051

051


မအူပင်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား အများစုအပါအဝင် အကျဥ်းသား ၁၀၀ ဦး မြောင်း​မြအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံရ

🟣 Z Fighter June 13 🟣

ဧရာဝတီတိုင်း၊ မအူပင်မြို့ အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား အများစုအပါအဝင် အကျဥ်းသား ၁၀၀ ဦးမှာ မြောင်း​မြအကျဥ်းထောင်သို့ ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က ပြောင်းရွှေ့ခဲ့ရတယ် အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

" မနေ့ကပြောင်းလိုက်တာ အယောက် ၁၀၀ မြောင်းမြထောင်ကို ပြောင်းတာ။ အများစုကတော့နိုင်ငံရေးပုဒ်မ ၅၀၅(က)သမားတွေပေါ့။ တချို့ ပြစ်ဒဏ်ချခံရတဲ့ ပြီး လွတ်မြောက်မဲ့သူတွေလည်းပါတယ် အားလုံးကတော့စိုးရိမ်နေကြတာပေါ့ဗျာ။ ထောင်ရှင်းသလိုမြင်မိတယ်" လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မအူပင်အကျဥ်းထောင်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အများအပြားရှိနေပြီး အများစုမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ကဲ့သို့သော နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေကြရသူတွေဖြစ်တယ်လို့ မြို့ခံအချို့က ဆိုပါတယ်။

မအူပင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းအား ဝါးချွန်များဖြင့် ခြံစည်းရိုးခတ်ကာ လုံခြုံရေးတင်းကြပ်ထားသည့်အပြင် မြို့တွင်းတွင်လည်း နေ့ရောညပါ စစ်ကောင်စီတပ်နှင့် သတင်းပေး(ဒလန်)များက လှည့်ကင်းများ ပတ်နေတယ်လို့ မြို့ခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။[Ayeyarwaddy_Times][Z-F]

#Adm_12
#z_fighter

Report Page