051

051


၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းက စစ်အာဏာရှင်စနစ်ကို ပိုခိုင်မြဲသွားစေလိမ့်မယ်လို့ အဖွဲ့ပေါင်း ၃၀ ကျော် စာထုတ်သတိပေး

🟣 Z Fighter June 13 🟣

စစ်ကောင်စီကျင်းပပေးမဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေလိမ့်မယ်လို့ အဖွဲ့ပေါင်း ၃၃ ဖွဲ့က သဘောထားထုတ်ပြန်ပြီး လူထုကို သတိပေးလာပါတယ်။

၂၀၂၃ ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ ဒီမိုကရေစီအရွေ့ လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်းမျှသာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပါက စစ်အုပ်စုအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စတဲ့ အဖက်ဖက်မှာ အရူးမီးဝိုင်းဖြစ်နေတဲ့ အခြေအနေကနေ တစုံတရာ ဟန်ထုတ်ပြောပြလို့ ရနိုင်တဲ့ အနေအထားအသစ်ကို ရရှိသွားလိမ့်မယ်လို့ သတိပေးထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအတွင်း ညီညွတ်ရေးကို အစွမ်းကုန် ထိန်းသိမ်းပြီး စစ်ကောင်စီရဲ့ လှည့်စားမှုတွေအကြား ယိမ်းယိုင်မှု မရှိစေဖို့ အချင်းချင်း ပိုပြီး သတိပေး၊ လက်တွဲကြရမယ်လို့ အဖွဲ့တွေက သူတို့ရဲ့သဘောထားကိုရေးသားဖော်ပြထားပါတယ်။

သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်တဲ့အဖွဲ့ ၃၀ ကျော်မှာ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် - TNC နဲ့ Tanintharyi MATA တို့လည်း ပါဝင် ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုလည်း လက်နက်အပ်နှံ့ဖို့ လွန်ခဲ့တဲ့ နှစ်ရက်က စာထုတ်ပြန် ထားပါတယ်။[The Tanintharyi Times][Z-F]

#Adm_12
#z_fighter

Report Page