13.2

13.2

ထောပတ်သီး

စားပွဲတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ သို့သော် ပထမဆုံးစကားပြောလာသည့်သူမှာ ရှစ်ယွမ်ဟောက်ဖြစ်လိမ့်မည်ဟု မည်သူမျှမထင်ခဲ့ကြပေ။ "အဲ့တော့၊ ငါတို့လုတော့ရော ဘာဖြစ်လဲ။ ဒါက မျှမျှတတတိုက်ခိုက်တာပဲ။" သူက ဝင်ရောက်လာကတည်းက သူ၏ဒေါသအားထိန်းချုပ်ထားခဲ့ရသည်။ ပြော၍ပြီးသွားသည့်အခါ၊ သူက ရွှီလော့ယန်အား မလိုတမာစိတ်ဖြင့် အထင်သေးစွာကြည့်လိုက်ကာ "ဒီလောက်ထိ စိတ်ပျက်စရာအရှုံးသမားဖြစ်ပြမနေစမ်းပါနဲ့။"

သူ၏အစားအသောက်ကိုသာ အသေအချာစားသုံးနေသည့်ရွှီလော့ယန်က ထိုစကားများကိုကြားသည့်အခါ၊ ဝူပိအစားသူ၏သွားများပင် နာကျင်လာရသည်။ ဒီရှစ်ယွမ်ဟောက်က ရူးများရူးနေတာလား။ ချီးချန်အန်းက သူ့ကို ပြဿနာရှာဖို့ ဒီကိုခေါ်လာတာ အသိသာကြီးပဲလေ။ ပြီးတော့ မစ္စတာဝမ်နဲ့မစ္စတာဟယ်ကလည်း သူတို့သဘောထားကို သေချာပြပြီးပြီး။ ဝူပိတောင်မှ ဇာတ်ကောင်အကြောင်းစကားမဟရဲတာကို၊ ရှစ်ယွမ်ဟောက်က စကားတစ်ခွန်းထဲနဲ့ မျက်နှာဖြတ်ရိုက်လိုက်တယ်ပေါ့။

ဝူပိမှာ ရင်ထဲမီးတောက်နေသော်ငြား၊ သု့အမူအရာက ယခင်အတိုင်း မပျက်မယွင်းရှိနေဆဲ။ ယခုလေးတင် သူကမည်ကဲ့သို့ပြန်ဖြေရမည်ကိုစဉ်းစားနေရကာ၊ ရှစ်ယွမ်ဟောက်အား တားရန်အချိန်မရလိုက်ပေ။ ပြီးတော့ ထိုသူက ပြဿနာရှာလိုက်ပြီဖြစ်သည်။

ထင်ထားသလိုပင်၊ ဝမ်လင်းရှန်က ချက်ချင်းပင်မျက်နှာပျက်သွားကာ သူ၏ဖော်ရွေသောအပြုံးကို ဆက်မပြုံးထားတော့ပေ။ "အစကတည်းက ဒီချင်းချောင်ရဲ့ဇာတ်ကောင်က မစ္စတာရွှီနဲ့ပဲသက်ဆိုင်တာ။ ဒီတော့ ကျေးဇူးပြုပြီး မင်းရဲ့စကားတွေကို ဂရုစိုက်ပေးပါ။"

ရှစ်ယွမ်ဟောက်၏မျက်နှာမှာ ဖြူလျော်သွားလေသည်။ သူက ဆက်လက်ပြောဆိုချင်သေးသော်လည်း ဝူပိက သူ့အားဆွဲထားလေသည်။ ထို့နောက် ဝမ်လင်းရှန်၏စကားများအား ပြန်စဉ်းစားကာ သူတိုအပေါ် ထိုလူများ၏သဘောထားမှ တစ်စုံတစ်ခုအား သတိထားမိလိုက်သည်။

သို့သော် ယခင်က ဤကဲ့သို့မဟုတ်သည်မှာ အသိသာကြီးပင်။ လွန်ခဲ့သည့်နှစ်ရက်က သူတို့အတူတကွ ညစာစားစဉ်က ထိုသူတို့က ဤသည်မှာ ဇာတ်ကောင်လေးတစ်ခုသာဖြစ်ပြီး ဝူပိနှင့်သူတို့၏ ရှည်ကြာသောသူငယ်ချင်းဆက်ဆံရေးတို့ကြောင့်၊ ပြဿနာရှိမည်မဟုတ်ကြောင်း အခိုင်အမာပြောခဲ့သည်။ ထို့နောက် သူတို့က သရုတ်ဆောင်အပြောင်းအလဲဖြစ်သည့်အပေါ် အခွင့်အခွင့်အရေးယူကာ ရုပ်ရှင်အား ပို၍ရေပနါးစားစေရန်ပြုလုပ်မည်ဟူ၍ပင်။

ရွှီလော့ယန်၏ခြေထောက်ပေါ်တက်နင်းရသည့် အတွေးလေးကပင် ရှစ်ယွမ်ဟောက်၏နှလုံးသားကို ကြည်နူးစိတ်ဖြင့် တစ်ဖျတ်ဖျတ်ခုန်စေသည်။ သို့သော် ယခုတွင်တော့၊ သူ၏မန်‌ေနဂျာက သူ၏ခြေထောက်အား စားပွဲအောက်တွင်နင်းထားကာ သူ့အား ထပ်၍စကားတစ်ခွန်းမျှမပြောရန် တားဆီးထားလေသည်။

ဝူပိက ဝိုင်တစ်ခွက်ကိုငှဲ့ကာ ထရပ်၍ ရွှီလော့ယန်ထံ ခါးကိုင်းကာ ပြောသည်။ "ကျွန်တော့်ရဲ့အရင်က မသိနားမလည်မှုနဲ့ အမှားတွေအတွက် မစ္စတာရွှီကခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။" ထိုသို့ပြောပြီးနောက် သူကဝိုင်ဖြူတစ်ခွက်လုံးကို တစ်ကြိုက်တည်းဖြင့် သောက်ချလိုက်လေသည်။

ရွှီလော့ယန်က စကားတစ်ခွန်းမျှ မဆိုပေ။

ချီးချန်အန်းက သူ၏လက်ချောင်းများအား သစ်သားစားပွဲပေါ် တတောက်တောက်ခေါက်ကာ မေးခွန်းထုတ်လာ၏။ "ဘာ မသိနားမလည်မှုလဲ။"

ဘေးသို့ချထားသည့် ဝူပိ၏လက်များက လက်သီးဆုတ်လိုက်မိသည်။ ရွှီလော့ယန်အား ချီးချန်အန်းက အသေအချာကို ကူညီတော့မည်ကို သူသိလိုက်ရသည်။

"ကျွန်တော့်အနေနဲ့ နည်းမျိုးစုံသုံးပြီးတော့ ချင်းချောင်ရဲ့ဇာတ်ကောင်ကို ကျွန်တော့်လက်ထဲရောက်လာဖို့ ကြိုးစားခဲ့ပါတယ်။"

လျန်ချိုးက သူ့ဘေးနားတွင်ရှိနေကာ သူ့စကားဆုံးသည်နှင့် ဝိုင်ဖြူပုလင်းအားမြှောက်ကာ သူ့ခွက်ထံ ကိုယ်တိုင်ကိုယ်ကျ ထပ်ဖြည့်ပေးလိုက်သည်။

"အင်း။" လက်ချောင်းများ၏ တတောက်တောက်ခေ့က်နေသံက မရပ်တန့်သွားပဲ ချီးချန်အန်းက လေသံပျော့ပျော့ဖြင့် မေးလာခဲ့သည်။ "နောက်ပြီးတော့ရော။" သူက မျက်လုံးကိုပင့်ကာ ဝူပိအားကြည့်လာခဲ့သည်။ သူ့မျက်နှာမှာ မည်သည့်အမူအရာမျှမပြသော်လည်း သူ၏အရှိန်အဝါမှာ အလွန်ပင် အထင်ကြီးစရာပင်။

"ရွှီလော့... မစ္စတာရွှီရဲ့ ကျော်ကြားမှုကို သတိထားမိပြီး၊ တစ်ယောက်ယောက်ကို မစ္စတာရွှီပုံစံဟန်ဆောင်ခိုင်းပြီး ဓာတ်ပုံရိုက်ပြီးတော့ ရွှီလော့ယန်နဲ့ယွင်ရှုးတို့ ချိန်းတွေ့တဲ့အဖြစ်အပျက်ကို စီစဉ်ခဲ့ပြီး အဲ့ဒီနည်းလမ်းကတစ်ဆင့် ယွင်ရှုးကို နာမည်ရအောင်လုပ်ချင်ခဲ့ပါတယ်။"

ချီးချန်အန်း၏စူးရှသည့်မျက်လုံးများနှင့်ရင်ဆိုင်ရသည့်အခါ၊ ဝူပိ၏နောက်ကျောပြင်တစ်လျှောက် ချွေး‌စီးများ စိုရွဲလာတော့သည်။ အခန်းထဲသို့ လေအေးများတိုက်ခတ်လာသည့်အခါ ထိုအေးစက်မှုက သူ၏နှလုံးသားတိုင်အောင် နစ်ဝင်သွားရသည်။ သူက မတတ်နိုင်ပဲ ဆက်လက်ပြောလာခဲ့သည်။ "ကျွန်တော်.... အညှီအဟောက်ပုံအတုတွေကိုလည်း လုပ်ခဲ့ပြီး အခွင့်အရေးကောင်းကိုစောင့်ပြီး အဲ့ပုံတွေကို တင်မလို့လည်း ကြံစည်ခဲ့ပါတယ်။"

"ပြီးတော့ လော့ယန်ကို ဖျက်ဆီးမယ်ပေါ့။" ချီးချန်အန်း၏အသံက ရေခဲပန်း‌ဆွဲကဲ့သို့ စူးရှသည့်အေးစက်မှုများ ပါဝင်နေလေသည်။ သူက ခုံနောက်‌သို့ မှီလိုက်ကာ "အကြောင်းပြချက်က။" ဟု မေး၏။

ဝူပိက တိတ်ဆိတ်နေလေသည်။

"ဟက်။" ချီးချန်အန်းက အေးတိအေးစက်ရယ်လိုက်ကာ မည်သည့်မေးခွန်းမျှမေးမလာတော့ပေ။ "လျန်ချိုး။ ဆက်ပြောလိုက်။"

"ဟုတ်ကဲ့။" လျန်ချိုးက ခေါင်းငြိမ့်ကာ " ယွင်ရှု ပွဲဦးထွက်ကာစအချိန်တုန်းက၊ ဒါရိုက်တာရွှီချွင်ချင်းရဲ့ ရိုက်ကူးရေးအဖွဲ့မှာ အမျိုးသမီးဇာတ်လိုက်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်။"

သူ့အဖေဖြစ်သူ၏အမည်အားကြားလိုက်ရသည့်အတွက် ရွှီလော့ယန်က သူ၏တူအား အံ့အားသင့်စွာ ရပ်တန့်လိုက်လေသည်။

"အဖွဲ့ထဲဝင်ပြီးသိပ်မကြာခင်မှာပဲ၊ သူကလက်ထပ်ထားရင်တောင်မှ သူနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ပါတယ်ဆိုပြီး ယွင်ရှုက ဒါရိုက်တာရွှီချွင်ချင်းကို ဝန်ခံခဲ့တယ်။ ဒါပေမယ့် အဲ့ဒီသဘောထားက ဒါရိုက်တာရွှီဆီက ပြတ်ပြတ်သားသားငြင်းဆိုခံလိုက်ရတယ်။" လျန်ချိုးက စာမျက်နှာနောက်တစ်ရွက်အား လှန်ကာ ဆက်ဘပ်ပြောလာသည်။ "လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက၊ ယွင်ရှုက ယိုလိအင်တာတိန်းမန့်နဲ့သူမရဲ့စာချုပ်ကို ဖျက်သိမ်းပြီး ဟိုင်ယန်မီဒီယာနဲ့လက်တွဲခဲ့ပြီး၊ ဝူပိနဲ့ စာချုပ်ချုပ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ဝူပိနဲ့ယွင်ရှုတို့က လျှို့ဝှက်ဆက်ဆံရေးတစ်ခု ရှိနေပြီးပြီ။"

နောက်ကွယ်ကဇာတ်လမ်းက တော်တော်လေးကို အံ့အားသင့်စရာကောင်းတာပဲ။ ရွှီလော့ယန်က သူ့လက်ထဲကိုင်ထားသည့်ဟင်းချိုဇွန်းက ပန်းကန်လူံထဲပြုတ်ကျသွားရကာ၊ သူ၏ခေါင်းထဲတွက် ဒရာမာအကြီးစားတစ်ခုအား ဖန်တီးနေပြီဖြစ်သည်။

ယွင်ရှုက ပွဲဦးထွက်ကာစပဲရှိသေးတဲ့အချိန်မှာ နာမည်ကြီးဒါရိုက်တာတစ်ယောက်ရဲ့အောင်မြင်မှုကို မှီခိုချင်တဲ့အတွက်၊ သူ့ကိုယ်သူ အငယ်အနှောင်ူအဖြစ် အသုံးချခဲ့တယ်။ ဒါပေမယ့် သူ့အဖေ၊ ရွှီချွင်ချင်းက သူ့မိန်းမကို သူ့ဘဝတစ်ခုလုံးနဲ့ယှဉ်ပြီးချစ်တဲ့အပြင် သူ့သားအရင်းကိုတောင် သဝန်တိုတဲ့လူဖြစ်တဲ့အတွက်၊ ထိုသို့အမှားအယွင်းမျိုးကို သူ့အနေနဲ့လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်သည့်အရာပေ။

ယွင်ရှု ရုပ်ရှင်ဧကရီဆုကိုရသည့်အချိန်၊ သူမက ယိုလိအင်တာတိန်းမန့်နှင့် ကျန်းသုန့်တို့က သူမ၏တိုးတက်မှုကို အဟန့်အတားဖြစ်‌ေးသည်ဟုခံစားရသည့်အတွက် သူမက ဝူပိနှင့်အလုပ်လုပ်ခဲ့သည်။ ဝူပိက သူမကိုသဘောကျနေသည်ကို သိရှိထားသည့်အတွက်၊ သူမက သူနှင့်အတူတူနေရင် ရိုးရှင်းစွာသဘောတူခဲ့သည်။ သို့သော် လျှို့ဝှက်ဆက်ဆံရေးတစ်ခုအနေနှင့်သာဖြစ်ပြီး လူသိရှင်ကြားတွဲမည်မဟုတ်ပေ။

ထို့နောက် ယွင်ရှုကဝူပိ၏အဆက်အသွယ်များနှင့် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ပြီး ချမ်းသာသည့်မိသားစုတစ်စုထံ လက်ထပ်ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ထိုမိသားစုဒေဝါလီရခဲ့ရပြီး ကွာရှင်းပြတ်ဆဲမှုလုပ်ပြီးနောက်၊ သူမကိုချစ်နေဆဲဖြစ်သည့် ဝူပိထံ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူက သူမအား ကြယ်ပွင့်တစ်ပွင့်ပြန်လည်ဖြစ်လာစေရန် သူတတ်နိုင်သရွေ့ အကောင်းဆုံးပြုလုပ်ပေးခဲ့လေသည်။

ထိုအကြောင်းအားစဉ်းစားပြီးနောက်၊ ယွင်ရှုနှင့်ဝူပိတို့၏ သူ့ထံရန်လိုနေမှုမှာ မည်သည့်အတွက်ကြောင့်ဟူသည်ကို ရွှီလော့ယန်သဘောပေါက်သွားရသည်။

ဝူပိ၏ အံ့အားသင့်စရာမျက်နှာအားကြည့်ပြီးနောက် ရွှီလော့ယန်က ဒေါသမထွက်မိပေ။ သူက ဖရဲသီးတစ်လုံးအား ဝယ်ယူကာ အရည်အချင်းပြည့်မီသည့် ဖရဲသီးစားသူတစ်ဦးသာ ဖြစ်ချင်တော့သည်။

ဝူပိက ဆက်လက်၍ တိတ်ဆိတ်နေလေသည်။

ချီးချန်အန်းက သူ၏အသုံးမပြုရသေးသည့်ဇွန်းအား ရွှီလော့ယန်ထံလှမ်းပေးကာ ဝူပိအားပြောလာသည်။ "ခင်ဗျားရဲ့အကြောင်းပြချက်နဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ဒါပေမယ့် ခင်ဗျားရဲ့ နည်းလမ်းတွေကို လော့ယန်အပေါ် အသုံးမချသင့်ဘူး "

ဝူပိမျက်နှာမှာ ဖြူလျော်သွားရသည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို တစ်ဖက်လူရှာတွေ့သွားသည်ကို သိရှိပြီး‌နောက်၊ သေချာပေါက်ကို ဒီအတိုင်းလွှတ်ထားတော့မည်မဟုတ်ပေ။

ထိုသို့ပြောပြီးနောက် ချီးချန်အန်းက သူ၏ခေါင်းကိုငုံ့ကာ ရွှီလော့ယန်အား ကြည့်လိုက်သည်။ "မင်း စားလို့ဝပြီလား။"သူ၏အသံက ရုတ်ချည်းပင် နူးညံ့သွားရသည်။

ရွှီလော့ယန်က ခေါင်းညိတ်ကာ "ငါဗိုက်ပြည့်ပြီ။"

"အင်း။ အဲ့ဒါဆို သွားကြစို့။"

Spire မှ သူတို့ထွက်လာသည့်အခါ၊ ညနက်နေပြီဖြစ်ပြီး ချင်းလီမြို့သို့ပြန်ရန်မှာ အင်မတန်မှ နောက်ကျနေပေပြီ။ သို့နှင့် ရွှီလော့ယန်က "မင်း ညဘက်ကို ဘယ်မှာနေမှာလဲ" ဟု မေးလိုက်သည်။

ချီးချန်အန်းက ခဏလောက်တွေးလိုက်ကာ "ငါ ဘီမြို့မှာနေဖို့ နေရာမရှိဘူး။ လျန်ချိုးကို ငါ့အတွက် ဟိုတယ်တစ်ခုမှာ ဘိုကင်တင်ခိုင်းမလို့။"

သူတို့ စကားပြောသည်ကို နားထောင်နေသည့် လျန်ချိုးမှာ၊ ဟိုတယ်ထံမှ ခြေလှမ်းဝေးဝေးလှမ်းလိုက်‌ကာ၊ သခင်လေးချီးရဲ့သရုပ်ဆောင်စွမ်းရည်က တော်တော်ကောင်းတာပဲဟု တွေးလိုက်မိသည်။ သူက ဟိုတယ်ကို ဘိုကင်လုပ်ထားပြီးပါပြီ‌နော်။ Brighton ဟိုတယ်က ချီးမိသားစုအပိုင်ဖြစ်ပြီး penthouse မှာ ချီးချန်အန်းအတွက် တစ်နှစ်ပတ်လုံး ထိန်းသိမ်းထားသော်လည်း အချိန်တော်တော်တော်များများ ထိုနေရာတွင် မနေဖြစ်သလောက်ပင်။

သို့သော် ရွှီလော့ယန်က ဤအခြင်းအရာကို မသိပေ။ သူက ချီးချန်အန်းတစ်ယောက်တည်း ဟိုတယ်သို့သွားရမည်ကို သူအလွန်ပင် စိတ်မချမ်းမသာဖြစ်ရသည်ကိုသာ သူသိသည်။ လွန်ခဲ့သည့်တစ်ခေါက်ကကဲ့သို့ ညသန်း‌‌ေခါင်အလယ်ချီးချန်အန်း မူးလဲနေမည်ကို စိုးရိမ်နေလေသည်။

သို့နှင့် ငါးစက္ကန့်မျှအချိန်ယူပြီးနောက် သူက ဆုံးဖြတ်ချက်ချကာ ချီးချန်အန်းအား အလေးအနက်မေးလိုက်သည်။ "မင်း ငါ့အိမ်လာပြီး ငါးလလောက် ငါစိုက်ထားတဲ့ ရှားစောင်းပင်ကို လိုက်ကြည့်ချင်လား။"

ချီးချန်အန်းက ပြုံးလိုက်သည်။ "ဒါပေါ့။"




Report Page