051

051


စစ်တပ်အာမခံနှင့်ထောက်ခံသူ အဆိုတော်ယာဉ်လတ် နေအိမ်ရှေ့အနီးတွင် မိုင်းထောင်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိဘဲ စစ်တပ်က သိမ်းဆည်းသွားခဲ့

🟣 Z Fighter June 13 🟣

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းတွင် ယနေ့ နေ့လယ်ပိုင်း စစ်တပ်အာမခံနှင့်ထောက်ခံသူ အဆိုတော်ယာဉ်လတ်၏ နေအိမ်ရှေ့တွင် မိုင်းထောင်ခဲ့သော်လည်း ပေါက်ကွဲမမပေါက်ကွဲ စစ်တပ်က သိမ်းဆည်းသွားခဲ့ကြောင်း Free Fighter Force မှ ဗိုလ် David က ပြောဆိုသည်။

စစ်ကောင်စီကို ထောက်ခံပြီး စစ်တပ်ဝါဒဖြန့် သီချင်းနှင့်ဇတ်ကားများ ရိုက်ကူးသူ အဆိုတော် ယာဉ်လတ်၏ ရန်ကုန်ရှိ နေအိမ်အနီးတွင် မိုင်းဆင်ဖောက်ခွဲရန် Free Fighter Force နှင့် Yangon People's Defense Force(Bahan) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိုင်းက Error တက်သွားသဖြင့် အဝေးထိန်း ဖောက်ခွဲသော်လည်း မပေါက်ကွဲခဲ့ကြောင်း ဗိုလ် David က ပြောဆိုသည်။

"အမှိုက်ကောက်သမားလေးကတွေ့သွားပြီး စစ်တပ်ကို တိုင်တာကြောင့် စစ်တပ်က သိမ်းသွားတယ်။ မိုင်းက မပေါက်ကွဲခဲ့ပါဘူး။ထိခိုက်မှုလည်းမရှိခဲ့ပါဘူး" ဟု ဗိုလ် David က ဆိုသည်။ [Khit Thit Media][Z-F]

ဓာတ်ပုံ- စစ်တပ်အမာခံသူနှင့် ဝါဒဖြန့် အဆိုတော် ယာဉ်လတ်။

Photo - Credit to Original Uploader

#Adm_12
#z_fighter

Report Page