051

051


ထားဝယ်တက္ကသိုလ်က လက်ထောက်ကထိကတစ်ဦးနဲ့ ရပ်ကျေးစာရေးတစ်ဦးပစ်သတ်ခံရပြီးသေဆုံး

🟣 Z Fighter June 13 🟣

လောင်းလုံးမြို့နယ်မှာ ထားဝယ်တက္ကသိုလ်၊ မြန်မာစာဌာနက လက်ထောက်ကထိကတစ်ဦးနဲ့ ရပ်ကျေးစာရေးတစ်ဦးမနေ့က ပစ်သတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

ပန်းတင်အင်းကျေးရွာမှာနေထိုင်တဲ့ လက်ထောက်ကထိက ဦးဝင်းဗိုလ်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဖြစ်သူ ပန်းတင်အင်းကျေးရွာရပ်ကျေးစာရေးဒေါ်မြမြမိုးတို့ ဟာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က သူတို့ရဲ့နေအိမ်တွေမှာပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဦးဝင်းဗိုလ်နဲ့ ဒေါ်မြမြမိုးတို့ကို Laung Lone People Defense Force - LLPDF နဲ့ Dawei Guerrilla Revolutionary Force - DGRF တို့က ပူးပေါင်းရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဦးဝင်းဗိုလ်ဟာ CDM ဝန်ထမ်းတွေကို ရုံးတက်ဖို့အတင်းအကြပ်ဖိအားပေးခြိမ်းခြောက်တာတွေရှိသလို စစ်ကောင်စီကိုအလျဥ်းသင့်သလိုသတင်းပေးတိုင်ကြားနေသူဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေါ်မြမြမိုးဟာလည်း CDM ဝန်ထမ်းတွေနဲ့ ထောက်ပို့ပြည်သူတွေကို သတင်းပေးတိုင်ကြားတာတွေပြုလုပ်နေပြီး သူ့ကြောင့်နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ များစွာရှိနေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။

ဒေါ်မြမြမိုးနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက
"တော်တော်ဆိုးတယ်လို့ပြောလို့ရတယ်။ အရင်က CDM လုပ်တယ်ဆိုပြီး လိုင်းပေါ်တင်တယ်။ နောက် သူပျောက်သွားတယ်။ ပြန်လာတော့ လစာထုတ်နေတာပဲ။ အကွက်ရိုက်မြေအရောင်းအဝယ်တွေမှာလည်း လက်မှတ်ထိုးပြီး ပိုက်ဆံယူတယ်။ အရင်က အုပ်ချုပ် ရေးမှူးဟောင်းအဖမ်းခံရတဲ့ကိစ္စလည်း သူပယောဂမကင်းဘူး။ သူ့အိမ်နား က လူငယ်တွေတောင် သူကြောင့်ထွက်ပြေးနေရတယ်" လို့ဆိုပါတယ်။

ဇွန်လ ၁၀ ရက်ကလည်း မောင်းမကန်ရွာက မူးယစ်ဆေးဝါးရောင်းဝယ်တယ်ဆိုတဲ့လင်မယားနှစ်ဦးကို DGRF နဲ့ LLPDF တို့က ပစ်သတ်ခဲ့ပြီး လာရောက်စစ်ဆေးတဲ့ရဲကားတစ်စီးကိုလည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။[The Tanintharyi Times ][Z-F]

ဓာတ်ပုံ - ထားဝယ်တက္ကသိုလ်က လက်ထောက်ကထိက ဦးဝင်းဗိုလ်

#Adm_12
#z_fighter

Report Page