123

123

Yu Ya Nyein

#Unicode


Chapter 123


သူမသည် စင်ဒရဲလားကဲ့သိုပုံပြင်များအား နားထောင်ဖူးပြီးပြီဖြစ်သောကြောင့် ယခုပုံပြင်သည်လည်း နောက်ပိုင်းတွင်ပြောင်းလဲနိုင်သည်ဟူ၍ ယူဆလိုက်လေသည်။


ကလေးလေးကအစပိုင်းမှာပဲ သနားစရာကောင်းတာဖြစ်မှာပါ...နောက်ပိုင်းသူပျော်ပျော်ရွှင်ရွှင်နေသွားတာလည်း ဖြစ်နိုင်ပါတယ်လေ...


သို့ရာတွင် စနစ်သည် ပုံပြင်အားကံဆိုးမိုးမှောင်ကျခြင်းနှင့် အဆုံးသတ်လိုက်လေသည်။


"ကလေးလေးပြန်ပေးဆွဲခံရပြီးတဲ့နောက်မှာ

ရွာလေးတစ်ရွာမှာရှိတဲ့မိသားစုက သူမလေးကို လေးနှစ်အရွယ်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့ကြတယ်...ဒါပေမယ့်သူမရဲ့အဘွားနဲ့ဦးလေးဟာ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့ကြတယ်...အဲ့လိုနဲ့ သူမလေးခမျာ့ ဘယ်သူမှမလိုချင်တဲ့ကလေးလေးဖြစ်ခဲ့ရလေတယ်...သူမအဘွားဘက်ကဆွေမျိုးတွေဟာလည်း အဲ့ဒီ့ကလေးလေးကိုမလိုချင်ကြဘူး...သူမလေးဟာ သူတပါးပေးစာကမ်းစာနဲ့ပဲ အသက်ဆက်ခဲ့ရလေတယ်..."


စနစ်က က်လက်၍ပြောခဲ့သည်။


"ငယ်ငယ်ကတည်းက ဝဝလင်လင်မစားခဲ့ရရှာတဲ့အတွက် သူမဟာဖွံ့ဖြိုးမှုနောက်ကျပြီး ဉာဏ်စဥ်မမီတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ရတယ်..အသက်ရှင်ဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတာကြောင့် ကျောင်းလည်းမတက်နိုင်ခဲ့ဘူး..အဲ့ဒီ့ကလေးမလေးက တခြားကလေးတွေလိုမျိုး ကျောင်းတက်ပြီးစာသင်ချင်တဲ့အတွက် စာသင်ခန်းနားကိုသွားပြီး တိတ်တိတ်ကလေးနားထောင်ခဲ့တယ်...ဒါပေမယ့် သူတို့ကသူမကိုမောင်းထုတ်ကြပါလေရော..."


"ဆရာထန်ကလူကောင်းတစ်ယောက်ပါ.."


ကျန်းရှောင်မန်ကဆက်၍ပြောသည်။


"သမီးမေမေဆိုလည်း သူမကိုနားထောင်ခွင့်ပြုမှာပဲ...."


"...."


စနစ်လေး ခင်ဗျာ သူ၏ဒေါသများအားမြိုသိပ်ကာ ဆက်လက်ပြောလေသည်။


"ကလေးမလေးဟာ အဲ့ဒီ့လိုရုန်းကန်ဖြတ်သန်းရင်းနဲ့ ဆယ့်ငါးနှစ်သမီးအရွယ်ကိုရောက်လာတဲ့အခါ သူမရဲ့မိဘအရင်းတွေက သူမကိုပြန်ရှာတွေ့ခဲ့တယ်...."


"ဒါကအရမ်းကောင်းတဲ့ပုံပြင်ပဲ..သူမရဲ့မိဘတွေက သူမကိုဆူတာရိုက်တာမျိုးမလုပ်ပဲ အဝတ်အစားလှလှလေးတွေဆင်ပေးပြီးတော့ ကျောင်းသွားခိုင်းရောမဟုတ်လား..."


"မင်းပျော်တာ အရမ်းစောလွန်းတယ်...."


စနစ်သည် နှာမှုတ်ရင်းပြောလိုက်သည်။


"ကလေးမလေးက ဝဝလင်လင်မစားရတဲ့အချိန်မှာ မွေးစားသမီးကတော့ အစားနည်းလို့ချော့ကျွေးတာခံနေရတယ်...သူမကအေးလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့အချိန်မှာ မွေးစားသမီးကတော့ နွေးထွေးတဲ့အိပ်ရာမှာအိပ်စက်နေခဲ့တယ်..သူမလေးခမျာ့ ကျောင်းကမောင်းထုတ်ခံခဲ့ရပေမယ့်...သူမရဲ့မိဘတွေကတော့ မွေးစားသမီးအတွက် နွေရာသီစခန်းချဖို့ပြင်ဆင်ပေးနေခဲ့တယ်လေ....."


"အိုး...ဒါဆိုသူမကို ပြန်ရှာတွေ့တဲ့အချိန်ကစပြီး အဝတ်ကောင်းကောင်း အစားကောင်းကောင်းပေးပြီးတော့ နွေရာသီစခန်းအတွက်လည်း ပြင်ဆင်ပေးလိုက်လေ..."


စနစ် စိတ်လေသွားခဲ့သည်။ သူသည် မည်ကဲ့သို့ပင် အတွေးအခေါ်များရိုက်သွင်းစေကာမူ သူမသည် သူလိုချင်သည့်အတိုင်းဖြစ်မလာပေ။


"ပိုင်ရှင်...မင်းအဲ့ဒီ့ပုံပြင်ကို ရင်းနှီးတယ်မခံစားရဘူးလား...အဲ့ဒီ့ကလေးလေးကိုရော မင်းနဲ့တူတယ်လို့မခံစားရဘူးလား.."


"အမ်...သမီးကအဲ့လောက်သနားစရာကောင်းတာလား.."


ကျန်းရှောင်မန်သည် အံ့သြတကြီးပြောလိုက်သည်။


မူလဇာတ်ကြောင်းအတိုင်းဆိုရင်တော့ အဲ့ဒီ့ကလေးလေးကမင်းပဲလေ...


ယခုမူ ကျန်းရှင်းက ကယ်တင်ခြင်းခံခဲ့ရသောကြောင့် ဇာတ်လမ်းသွေဖယ်သွားခဲ့ခြင်းဖြစ်ပေသည်။


စနစ်သည် ထိုကိစ္စရပ်အားတွေးမိလိုက်တိုင်းပင် ငိုချင်နေခဲ့လေသည်။


တစ်ခုလေးပြောင်းလဲမိတာနဲ့ အကုန်လိုက်မှားတော့တာပဲ...။


ထိုအချိန်မှစ၍ အရာရာသည် သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။ သူသည် မကြာတော့သည့်အချိန်တွင်း၌ နေ့စဥ်လုပ်ငန်းဆောင်တာများကိုမမှတ်မိသောရောဂါပင်ဖြစ်တော့မည်ဟုခံစားရသည်။


ကျန်းရှောင်မန် အတန်ကြာစဥ်းစားပြီးနောက် အဆိုပါပုံပြင်သည် သူမနှင့်မဆိုင်ဟုသတ်မှတ်လိုက်သည်။ ဘွားဘွားသည်တစ်ခါတစ်ရံ သူမအားရိုက်ခြင်းဆူပူခြင်းပြုသော်လည်း ခဏခဏရိုက်နေခြင်းမဟုတ်ပေ။ ထို့အပြင် ဘွားဘွားသည်သူမအပေါ် အလွန်ကြင်နာချစ်ခင်လေသည်။ ကျန်းရှောင်မန်အနေဖြင့် သူမအားမကြောက်ရွံ့ချေ။


သူမလေးသည် အလွန်ဆိုးရွားသည့်ပုံပြင်တစ်ပုဒ်အဖြစ်သာ သတ်မှတ်လိုက်သည်။


သူမသည် ဦးဦးစနစ်အား ဇာတ်သိမ်းပြောင်းပေးရန်ပြောလိုက်သည်။


စနစ်သည် သူ့အနေဖြင့် ဤကဲ့သို့မလုပ်နိုင်ကြောင်းနှင့် ပုံပြင်၏ဇာတ်သိမ်းမှာ ရေးပြီးသားဖြစ်ကြောင်း ပြန်လည်ရှင်းပြသည်။


ကျန်းရှောင်မန်သည် ခပ်စွာစွာလေးပြောလိုက်သည်။ သူမသည်အလွန်ပင် စိတ်ဆိုးနေခဲ့သည်။


"ဒီပုံပြင်ကိုရေးတဲ့လူက သူ့ခေါင်းထိခိုက်ထားတာပဲဖြစ်ရမယ်..."


သူတို့သည် ကလေးလေးအားဤကဲ့သို့ ဆက်ဆံရက်ပေသည်။ အလွန်ရက်စက်လွန်းသည်။


"ပိုင်ရှင်...ငါမင်းကိုခြောက်လှန့်နေတာမဟုတ်ဘူးနော်...မင်းဘဝကအရမ်းသနားစရာကောင်းနေတာမဟုတ်ဖူးလား...မွေးစားသမီးက အစစအရာရာအလိုလိုက်ခံရတယ်....မင်းရဲ့မိဘအရင်းတွေကလည်း သူမကိုအရမ်းချစ်ကြတယ်..သူမကမင်းပိုင်ဆိုင်ရမယ့်အရာတွေကို လုယူသွားတာလေ...မင်းစိတ်မဆိုးဘူးလား.."



#Zawgyi


Chapter 123


သူမသည္ စင္ဒရဲလားကဲ့သိုပုံျပင္မ်ားအား နားေထာင္ဖူးၿပီးၿပီျဖစ္ေသာေၾကာင့္ ယခုပုံျပင္သည္လည္း ေနာက္ပိုင္းတြင္ေျပာင္းလဲႏိုင္သည္ဟူ၍ ယူဆလိုက္ေလသည္။


ကေလးေလးကအစပိုင္းမွာပဲ သနားစရာေကာင္းတာျဖစ္မွာပါ...ေနာက္ပိုင္းသူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားတာလည္း ျဖစ္ႏိုင္ပါတယ္ေလ...


သို႔ရာတြင္ စနစ္သည္ ပုံျပင္အားကံဆိုးမိုးေမွာင္က်ျခင္းႏွင့္ အဆုံးသတ္လိုက္ေလသည္။


"ကေလးေလးျပန္ေပးဆြဲခံရၿပီးတဲ့ေနာက္မွာ

႐ြာေလးတစ္႐ြာမွာရွိတဲ့မိသားစုက သူမေလးကို ေလးႏွစ္အ႐ြယ္အထိ ေကြၽးေမြးေစာင့္ေရွာက္ခဲ့ၾကတယ္...ဒါေပမယ့္သူမရဲ႕အဘြားနဲ႔ဦးေလးဟာ ေရွ႕ဆင့္ေနာက္ဆင့္ဆုံးပါးသြားခဲ့ၾကတယ္...အဲ့လိုနဲ႔ သူမေလးခမ်ာ့ ဘယ္သူမွမလိုခ်င္တဲ့ကေလးေလးျဖစ္ခဲ့ရေလတယ္...သူမအဘြားဘက္ကေဆြမ်ိဳးေတြဟာလည္း အဲ့ဒီ့ကေလးေလးကိုမလိုခ်င္ၾကဘူး...သူမေလးဟာ သူတပါးေပးစာကမ္းစာနဲ႔ပဲ အသက္ဆက္ခဲ့ရေလတယ္..."


စနစ္က က္လက္၍ေျပာခဲ့သည္။


"ငယ္ငယ္ကတည္းက ဝဝလင္လင္မစားခဲ့ရရွာတဲ့အတြက္ သူမဟာဖြံ႕ၿဖိဳးမႈေနာက္က်ၿပီး ဉာဏ္စဥ္မမီတဲ့ကေလးတစ္ေယာက္ျဖစ္ခဲ့ရတယ္..အသက္ရွင္ဖို႔ေတာင္ အႏိုင္ႏိုင္႐ုန္းကန္ေနရတာေၾကာင့္ ေက်ာင္းလည္းမတက္ႏိုင္ခဲ့ဘူး..အဲ့ဒီ့ကေလးမေလးက တျခားကေလးေတြလိုမ်ိဳး ေက်ာင္းတက္ၿပီးစာသင္ခ်င္တဲ့အတြက္ စာသင္ခန္းနားကိုသြားၿပီး တိတ္တိတ္ကေလးနားေထာင္ခဲ့တယ္...ဒါေပမယ့္ သူတို႔ကသူမကိုေမာင္းထုတ္ၾကပါေလေရာ..."


"ဆရာထန္ကလူေကာင္းတစ္ေယာက္ပါ.."


က်န္းေရွာင္မန္ကဆက္၍ေျပာသည္။


"သမီးေမေမဆိုလည္း သူမကိုနားေထာင္ခြင့္ျပဳမွာပဲ...."


"...."


စနစ္ေလး ခင္ဗ်ာ သူ၏ေဒါသမ်ားအားၿမိဳသိပ္ကာ ဆက္လက္ေျပာေလသည္။


"ကေလးမေလးဟာ အဲ့ဒီ့လို႐ုန္းကန္ျဖတ္သန္းရင္းနဲ႔ ဆယ့္ငါးႏွစ္သမီးအ႐ြယ္ကိုေရာက္လာတဲ့အခါ သူမရဲ႕မိဘအရင္းေတြက သူမကိုျပန္ရွာေတြ႕ခဲ့တယ္...."


"ဒါကအရမ္းေကာင္းတဲ့ပုံျပင္ပဲ..သူမရဲ႕မိဘေတြက သူမကိုဆူတာ႐ိုက္တာမ်ိဳးမလုပ္ပဲ အဝတ္အစားလွလွေလးေတြဆင္ေပးၿပီးေတာ့ ေက်ာင္းသြားခိုင္းေရာမဟုတ္လား..."


"မင္းေပ်ာ္တာ အရမ္းေစာလြန္းတယ္...."


စနစ္သည္ ႏွာမႈတ္ရင္းေျပာလိုက္သည္။


"ကေလးမေလးက ဝဝလင္လင္မစားရတဲ့အခ်ိန္မွာ ေမြးစားသမီးကေတာ့ အစားနည္းလို႔ေခ်ာ့ေကြၽးတာခံေနရတယ္...သူမကေအးလြန္းလို႔ ခိုက္ခိုက္တုန္ေနတဲ့အခ်ိန္မွာ ေမြးစားသမီးကေတာ့ ေႏြးေထြးတဲ့အိပ္ရာမွာအိပ္စက္ေနခဲ့တယ္..သူမေလးခမ်ာ့ ေက်ာင္းကေမာင္းထုတ္ခံခဲ့ရေပမယ့္...သူမရဲ႕မိဘေတြကေတာ့ ေမြးစားသမီးအတြက္ ေႏြရာသီစခန္းခ်ဖို႔ျပင္ဆင္ေပးေနခဲ့တယ္ေလ....."


"အိုး...ဒါဆိုသူမကို ျပန္ရွာေတြ႕တဲ့အခ်ိန္ကစၿပီး အဝတ္ေကာင္းေကာင္း အစားေကာင္းေကာင္းေပးၿပီးေတာ့ ေႏြရာသီစခန္းအတြက္လည္း ျပင္ဆင္ေပးလိုက္ေလ..."


စနစ္ စိတ္ေလသြားခဲ့သည္။ သူသည္ မည္ကဲ့သို႔ပင္ အေတြးအေခၚမ်ား႐ိုက္သြင္းေစကာမူ သူမသည္ သူလိုခ်င္သည့္အတိုင္းျဖစ္မလာေပ။


"ပိုင္ရွင္...မင္းအဲ့ဒီ့ပုံျပင္ကို ရင္းႏွီးတယ္မခံစားရဘူးလား...အဲ့ဒီ့ကေလးေလးကိုေရာ မင္းနဲ႔တူတယ္လို႔မခံစားရဘူးလား.."


"အမ္...သမီးကအဲ့ေလာက္သနားစရာေကာင္းတာလား.."


က်န္းေရွာင္မန္သည္ အံ့ၾသတႀကီးေျပာလိုက္သည္။


မူလဇာတ္ေၾကာင္းအတိုင္းဆိုရင္ေတာ့ အဲ့ဒီ့ကေလးေလးကမင္းပဲေလ...


ယခုမူ က်န္းရွင္းက ကယ္တင္ျခင္းခံခဲ့ရေသာေၾကာင့္ ဇာတ္လမ္းေသြဖယ္သြားခဲ့ျခင္းျဖစ္ေပသည္။


စနစ္သည္ ထိုကိစၥရပ္အားေတြးမိလိုက္တိုင္းပင္ ငိုခ်င္ေနခဲ့ေလသည္။


တစ္ခုေလးေျပာင္းလဲမိတာနဲ႔ အကုန္လိုက္မွားေတာ့တာပဲ...။


ထိုအခ်ိန္မွစ၍ အရာရာသည္ သူ၏ထိန္းခ်ဳပ္မႈမွ လြတ္ေျမာက္သြားခဲ့သည္။ သူသည္ မၾကာေတာ့သည့္အခ်ိန္တြင္း၌ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကိုမမွတ္မိေသာေရာဂါပင္ျဖစ္ေတာ့မည္ဟုခံစားရသည္။


က်န္းေရွာင္မန္ အတန္ၾကာစဥ္းစားၿပီးေနာက္ အဆိုပါပုံျပင္သည္ သူမႏွင့္မဆိုင္ဟုသတ္မွတ္လိုက္သည္။ ဘြားဘြားသည္တစ္ခါတစ္ရံ သူမအား႐ိုက္ျခင္းဆူပူျခင္းျပဳေသာ္လည္း ခဏခဏ႐ိုက္ေနျခင္းမဟုတ္ေပ။ ထို႔အျပင္ ဘြားဘြားသည္သူမအေပၚ အလြန္ၾကင္နာခ်စ္ခင္ေလသည္။ က်န္းေရွာင္မန္အေနျဖင့္ သူမအားမေၾကာက္႐ြံ႕ေခ်။


သူမေလးသည္ အလြန္ဆိုး႐ြားသည့္ပုံျပင္တစ္ပုဒ္အျဖစ္သာ သတ္မွတ္လိုက္သည္။


သူမသည္ ဦးဦးစနစ္အား ဇာတ္သိမ္းေျပာင္းေပးရန္ေျပာလိုက္သည္။


စနစ္သည္ သူ႔အေနျဖင့္ ဤကဲ့သို႔မလုပ္ႏိုင္ေၾကာင္းႏွင့္ ပုံျပင္၏ဇာတ္သိမ္းမွာ ေရးၿပီးသားျဖစ္ေၾကာင္း ျပန္လည္ရွင္းျပသည္။


က်န္းေရွာင္မန္သည္ ခပ္စြာစြာေလးေျပာလိုက္သည္။ သူမသည္အလြန္ပင္ စိတ္ဆိုးေနခဲ့သည္။


"ဒီပုံျပင္ကိုေရးတဲ့လူက သူ႔ေခါင္းထိခိုက္ထားတာပဲျဖစ္ရမယ္..."


သူတို႔သည္ ကေလးေလးအားဤကဲ့သို႔ ဆက္ဆံရက္ေပသည္။ အလြန္ရက္စက္လြန္းသည္။


"ပိုင္ရွင္...ငါမင္းကိုေျခာက္လွန္႔ေနတာမဟုတ္ဘူးေနာ္...မင္းဘဝကအရမ္းသနားစရာေကာင္းေနတာမဟုတ္ဖူးလား...ေမြးစားသမီးက အစစအရာရာအလိုလိုက္ခံရတယ္....မင္းရဲ႕မိဘအရင္းေတြကလည္း သူမကိုအရမ္းခ်စ္ၾကတယ္..သူမကမင္းပိုင္ဆိုင္ရမယ့္အရာေတြကို လုယူသြားတာေလ...မင္းစိတ္မဆိုးဘူးလား.."



Report Page