(1.2)
Your Baobae(kp)(1.2) ယုန်လေး က တောင်ပေါ် ကနေ ဆင်းလာတယ်။
အတွင်းရေးမှု ခမျာ ကြောင်အမ်း နေစဥ် အတွင်းမှာပဲ နန်ဟွေး က သူ့ကို ဆွဲလားရမ်းလား လုပ်ဖို့ ကြိုးစား နေတဲ့ ထိုလက်တွေကို ပြန်တွန်းလွတ်ဖို့ အခွင့်အရေး ယူလိုက် လေတယ်။ ပြီးတော့ ခြေလှမ်း အနည်းငယ် လောက် တွန်းလိုက်ကာ ကျင်းထန်ကို ပွေ့ဖက် သွားပြီးတော့ ပွင့်နေတဲ့ တံခါးအား ညာခြေနဲ့ ကန် လိုက်ကာ ' ဘန်း ' ကနဲ တံခါး က ပြန်ပိတ် သွားတော့တယ်။
အတွင်းရေးမှုး ခမျာ နန်ဟွေးရဲ့ မထင်ထားတဲ့ ပျော့ပျောင်းသော လှုပ်ရှားမှု ကြောင့် သိသိသာသာ ကိုပဲ တုန်လှုပ် သွားလေတယ်။ ပြီးတော့ သူမ က အချိန်အတော်ကြာ ထိ ပြန်ပြီး သတိ မဝင်လာ မိပေ။
သူမလည်း သတိ ပြန်ဝင် လာတဲ့ အခါမှာတော့ အထဲကနေ တံခါးကို လော့ခ် ချ ပြီးသွားပြီ ပဲ ဖြစ်လေတယ်။
အတွင်းရေးမှုး ခမျာ အတော်လေး စိုးရိမ် ပူပန် ပြီးတော့ တံခါးကို ခေါက်နေစဥ် အတွင်း အော်နေခဲ့ လေတယ်။
'' ဘော့စ်ကျင်း ၊ စိတ်မပူပါနဲ့ ၊ ငါအခုချက်ချင်း ပဲ ဒီအခန်းရဲ့ သော့အပို ကို အမြန်ဆုံး သွားယူ လိုက်ပါမယ် ''
ဒါပေမယ့် သူမ အတွက် ပိုပြီးတော့ တုန်လှုပ်သွားစေ တဲ့ အရာ ကတော့ အခုမှ စတာ ပဲ ဖြစ်လေတယ်။
ကျင်းထန် က တကယ်ပဲ သူမ ကို တားခဲ့တယ်လေ။
'' မင်း အပြင်မှာ တစ်ခဏလောက် သွားစောင့် လိုက် ''
အတွင်းရေးမှုး ခမျာ နေရာမှာတင် တစ်ခဏ အေးခဲ သွားလေတယ်။
ကျင်းထန် ဘာကို ပြောချင်တာ လဲ ဆိုတာကို သူမ သေချာ မသိတော့ ပါချေ။
အစောက လူကို သူမ ဘော့စ် က တကယ်ကြီး သူနဲ့ အတူ ခေါ်ထား လိုတာများ ဖြစ်နိုင် မလား?
ကျင်းထန် ရဲ့ လက်မောင်း တွေ ကြားထဲကို နန်ဟွေး က ငှက်ကုလားအုတ် တစ်ကောင်လို ဝင်တိုး နေပေမယ့် အတွင်းရေးမှုးက သူ့ကို ရှင်းရှင်း လင်းလင်း မြင်တွေ့ လိုက်ရလေတယ်။
ထိုလူငယ်လေး က အခုမှ ၂၀ အစောပိုင်း လောက်ပဲ ရှိအုံးမှာလေ။
အစောတုံး က မစ္စတာ ကျင်း က အဲ့ကလေး အတွက် ပြသတဲ့ ခံစားချက် ကို သူမ တကယ်ပဲ မမြင်လိုက်ရဘူး ။ အာ.....။
အတွင်းရေးမှုး ရဲ့ ခေါင်းအသေးလေး ထဲမှာ သံသယအကြီးကြီး ရှိနေ ခဲ့ပါတယ်။
ကျင်းထန် ရဲ့ အိပ်ယာပေါ်ကို တွယ်တက် ချင်နေတဲ့ လူတွေက တကယ်ကိုပဲ ကျား ၊ မ မရွေးရှိလေတယ်။
ကျင်းထန် က လက်ထပ်ပွဲ တွေ အတွက် ရည်ရွယ်လာတဲ့ သူတွေ အကုန်လုံးကို ငြင်းလိုက်တဲ့ အတွက်ကြောင့် လူတွေက ကျင်းထန်ရဲ့ လိင်မှုကိစ္စ မစွမ်းဆောင် နိုင်ဘူးလို့ တောင်မှ လူအများ က ထင်ခဲ့ ကြလေတယ်။
လူအများကြီးက အဲ့ကောလ ဟာလ မှန်ကန် သလား ဆိုတာ ကို ရှာဖွေ ကြတဲ့ အချိန် တစ်ချိန် ရှိခဲ့ လေတယ်။
အဲ့အချိန်တုံး က ဖြစ်ပျက်ခဲ့တာ တွေက ထိန်းချုပ်မှု အောက်ကနေ လွတ်လုနီးပါးပဲ။ ကျင်းထန် က သူ့ကို လာပြီး စမ်းဖို့ လုပ်တဲ့ လူကို ကန်ထုတ်လိုက် ပြီးတော့ ဝိုင်ခွက် နဲ့ တစ်ဖက်လူအား ခေါင်း ကနေ လောင်းချ ပြီးတော့ အေးစက်တဲ့ မျက်နှာထားသာ ပေးခဲ့လေတယ်။
အဲ့မတော်တဆ ဖြစ်ပြီး ကတည်း က ဘယ်သူကမှ ကျင်းထန် ကို ထိုကိစ္စအတွက် ရှင်းပြချက် မတောင်းရဲ တော့ပါပေ။
အဆုံးမှာတော့ သူတို့ကသာ တစ်ဖက် လူ အပေါ် အခွင့်အရေး ယူချင် နေတာ ဖြစ်ပြီးတော့ အရင်ဆုံး မှားယွင်း ခဲ့တဲ့ လူက သူတို့ပဲ ဖြစ်လေတယ်။
ကျင်းထန် နဲ့ ဆက်ဆံ ရေး တစ်ခု ရှိခြင်း ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတာကို လူတိုင်း က သိကြလေတယ်။
တစ်ချို့ကံမကောင်းတဲ့ တစ္စေလေး တွေက ကို့ဘာကို မကာကွယ်လိုက် နိုင်ခင်မှာ ပဲ ကန်ထုတ်ခံ လိုက်ရတာ က အစဥ်အလာ တစ်ခုလို ဖြစ်ပြီးတဲ့နောက် ထက်မြက်တဲ့ လူ အရေအတွက် ကလည်း အတော်လေး ကျဆင်း လာတယ်လေ။ ဒါပေမယ့် ကျင်းထန် ရဲ့ ကောလဟာလက တော့ တိုးပွားလာခဲ့ လေတယ်။
တစ်ချို့ဆိုရင် ကျင်းထန် က အဲ့ကိစ္စနဲ့ ပတ်သက်ပြီး မစွမ်းဆောင်နိုင် ဘူးလို့တောင် မှ ထင်ကြေး ပေးလာ ခဲ့လေတယ်။
ဒါပေမယ့် လူထုရဲ့ အမြင် က ဘယ်လိုပဲ ပြောင်းလဲ နေပါစေ ကိစ္စမရှိပါပေ။ ထိုလူတွေက ကျင်းထန် ရဲ့ ဘေးကို တစ်စုံတစ်ယောက် အား ပေးပို့နေ ခြင်း ကတော့ ဘယ်လိုမှ မဖြစ်လာ နိုင်ပါပေ။
ဒီရှုပ်ထွေးလှတဲ့ အမှုကိစ္စတွေကို ဖြေရှင်းကိုင်တွယ် နေရတဲ့ အတွင်းရေးမှုးတောင် တစ်ခါတစ်လေ တွေးမိလေတယ်။
ကျင်းထန် က တစ်နေ့မှာ တကယ်ပဲ လက်ထပ်ဖြစ် လောက် လားလို့ပေါ့လေ ။
အဲ့တာ က သူမ ကိုင်တွယ်ဖြေရှင်း စရာမလိုတဲ့ ကိစ္စရပ် တစ်ခု ဆိုတာကို သူမသိပေမယ့် သူမရဲ့ စိတ်ထဲ မှာ ကျင်းထန်ရဲ့ အခုလို ပုံစံက အသားကျ နေပြီ ဖြစ်တာ ကြောင့် တစ်နေ့နေ့မှာ သူမရဲ့ ဘော့စ် အချစ်ကို တွေ့ပြီး ဘဝကို သူ့အချစ်နဲ့ အတူတူ ကုန်ဆုံးသွားမယ့် ပုံအား သူမ တကယ် စိတ်ကူးကြည့် လို့တောင် မရပါချေ။
ပြီးတော့လည်း အခုချိန် က သိသိသာသာ ကိုပဲ သက်ပြင်းချ ဖို့ သင့်တော်တဲ့ အချိန် မဟုတ်ပါပေ။
အတွင်းရေးမှုး ခမျာ ပိတ်ထားတဲ့ တံခါးကို စိုးရိမ်စွာ ကြည့်နေ ပြီးတော့ သူမ ကပဲ မြန်မြန် ထွက်သွား ရတာပဲ ဖြစ် ဖြစ် ကျင်းထန် က မြန်မြန် ထွက်လာ တာ ပဲ ဖြစ်ဖြစ် တစ်ခုခုတော့ဖြစ်လာ ပါစေ ဆုပြီး ဆုတောင်း နေရ လေတယ်။
သူမ က သူ့မဘော့စ်ရဲ့ စွမ်းဆောင်ရည် ချို့တဲ့ပါစေ လို့ ကျိန်ဆဲ ချင်တာ မျိုး မဟုတ်ပါပေ။
ဒါပေမယ့် သူမက တကယ်ပဲ တစ်ချို့ အရာတွေကို live မမြင်ချင် ပါပေ။
( ငါတို့ဆို live ကြည့်ချင်တောင် မကြည့်ရတာ)
ထိုဟာရဲ့ ဖြစ်တန်စွမ်းကို စဥ်းစား ကြည့်လိုက်တဲ့ အခါ မှာတော့ အတွင်းရေးမှုး ရဲ့ ဦးခေါင်းခွံ ခမျာ ထုံကျင် လာသလို တောင် ခံစားလိုက် ရလေတယ်။
နံရံရဲ့ တစ်ခြား တစ်ဖက်မှာတော့ ကျင်းထန် က သူ့ကို တင်းကျပ်စွာ ဖက်ထားတဲ့ လူအား နောက်ဆုံးတော့ အောင်မြင်စွာပဲ ဆွဲခွာ နိုင်ခဲ့လေတယ်။
သူက အရမ်း လှပတဲ့ လူတွေကို မြင်ဘူး ပြီးသား ဖြစ်ပေမယ့်လည်း ထိုလူငယ်လေး ရဲ့ မျက်နှာကြောင့် သူ့ခမျာ စက္ကန့်အနည်းငယ် ကြာတဲ့ အထိ ငေးကြောင် နေမိလေတယ်။
အနက်ရောင် စစ် စစ် နူးညံ့ တဲ့ ဆံနွယ်လေးတွေက ချောမွေ့တဲ့ နဖူးလေး ပေါ်မှာ တွယ်ဆင်းကျ နေကာ နဂိုက ဖြူဖွေးပြီး အေးစက် တဲ့ အသားရည် လေးက အခုတော့ အနီရောင် ပါးပါးလေး သမ်းနေကာ ရင့်မှည့်နေတဲ့ မျက်မွန်သီး လေးနဲ့တောင် တူ နေလေတယ်။
စိုစွတ် နီစွေးနေတဲ့ မျက်ဝန်း တစ်စုံက သူ့ကို သန့်စင်ပြီးတော့ တဏှာအပြည့်နဲ့ ဆွဲဆောင်မှု ရှိစွာ စိုက်ကြည့်နေခဲ့ လေတယ်။
သူက အတင်းဆွဲခွာ လို့ ရခဲ့ပြီး ဖြစ်ပေမယ့် ထိုလူသားလေး ကတော့ သူ့ရဲ့ လက်မောင်းထဲကို အတင်းမှီကာ '' အနံ့လေး က အရမ်းကောင်းတယ် '' ဆိုပြီးတော့ ခပ်တိုးတိုး ရေရွတ် နေခဲ့ကာ သူ့ရဲ့ အဝတ်အစား တွေကို ပွတ်နေခဲ့တယ်။
ရင်းနှီးနေတဲ့ လေသံ က ကျင်းထန် ရဲ့ လှုပ်ရှားမှု တွေကို တောင့်ခဲ သွားစေ လေတယ်။ သူက တစ်ချို့ ဖြစ်နိုင်စွမ်း တွေကို တွေးမိတော့ သူ့ရဲ့ အသက်ရှုသံ တွေက ပိုလို့တောင် လေးလံလာခဲ့ လေတယ်။
သူက အဲ့တာ ကို ချက်ချင်း ပဲ အတည်ပြု လိုက်ဖို့ မဝံ့ရဲ ပါပေ။ ရင်းနှီးနေတဲ့ အငွေ့အသက်တွေ က သူ့ရဲ့ အာရုံခြောက်ခြား မှု တစ်ခုသာသာ ပဲ ဖြစ်နေမှာကို ကျင်းထန် ကြောက်မိလေတယ်။
အဆုံးမှာတော့ သူက အချိန် အတော်ကြာတဲ့ အထိ စောင့်ဆိုင်း ခဲ့ရတာလေ။ ပြီးတော့ နောက်ထပ် နှစ်ရာပေါင်း ထောင်ပေါင်းမက စောင့်နေ ရလဲ သူ့အတွက်တော့ ကိစ္စမရှိပါပေ။
ဒါပေမယ့် အတည်ပြု ပြီးတဲ့နောက် သူ့ရဲ့ မျှော်လင့်ချက်တွေက ကျရှုံးပြီး အချိန်ကြာကြီး စောင့်စားခဲ့ သမျှ စိတ်ပျက်မှု တွေ ဖြစ်သွားမှာကို ကြောက်နေ မိတာ ပဲ ဖြစ်လေတယ်။
ပြီးတော့ အဲ့လို စိတ်ပျက်အားငယ် မှုက အချိန်ကြာကြီး စောင့်စား ရလို့ အထီးကျန်တာ ထက် စာရင် ပိုပြီးတော့ ဆိုးဝါး လို့ပဲ ဖြစ်လေတယ်။
'' မင်း ဒီကို ဘယ်လိုလုပ် ရောက်လာ သလဲ ဆိုတာ ကို မှတ်မိနေ သေးသလား? ''
ကျင်းထန် က မျက်မှောင်ကြုတ်ကာ သိသိသာသာ ကိုပဲ ရှင်းလင်းတဲ့ စိတ်ရှိမနေတဲ့ လူကို ကြည့်လိုက်ကာ သာမန်ပြောဆို မှု တစ်ခု ရအောင် ကြိုးစား ကြည့်လိုက်တယ်။
နန်ဟွေး ခံစားမိတာ တစ်ခု ကတော့ ဒီလူက သိပ်ပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ် လို့ပေါ့လေ။ ပြီးတော့ အခုလေးတင် ပဲ သူက သူ့ကို ဖက်မှာကို ငြင်းပယ်လိုက် ပေမယ့် အခုကျပြန်တော့ သူ့နား ထဲကို တဝီဝီ နဲ့ လာပြီး မရပ်မနား ပွားနေ ပြန်တယ်။
သူက သူ့ရှေ့မှာ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေတဲ့ ပါးစပ်ကို စိုက်ကြည့်ကာ တိုက်ရိုက်ပဲ သူ့ညာလက်ကို မြှောက်ပြီးတော့ ပိတ်လိုက်လေတယ်။
စကားပြောနေတဲ့ အသံက ရုတ်တရက် ရပ်သွားတော့ မှ နန်ဟွေးလည်း ကျေနပ်သွားတော့ လေတယ်။ ပြီးတော့ သူ့ကိုယ်သူ ကျင်းထန် အား ဆက်လက်ပြီးတော့ ပွတ်သပ် နေခဲ့ ပြန်တယ်။
ဆက်သွယ်ပြောဆို ဖို့ ကျရှုံးခဲ့ တဲ့ ကျင်းထန် ခမျာ ကူကယ်ရာ မဲ့စွာနဲ့ ပါးစပ်ထောင့်ကို ကူကယ်ရာမဲ့စွာနဲ့ မဲ့မိလေတယ်။
နန်ဟွေး ရဲ့ လက်ဖဝါးတွေက ပူပြင်းပြီးတော့ ခြောက်သွေ့နေ ခဲ့လေတယ်။ အထူးသဖြင့် ကျင်းထန် ရဲ့ နှုတ်ခမ်းကို ထိထားတဲ့ လက်က ပိုပိုပြီးတော့ ခံစား ရလေလေပဲ ဖြစ်လေတယ်။
ကျင်းထန် က သူ့လက်မောင်းထဲက လူက ဘာကြောင့် ဒီလို အခြေအနေ မျိုးကို ရောက်နေ ရသလဲ ဆိုတာ ကို ရှင်းရှင်းလင်းလင်း သေချာမသိပေမယ့်
အခုချိန်မှာတော့ သူ့ရဲ့ ကိုယ်ရေးအချက်အလက် အမှန်ကို အတည်ပြု ဖို့က အတော်လေးကို အရေးကြီး နေတာ ပဲ ဖြစ်လေတယ်။
ကျင်းထန် က အသက်ပြင်းပြင်း တစ်ချက်ရှုကာ သူ့ရဲ့ လက်ဖဝါးဆီကနေ ရွှေရောင် အလင်းဖျော့ တစ်ခု က ထွက်ပေါ်လာ ခဲ့လေတယ်။
နောက်တော့ သူက လက်ကို မြှင့်ကာ အဲ့တာလေး ကို နန်ဟွေး ရဲ့ နဖူးထဲကို ငြင်သာစွာ ဖိချ ပြီး ထည့်လိုက် လေတယ်။
ရွှေရောင် အလင်းတန်း က တဖြေးဖြေး ပျောက်ကွယ် သွားကာ သေးငယ်တဲ့ ရွှေရောင် အမှတ်တံဆိပ် တစ်ခု ကတော့ ထို နဖူးပြင်ကျယ်လေး မှာ ပေါ်လာ ခဲ့ ပြီပဲ ဖြစ်လေတယ်။
ကျင်းထန် က ထို အမှတ်သင်္ကေတ ကို ကြည့်ပြီးတော့ အပျော်တွေ လွန်လွန်းလို့ အသက်ရှုတောင် ရပ်လု နီးပါး ဖြစ်သွားလေတယ်။
အချိန်အတော်ကြာကြီး ရုန်းကန် ခဲ့ရတဲ့ နန်ဟွေး ခမျာ အဲ့အချိန်မှာတော့ နောက်ဆုံး အနားရသွားလေတယ်။ ကျင်းထန် ရဲ့ တန်ဖိုးကြီး ဝတ်စုံ ခမျာ ကလည်း နန်ဟွေးကြောင့် ကြယ်သီးတွေ ပြုတ်သွားကာ အဖြဲခံလိုက် ရလေတယ်။
ကျင်းထန် က မတက်နိုင်ပဲ မျက်ခွံတွေ လှုပ်သွား ခဲ့လေတယ်။ နှစ်ပေါင်း များစွာ မတွေ့တာ ကြာပြီ ဖြစ်တဲ့ အတွက်ကြောင့် ယုန်ငယ်လေး က အရင်က ထက် ပိုပြီးတော့ ကွဲပြားလာတဲ့ ပုံပေါ်လေတယ်။
ပိုပြီးတော့ ကြမ်းတမ်းပြင်းထန် လာပြီးတော့........ ပိုပြီးတော့လည်း တက်ကြွ လာသလားလို့လေ။
ဘာသာပြန်သူမှာ ပြောစရာလေး ရှိပါတယ်။
ကိုယ်တို့ရဲ့ အားဟွေးလေး က တောဂနိုင်မှာ အချိန်အကြာကြီး နေခဲ့ ရတဲ့အတွက်ကြောင့် တောသား မြို့ရောက် ဖြစ်တဲ့ အခါ ဓာတ်လှေကားလို သတ္တုအိမ် ကြီးရဲ့ အကျိုးသက်ရောက် မှုကို တစ်ခါမှ မတွေ့ဘူး တဲ့ အတွက် ခွင့်လွတ်ပေး လိုက်ကြဘာလို့ ^ ♥ ^
...............................................................
အပိုင်းတစ်မှာတင် အီစိမ့် သွားပြီ။