051

051


ပြည်တွင်းခုခံ​စစ်အား​ကောင်း​နေချိန်တွင် အိန္ဒိယက
ပလက်ဝ-ဇိုရမ်ပူရ်လမ်း​ဖောက်လုပ်ရန် တင်ဒါ​ခေါ်ယူ​နေ

​🟣 Z Fighter June 21 🟣

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်​ကောင်စီကိုလူထုခုခံ​တော်လှန်စစ်အားကောင်းနေချိန်တွင်အိန္ဒိယနိုင်ငံကချင်းပြည်
နယ်၊ပလက်ဝမှအိန္ဒိယနိုင်ငံသို့ဆက်သွယ်မည့်ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်းကိုအပူတပြင်းဖောက်လုပ်ရန်စီစဥ်နေသည်။

ထိုလမ်းပိုင်းအတွက် မြန်မာပြည်တွင်းနှင့် အိန္ဒိယမှ စီးပွား
ရေးလုပ်ငန်းရှင်များကို တင်ဒါဖိတ်ခေါ်ကြောင်း အိန္ဒိယအစိုးရပိုင် ကုမ္ပဏီIRCON International Ltd. က ဇွန် ၂၀ ရက် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင်​​ကြော်ညာထားသည်။

ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇီုရမ်ပူရ် မှ ချင်းပြည်နယ် ပလက်ဝအထိ ကီလိုမီတာ ၁၂၉ ရှည်လျားသည့် အဝေးပြေးလမ်းနှင့် ပလက်ဝမှ စစ်တွေအထိ ကီလိုမီတာ ၁၅၈ ရှည်လျားသည် ကုလားတန်မြစ်ကြောင်းတို့ကို အသုံးပြုပြီး ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်ရန်ဖြစ်သည်။ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်း၏သုညကီလိုမီတာမှ ၁၀၉ ကီလိုမီတာအထိ နှစ်လမ်းသွား အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီးထိုလမ်းပိုင်း၏ ၁၀ကီလိုမီတာကိုအပိုင်း၁အဖြစ်စတင်ဆောင်ရွက်မည်ဟုအိန္ဒိယကုမ္ပဏီကဆိုသည်။

ထိုလမ်းပိုင်း တည်ဆောက်ရေးအတွက် ကုန်ကစရိတ်မှာ အိန္ဒိယရူးပီး ၁၉ ဘီလီယံနှင့်ဒီဇိုင်းအတွက် ရူပီး ၁ ဒဿမ ၆ ဘီလီယံ( ​ဒေါ်လာသန်း၂၀)သုံးဆွဲမည်ဟုကုမ္ပဏီကထုတ်ပြန်သည်။

စီမံကိန်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား ဇွန် ၂၁ ရက် (ယနေ့)မှစတင်ပြီး တင်ဒါပုံစံများရောင်းချမည်ဖြစ်ပြီး ဇူလိုင် ၄ ရက် နောက်ဆုံးတင်ဒါသွင်းရမည်ဟု ​ကြော်ညာထားသည်။

"ဒီလိုကာလမှ လမ်း​ဖောက်တဲ့လုပ်ငန်းသစ်​တွေ လုပ်မယ်ဆိုတာ အရမ်းကိုစွန့်စားလွန်းတဲ့လုပ်ရပ်ပါ။ စစ်​​ကောင်စီတပ်က ကုမ္ပဏီ​ဝန်ထမ်း​​​တွေကို​ လုံခြုံ​ရေး ​ပေးနိုင်မယ် မထင်ဘူး။ အရင်က ဒီ​ဒေသမှာ AAတခုဖွဲ့တည်းနဲ့​တောင် အဆင်မ​ပြေခဲ့တာ အခု ချင်းလက်နက်ကိုင်​​တွေ​တပ်ဖွဲ့​တွေ​တောင် ထပ်​ပေါ်​နေပြီ။ ဒီလိုအချိန်မှာ စီမံကိန်းအ​ကောင်အထည်​ဖော်မယ်ဆိုတာ မြန်မာနိုင်ငံ​ရေးအ​ခြေအ​နေကို အိန္ဒိယက နားမလည်တာ ဖြစ်နိုင်သလို၊ အိန္ဒိယ အ​ရှေ့​မြောက်ပိုင်းပြည်နယ်​တွေ လုံခြုံ​ရေးအတွက် မြန်မာနိုင်ငံက အ​ရေးပါတာကို အိန္ဒိယအစိုးရရဲ့ စိုးရိမ်လာလို့လဲဖြစ်မယ်"ဟု ရင်းနှီးမြှပ်နှံမှုဆိုင်ရာအကြံ​ပေးကုမ္ပဏီတခုမှမန်း​နေးဂျင်းဒါရိုက်တာတစ်ဦးက​ပြောသည်။

ပလက်ဝအပါအဝင်ချင်းပြည်နယ်သည် အာဏာသိမ်းစစ်​​ကောင်စီကို ခုခံတွန်းလှန်စစ်ဆင်နွှဲ​နေ​သော အားအ​ကောင်းဆုံး​ဒေသများထဲမှတစ်ခုဖြစ်သည်။

Ircon International or Indian Railway ​
Construction Limited (IRCON)သည် အိန္ဒိယအစိုးရ
၏ မီးရထားဝန်ကြီးဌာနပိုင် ကုမ္ပဏီတစ်ခုပြီး ၁၉၇၆ခုနှစ်တွင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်အိန္ဒိယနိုင်ငံက နိုင်ငံခြားရေးအတွင်းဝန်သည် အာဏာသိမ်းစစ်ခေါင်း
ဆောင်ထံလာရောက်တွေ့ဆုံခဲ့ပြီး ထိုစီမံကိန်း အလျှင်အမြန် အကောင်အထည်ဖော်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ပြည်နယ်များပင်လယ်ထွက်
ပေါက်ရရှိရေးအတွက် ကုလားတန်စီမံကိန်းကိုဒေါ်လာသန်း ၅၀၀ အသုံးပြီး အကောင်အထည်ဖော်ရန်အိန္ဒိယ-မြန်မာ
နှစ်နိုင်ငံ သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းကို အိန္ဒိယဘက်မှ ၂၀၀၂ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း နှစ်နိုင်ငံ သဘောတူညီမှုကို ၂၀၀၈ခုနှစ်မှ ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံလုပ်ငန်းရှင်များကိုရင်း
နှီးမြှပ်နှံမှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းရန်နှင့် တရားမဝင်​သောစစ်ကောင်စီဖြင့် လက်တွဲမဆောင်ရွက်ရန် လူထုကတောင်းဆိုထားသည်။

နိုင်ငံ​တော်အာဏာကို စစ်တပ်က အဓမ္မယူပြီး​နောက် နိုင်ငံတွင်း ရင်းနှီးမြှပ်နှံမှူလုပ်ငန်းအသစ်များကိုရပ်ဆိုင်းရန်နှင့်စစ်​ကောင်စီမှခွင့်ပြု​သော ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများသည် တရားမဝင်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရအဖွဲ့က ယမန်နှစ်ကတည်းက ထုတ်ပြန်ထားသည်။[People's Spring][Z-F]

#Adm_12
#z_fighter

Report Page