များ အဓိပ္ပာယ် နည်းနည်း ပိုရှိလာ သလို ပြောနေ ရတာလဲ။ သူ့ကို ဘယ်သူ က ထောက်ပံံ့ ပေးနေတာ လဲ ဆိုတဲ့ အတွင်း သတင်း တွေ ဘာတွေ နင်ရထားတာ လား? ''


'' အတိုချုပ်ရရင် အဲ့ ထောက်ပံ့သူ က ငါတို့တောင် လက်လှမ်းမမှီတဲ့ သူ ဖြစ်နေ နိုင်တယ်လေ.......''


စကားဝိုင်းရဲ့ အသံတွေက တဖြေးဖြေး နဲ့ ဖျော့တော့ သွားလေတယ်။ ပြီးတော့ ချုအန်း က နေရာမှာ တင် ရပ်နေမိကာ သူ့ရဲ့ နှုတ်ခမ်းတွေကို တင်းနေအောင် ကိုက်ထားတာ ကြောင့် နှုတ်ခမ်းသား တစ်ချို့က ဖြူဖျော့ နေလေတယ်။ 


အစမ်းရိုက် ပြီးတဲ့ နောက် ပထမဆုံး တရားဝင် ရိုက်ကူးရေး က မကြာခင်မှာ ပဲ ရောက်လာ တော့ လေတယ်။ ဒါပေမယ့် အဲ့ ရက်မှာ ဝမ်ဟန် ရဲ့ အလှည့် ဖြစ်တဲ့ အတွက် ကြောင့် နန်ဟွေး နဲ့ အတူတူ မလိုက် နိုင်ပါပေ။ ဒါကြောင့် တစ်ဖက် လူကို ရောက်တဲ့ အချိန် သူ့ကို တန်းပြီး မက်ဆေ့ချ် လှမ်းပို့ပေး ဖို့ ပြောခဲ့ လေတယ်။ နန်ဟွေး က မသက်မသာ နဲ့ ပြန်ကြည့် လိုက်ပြီးတော့ သူက သုံးနှစ် အရွယ် ကလေး တစ်ယောက် မဟုတ်တော့ ကြောင်း ပြန်ပြောခဲ့တယ်လေ။ 



နန်ဟွေး က အဲ့နေရာကို တစ်ခါသာ ရောက်ဘူးတာ ဖြစ်ပေမယ့် ထိုနေရာကို သွား ရမယ့် လမ်းတွေကို သိပြီးသား ဖြစ်လေတယ်။ ပြီးတော့ ဝမ်ဟန် ကလည်း နန်ဟွေးရဲ့ ဖုန်းထဲမှာ မှတ်ပေး ထားတဲ့ အတွက်ကြောင့် နန်ဟွေး မေ့သွားရင် တောင်မှ အလွယ်လေး ပြန်ကြည့် လို့ ရလေတယ်။ 



လုပ်ငန်းစဥ် တစ်ခုလုံး ကို ကြည့်လိုက် တာနဲ့ တင် နန်ဟွေး က လမ်းတွေကို မှတ်မိပြီးသားဖြစ် လေတယ်။ 


ပထမဆုံး ရိုက်ရမယ့် အဝတ်အစား တစ်သုတ် က အစမ်းရိုက်တုံး က အဝတ်အစား တွေထက် ပိုပြီးတော့ များပြား လေတယ်။ ဒါကြောင့် ရိုက်ကူးရေး လုပ်ရတဲ့ အချိန်က အစမ်းရိုက်တဲ့ အချိန်တုံး ထက်တောင် ပိုပြီးတော့ ကြာလေတယ်။ 



ပြီးဆုံးသွားတဲ့ အချိန်မှာတော့ နန်ဟွေး ခမျာ သူ့ရဲ့ ခြေတွေရော လက်တွေ ပါ အနည်းငယ် နာကျင် နေပြီလို့ ခံစား ရ လေတယ်။ သူက စတူရီယို ကနေ ထွက်လာတာ ပြီးတော့ ခဏ ထိုင်စရာ နေရာလေးကို တိတ်တိတ်လေး ရှာကြည့် မိလေတယ်။ 



သူက ဘာမှ မရှိတဲ့ ထောင့်နားလေး မှာ ဆောင့်ကြောင့် ထိုင်ချ ပြီးတော့ နာကျင် ညောင်းညာ နေတဲ့ ကြွက်သား တွေကို နှိပ်နယ်နေ ခဲ့လေတယ်။ 


သူလည်း ဆောင့်ကြောင် ထိုင်ပြီး သိပ်မကြာ ခင်မှာပဲ သူ့ရှေ့မှာ ဖိနပ် တစ်စုံ က လာရပ်တာ ကို နန်ဟွေး တွေ့လိုက် ရ လေတယ်။ 



နန်ဟွေး က မသိလိုက်ပါ ပဲနဲ့ သူ့ရဲ့ ခေါင်းကို မော့ကြည့်လိုက် မိလေတယ်။ မရင်းနှီး ပေမယ့် အတော်လေး ကြည့်လို့ လှကာ ငယ်ရွယ်တဲ့ အမျိုးသား တစ်ယောက် ကို တွေ့လိုက် ရ လေတယ်။ 


ဒီလို အနေအထား ကြီးနဲ့ ကြည့်နေရတာ အတော်လေး ရှက်စရာ ကောင်းလေတယ်။ ဒါကြောင့် နန်ဟွေး က ထပြီး မက်တပ်ရပ် ဖို့လုပ် လိုက်ပေမယ့် အချိန်အတော်ကြာ ဆောင့်​ကြောင့် ထိုင်ပြီး တဲ့နောက် သူ့ရဲ့ ခြေထောက် တွေက ထုံကျင် နေပြီပဲ ဖြစ်လေတယ်။ ပြီးတော့ ထရပ် ပြီးပြီးချင်း မှာပဲ သူက အနောက်ကို လန်ပြီး လှဲကျတော့ မလို ဖြစ်သွား လေတယ်။ 


ကံကောင်းစွာနဲ့ ပဲ သူ့ရဲ့ က လူက အချိန်မှီ သူ့ရဲ့ ပုခုံး ကို လှမ်းပြီး ဆုပ်ကိုင် လိုက် နိုင်တယ်လေ။ 


'' ကျေးဇူး တင်ပါတယ် ''



တစ်ခြား လူရဲ့ အကူအညီ နဲ့ အတူ နန်ဟွေး က သေချာ ပြန်ရပ် လိုက်ပြီးတော့ ရှက်ရွံ့ စွာနဲ့ ပြောလိုက် လေတယ်။ 



'' ဘာကိစ္စ ရှိလို့ လဲ ခမျ? ''



ချုအန်း က အရမ်းကို ငြင်သာစွာ ပြုံးပြ လိုက် ပြီးတော့ မေးလာ လေတယ်။ 


'' မင်းကို ကြည့်ရတာ မရင်းနှီးဘူးနော်။ မင်းက ဒီကို အသစ် ရောက်လာတဲ့ သူလား ''


နန်ဟွေး က တစ်ခဏ တော့ တွေးလိုက် မိလေတယ်။ တကယ်ပဲ သူက ဓာပုံ ရ်ိုက်ကူး ရေး အတွက် ပထမဆုံး ဒီနေရာကို ရောက်လာ ခဲ့တယ် ဆိုတာ က အမှန်ပဲလေ။ ဒါကြောင့် သူက ခေါင်းကို ငြိမ့်ပြ လိုက်လေတယ်။ 



'' မင်းက ဒီနေရာ ပတ်ဝန်းကျင် နဲ့ သိပ်ပြီးတော့ ရင်းနှီး သေးလောက် မှာ မဟုတ်ဘူး ။ ဟုတ်တယ် ဟုတ် ''


ချုအန်း က အချိန်ကို ကြည့်လိုက် လေတယ်။ 


'' အခု က ညစာ စားဖို့ အချိန်တောင် ရောက်နေ ပြီပဲ။ မင်း ငါနဲ့ အတူ ထမင်းတစ်နပ် လောက် လိုက်စား ကြမလား။ ငါက ဒီနေရာနဲ့ အတော်လေး ရင်းနှီး ပါတယ်။ ဒါကြောင့် ငါ မင်းကို လျောက်ပတ် ကြည့်ဖို့ ခေါ်သွား ပေးမယ်လေ ''


 

'' မလို အပ်ပါဘူး ''



နန်ဟွေး က ကြွပ်ဆပ် စွာနဲ့ ပြန်ပြော လိုက်လေတယ်။ 


သူက အဲ့လောက် တုံးအ နေတဲ့ သူမှ မဟုတ်တာ။ သူနဲ့ တောင် တစ်ခါမှ မရင်းနှီး မသိကျွမ်း ဘူးတဲ့ လူ တစ်ယောက် က သူ့ကို ထမင်း တစ်နပ် အတူစား ဖို့ ဖိတ်ပြီးတော့ လျောက်ပတ် ကြည့်ဖို့ လည်း ခေါ်တယ် ဆိုကတည်း က ထို လူမှာ သူ့အပေါ် ရည်ရွယ်ချက် တစ်ခု မှ မရှိနိုင် ပါဘူး ဆိုတာ ကို သူမယုံကြည် ပါပေ။ 



နန်ဟွေး ရဲ့ ရိုးစင်း လှတဲ့ ဘာမှ သတိမမူမိတဲ့ မျက်နှာလေး ကို တွေ့တော့ စကားပြောရတာ လွယ်ကူ တဲ့ လူ တစ်ယောက် ဖြစ်လိမ့်မယ် လို့ ချုအန်း က ထင်လိုက် မိတာပဲ ဖြစ်လေတယ်။ 



နန်ဟွေး က သူ့ကို ဒီလောက် အမြန်ကြီး ငြင်းပယ် လိမ့်မယ် လို့ သူ မမျှော်လင့်ထားတာ ကြောင့် နေရာမှာတင် အေးခဲ နေလေတယ်။ 



'' တောင်းပန်ပါတယ် ။ ကျွန်တော် အိမ်မှာ လုပ်စရာ ကိစ္စလေး ရှိလို့ ​အမြန်သွားလိုက် ပါ အုံးမယ်''



နန်ဟွေး က သူ့ပုခုံးပေါ် တင်ထားတဲ့ ချုအန်း ရဲ့ လက်ကို ဖယ်ချကာ စကားပြော ပြီးတာနဲ့ ဓာတ်လှေကား ရှိရာ စီ အမြန်လေး ပြေးသွား တော့လေတယ်။ 



ချုအန်း ရဲ့ နှုတ်ခမ်း တွေက လှုပ်သွား ပြီးတော့ ခါးသီးမှုတွေက သူ့ရဲ့ လည်ချောင်း ထဲကနေ ဆန်တက် လာခဲ့တော့ လေတယ်။ 



______



'' မင်းရဲ့ ယုန်လေး အတွက် သင့်တော်တဲ့ အလုပ်တစ်ခုကို ရှာပေး ရတာ ဘယ်လောက်တောင် ခက်ခဲတယ် ထင်နေ သလဲ။ ငါ့ရဲ့ အမွှေးတွေ တောငမ အတော်များများ ကျွတ်ကုန်ပြီကွ ''



ကျင်းထန် က ဆိုဖာ ပေါ်မှာ ထိုင်နေတဲ့ အမျိုးသား ကို တစ်ချက် ကြည့်ပြီးတော့ ပြောလိုက် လေတယ်။ 



'' ဘယ်လို ပဲ ဖြစ်ပါစေ မင်းမှာက အမွှေးတွေ အများကြီး ရှိနေ ပြီးသားလေ ''


'' မင်းက လူသား မဟုတ်ဘူးပဲ ''

(စာနာမှုမရှိတာ)



ဟော်လင်း က ရက်စက်စွာ ​ပြောလာ လေတယ်။ 



'' မင်းလည်း အတူတူ ပဲ မဟုတ်ဘူး လား ''

( အမှန်ကိုပြောတာ)



ကျင်းထန် က ကော်ဖီ တစ်ငုံကို တိတ်နဆိတ် စုပ်သောက် လိုက်ပြီးတော့ မေးလာ လေတယ် ။



'' မင်းက သူ့အတွက် ဘယ်လို အလုပ်မျိုး စီစဥ် ပေးထားတာလဲ? ''




'' မင်းရဲ့ ယုန်လေး နဲ့ သူ့ သူငယ်ချင်း တို့က သံသယ ဖြစ်စရာတွေကို တန်းပြီး ရှာဖွေနိုင်တဲ့ ရေဒါတွေလေ။ ဆိုတော့ သူတို့ ဘာမှ သံသယ မဝင်အောင် ယုန်လေး နဲ့ သင့်တော် တဲ့ အလုပ်မျိုး ပေးရတာ ပေါ့။ မင်းက ဘယ်လိုတွေ ထင်နေ လို့လဲ? ''



ဟော်လင်း က ဘာအလုပ် လဲဆိုတာကို တန်းမပြော ပြ ပဲနဲ့ လျှို့ဝှက်တာ လိုလို ဘာလိုလို လုပ်နေ ခဲ့တယ်လေ။ 


ကျင်းထန် ကလည်း အဲ့ အကြောင်းကို တကယ်ကြီး တွေးနေ ပြီးတော့ သူ့ရဲ့ လက်ချောင်း တွေနဲ့ ကော်ဖီ စားပွဲကို တတောက်တောက် ခေါက်ပြီးတော့ မှ ပြောလိုက်လေတယ်။ 



'' ကော်ဖီသယ် ရေသယ်တဲ့ အလုပ်မျိုးလား? ''



အချိန်အတော် ကြာ တွေးတော ပြီးတဲ့နောက်မှာ ဒီပုဂ္ဂိုလ် က သင့်တော် နီးစပ်တဲ့ အဖြေ တစ်ခု ရလာ လိမ့်မယ် လို့ ဟော်လင်း တွေးမိ လေတယ်။ ဒါပေမယ့် အခုလို ပြောလာ လိမ့်မယ် လို့တော့ သူ လုံးဝ ကို မထင်ထား ပါပေ။ ပြီးတော့ ချက်ချင်း ပဲ အထင်သေးစွာနဲ့ ကြည့်လိုက် လေတယ်။ 



'' ဘာကို အခြေ ခံပြီး ပြောရတာ လဲ? ''



ကျင်းထန် က သူ့ရဲ့ ပါးစပ်ထောင့်ကို ​မြင့်ကာ ပြောလိုက် လေတယ်။ 



'' ယုန်တွေ က ပြေးတာ မြန်တယ်လေ''



'' မင်း ကတော့လေ မင်းရဲ့ ယုန်လေး အတွက်တောင်မှ လုံးဝ ကို ချွင်းချက် မရှိတာ ပဲနော် ''



ကျင်းထန် က သူ့ မျက်နှာပေါ်မှာ ' မင်း ပြောစရာ ရှိတာ ထုတ်ပြောလိုက် ၊ မဟုတ်ရင် ဒီနေရာ က ထွက်သွားတော့ ဆိုတဲ့ အမူအရာ မျိုး ကို ဆင်မြန်းထား လေတယ်။



'' ကောင်းပြီ။ ကောင်းပြီ ''



ဟော်လင်း က ပြောရင်း နဲ့ပဲ ကျင်းထန် ရှေ့က ခုံပေါ်ကို နမူနာ အစမ်း ဓာတ်ပုံတွေ ပစ်တင် ပေးလိုက်လေတယ်။ 



ကျင်းထန် က အဲ့တာ တွေကို ကြည့်​လေလေ မျက်မှောင်ကြီး က ပိုကြုံ့လာ လေလေ ပဲ ဖြစ်လေတယ်။ 



'' ဒါတွေ အကုန်လုံး ကို လူထုစီ ထုတ်ဝေ မှာပေါ့လေ ''



'' အဲ့လိုမှ မဟုတ်ရင်ရော။ ဒါက ဘရန်း အကြီး တစ်ခု မဟုတ်ပေမယ့် လည်း ငါ့ရဲ့ အလုပ်သမား တွေက ငွေနဲ့ အချိန်တွေ အများကြီး အကုန်ခံ ပြီး လုပ်ထား ရတာ ပါနော်။ ဟုတ်ပြီလား? တကယ်လို့ ဒီ ဘရန်း သာ ယုန်လေး နဲ့ မကိုက်ညီ ဘူးဆိုရင် ငါ က သူ့ကို ပေးလိုက် မှာတောင် မဟုတ်ဘူး ကွ ''



'' ခဏလေး ''



ဟော်လင်း က ကျင်းထန် ရဲ့ အရင်ဆောင်ရွက် ချက်တွေကို ပြန်တွေးကြည့် မိတော့ နှာဘူး အိုကြီး ဆိုတာ သိပေမယ့် တစ်ခုခုတော့ မှားနေတယ် လို့ ခံစား လိုက်ရ လေတယ်။ 



'' မင်းက ဒီအတွက် ကြောင့်နဲ့တော့ ရှာလကာ သောက်နေတာ တော့ မဟုတ်ဘူး မလား? ''



ယုန်လေး ရဲ့ ဓာတ်ပုံ ကို လူထုအမြင်ထဲ ချပြမှာ လေး ဖြစ်ရုံတင် ကို မင်းလို လူက သဝန် တိုနေတာ လား?



ကျင်းထန် က စကား မပြောပေ။ သူ့ရဲ့ လက်ချောင်း ထိပ်တွေနဲ့ ဓာတ်ပုံရဲ့ အစွန်းကို ပွတ်သပ်နေ လေတယ်။ ပြီးတော့ မျက်နှာလေး ကိုပဲ စိုက်ကြည့်နေကာ အချိန် အ​တော် ကြာတဲ့ ထိအောင် မလှုပ်ရှား ပါပေ။


သူက ဆေးရုံမှာ တုံး က ကောင်းကောင်လေး သေချာ မကြည့်ခဲ့ ရ ဘူးလေ။ အခုတော့ ကြည့်ရတာ အဆင်ပြေ နေတဲ့ ပုံပေါ်တယ် ။ ဘာမှ မှားနေတာ မျိုး မရှိတဲ့ ဟန်ပဲ။



ကျင်းထန် က အချိန် အတော်ကြာ တဲ့ တိတ်ဆိတ် နေတာကို တွေ့တော့ ဟော်လင်း က သူ ပြောတာ မှန်သွားပြီ ဆိုတာ သိလိုက် ရလေတယ်။ 



ဒီ သူတော်စင် အိုကြီး ကတော့ သူ့ရဲ့ အမြင်တွေကို တစ်နေ့ပြီး တစ်နေ့ မရိုးရအောင် ကို ဆန်းသစ် နေတော့တာ ပဲ။ 



ပြီးတော့ တစ်ချိန်ထဲ မှာပဲ သူ့ကိုယ်သူ ပြန်ပြီးတော့ သတိပေး နေမိတယ်။ သူက ကျင်းထန် လိုမျိုး မဟုတ်ရအောင် လို့ပေါ့လေ။ တကယ်လို့ သူကြိုက်တဲ့ တစ်စုံတစ်ယောက် သာ ရှိလာ ခဲ့မယ် ဆိုရင် သူက အမြန်ပဲ သွားပြီးတော့ ဖွင့်ပြောလိုက်မှာ ပဲ ဖြစ်လေတယ်။ မဟုတ်ရင် တစ်ဖက် လူက အနှေးနဲ့ အမြန် ပျောက်ကွယ် သွားနိုင်တယ်လေ။ 


'' တကယ်လို့ ငါထင်တာသာ မမှားရင် ဒါက ရေတို အလုပ် တစ်ခု ပဲ။ ဟုတ်တယ် မလား ?''



ကျင်းထန် က နောက်ဆုံးတော့ လက်ထဲက ဓာတ်ပုံကို ချ ဖို့ အဆင်ပြေ သွားပြီ ပဲ ဖြစ်လေတယ်။ 



'' အဲ့တာ ပြီးသွားရင် သူက ဘယ်အလုပ်ကို သွားလုပ် ရမှာတဲ့လဲ? ''




'' တစ်ခါမှာ ခြေတစ်လှမ်းပဲ လှမ်းရ မယ်လေကွာ ''


ဟော်လင်း က ပုခုံး တွန့်လိုက် လေတယ်။ 


'' ငါတို့က သူ့ကို အခုချိန်က စပြီးတော့ ဒီလိုမျိုး ​ပျိုးထောင် ရမယ်လေ။ ပြီးတော့ မင်းသာ သူ့ကို ဘာလုပ် ပေးလိုက် လို့ မပြောသေး သရွေ့ ကတော့ သူ့ကို တစ်ခြား အလုပ်တွေ မလုပ်ခိုင်း ပါဘူးကွာ ''



ကျင်းထန် က စားပွဲပေါ်မှာ ကျဲ ပြန့်နေတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီးတော့ ဟော်လင်းကို ရုတ်တရက်ကြီး ပြောလိုက် လေတယ်။


'' မင်း က ငါ့ကို မျက်နှာသာ ပေးမယ်လို့ မျှော်လင့် ပါတယ်ကွာ ''



ဘာသာပြန် သူ ပြဇာတ်လေး


ဥက္ကဋ္ဌ ကျင်း: ဒီနေ့လည်း ဇနီး​လေးကို ငါ မတွေ့ရတဲ့ နောက်ထပ် ရက် တစ်ရက်ပဲ QAQ


......... ......................:...........


Report Page