051

051


စစ်အုပ်စု ရှေ့ပြေးပွိုင့်ကားကို မိုင်းဆွဲတိုက်ခိုက်၊
မြို့နယ်မှူးအပါအဝင် (၄)ဦး ဒဏ်ရာပြင်း

🟣 Z Fighter June 13 🟣

မန္တလေးတိုင်း၊ တောင်သာ - မြင်းခြံလမ်းပိုင်း နန်းမြင့်ရွာအနီး စစ်အုပ်စုရဲ့ ပွိုင့်ကားကို ဇွန်လ (၁၂)ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုင်း (၃)လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့နယ်ရဲမှူး အပါအဝင် (၄)ဦးဟာ ပြင်းထန်ဒဏ်ရာတွေ ရခဲ့ကြပြီး အသေအပျောက်သတင်း မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ တော်လှန်ရေးရဲဘော်တွေ သုံးရက် အစာငတ်ခံပြီး ကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို မြေလတ်-PDF MGN District၊ Seven People Defense Force၊ TTAပြောက်ကျားတပ်ဖွဲ့၊ 27Revolution force၊ Natogyi Regional Defence Force၊ The Value Of Young Men တို့က ပူးတွဲလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။[Mandalay Free Press – MFP ][Z-F]

#Adm_12
#z_fighter

Report Page