(132)

(132)

Your Baobae(kp)

(132) နတ်သူငယ်များ ၃



နဂါးတွေက လုံးဝ ကို အနားယူခြင်း မရှိပေ။ ပြီးတော့ သူတို့ကို အစာကျွေးဖို့ အတွက် တစ်စုံ တစ်ယောက် က ကြီးကြပ် ရလေတယ်။ ဒါပေမယ့် ထိုလူ​တွေ ရဲ့ လုပ်ဆောင် မှုတွေ နဲ့ တုံ့ပြန် မှုတွေ ကြောင့် ဘယ်နဂါး ကမှ ဘာမှ မစားပါပေ။ 




တစ်စုံတစ်ယောက်က စကားပြော နေရင်း နဲ့ တဲထဲ ကနေ ပြီးတော့ ထွက်လာ ခဲ့ လေတယ်။ 



'' သူတို့တွေက မစားကြဘူး........မဆာကြဘူး လား မသိဘူး။ ....... အဲ့ကောင် တွေကို ငါတို့ ဘယ်လိုလုပ် ပို့ပေး ရမှာတဲ့လဲ? ''


တစ်ခြား အမျိုးသား တစ်ယောက် အနောက်ကို လှည့်ကာ ပြောလိုက်တယ်။ 


'' ဒီ့ထက် ပိုပြီးတော့ ဖမ်းမရ တော့ဘူး။..... အကောင် ၃၀ ကျော် ။ အဲ့တာ က နည်းမှ မနည်း တော့တာ ''




တကယ်လို့ သူ နဲ့ ဝူးယူး အပြင် အောင်းဝ်အာ့ လေးကိုပါ ထပ်ပေါင်း ပြီးတော့ ဒီ နဂါးတွေ အကုန်လုံး ကို တစ်ကောင်မှ မကျန်ခဲ့ ပဲ သေချာလေး ကယ်ထုတ် နိုင်မလား ဆိုတာကို နျင်းချု တွေးနေ တုံးပဲ ရှိသေးတယ် သူ့ရဲ့ ညာဘက်ပိုင်း တောထဲ ကနေ ပြီးတော့ အသံ တစ်သံကို ကြားလိုက် ရ လေတယ်။ 



ထို အသံက အရမ်းကို တိုးဖျော့တဲ့ အတွက် ကြောင့် ချက်ကျောင်း က လူတွေ တော့ မဖြစ်နိုင်ပေ။ ဒါပေမယ့် အဲ့လူတွေ က တိတ်တိတ် လေး ခိုးပြီး လှည့်ပတ် ​နေတာလည်း ဖြစ်နိုင် သေးတယ်လေ။ နျင်းချု က သတိကြီးကြီး ထားရင်း နဲ့ ဝူးယူး ကို ဆွဲကာ ပုန်းကွယ် လိုက်လေတယ်။ 


တောအုပ်ထဲ ကနေ ပြီးတော့ ပုံရိပ်လေး တစ်ခု က အသာ ပေါ်လာကာ အမဲရောင် အဝတ်အစား ဝတ်ထားပြီး အဝတ်က အတော်လေး ကို တိုတဲ့ ဟန် ပေါ်​လေတယ်။ သေးသွယ်တဲ့ ခါးလေးကို လှစ်ဟ ထားကာ ရှည်လျားတဲ့ ဆံနွယ်တွေ ကိုတော့ မြင်ံ့မြင့်ဆီ မြှောက်စီး ထားလေတယ်။ ဆံနွယ်တွေက လည်း မထင်ထား လောက်အောင် ငွေရောင်တွေ ဖြစ်နေ တယ်လေ။ 


ကိုယ်အနေအထား ကို ကြည့်ရရင်တော့ အဲ့တာ က အမျိုးသား တစ်ယောက် ဖြစ်ပုံပေါ် ပြီးတော့ မျက်နှာကို အမဲရောင် အစနဲ့ တစ်ဝက်အုပ်ထား လေတယ်။ နားလေး တစ်ဖက် ကတော့ ပေါ်နေ ပြီးတော့ ပုံမှန် နားရွက်လေး နဲ့ မတူပါပေ။ 



အဲ့ကောင်လေး က........နတ်သူငယ် မျိုးနွယ် စု ကများ ဖြစ်နေ မလား?



နျင်းချု က အဲ့ မျိုးနွယ် အကြောင်း ကြားဘူး နားဝ ရှိလေတယ်။ နတ်သူငယ် မျိုးနွယ်တွေက တောရဲ့ အနက်ပိုင်း တွေမှာပဲ နေလေ့ ရှိပြီးတော့ သူတို့ရဲ့ နယ်မြေ ကိုပဲ စောင့်ကြပ်ကာ အပြင်ကို ထွက်တာ မျိုး က ရှားပါး ပါတယ် တဲ့လေ။ 


 

သူတို့ရဲ့ စရိုက်လဏ္ခာ တွေက အရမ်းကို မှတ်မိရ လွယ်လေတယ်။ 


ငွေရောင် ဆံနွယ်တွေနဲ့ ချွန်နေတဲ့ နားရွက် လိုမျိုးပေါ့လေ။ 


ထို နတ်သူငယ်လေး က သူနဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာ လူတွေ ပုန်းနေတယ် ဆိုတာ လုံးဝ သတိ မထားမိပါပေ။ 


ထိုကောင်လေး ကလည်း တောအတွင်းပိုင်း က မြင်ကွင်းကို မြင်သွားကာ နဂါးတွေရဲ့ အော်ဟစ်ငိိုယို နေတဲ့ အသံကို ကြားလိုက် ရတဲ့ အခါ မှာတော့ သူ့ခမျာ အတော်​လေး ကို တုန်လှုပ်သွားဟန် ပေါ်လေတယ်။ သူ့ရဲ့ ခြေထောက်တွေ က မသိလိုက် ပါပဲနဲ့ အရှေ့ကို တိုးသွား လိုက်လေတယ်။ 


ထို နတ်သူငယ်လေး က မှော်အဖွဲ့အစည်း ရဲ့ အစွန်းကို ထိတော့ မှာ ဖြစ်ပြီးတော့ နျင်းချု လှမ်းတားဖို့ လည်း အချိန် မမှီ တော့ပါပေ။ 


မှော်အဖွဲ့အစည်း ကို ထိမိ သွားကာ ကျုးကျော်သူ ကို အာရုံခံ မိတဲ့ အတွက် ကြီးမားတဲ့ မှော်စွမ်းအား တစ်ခု ကို နျင်းချု တို့ ရဲ့ ဘေးဘတ် နေရာဆီကို ပစ်ထုတ် လာခဲ့ လေတယ်။ နောက်တော့ ချက်ချင်း ပဲ အကာအကွယ် ဒိုင်းက မြင့်တက် လာခဲ့ လေတယ်။ 


ချက်ချင်း ပဲ တောထဲမှာ တစ်စုံတစ်ယောက် ရှိ​နေတာ ကို သတိပြု မိသွားကြ တော့လေတယ်။ 



'' ဘယ်သူ လဲဟေ့? ''



အောင်းဝ်အာ့ က အသံ ကြားလိုက် ရတာ နဲ့ တိတ်တိတ်လေး ပေါ်ထွက်လာ လေတယ်။ အဲ့တာ က တိုက်ခိုက်ဖို့ အချက်ပြ လိုက်တယ် လို့ပဲ တွေးလိုက် ပြီးတော့ သူ့ခမျာ စိတ်တွေ အရမ်းပဲ လှုပ်ရှား သွားတော့ လေတယ်။ 



သူက ပါးစပ်လေး ကို ဖွင့်လိုက် ပြီးတော့ လေဓား တစ်လက်ကို မှုတ်ထုတ်ကာ သူ့ရှေ့က အကာအကွယ်ဒိုင်း ကို ဆုတ်ပြဲစေပြီး အပေါက် တစ်ပေါက် ဖောက်လိုက် တော့ လေတယ်။ 


ချက်ကျောင်း က လူတွေခမျာ အရမ်းကို သတိကြီး သွား​ကာ အကာအကွယ် ဒိုင်းကို အမြန်ပြင် ကြ ရ လေတယ်။ 


ပြင်နေချိန် အတွင်း လူတစ်ချို့က သူတို့ရဲ့မှော်တုတ်တံ တွေကို ဝှေ့ယမ်း ပြီးတော့ နျင်းချု တို့ ရှိတဲ့ ဘက်ကို မှော်စွမ်းအင် တွေနဲ့ လှမ်းပြီး ပစ်ပေါက် တိုက်ခိုက် နေကြ လေတယ်။ 



ရုတ်ချည်း ပြောင်းလဲ သွားတဲ့ အဖြစ်အပျက်ကြောင့် ထိုနတ်သူငယ် ခမျာ သိပ်မဝေးတဲ့ နေရာမှာ ကြောင်အန်းပြီး ရပ်နေကာ နျင်းချု တို့ နှစ်ယောက် ကိုလည်း သတိထား မိ သွားတော့ လေတယ်။ 



သူက ထိုနေရာကနေ ပြီးတော့ အမြန်မထွက်ခွာ ခင် အချိန်တစ်ခဏ တုံ့ဆိုင်း နေပြီးတော့ မှ သေချာလေး လှမ်းကြည့်လိုက် ခဲ့လေ တယ်။ 



အောင်းဝ်အာ့ က ပါးစပ်ကို ဖွင့်ပြီး အကာအကွယ် ဒိုင်းကို တိုက်ခိုက်နေ ဆဲပါပေ။ ချက်ကျောင်း ဘက်က လူတွေ ကလည်း တိုက်ခိုက်တာ ကို ရပ်ကာ ဒိုင်းကိုပဲ အစွမ်းကုန် ပြင်ဆင်တော့ တယ်။ ဒါကြောင့် ကျိုးပေါက် သွားလိုက် ၊ ပေါက်သွားတဲ့ ​နေရာက ပြန်ပြီး ပြည့်သွား လိုက်နဲ့ သံသရာ လည်နေ လေတယ်။ 


အောင်းဝ်အာ့ က အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်သွား ပြီးတော့ အပြင်ကိုထွက်ကာ ထိုလူ တွေအား သင်ခန်းစာ ကောင်းကောင်လေး ပေးလို ခဲ့လေတယ်။ ဒါပေမယ့် သူ့ရဲ့ ခေါင်းကို နျင်းချု က ဖိထား လိုက်တော့ တယ်။ 



'' အရင်ဆုံး ပြန်ကြစို့ ''



နျင်းချု ပြောလိုက် လေတယ်။ 



'' ငါတို့ အခုလူလုံး ထွက်ပြ လို့ မရ သေးဘူး ''


ထိုတော ထဲမှာ လူတွေ က အများကြီး ရှိတာ ကြောင့် သူတို့သာ နဂါးတွေကို ကယ်ချင်ရင် ကူညီပေးမယ့် တစ်ခြား လူတွေကို ရှာရ အုံးမှာ ပဲ ဖြစ်လေတယ်။



နတ်သူငယ်လေး ကို သူမသိ သေးဘူးလေ။ ပြီးတော့ အဲ့နတ်သူငယ်လေး က အရိပ်ထဲမှာ ထပ်ပုန်းကွယ်နေ မှာကို နျင်းချု စိတ်ပူ မိလေတယ်။ တကယ်လို့ ဝူးယူး ဒါမှမဟုတ် အောင်းဝ်အာ့ ကိုသာ မြင်တွေ့ သွားလို့ ရှိရင် မလိုလား အပ်တဲ့ ပြဿနာ တွေ ဖြစ်လာ မှာကို နျင်းချု ကြောက်လို့ ပဲ ဖြစ်လေတယ် ။



အောင်းဝ်အာ့ က အရမ်းကို တွန့်ဆုတ် နေလေတယ်။ ဒါပေမယ့် နျင်းချု ရဲ့ စကားကို နားမထောင် လို့ကလည်း မဖြစ်ပေ။ ဒါ​​ကြောင့် နာနာခံခံလေး ပဲ နျင်းချု ရဲ့ အဝတ်အောက်ထဲ ကို ပြန်ဝင် လိုက်တော့ လေတယ်။ 



သူတို့လည်း တိုက်ခိုက်တာ ကို ရပ်တန့် လိုက်တဲ့ အခါ မှာတော့ ချက်ကျောင်းက လူတွေက အဖွဲ့ တစ်ခု ဖွဲ့ကာ သစ်တောထဲ မှာ တိုက်ခိုက်တဲ့ လူတွေကို ရှာဖွေဖို့ ချဥ်းကပ် လာခဲ့ လေတယ်။ 


နျင်းချု က လာရာ လမ်း အတိုင်းပဲ ဝူးယူး ကို ပြန်ပြီး ဆွဲခေါ်လာ ကာ သူ့အနောက် ကနေ လိုက်ရှာနေတဲ့ အုပ်စု ကိုတော့ ချုံနွယ်တွေနဲ့ ပိတ်စေ လိုက်တော့ လေတယ်။ သူက သစ်ပင် ကြီး တစ်ပင်နား က ဖြတ်သွားတဲ့ အချိန်မှာတော့ ရင်းနှီး​နေတဲ့ ပုံရိပ်လေး တစ်ခု က ထွက်ပေါ် လာခဲ့ ပြန်တယ်။ 



အဲ့တာ က အစောက နတ်သူငယ်လေး ပါပဲ။ သူက အခုထိ မထွက်သွား ရ သေးပေ။ သူ့ရဲ့ အစိမ်းရောင် မျက်ဝန်းလေး တွေက နျင်းချု ရဲ့ လက်ကို ပဲ စိုက်ကြည့် နေ​​လေတယ်။ ပြီးတော့ နျင်းချုကို စကားပြောချင် တဲ့ အတွက် သူ့ရဲ့ မျက်နှာ စည်း အစ ကို ချွတ်လိုက် လေတယ်။ 



နျင်းချု ကတော့ ပြေးလွှားဖို့ ပဲ ခေါင်းထဲ အာရုံ ရောက်​နေတဲ့ အတွက် ကြောင့် ထိုကောင်လေး ကို မမြင်ရ သလိုမျိုး ဘေးကနေ သာ ဖြတ်ပြေး သွားတော့ လေတယ်။ 


ထို နတ်သူငယ် ခမျာ နေရာမှာ တင် အေးခဲ သွားလေတယ်။ ဒါပေမယ့် အနောက်က နေလိုက်ဖမ်း တဲ့ သူတွေ လိုက်လာ တာကြောင့် လွတ်အောင်တော့ သူပြေး ရအုံးမှာ ပဲ ဖြစ်လေတယ်။ 



ချက်ကျောင်းရဲ့ လူတွေ ထဲက တစ်ယောက် က တစ်ခြားသူ တွေနဲ့ ကွဲပြားတဲ့ ဝတ်စုံကို ဝတ်ထား လေတယ်။ သူက ခြေထောက်မှာ လာပြီး ပတ်ကာ ညိတွယ်နေတဲ့ ကြိမ်နွယ်တွေကို လွယ်ကူစွာ ဖြတ်တောက် လိုက်ပြီး မှော်တုတ်တံကို နျင်းချု ဆီ စူးရှစွာ ညွှန်ပြ လိုက်လေယ်။ 


တိုက်ခိုက်တဲ့ မှော်လဲ ထွက်လာ ရော ဝူးယူး က အလျင်အမြန်ပင် တုံ့ပြန်ကာ လက်အနောက်ဘက် နဲ့ ကာကွယ် လိုက်လေတယ်။ 


ဘယ်လိုပဲ ဖြစ်ပါစေ မှော်စွမ်းအင် အမွှား တစ်ခု က နျင်းချု ရဲ့ ဘယ်ဘက် ပုခုံးကိုထိမှန် သွားပြီး နျုင်းချု တစ်ကိုယ်လုံး တုန်တက် သွားလေတယ်။ ဒါပေမယ့် သူက ပြေးလွှားနေတာ ကို လုံးဝ မရပ်တန့် လိုက်ပါပေ။ 



သူက ဂိမ်းကို ဖွင့်ကာ သူ့ရဲ့ ခံနိုင်ရည် အားကို ၇၀ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက် လေတယ်။ သူ့ရဲ့ ပုခုံးက နာကျင်မှု က ခံနိုင်ရည်အား ကို ပြင်ပြီး တဲ့နောက် နာကျင်မှုက ချက်ချင်း ပဲ ပျောက်ကွယ် သွားတော့ လေတယ်။



ထို တစ်အုပ်စု လုံး က ကြိမ်နွယ်တွေကို ဖယ်ရှားပြီးတော့ တောအုပ်အစပ်နား အထိ လိုက်လာ ကြ လေတယ်။ ဒါပေမယ့် နျင်းချု နဲ့ ဝူးယူး တို့ရဲ့ ပုံရိပ် က အဝေးကြီးကို ရောက်သွား ပြီပဲ ဖြစ်လေတယ်။ 



'' ငါတို့တွေ သူတို့နောက်ကို ဆက်ပြီး လိုက်စရာ မလိုတော့ဘူးဟေ့ ''


အဖွဲ့ခေါင်းဆောင် က မှော်တုတ်တံကို ပြန်သိမ်းကာ အနောက်​ဆီကို ပြန်လာ ခဲ့လေတယ်။ 



'' နဂါးတွေကို တက်နိုင်သမျှ မြန်မြန် လေး ရွေ့ပြောင်း ကြမယ်''



............................................................

Report Page