02

02

Ban Ban

" ခင်ပွန်းရဲ့ခန္ဓာကိုယ်ကို ဖြည့်တင်းဖို့အတွက် ကြက်ဥပြုတ်"


ဒီဝေးလံခေါင်သီပြီး သေးငယ်တဲ့အရပ်မှာ ကြက်ကအဖိုးတန်တယ်။ ကြက်ဥကို နေ့တိုင်းစားနိုင်သူဟာ ချမ်းသာသူလို့ ယူဆလို့ရတယ်။


ကျီဝိန် လျိုရီ့မျန်ရဲ့ ပိန်ပိန်ပါးပါးပုံစံကို စိုက်ကြည့်ကာ "မင်း ကြက်ဥစားခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ?"


ဒါကိုကြားတော့ လျိုရီ့မျန် က သူ့လက်တွေတုန်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ စိတ်ထဲနာကျင်သွားတယ်။


ကြက်ဥစားတာ?နောက်ဆုံးအချိန်?မမှတ်မိတော့ဘူး။


အိမ်မှာ ကြက်ဥဆိုတာ စာကျက်ရတဲ့ ငါ့အစ်ကိုအတွက် ဂျီအိမ်ရောက်တော့ ကြက်ဥကို သူ့ခင်ပွန်း ကျီဝိန်ကို အရင်ပေးခဲ့ရပြီး သူဘယ်မှာနေနေ စားပွဲပေါ်မှာတောင် စားဖို့ အရည်အချင်းမပြည့်မီတဲ့လူတစ်ယောက်သာ။


"မေ့လိုက်တော့၊ ဒီကိုလာ။"


သူ့လိုလူတစ်ယောက်အတွက် ကလေးတစ်ယောက်ကို ထမင်းချက်ခိုင်းဖို့ အကြောင်းပြချက်မရှိပါဘူး


သူရဲ့နောက်ဆုံးဘဝမှာ ကျီဝိန်ဟာ အသက်သုံးဆယ့်တစ်နှစ်ပင်ရှိသော်လည်း သူ့ရှေ့တွင်ရှိသော ကောဖြစ်သူမှာ အသက်ဆယ့်ငါးနှစ်သာရှိသေးပြီး ထက်ဝက်အသက်ကွာခြားတယ်။ သူ့အမြင်အရတော့ သူက ကလေးပဲ မဟုတ်လား?


လျိုရီ့မျန်က ဘာကြောင့်လဲဆိုတာမသိဘဲ ကျီဝိန်ဆီသို့ လျှောက်သွားရာ ကျီဝိန်ကခုံတန်းပေါ်တွင် ထိုင်ဖို့ သူ့ကို ဆွဲခေါ်သွားခဲ့တယ်။ သူထခါနီး ကျီဝိန် က သူ့ကို စိုက်ကြည့်လိုက်ရာ မလှုပ်ဝံ့ဘဲ နာခံစွာ ထိုင်နေလိုက်တယ်။


"ဒီမှာထိုင် ငါလုပ်မယ်။"


"ဒါပေမယ့်"


"ဘာမှ မဖြစ်ပါဘူး"


လျိုရီ့မျန် အံသြသွားပေမဲ့ သူ့ခင်ပွန်းက ချက်ပြုတ်နည်းကို မသိဘူးလေ။


မူလပိုင်ရှင်ရဲ့မိခင် ဆုံးပါးသွားပြီးနောက် မကြာမီ သူ မိသားစုအရေးက အလွန်အမင်း အဆင်မပြေဖြစ်လာကာ အလုပ်ကို လုံးဝမလုပ်ဖူးတာကြောင့် လျိုရီ့မျန် ကို ဝယ်ယူခဲ့တယ်။ ပိတ်ရက်တွေမှာ ဟင်းချက်ဖို့နေနေသာသာ ရေပြုတ်ဖို့တောင် အဆင်မပြေဘူး။


ကျီဝိန်ရဲ့စကားကိုကြားတော့ လျိုရီ့မျန် တုန်လှုပ်ခြောက်ခြားသွားပြီး အနောက်ဘက်မှ နေထွက်တော့မယ်လို့ တွေးလိုက်မိတယ်။ ဒီမှာထိုင်ဖို့ အမိန့်မပေးထားရင် ဒီကနေ ထွက်ပြေးချင်လုနီးပါးဖြစ်နေပြီ။


ကျီဝိန်က ဆန်အိုးထဲမှ ဂျုံမှုန့်တစ်ပန်းကန်ကို ကျွမ်းကျင်စွာ လောင်းချပြီး ရေနှင့်ရောကာ မုန့်ညက်တစ်ခုဖြစ်အောင် မွှေပြီး ပန်ကိတ်အချပ်များအဖြစ်သို့ လှိမ့်ကာ ကြက်ဥနှစ်လုံးကို ယူပြီး ညက်အောင်ခေါက်ကာ ကြက်သွန်နီကို ပါးပါးလှီးထားလိုက်တယ်။


ဒယ်အိုးကို ဆီအပူပေးပြီး ပန်ကိတ်ကို တစ်ဝက် ကျက်လာတဲ့အထိ ကြော်ကာ ပန်ကိတ်မျက်နှာပြင်ကို ကွဲသွားစေရန် တူသုံးကာ ဖောက်လိုက်ပြီး ကြက်ဥနှင့် ကြက်သွန်နီအရည်ကို ဖောက်ထားသောအပေါက်သေးသေးလေးထဲကို လောင်းထည့်လိုက်တယ်။


ကြက်ဥများက ချက်ပြုတ်ရလွယ်ကူပြီး အိုးပူလာတာနဲ့အမျှ အနံ့မွှေးပါသည်။


အလွန်မကြီးသော မီးဖိုချောင်မှာ ပန်ကိတ်၊ ကြက်ဥ၊ ကြက်သွန်နီစိမ်းများရဲ့ မွှေးရနံ့များဖြင့် ချက်ချင်းပြည့်လာတယ်။


လျိုရီ့မျန်ရဲ့ ဗိုက်သည်ဗလာဖြစ်‌နေပြီး သူအလွန်ဗိုက်ဆာနေပြီ။အနံ့ကချိတ်တစ်ခုလို နှာခေါင်းထဲသို့တည့်တည့်ဝင်လာတော့ သူ့ဗိုက်ကခုန်နေသလိုမျိုးမြည်နေတာကိုမရပ်တန့်နိုင်တော့ပေ။


သူတံတွေးမျိုချလိုက်ပြီး သူ့လောဘကို ချေမှုန်းပစ်လိုက်တယ်။


ဒါတွေက ကြက်ဥနှစ်လုံးပါ၊ သူဘယ်လိုစားနိုင်တာမှာလဲ?


ဒါပေမယ့် လျိုရီ့မျန် အိုးထဲကိုကြည့်ဖို့ သူ့လည်ပင်းကို ဆန့်ထုတ်နေတာကို မတားဆီးနိုင်ခဲ့ပါဘူး။


ဒါက အံ့သြစရာကောင်းတဲ့ အရာတစ်ခု ဖြစ်ရမယ် မဟုတ်ရင် ဘယ်လို မွှေးကြိုင်နိုင်မှာလဲ။ မြို့ထဲက စားသောက်ဆိုင်က အနံ့ထက် ပိုကောင်းပြီး ပိုမွှေးတယ်။ ဒီလိုအနံတစ်ခါမှမရဘူးဘူး။


ကျီဝိန် ရွှေရောင်နဲ့ ကြွပ်ဆတ်တဲ့ ပန်ကိတ်အနည်းငယ်ပါတဲ့ မီးခိုးရောင်ပန်းကန်ပြားကို ကိုင်ဆောင်ကာ ပူပူနွေးနွေး စွဲမက်ဖွယ်ကောင်းလှတယ်။


သူ ပန်းကန်ပြားကို လျိုရီ့မျန် ရှေ့တွန်းလိုက်ပြီး မေးစေ့ကို မြှောက်ကာ မြည်းစမ်းကြည့်ဖို့ လှုံ့ဆော်လိုက်တယ်။


ဒါပေမဲ့ အချိန်အတော်ကြာပြီးတဲ့ထိ လျိုရီ့မျန် ရဲ့ဘယ်လက်ကိုမှ မတွေ့ရဘူး။


"မစားချင်ဘူးလား?"


လျိုရီ့မျန် ကျီဝိန်ကို ခေါင်းခါပြလိုက်တယ်။


"စားချင်ရင် စမ်းကြည့်။"


လျိုရီ့မျန် ကျီဝိန်ကို ချီတုံချတုံ ကြည့်ပြီး ဘာမှ မလုပ်ဝံ့ပေ။


ကျီဝိန် က မျက်ခုံးပင့်လိုက်ပြီး "မင်းကိုခွံကျွေးစေချင်တာလား"


လျိုရီ့မျန် မျက်နှာ အနည်းငယ်နီသွားကာ ကျီဝိန် နောင်တရပြီး ပါးစပ်ထဲထည့်လိုက်မှာကို စိုးရိမ်တာနဲ့ သူအမြန်ဆွဲပြီး မုန့်ပူပူကို ကိုင်လိုက်တယ်။ ကိုက်လိုက်တာနဲ့ တပြိုင်နက် အရှိန်နှေးသွားကာ သူ့မျက်နှာမှာ မူးဝေနေတဲ့ အကြည့်နှင့် မျက်လုံးများမှိတ်သွားတယ်။


"ခင်ပွန်း၊ ဒါက ဘာလဲ။" လျိုရီ့မျန် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ မျက်နှာမှာ အံ့သြမှုအပြည့်နဲ့။


"ဒါက ကြက်ဥ ပန်ကိတ် ကြိုက်လား"


လျိုရီ့မျန် က အားတက်သရော ခေါင်းညိတ်တယ်။


ကျီဝိန်ရဲ့ကမ္ဘာမှာ ဒီကြက်ဥပန်ကိတ်မုန့်က လူသုံးအများဆုံး လမ်းဘေးအစားအစာများထဲက တစ်ခုပါ။ မုန့်ညက်နဲ့ ဥတွေရှိသရွေ့ လုပ်ရတာ မခက်ပါဘူး။


အိမ်မှာ ကြက်ဥတွေရှိနေတာကိုလည်း သူမြင်တော့ ရိုးရှင်းပြီး အဆင်ပြေတယ်လို့ ထင်တဲ့အတွက် သူလုပ်ခဲ့တာ။


ကျီဝိန်က ဒီကမ္ဘာမှာ ဒီလိုအရာတွေ မရှိဘူးဆိုတာ မသိခဲ့ဘူး။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသရှိ အစားအသောက်ပုံစံက ရိုးရှင်းပါတယ်။


ကျီဝိန် ပေါ့ပေါ့ပါးပါးရယ်မောပြီး "ဒါက မကောင်းပါဘူး ဒါက အရိုးရှင်းဆုံး မုန့်ပဲလေ။ မင်းကြိုက်ရင် နောင်မှာ မင်းအတွက် ငါလုပ်ပေးမယ်၊ အရင်က မမြင်ဖူးရင် လုံခြုံအောင် သိမ်းထားလိုက်။"


လျိုရီ့မျန် မျက်လုံးများတွင် ရှုပ်ထွေးမှုများ ရှိနေသည်။ စကားမပြောဝံ့ပေမဲ့ ငယ်ရွယ်ပြီး တွေးခေါ်တတ်သူဖြစ်ကာ အတွေးအားလုံးကို သူ့မျက်နှာပေါ်တွင် ရေးထားတယ်။


ကျီဝိန် ခဏလောက် စဉ်းစားပြီး ရှင်းပြတယ် " ဒီတစ်ခါတော့ လူတွေနဲ့ ရန်ဖြစ်ရင်း ဦးနှောက်ထိခိုက်ပြီး နှစ်ရက်လောက် မေ့မြောနေခဲ့တာ။ အိပ်မက်ထဲမှာ နတ်ဘုရားအိုကြီးတစ်ယောက်က ငါ့ကို ပညာရပ်တစ်ခုကို သင်ပေးပြီး လူသစ်တစ်ယောက် ဖြစ်စေခဲ့တယ်။ ဒါက အရိုးရှင်းဆုံး ချက်နည်းပဲလေ။ နောက်ငါလုပ်တဲ့အခါ မင်းကိုပြမယ်။"


လျိုရီ့မျန် ခဏတာ ဘာလုပ်ရမှန်းမတော့သိဘဲ ကျီဝိန် ကို ဗြောင်ကျကျ စိုက်ကြည့်နေသည်။


"ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်လေး မင်းတခြားသူတွေကို ပြောပြလို့မရဘူး" ကျီဝိန် လျှို့ဝှက်တဲ့အမူအရာနဲ့ လျိုရီ့မျန်ကို ပြုံးရင်းပြောလိုက်တယ်။


ပါးပြင်များ အနည်းငယ် နီရဲသွားကာ နာခံမှုဖြင့် ခေါင်းညိတ်လိုက်တယ်။


ကျီဝိန်က ဒါကိုမြင်ပြီး ကျေနပ်စွာ ပြုံးလိုက်တယ်။ ဒီလူငယ်ဟာ နာခံမှုရှိပြီး တခြားသူနဲ့ စကားပြောဖို့ ဘယ်တုန်းကမှ သတ္တိမရှိတာကို သူသိတဲ့အတွက် ပန်းကန်ထဲက မုန့်တစ်ဖဲ့ကို ယူကာ ဖြည်းဖြည်းချင်း စားလိုက်တယ်။


သိပ်မကြာခင်မှာပဲ တံခါးအပြင်ဘက်မှ ရုတ်တရက် လှုပ်ရှားလာတယ်။


"မျန်မျန်၊ဒါဘယ်လိုအနံ့မျိုးလဲ၊ အန်တီ အဝေးကနေ အနံ့ခံနိုင်တယ်-"


ရင်းနှီးသောအသံကို လျိုရီ့မျန် ကြားလိုက်တာနဲ့ ဘယ်သူလာလဲဆိုတာသိပြီး သူချက်ချင်း ပျော်ရွှင်သွားတယ်။


မတ်တပ်ရပ်တော့မဲ့အချိန် သန်မာတဲ့ အမျိုးသမီးတစ်ဦး တံခါးကနေ ဝင်လာတာကို တွေ့လိုက်ရတယ်။ လျိုရီ့မျန် နဲ့ စားပွဲမှာအတူတူထိုင်နေတဲ့ ကျီဝိန်ကိုတွေ့တော့ သူ့ပါးစပ်နည်းနည်းပွင့်သွားပြီး အရမ်းတုန်လှုပ်သွားတယ်။




Report Page