100%

100%

michaelmaw

100% မှန်တယ်


"တစ်ကယ်တော့ လဲ စင်ကာပူ ဟာ သိပ်အထင်ကြီးစရာ တေ့ာလဲ မရှိပါဘူး""


စင်ကာပူ မှာ နေသက်လေး နည်းနည်း ရလာတော့.. ကိုယ်မလာခင်က ရောက်ခါစ လို စင်ကာပူကို လေးစား အားကျ တဲ့ စိတ် အတုယူချင်စိတ်က တော့ လျော့နည်းသထက်လျော့နည်း လာတာပေါ့..


ကိုယ်အထင်ကြီး လေးစားအားကျတဲ့ အရာတွေက သာမန်လိုဖြစ်လာတယ်... 


တစ်ကယ်တော့ စင်ကာပူက နိူင်ငံသားတွေ အများစု smart ကျနေတာ မဟုတ်ပဲ စင်ကာပူ အစိုးရ smart ကျနေတာ သွားတွေ့ရတယ်.. 

 

၁///

စင်ကာပူနိုင်ငံသားတွေက ဘာသာစကားမှာ english စကားအပါ ဘာသာစကား နှစ်မျိုး သုံးမျိူးလောက်ပြောတတ်ကြတာတွေ့ရတယ်..


ဒါဟာ ဘာကြောင့်လဲဆို ငယ်စဉ်ထဲက သူတို့ကျောင်းတွေမှာ စာသင်ကြားရင် အစိုးရ ရဲ့ ချမှတ်ထားတဲ့ အတိုင်း ဘာသာစကား နှစ်မျိူး ယူရပါတယ်.. တမျိူးမှာ english စကားကို မဖြစ်မနေယူရပြီး .. ကျန်တစ်မျိူးကို မိခင်ဘာသာစကားယူရပါတယ်..( မိခင်ဘာသာ စကားဆိုရာမှာ သုံးမျိူးပဲ ရွေးချယ်ခွင့်ရှိပါတယိ..တရုတ် နဲ့ မလေး နစ်မျိူးပဲ ရွေးချယ်မှု များပြားပြီး အိန္ဒိယ တလ်မီး ဘာသာစကားကတော့ ရွေးချယ်မယ့်သုမရှိသလောက်ပါပဲ)

ကျောင်းမတက်နိုင်တဲ့ မထားနိုင်တဲ့ ကလေးတွေဆို အစိုးရကို တင်ပြရပါတယ်. အစိုးရက ကျောင်းထားပေးပါတယ်.. 

ဒီ့အတွက် စကားပြောနိုင်ကြတာဟာ မထူးဆန်းပါဘူး.. 


၂////

စင်ကာပူ က သူတွေ ဘယ်လောက် စည်းကမ်းရှိလဲဆို နေရာတိုင်းမှာ အမှိုက်သရိုက် တွေ မတွေ့ရသလောက်ရှားပါး ပါလိမ့်မယ်..


ဒါဟာ ဘာကြောင့်လဲဆို အစိုးရက အမှိုက်စည်းကမ်းမဲ့ ပြစ်သူကို ဒဏ်ကြေးကြီးကြီး နဲ့ အရေးယူ မပေးနိုင် အချူပ်ချ နဲ့ တစ်ကယ်ပြတ်ပြတ်သားသား လုပ်လို့ စောင့်ကြည့် ကင်မရာတွေနဲ့ ဖမ်းလို့ မပစ်ရဲဖြစ်နေကြပြီး ကြာတော့ စည်းကမ်းရှိလာကြတာဆိုရင် တော့ အနည်းငယ်ပဲ မှန်ပါသေးတယ်.. 

တစ်ကယ်က ထင်ရှားတဲ့ လူမြင်ကွင်းတွေလောက်သာ စည်ကမ်းရှိနေကြတာပါ .. ဒါဆို နေရာတ်ုင်း ကြည့် ဘာလို့သန့်နေတာလဲ.. သင် မနက် လေး ငါး နာရီလောက်ထလမ်းလျောက်ကြည့်ပါ.. HDB လို့ ခေါ် တိုက်တွေရဲ့ အောက်တွေ အမှိုက်တွေ ပွပလဲနေတာတွေ့ရပါလိမ့်မယ် လူ အသုံးပြုထားတဲ့နေရာတွေပေါ့ .. တော်တော်များများ အသုံးပြုပြီးသားတွေကို အောက်မှာပဲချ စားပွဲပေါ်ပဲ တင်ပြီး တစ်ချို့ဆို လမ်းဘေး မှာတင် ပြစ်ထားခဲ့တာအများကြီးပါ.. ဒါဆို ဘာကြောင့် မနက်အလုပ်သွားကြည့်လိုက်တာနဲ့ ဘာမှ မရှိအမြဲ သန့်နေရတာလဲ လို့ ပြောရရင်တော့.. 

မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ တစ်နိုင်ငံလုံးစာ လုံလောက်တဲ့ စည်ပင်အဖွဲ့ ရှိပါတယ်.. သူတို့တွေဟာ မနက်လေးငါး နာရီ ဆို အလုပ်စဝင်ကြပါပြီ တွန်းရွှေ့လို့ ရတဲ့ အမှိုက်ပုံကြီးတွေ တံမြက်စည်းတွေနဲ့ ကိုယ့်သတ်မှတ်တာဝန်ယူရတဲ့ အပိုင်းတွေကို ပုံမှန် ၇:၃၀ ၈:၀၀ လောက်အပြီး ရှင်းသန့်နေအောင် လုပ်ရပါတယ်.. နေခင်းဆို အလှည့်ကြ ရေသေနတ် အပြင်းစားတွေနဲ့ ကြမ်းပြင်တွေ တိုက်ခန်းကြားတွေကို အလှည့်ကြ လိုက်ထိုးပြီး သန့်ရှင်းကြရပါတယ်..


ဒီ့အတွက် နေရာတိုင်း သန့်ရှင်း နေတာ တွေ့ရတာ သိပ်မဆန်းပါဘူး.. 


၃////

စင်ကာပူ မှာ နေရတာဟာ ကိုယ်နိုင်ငံထက် ပိုလုံခြုံမှုရှိပါတယ်..


အဲဒါဘာကြောင့်လဲဆို ပြသနာ တစ်ခုခုဖြစ်တိုင်း လူတိုင်းဟာ ရဲချက်ခြင်းခေါ်ကြပါတယ် ဖုန်းဆက်ပြီး ( ဖုန်းတွေရဲ sim card တိုင်းမှာလဲ sim company တွေက ထည့်ပေးထားတဲ့ အရေးပေါ်ဖုန်းနာပါတ်တွေ အကုန်ရှိပြီးသားပါ ) ရဲတွေကလဲ ၁၅ မိနစ်အတွင်း အရောက်လာကြပါတယ်.. ရဲတွေက လာဘ်မယူကြပါဘူး .. အစိုးရက လုံလောက်တဲ့ ပံ့ပိုးမှုတွေပေးထားတဲ့ပြင် လာဘ်ယူရင်ကြောင်သိသာထင်ရှားရင် မည်သည့် အစိုးရဝန်ထမ်းမဆို ထောင်နန်းစံ ရပါမယ်.. စင်ကာပူ ဟာ ပြစ်မှုလုပ်သူကို အချိန် မကြာခင်အတွင်းမှာ စုံစမ်းဖော်ထုတ် အပြစ်ပေးနိုင်ကြပါတယ်.. ဒါဟာ စင်ကာပူက နယ်နမိတ်ကျဉ်းမြောင်းလှပါတယ် ပြေးပေါက်မရှိပါဘူး ပြေးစရာ ဆိုလို့ မလေးဘက်ထွက်မယ့် ကားဂိတ် နဲ့ အင်ဒိုဘက် ထွက်မဲ့ သဘောင်္ဂိတ်ပဲ ရှိပါတယ်.. အပြစ်လုပ်ထားတဲ့သူဟာ ထိရောက်တဲ့ ဥပဒေတွေနဲ့ အပြစ်ပေးချင်းခံရပါတယ်.. လူသတ်မှုမှာတော့ သတ်ကြောင်းသိသာထင်ရှားရင် သေစား သေဒဏ်ပါပဲ..


ဒီ့အတွက် ဥပဒေတွေနဲ့ ထိန်းချူပ်မှုအောက်မှာ တစ်သွေမတိမ်း ရှိနေတဲ့ နိုင်ငံ မှာ နေထိုင်ရတာ လုံခြုံမှုရှိတယ် ဆိုတာ သိပ်မဆန်းပါဘူး..


ဒီ သုံးချက်ဟာ စင်ကာပူကို မလာခင် ရောက်စက အထင်ကြီး လေးစားခဲ့ရတဲ့ အချက်တွေ.. 


တစ်ကယ်တော့ စင်ကာပူက လူတွေဟာလဲ သူလိုကိုယ်လိုတွေပါပဲ.


တစ်ကယ်တော့ စင်ကာပူဟာ သိပ်တော့အထင်ကြီးစရာ မရှိပါဘူး..


နိုင်ငံတစ်ခုမှာ အစိုးရကောင်းရှိဖို့ပဲ လိုအပ်ပါတယ်


Report Page